င်္Facebook မှ Status များ

စဆရ ႀကီးMay 5, 20111min664

အများကြီးမချမ်းသာတဲ့လူတစ်ယောက်ကို သူ့မှာရှိတာလေးတစ်ခုကိုတော့ ချမ်းသာပေးသင့်တယ်ထင်ပါတယ်.. ပြည့်နေတဲ့အိုးကိုတော့ လူတွေက ဖြည့်ဆည်းပေးချင်ကြတယ်.. မပြည့်တဲ့အိုးကျတော့ ဘောင်ဘင်ခတ်တယ်လေး ဘာလေးနဲ့ ကဲ့ရဲ့ချင်ကြတယ်.. တော်တော်လဲတရားတဲ့လူတွေ.. မပြည့်လို့သာ ဘောင်ဘင်ခတ်နေရတာပေါ့၊ ပြည့်အောင်သာ ဖြည့်ပေးကြည့်ပါလား.. ဘယ်လိုလုပ် ဘောင်ဘင်ခတ်တော့မှာလဲ??

(၅-၄-၂၀၁၁)

အချစ်ဆိုတာကို ငယ်ရွယ်သူတွေက ကိုးကွယ်ကြတယ်.. သူတို့မှာ ခံစားတတ်တာ နှလုံးသားပဲရှိတယ်.. ဦးဏှောက်မရှိဘူး
ကြီးရင့်သူတွေက အချစ်ကို မခံစားတတ်ကြဘူး.. သူတို့မှာ ဦးဏှောက်ပဲရှိတယ်.. နှလုံးသားမရှိဘူး

(၆-၄-၂၀၁၁)

ချစ်ခြင်းနှင့် ရိုးသားခြင်းကို ချိန်ထိုးကြည့်လိုက်သောအခါ
တစ်ဖက်ကိုမျှ အလေးမသာဘဲ
ချိန်ခွင်လျှာကြီးမှာသာ ဘယ်ဘက်လိုက်ရမလဲမသိ
အလယ်ကောင်မှာ ထီးထီးကြီး ဗျာများနေရှာလေတော့၏။ ။

(၁၆-၄-၂၀၁၁)

ကိုယ့်ရင်ခွင်မှာ ရှိမနေနိုင်တဲ့ချစ်သူကို
သူများရင်ခွင်မှာ ရှိမနေပါစေနဲ့လို့
ခပ်တိုးတိုး မဝန့်မရဲ ရေရွတ်မိပါရဲ့။ ။

(၁၂-၄-၂၀၁၁)

၂၀၁၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ မြန်မာပြည်နဲ့ ချစ်တဲ့သူရဲ့ ရင်ခွင်မှာ အခြေချဖို့ ပြန်လာခဲ့ပါတော့မယ်.. ပျော်ရွှင်စရာ ခရီးစဉ်လေးတစ်ခုဖြစ်ပါစေလို့ ကိုယ့်ကိုယ်ကို ဆုတောင်းလိုက်ပါတယ်..

အပြုံးတွေနဲ့ ကြိုလင့်လှည့်ပါ ချစ်တဲ့ အို မြန်မာပြည်.. သင့်မြေ၊ သင့်ရေမှာ ကျွန်ုပ်ချစ်သောသူအား ထွေးဖက်ခွင့်ပြုပါ၊ လွမ်းမောခြင်းတွေ ဖြေဖျောက်ခွင့်ပြုပါ၊ စိတ်ဆင်းရဲစရာတွေ ဝေးလွင့်ရပါစေသား……..။ ။

(၂၆-၃-၂၀၁၁)

ငါ့ကိုယ်ငါ ချုံ့လို့ရရင် ကျုံ့ဝင်လိုက်ချင်ရဲ့
လောကကြီးမှာ နေရတာ ကျဉ်းကျပ်လာသလိုလိုရှိလို့…

(၇-၃-၂၀၁၁)

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2011 at 3:22 am

    ချစ်ခြင်းအကြောင်းတရားကို အလည်မှာတည်ထားလိုက်ပြီး
    နည်းနည်းလေးဝိသေသလျှော့လိုက်ရင်
    မြတ်နိုးမှု တန်းဘိုးထားမှုမှသည်
    လေးစားမှု သနားကြင်နာမှု တွေကိုတွေ့ရမှာပါ
    အဲ
    ဝိသေသ နည်းနည်းလေးတင်လိုက်ရင်တော့
    တက်မက်မှု ဆန္ဒပြင်းပြမှု အလိုရမက်ကြီးမှုမှ
    လောဘ ဒေါသ မောဟ သို့ပြောင်းလဲသွားပြီး
    ဆင်ခြင်မှုကင်းသော အမှားအမှန်ကိုမဝေခွဲနိုင်ခြင်း စသည်စသည်
    အများကြီးဆိုးကျိုးတွေပေးတတ်ပါတယ်
    စိတ်ပျက်စရာကောင်းတာကတော့
    အချစ်ဆိုတဲ့အရာကို ဝိသေသတွေအများကြီးတင်ထားတဲ့သူဟာ
    မိမိမဟုတ်တဲ့ တစ်ယောက်သောသူကိုဘဲ သူသူသူသူသူသူသူသူသူ ဆိုပြီးကိုယ့်ရဲ့စိတ်ကို သူ့မှာတည်ထားတဲ့အတွက်
    ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးနေတဲ့အတွက်
    ကိုယ့်မှာကြီးစွာဒုက္ခရောက်နေရရှာတယ်ဆိုတာကို မသိနိုင်ခြင်းပါ
    ဒါကြောင့် လူသားတစ်ယောက်အနေနဲ့ချစ်သင့်သလောက်ဘဲချစ်သင့်ပါတယ်
    တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်သေခြာဝေဖန်ကြည့်ပါ
    တစ်ယောက်သောသူတွက်ရင်မှာမီးတောက်နေတယ်လို့ဆိုပါစို့
    လေးဖြူသီချင်းထဲကလိုပေါ့ ဘာတဲ့
    မင်းမှမင်း..မင်းတစ်ယောက်ထဲ
    ဟုတ်ပါပြီဗျာ မင်းကိုတစ်ဖက်ထားလိုက်ပါ
    လက်ရှိ ကိုယ့်ရဲ့ရုပ်ရည်ရူပကာအတတ်ပညာရယ်
    အထူးသဖြင့် ကိုယ့်ရဲ့ငွေကြေးဥစ္စာပိုင်ဆိုင်မှုရယ်ကို အလျှင်သုံးသပ်ပါ
    ကိုယ်ရဲ့မင်းမှမင်းကိုတစ်ဖက်ထားပါ
    ဥပမာ လက်ရှိအချိန်ကနေ ကိုယ်ဟာ ထရီလီယံနာကြီးအဖြစ်ချမ်းသာသွားမယ်
    အခြားသော မိန်းမလှလေးတွေဝိုင်းဝိုင်းလည်လာမယ်
    ထိတွေ့ဆက်ဆံမှုတွေရှိလာခဲ့မယ်ဆိုရင်
    ခုနကပြောတဲ့မင်းမှမင်းကနေ
    သွားးးးးးးဒေါ့
    ရှင်းရှင်းဘဲမင်းကိုပြောမယ်သွားတော့..ဆိုပြီးဖြစ်လာမှာကို သေခြာပေါက်တွေ့မှာပါ
    ဆိုလိုတာက မင်း……….ဆိုတာဟာမိမိရဲ့စိတ်က
    သိပ်ပြီးစိတ်ကူးယဉ်တာရယ်သာဖြစ်တာလို့ဆိုခြင်ပါတယ်
    မခံစားဘူးတော့ကိုယ်ခြင်းမစာပြီလို့ ပြောကြပါတယ်
    အမှန်ကတော့
    ကိုယ်ရဲ့စိတ်က သာမန်ထက်ဖောက်ပြန်တဲ့သဘောကို
    ကိုယ့်ကိုယ်ကိုယ်မသိတာပါ
    ရုပ်ကလေးတော့ချောပါတယ် ပါးစပ်ကဆိုး
    စိတ်ထားကပုတ် အကျင့်ကမကောင်း
    အပြန်အလှန်နားလည်မှုတွေကမရှိ
    ဒါ့ကြောင့်မို့ အမေရိကန်တွေလို လစ်ဗင်းတူဂဲသားကိုစမ်းသပ်ကြပါလို့ပြောထောက်ခံပေးလိုက်ရင်
    ကိုဇဝနကြီးရဲ့
    မိုးပေါ်ကစာတွေဆိုပြီး ကူးချခံရတာလေးကို ခံစားနေရတဲ့သူ့ကို
    အဓိပတိတတ်ပေးရာရောက်သွားရင် အာပတ်သင့်ရာရောက်မှာမို့
    ဟဲ့ရွာစား
    ငါကိုယ်တော်မြတ်ဆောင်တော်ကူးတော်မူမယ် နိဗ္ဗာန်တံခါးဖွင့်စမ်း

  • အဲလို ထိထိရောက်ရောက်၊ အချက်အလက်စုံစုံလင်လင်ဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်ဗျို့
    ကိုယ့်မျက်ခုံးကို ကိုယ်ပြန်မမြင်ရဘူးလေ.. ခုလိုပြောပြမယ့်သူရှိမှ ကိုယ့်လိုအပ်ချက်တွေကိုယ်ပြန်မြင်ရတာ

  • king

    May 6, 2011 at 9:53 am

    မိုက်ကယ်ဂျော်နီအောင်ပု
    အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ရှည်လိုက်တာကွာ
    ကိုအောင်ပုပဲ ခေါ်တော့မယ်
    စာသားတွေကို ကြိုက်တယ်၊ လူကိုကြိုက်ဘူး ကြိုပြောထားတယ်နော်
    ကျွန်တော့်က ယောကျင်္ားလေးနော် အဆောင်မှားပြီး လူပျိုတော်ဆောင်ကို မလာနဲ့
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး (^ _ *)

Leave a Reply