ရဲလေးချစ်သူများအတွက်

မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှာရှိတဲ့ သူဌေးကျွန်းဟိုတယ်(အန်ဒမန်ကလပ်ဟိုတယ်) မှာ ၂၀၁၁၊ မေလ ၅ ရက်နေ့ ညတွင်ပြုလုပ်သွားတဲ့ တေးဂီတဖျော်ဖြေပွဲမှာ အဆိုတော် ရဲလေး နှင့် အိမ့်ချစ်တို့ သီဆိုဖျော်ဖြေသွားကြပါတယ်။ ကော့သောင်း နှင့် ရနောင်း မြို့မှ ပျိုပျိုရွယ်ရွယ် မကြီး၊ မလတ်၊ မငယ်၊ များနှင့်တကွ ၎င်းတို့၏ လိုက်ပွဲများပါ တပျော်တပါး ကြည့်ရှုကြပြီး ရဲလေးအား အနမ်းပန်းများ အပြိုင်အဆိုင်ချီးမြှင့်ခဲ့ကြကြောင်း၊ ပွဲရောက်လာကြသော လူပျို၊လူအိုကြီးငယ်များကတော့ အမျိုးသမီးပရိတ်သတ်နှင့်အပြိုင် အဆိုတော်ကလေး အိမ့်ချစ်အား အနမ်းချီးမြှင့်ချင်ပါသော်လည်း မသင့် တော်သည့်အတွက် စိတ်ကူးနှင့်သာ အားမလိုအားမရ ဖြစ်ခဲ့ရကြောင်း သတင်းရရှိပါသည်။

 

 

 

6 comments

  • susunosuki

    May 6, 2011 at 4:51 am

    ကလေးမလေးဝတ်တာစားတာ သိပ်ပွင့်လင်းတယ်ကွယ်။

  • niyezaw

    May 6, 2011 at 4:58 am

    ဒါတောင် အန်ဒမန်မှာ လာဆိုတဲ့သူတွေထဲမှာ အလုံဆုံးပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2011 at 5:29 am

    ပြောရဦးမယ်
    ကျွန်တော်ငယ်ငယ်တုန်းက
    ရွာမှာ ပွဲတွေဘာတွေဖြစ်ရင် စတိတ်ရှိုးလို့ခေါ်တာပေါ့လေနော
    ပွဲကတဲ့သူတွေက သီချင်းတွေဆိုတော့
    ( 1993 လောက်ကဆို သီချင်းတစ်ပုဒ် ပေါက်သွားလို့ရှိရင် လက်ဘက်ရည်ဆိုင်တွေမှာဖွင့်မယ်
    ဒီထက်ပိုလာပြီး ဇာတ်ပွဲတွေက စတိတ်ရှိုးတွေမှာ ဇာတ်မင်းသားတွေက
    စတီရီယိုသီချင်းတွေကို လော်စပီကာအသံပြဲကြီးနဲ့ကီးမကိုက်စည်းမကိုက် အော်ဆိုတဲ့အခါကြတော့
    ဒီသီချင်းတွေကို ဇာတ်သီချင်းဖြစ်သွားပြီ ပျက်သွားပြီဆိုပြီး ခပ်ထေ့ထေ့ပြောကြတယ်
    ကျွန်တော်တို့တောသားတွေကတော့ သဘောကျသဗျ )
    ဇာတ်စင်ဘေးကနေ တွယ်တက်ပြီး ဆုတော်ငွေတွေဘာတွေ တက်ချလို့ရတယ်ပေါ့ဗျာ
    မီးရောင်တွေမှိတ်တုတ်မှိတ်တုပ်နဲ့ဇာတ်စင်ပေါ်တက်ပြီးဆုချရတာ သဘောတွေကိုကျလို့
    ကျွန်တော်ကတော့ဇာတ်စင်ပေါ်တက်ပြီးဆုချရတာ သိပ်ဝါသနာမထုံဘူး
    ဟို..
    ဇာတ်စင်နောက်က မင်းသမီးတွေအဝတ်အစားလဲတာတွေကို
    သွားချောင်းရတာဘဲဝါသနာထုံတယ် 🙂 ဒါလည်းအရသာတစ်မျိုးပေါ့
    ကိုယ်ဝါသနာထုံရာကိုအမှန်တိုင်းပြောတာဘဲလေနော
    အဲ့သည်လို ဆုတော်ငွေတွေတက်ချတဲ့အခါ
    မင်းသမီးခပ်ချောချောဆိုရင် ဆုတစ်ကျပ်လောက်ချပြီး
    ပရိတ်သတ်ဘက်ကိုလက်တွေဘာတွေမြှောက်ပြ ပြန်မဆင်းဘူး
    အပေါ်မှာရစ်နေရင် အနောက်ကလူတွေက အော်ဆဲ
    တစ်ချို့ဆိုကိုယ်ကြိုက်ပြီးကိုယ်ရတဲ့သီချင်းလေးဖြစ်နေရင်
    ဇာတ်မင်းသားရဲ့မိုက်ခွက်ကိုပါလုပြီးဝင်အော်လို့
    အေက်ကပြည်သူ့စစ်ကလာတက်ဆွဲချ ထိပ်တုံးခပ်တာခံရတဲ့လူလဲရှိတယ်
    တစ်နေ့ရွာမှာပွဲဝင်တယ်ဗျ
    ထုံးစံအတိုင်းပေါ့ဆုတော်ငွေတွေချကြတာပေါ့
    လူတစ်ယောက်
    ပြဇာတ်မင်းသားသီချင်းဆိုနေတုန်း
    စင်ပေါ်တက်လာပြီးမင်းသားကိုဆုချတယ်
    သူဆုချတာကလည်းအဆန်းဘဲ
    ကြက်အရှင်တစ်ကောင်ဖြစ်နေတယ်
    မင်းသားလည်းတစ်ချက်ကြောင်သွားပုံရတယ်ဗျ
    လူတွေကတော့ ဝေါကနဲ့ရီကြတာပေါ့
    သူကမင်းသားကို သူ့ကြက်ကြီးကိုအတင်းထိုးပေးတာ
    ပထမတော့ မင်းသားကခေါင်းခါပြီးနေသေးတယ်
    နောက်ကျတော့ ကြောင်အမ်းအမ်းနဲ့ကြက်ကြီးကိုယူလိုက်တယ်
    အဲ့သည်အချိန်မှာဘဲ ကြက်ကလန့်ပြီးတော့
    အရှေ့တည့်တည့်ကို ဘယ်လိုပြောရမလဲ
    ပျံဆင်းတယ်လို့ပြောရမလား
    လူအုပ်ကြီးထဲကို ပျံဆင်းသွားတော့
    လူတွေဆိုတာ ဝရုန်းသုန်းကားတောင်ဖြစ်သွားတယ်
    ဘာရယ်မဟုတ်ပါဘုူဗျာ သူများတွေပန်းကုံးစွပ်တာပြောတော့
    ငယ်ငယ်ကအကြောင်းလေးအမှတ်ရမိလို့ပါ
    သူများကိုသာပြောတာ
    ကျွန်တော်လည်း ပြဇာတ်မင်းသမီးကိုဆုချဘူးတယ်
    ကြက်ဥတစ်လုံး
    ပြဇာတ်မင်းသမီးဆိုတာ သီချင်းဆိုရင်းတန်းလန်းကြီး
    အခွိခွိတောင်ရီတယ်
    တစ်ခြားအကြောင်းတွေလည်းရှိသေးတာပေါ့ နောင်များကြုံရင်ပြောဖြစ်မှာပါ

  • MaMa

    May 6, 2011 at 12:28 pm

    အမှတ်တရလေးတွေပေါ့။ ဟိုတစ်လောက တင်တဲ့ ပိုစ့်တစ်ခုက မွေးနေ့လက်ဆောင်ထက်တောင် ထူးဆန်းနေသေးတယ်။

  • cobra

    May 6, 2011 at 4:27 pm

    အိမ့်ချစ်ကိုနမ်းတဲ့ပုံတွေပါထည့်ပေးရမှာ….။
    အဖိုးကြီးတွေကဲတာမြင်ဖူးအောင်လို့ပါ..။

Leave a Reply