ကြုံခဲ့ဖူးတာလေး ပြန်လည်ဝေမျှပေးတာပါ။ ကျွန်မနဲ့ ရင်းနှီးတဲ့ ဆရာတော်တစ်ပါးပြောပြတဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ ဂေါက်ရောဂါဆိုတာ အကြောအဆစ်တွေ နာကျင်ကိုက်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဲဒီရောဂါကို ရေသောက်ရုံနဲ့ ပျောက်ကင်းအောင်လုပ်နိုင်ခဲ့တာ လက်တွေ့ပါတဲ့ …

ရေသောက်တဲ့နည်းကတော့ ….
ညဘက်မအိပ်ခင် ရေကျက်အေးကို အရင်လုပ်ထားပါတဲ့ … သူပြောသလိုဆို 0.4 လီတာခန့်၊ မနက်အာရုံမတက်ခင် ၄ နာရီလောက်ထပြီး နောက်ထပ်ရေနွေးကျိုရမယ် … ဆူနေတဲ့ရေနွေး 0.4 လီတာခန့်ကို ညတုန်းက အအေးခံထားတဲ့ 0.4 လီင်္တာနဲ့ ရောလိုက်ပါ … ရောပြီးရင် 0.8 လီတာ အကုန်လုံးကုန်အောင် သောက်ချလိုက်ပါတဲ့ … သောက်လို့ပြီးတာနဲ့ နာရီဝက် ငြိမ်ငြိမ်လေးထိုင်ပြီး တရားမှတ်နေရမယ် …
အဲဒီလိုနည်းနဲ့ ၇ ရက်လုပ်လိုက်တာ ဂေါက်ရောဂါကျွမ်းနေတဲ့လူနာတစ်ယောက် သက်သာသွားခဲ့တာ ဆရာတော့်ကိုယ်တွေ့ပါတဲ့ …

အခုနည်းလမ်းလေးက ဘာဘေးဥပါဒ်မှာမရှိတဲ့နည်းလေးမို့ တကယ်ဝေဒနာခံစားနေရသူတွေ စမ်းသပ်ကြည့်နိုင်အောင် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ် … ဘာပဲဖြစ်ဖြစ် အရင်းပဲလေ … အရှုံးမရှိပါ … တရားထိုင်လိုက်လို့ အမြတ်တောင် ထွက်နိုင်တယ်မဟုတ်ပါလား …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....