ကြယ်မိုးရွာသွားပြီတဲ့

မမေလးMay 6, 20111min18614

၆ ရက်နေ့လို့ပြောပြီးတော့ ၆ ရက်နေ့ကျရင်ကြည့်မယ်ပေါ့ .. ၆ ရက်နေ့ မနက် ၃ းဝဝ က ကြယ်မိုးရွာသွားပြီတဲ့ … ကြယ်တွေအများကြိးထွက်လာတာတဲ့ … မမြင်လိုက်ရတော့ဘူး … မမြင်ဘူးလို့ ကြည့်ပါမယ်ဆိုမှပဲ … ကြည့်ဦး … ဒီနေ့ညရော ထပ်ပြီးတော့ရွာဦးမှာလား … ???

14 comments

  • king

    May 6, 2011 at 11:09 am

    မမြင်ရလိုက်ဘူး
    ဘယ်မြင်ရမလဲ ထမှမကြည့်တာကိုး
    ကြည့်မိသူများ ဓါတ်ပုံလေးများ တင်ပေးကြပါအုန်းနော်

  • မမလေး

    May 6, 2011 at 1:29 pm

    ဒီမှာက ၃း၃ဝ မှ အိပ်ပြီးတော့ကို မသိလိုက်တာ …

  • nature

    May 6, 2011 at 5:15 pm

    ကြယ်မိုးကိုလို English ဘယ်လိုခေါ်လဲ။google မှာရှာကြည့်ချင်လို့။

  • kai

    May 6, 2011 at 10:27 pm

    ရှေးကလူတွေ.. . ဥက္ကာပျံကမ္ဘာလေထုထဲဝင်လာတာ.. ကြယ်ကြွေတယ်ခေါ်တာ..။
    အမှန်က..
    ကြယ်ကကြယ်.. ဥက္ကာပျံက ဥက္ကာပျံ ….သပ်သပ်စီပဲ

    အခုဟာကိုလည်း… ကြယ်မိုးဆိုတာထက်.. ဥက္ကာမိုး ခေါ်ရင်ပိုကောင်းမလားတော့မသိ..။

    2011 Meteor Showers

    Name Date of Peak Moon
    Quadrantids night of January 3 New
    Lyrids night of April 21 Rises after midnight
    Eta Aquarids night of May 5 Sets in early evening
    Perseids night of August 13 Full
    Draconids night of October 8 Sets around midnight
    Orionids night of October 21 Rises after midnight
    Leonids night of November 17 Rises around midnight
    Geminids night of December 13 Just past full

    http://www.spacedex.com/eta-aquarids/locations/eta-aquarid-asia-singapore.php
    http://earthsky.org/astronomy-essentials/earthskys-meteor-shower-guide

    May 5, 6, and 7, 2011 Eta Aquarids
    This shower has a relatively broad maximum but is expected to show the greatest number of meteors before dawn on May 6. Fortunately, the thin waxing crescent moon will set in early evening, leaving dark skies for this year’s Eta Aquarid show. At northerly latitudes – like in the northern states and Canada – the meteor numbers are few and far between. In the southern half of the US, 10 to 20 meteors per hour may be visible in a dark sky. Farther south – like in the southern hemisphere – the meteor numbers increase dramatically, perhaps two to three times more Eta Aquarid meteors streaking the southern skies. For the most part, this is a predawn shower. The radiant for this shower appears in the east-southeast at about 4 a.m. and the hour or two before dawn offers the most meteors. The broad peak to this shower means that some meteors may fly in the dark hour before dawn for a few days before and after the predicted optimal date. Although the most meteors will probably rain down on May 6 before dawn, the day before or after may offer a sprinkling of Eta Aquarid meteors as well.

  • nature

    May 6, 2011 at 10:44 pm

    Meteor Showers ကို google မှာရှာကြည့်တော့ငယ်ငယ်တုန်းက တွေ့ဘူးတဲ့ ကြယ်ကြွေတဲ့ပုံနဲ့တူတယ်။

  • etone

    May 7, 2011 at 3:02 am

    ဒီလို သတင်းမျိုးကြားတိုင်း ရယ်ချင်တယ်… ။ ကြယ်မိုးမပြောနဲ့ ကြယ်တလုံးတောင် မကြွေပါဘူး … ။ လူတွေ မျက်စိနဲ့ မမြင်နိုင်တဲ့ အကွာဝေးမှာ ကြွေချင်လည်းကြွေမှာပေါ့နော်… ဒါပေမဲ့… ကိုယ်မမြင်နိုင်တဲ့အရာကို ကြယ်မိုးရွာသွားတယ်… ၊ မိုးသီးကြွေတယ် … ၊ ငါးမုးိရွာတယ်… ၊ မှန်းဆပြီး ခန့်မှန်းပြောကြပေမဲ့ လက်တွေ့မကြုံရလို့ ယုံကိုမယုံဘူး 😀 မှတ်မှတ်ရရ နေကြတ်တာတော့ ဟုတ်မဟုတ်စောင့်ကြည့်ဖူးတယ်… သာမန်မျက်စိနဲ့ ကြည့်လျှင် နေရဲ့ အလင်းဖြာနေတာနဲ့ မျက်စိထဲ ဘာမှ မမြင်ရပါဘူး … ဂဟေဆော်တဲ့ မျက်နှာဖုံး နဲ့ ခံကြည့်မှ အမဲစက်လေးက နေကို တရိတ်ရိတ်ဖုုံးလာတာ မြင်ရတယ်… ဒီတော့မှ… အော် နေတကယ်ကြတ်တာပါလား လက်ခံလိုက်ရတယ် ။

    • hmee

      May 7, 2011 at 1:57 pm

      အီးတုံးရေ မှီတို့ဒီမှာ မိုးသီးတကယ်ကြွေတာ။ ဆောင်းတွင်းမှာပဲ မိုးရွာတာဆိုတော့ ဆောင်းတွင်းမှာ ၃ခါလောက်ကြွေတာ။ တကယ်ကို အများကြီး ကျောက်စရစ်အဖြူလေးတွေ ကျဲထားသလိုပဲ ခဏနေတော့ပျောက်သွားတယ်။ ဒီတခါ ကြုံရင်ဓါတ်ပုံရိုက်ပြီးတင်ပေးမယ်နော်။

  • နိုင်နိုင်

    May 7, 2011 at 4:09 am

    လက်ခံသည် မခံသည်ထားပါဦး ဘာဖြစ်ဖြစ် ဒီလိုအရာတွေက နေ့စဉ်ဖြစ်နေတာတော့မဟုတ်ဘူးလေ အတော်ကြာမှ ဖြစ်တက်တာမို့ ဆန်းကြယ်တယ်ခေါ်ရမလားပဲ တကယ်ပဲ ကြုံလို့ ရိုက်ထားတာရှိရင် တင်ပေးကြပါ ရွာသူရွာသားတို့ရေ။ဒန့်ဒန့်ဒန်…:D

  • nakyaw

    May 7, 2011 at 7:17 am

    မမလေးဘာတွေဆုတောင်း
    လိုက်လဲ

  • photwenty

    May 7, 2011 at 7:30 am

    ဪ ကဲ
    မတွေ.လိုက်ရပါဘူးဆို
    ဘာတွေဆုတောင်းလဲတဲ
    ခက်ပြီ

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 7, 2011 at 9:52 am

    မြို့တွေမှာကျတော့ မီးအလင်းရောင်တွေရယ်
    အဆောက်အဦးအမြင့်တွေရယ်ကြောင့်မြင်ရမှာမဟုတ်ဘူး
    တွေ့ခြင်ရင်ရွာကိုလာခဲ့လေ
    လယ်ကွင်းထဲကနေကြည့် မိုးပေါ်ပတ်ဝန်းကျင်ကိုအကုန်မြင်နေရတဲ့မိုးလေသာတဲ့ညတွေဆိုတွေ့ရပါတယ်
    မတွေ့ခြင်မှအဆုံး
    ဘယ်လိုပြောရမလဲ
    တစ်ခါတစ်လေ မီးရှုးလွှတ်တဲ့အခါ ပြန်ကျလာတဲ့မီးအလင်းတန်းလိုပါဘဲ
    အများကြီးကြွေတာတော့မတွေ့ဖူးဘူးပေါ့
    တစ်ခုတစ်လေတော့တွေ့ဘူးပါတယ် ရုပ်ရှင်တွေအထဲကအတိုင်းပါဘဲ
    သူ့ရဲ့မြန်နှုန်းက မီးရှူးတွေထက်အရမ်းမြန်တယ်
    သေသေခြာခြာကြည့်ရင်
    ဂြိုလ်တုတွေသွားတာတောင်မြင်ရတယ်
    တစ်ကယ်ပြောတာနော်
    ဂြိုလ်တုတွေရဲ့မီးရောင်ပေါ့
    ခပ်လွယ်လွယ်ပြောရရင်
    ကြယ်တွေကြားမှာမီးလုံးလေးကလိုက်သွားနေတာပေါ့
    ဒါပေမယ့် ဂြိုလ်တုတွေကတော့ အမှန်မှာ ကြယ်တွေနဲ့တော့ဘယ်နီးမလဲနော

  • MaMa

    May 7, 2011 at 1:46 pm

    ငယ်ငယ်တုန်းက တောကအမျိုးတွေဆီကို ညအိပ်လိုက်သွားဖူးတယ်။ ရောက်တာလပြည့်ညဆိုတော့ ညလည်းကျရော တစ်ရွာလုံး လင်းနေတာပဲ။ လသာသာနဲ့ ကလေးတွေ အိမ်ပြင်ထွက်ဆော့နေတာကြည့်ပြီး ဒီရွာမှာ လသာတယ် ပြောလို့ ဝိုင်းရီကြတယ်။ မြို့မှာတုန်းက ညဖက်လသာပေမယ့် လျှပ်စစ်မီးအလင်းရောင်အောက်မှာ သဘာဝရဲ့ လှပမှုတွေ ပျောက်ကွယ်နေတာကို ကလေးအတွေးနဲ့ ဒီရွာမှာ လသာတယ်လို့ ထင်မိတာ။

  • OQ23

    May 7, 2011 at 2:01 pm

    ဟုတ်လား၊မဟုတ်လားဆိုတာကိုယ်တိုင်မြင်မှ
    ုယုံသင့်သောအရာလို့ထင်ပါတယ်။
    ယခုလိုပြောပြပေးတာကိုကျေးဇူးတင်ပါသည်။

  • မမလေး

    May 9, 2011 at 3:37 pm

    nakyaw … 420 ပြောသလိုပဲ မမြင်လိုက်ပါဘူးဆို … ဒီမှာ ဆုတောင်းချင်လွန်လွန်းလို့နော် … ကြယ်ကြွေရင် တစ်ခုပဲဆုတောင်းရတယ်တဲ့ … အများကြီးကြွေမှာဆိုတော့ အများကြီးဆုတောင်းရမှာပေါ့လို့မှတ်နေတာ …

Leave a Reply