ညဘက် လမ်းထွက်လျှင် သတိထား

etoneMay 6, 20111min1269

ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ဟုမ်းလမ်းရပ်ကွက် ၊ ပန်းလှိုင်လမ်း (အာရှတော်ဝင် အထူးကုဆေးရုံကြီးရှေ့ တည့်တည့်လမ်း) ၊ယူနီတင်း သဘောင်္လိုင်း company ခြံဒေါင့် တွင် မေလ (၅)ရက်နေ့ ၊ ည (၁၀)နာရီ (၅၀) မိနစ် အ ချိန်၌ ယာဉ်တိုက်မှူဖြစ်ပွားခဲ့သည် ။ ဖြစ်ပွားပုံမှာ အလုပ်မှပြန်လာသူ အသက် သုံးဆယ်နှစ်ခန့် အမျိုးသားတစ်ဦး အား  အပြာရောင် အိမ်စီးကား တစင်းက ပွတ်တိုက်သွားခဲ့ပြီး မောင်းပြေးသွားခဲ့ခြင်းဖြစ်သည် ။ မျက်မြင် သက်သေ ရပ်ကွက်နေ ပြည်သူများ ဧ။် အော်ဟစ် အကူညီတောင်းမှူကြောင့် ၎င်းကားအား ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ဒရမ်းကြမ်းမောင်းနှင်သွားမူကြောင့် တားဆီးဖို့ အခွင့်မသာခဲ့ပေ ။ ကားနံပါတ်ကိုသာ မှတ်မိလိုက်ပြီး ကားမှာ လွတ်သွားခဲ့သည် ။ ကားနံပါတ်မှာ —- / ၉၀၆ ဖြစ်ကြောင်း မျက်မြင်သက်သေများ ပြောပြကြသည် ။ ကားတိုက်ခံရသူဧ။် ဦးခေါင်းခွံ ကွဲအက်သွားခဲ့ပြီး အခြားနေရာများလည်း ပွန်းပဲ့ ဒဏ်ရာရခဲ့ကြောင်း တွေ့ရသည် ။ ရပ်ကွက်မှ တာဝန်ရှိသူများ အလျှင်မြန်ရောက်ရှိလာပြီး နီးစပ်ရာ အနောက်ပိုင်းဆေးရုံကြီး သို့ လိုက်ပါ ပို့ဆောင်သွားကြောင်း တွေ့မြင်ခဲ့ရသည် ။

———

ကျမ အလုပ်မှ ပြန်ပြီး သူငယ်ချင်းတွေနဲ့ ညစာစားတာက အပြန် လမ်းမှာ ဖြစ်တာမို့ ဆင်းစပ်စုခဲ့တာပါ ။ လူညီလို့ ကားနံပါတ်ကို မှတ်မိလိုက်တာပါ … ။ လူတွေ အပြင်မှာ မရှိပဲ အိပ်ယာထဲရောက်နေချိန်မို့ …ကားနံပါတ်တောင် မနည်းမှတ်ယူခဲ့ပုံပါပဲ ..။အဲ့ဒီတိုက်ခံရတဲ့ နေရာနားက မှောင်ရိပ်ကျတဲ့နေရာမို့ …ကားမောင်းတဲ့လူ မတော်တဆ တိုက်ခဲ့ပုံပါ… ။ အမှောင်ရိပ်ထဲမှာ ဆိုက်ကားနင်းတဲ့ လူတွေ ဆိုက်ကားဂိတ်မှာ အိပ်နေရာကနေ နိုးပြီး အော်ဟစ် အကူညီတောင်းခဲ့ကြတာပါ … ။ ကားက အရှိန် အတော်မြင့်မြင့်တင်ပြီး မောင်းပြေးခဲ့တာကြောင့် ဘယ်သူကမှ ရှေ့က ဝင်မတားရဲခဲ့ကြဘူး ။ အော်လိုက်တာနဲ့ … လူတွေ ထွက်လာပြီး ၊လူအင်အားနဲ့ ဝိုင်းဖမ်းပေမဲ့ ကိုယ့်တိုက်မိမှာ စိုးတာကြောင့်ကားက လွတ်သွားတာပါ .. ။ ထိခိုက်ဒဏ်ရာရတဲ့ ကောင်လေးကတော့ သူ့သွေးသူမြင်ပြီး လန့်နေပုံပါပဲ… တခေါင်းလုံး ရွဲနစ်အောင် ထွက်လာတဲ့ သွေးက ပခုံးပေါ်ရော ကိုယ်ပေါ်အထိပါ ကျလာတာ သူမပြောနဲ့မြင်ရတဲ့ ကျမတို့တောင် သွေးပျက်မိပါတယ်… ။ ညဘက်ကလည်းဖြစ်တော့ ကျမနဲ့ အတူပါလာတဲ့ သူငယ်ချင်းတွေက ဆင်းမကြည့်စေချင်ကြပါဘူး … ကျမကတော့ စပ်စုတဲ့စိတ်အရင်းခံရှိတာမို့ ကားရပ်ပြီး ဆင်းကြည့်မိလိုက်တယ်… ဓါတ်ပုံရိုက်ပြီး မှတ်တမ်း တင်ချင်ပေမဲ့ အားနာလို့ မရိုက်ခဲ့ပါဘူး ။ တိုက်ခံရတဲ့လူကို ရပ်ကွက်က တာဝန်ရှိသူတွေ ဆိုက်ဂျဲရိုးလေးနဲ့ပဲ အနောက်ပိုင်းဆေးရုံကို လိုက်ပို့ကြပါတယ်… ။ လူနာလည်း ဆေးရုံထွက်သွားပြီး လူအုပ်ကြီးလည်း ရှဲတော့မှ ကျမပြန်ခဲ့တာပါ … ။ သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းအပြစ်တင်သံကြား မှာပဲ …. အ ိမ်နားရောက်တဲ့အထိ ငြိမ်ကုတ်ပြီး လိုက်လာခဲ့ရပါတော့တယ်… ။ အတွေးထဲမှာတော့ ညကြီး အချိန်မတော် ထိခိုက်ဒဏ်ရာရလာတဲ့ လူကို ဘယ်လိုများ ကုသမှူတွေပေးပါ့မလဲ … ။ တိုက်သွားတဲ့ ကားကိုရော အချိန်မှီ ဖမ်းမိပါ့မလား ၊ ဘယ်လို အရေးယူနိုင်ပါ့မလဲ … ။ ထိခိုက်နစ်နာသူအတွက် ဘယ်လိုများ လျှော်ကြေးပေးမလဲ ဆိုတာတွေပဲ … စဉ်းစားခန်းထုတ်နေမိပါတော့တယ်… ။ နောက်ဆက်တွဲသတင်းရ လျှင် တင်ပေးပါမည်… ။ သတင်းရလိုရညား အဲ့ဒီလမ်းကို နောက်တကြိမ်ဖြတ်ဦးပါမည်။

9 comments

  • etone

    May 7, 2011 at 2:28 am

    post တစ်ပုဒ်ကို နှစ်ကြိမ်တင်နေရတာ စိတ်ပိန်တယ် 🙁 မနေ့က တင်တော့ ပို့စ်က တပိုင်းပျက်နေတာနဲ့ အခု edit ပြန်လုပ်ထားရတာ ။

  • eros

    May 7, 2011 at 4:59 am

    အောင်မလေး ဟေး ဟေး etone ရဲ့ တိုက်သွားတဲ့ ကားကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားပါလားနော်။

  • ဆူး

    May 7, 2011 at 5:29 am

    ပိုစ်တင်မယ်ဆို စိတ်ရှည်ရတယ် ညီမ ရေ.. အခု တလော လိုင်း သိပ်မကောင်းဘူး မိုးရွာရင် ပိုဆိုးတယ်လို့ ထင်မိတယ်။

  • eros

    May 7, 2011 at 6:17 am

    အင်း အဲဒီနေရာလေးမှာက လမ်းကလည်းကျဉ်း မှောင်ကလည်းမှောင် တက်တာကိုး။ ဟိုးအရင်တုန်းက အဲဒီ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) က လမ်းကကြမ်းတော့ ကားက ဒလမန်းကြမ်းမောင်းလို့ မရဘူးလေ။ အခုက လမ်းကလည်း အတော်အသင့်ကောင်းသွားပြီဆိုတော့ မမြင်မစမ်း အရှိန်နဲ့ မောင်းရင်း ပွတ်တိုက်သွားတာ ဖြစ်လိမ့်မယ်။ ငယ်ငယ်ကတော့ အဲဒီ ဟုမ်းလမ်းပေါ်မှာ ပြေးလွှားဆော့ကစားရင်းနဲ့ ခလုတ်တိုက် ချှော်လဲတာကတော့ အကြိမ်ကြိမ်ပါပဲလေ။

  • eros

    May 7, 2011 at 6:17 am

    အင်း အဲဒီနေရာလေးမှာက လမ်းကလည်းကျဉ်း မှောင်ကလည်းမှောင် တက်တာကိုး။ ဟိုးအရင်တုန်းက အဲဒီ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) က လမ်းကကြမ်းတော့ ကားက ဒလမန်းကြမ်းမောင်းလို့ မရဘူးလေ။ အခုက လမ်းကလည်း အတော်အသင့်ကောင်းသွားပြီဆိုတော့ မမြင်မစမ်း အရှိန်နဲ့ မောင်းရင်း ပွတ်တိုက်သွားတာ ဖြစ်လိမ့်မယ်။ ငယ်ငယ်ကတော့ အဲဒီ ဟုမ်းလမ်းပေါ်မှာ eros ပြေးလွှားဆော့ကစားရင်းနဲ့ ခလုတ်တိုက် ချှော်လဲတာကတော့ အကြိမ်ကြိမ်ပါပဲလေ။

  • cobra

    May 7, 2011 at 7:35 am

    ရိုင်းလိုက်တာ….။

    • etone

      May 7, 2011 at 9:55 am

      ဟိတ် cobra ဘီတူကို ပြောတာလဲ ကွ …

  • padonmar

    May 7, 2011 at 3:34 pm

    ကားaccident တိုင်းကို ကျေအေးသည်ဖြစ်စေ မကျေအေးသည်ဖြစ်စေ ဒဏ်ငွေ တစ်သိန်း ဆိုကတည်းက ကားတိုက်ရင် ကားပါပြေးလို့ရရင်ကားပါပြေးတယ်၊မရရင် ဒရိုက်ဘာပြေးတယ်၊ဘာဘဲဖြစ်ဖြစ် စက်တပ်ယာဉ်ရဲ့အမှားလို့လုပ်တော့ ဒီလို လူမဆန်ပဲပစ်ပြေးတဲ့ အမှုတွေပါဖြစ်ရတာပဲ၊
    တကယ်ဆိုရင် ကားတိုက်တဲ့ အပြစ်ဒဏ် ထက် ပစ်ပြေးတဲ့ အပြစ်ဒဏ်က အဆတစ်ရာလောက် ပိုချသင့်တယ်၊ အခုတော့ မိသွားရင် ဒီအပြစ်က ဒီအပြစ်ပဲ ၊မမိလို့လွတ်ရင်(မမိတာကလည်းများ) အမြတ်ထွက်နေတော့ ဒီလို ပစ်ပြေးကြအုံးမှာပဲ၊
    ဥပဒေရဲ့ ဟာကွက်တွေပါ၊

  • မမလေး

    May 9, 2011 at 3:38 pm

    ဟုတ်တယ် … Noun မပါ Adj နဲ့ ဘယ်သူ့ကို ပြောတာတုန်း cobra ?

Leave a Reply