မိုးရွာမှ ပြေးကြ

ဆူးMay 6, 20111min19015

ခါတိုင်းတော့ မိုးတွင်း ရေကြီးမလား မကြီးဘူးလား သူတို့ကို ကြည့်ရတယ်။
အခုတော့.. မိုးတွေ အားကြီးရွာမှ.. ရုတ်ရုတ်သဲသဲ အိမ်ပြောင်းနေကြတယ်။
မိုးဇလ နဲ့ အဆက်အသွယ် ပြတ်နေလို့လား မသိဘူး။

ယနေ့ မိုးရွာပါသည်။ ရေအတော်များများပါသည်။ နွေအခါ မိုးရွာတာ နာဂစ် ပြီးတော့လည်း ရွာတယ်။ ဒီနှစ်လည်း ဒီအချိန် မိုးရွာတယ်။ မနှစ်ကလို မပူလို့ ကျေးဇူးတင်ရမယ်။

15 comments

  • shweminthar

    May 6, 2011 at 12:08 pm

    ပုရွတ်ဆိတ်တောင် အငြိမ်မနေရပါလား
    သူတို့ လဲ တရွာ မပြောင်းသူကောင်းမဖြစ်ဆိုသလို ဘဲအိမ်ပြောင်းကြတာနေမှာ။
    အသွားမတော် တစ်လှမ်း ဆိုသလို အိမ်ပြောင်းဖို့ လှမ်းလိုက်တာ ကင်မရာစာမိသွားရှာပြီ။
    သူတို့လေးတွေ ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုသလို သင့်တော်တဲ့ အရပ်ကို ရွေ့ကြရတာပါ။
    သေချင်တဲ့ကျားတောပြောင်း ဆိုသလို အိမ်ပြောင်းမှ ဒုက္ခ တွေ့နေအုန်းမလား……..
    ထသွားမှ ကျိုးမှန်းသိ ဆိုသလို ဒီတိုင်းနေတာ မှ တော်ဦးမယ်။ မိုးရွာမှ အိမ်ပြောင်းတော့ မိုးဇလ နဲ့ အဆက်အသွယ် ပြတ်နေလို့လား ဆိုပြီး အပြောခံရပြီ။
    သနားပါတယ်……..ကျွတ် ကျွတ် ကျွတ်

    • ဆူး

      May 6, 2011 at 12:15 pm

      သူတို့ အိမ်ပြောင်းတဲ့ ပုံစံက စနစ် တခု ရှိတယ်။
      သေချာ လေ့လာလိုက်တယ်။
      အားလုံး တနိုင်တပိုင် အကုန် ရွက်ပြီး ပြေးထွက်လာကြတာ.. အိမ်တွင်း ပရိဘောဂတော့ မပါဘူး ထင်ပါတယ်။ ရိက္ခာတွေ ရွက်ပြီး ပြေးထွက်ပြီး တည်ငြိမ်တဲ့ နေရာတခုမှာ စုရပ်တခုလို သဘောထားပြီး အားလုံး စုပြီး ဝိုင်းထားကြတယ်။ အခု ပုံထဲမှာ မြင်ရတဲ့ အစုလိုက် ဖြစ်နေတာ.. အတောင်ပေါက်နေတဲ့ ပုရွက်ဆိတ်အကြီးတွေကို အပေါ်က ဖိမိုးပြီး ကာကွယ်ပေးထားတာ။ ဘေးပတ်ပတ်လည်မှာ စုရုံးပြီး အစာတွေရွက်ပြီး ကပ်ပြီး ရပ်နေကြတာ.. လမ်းကြောင်းထဲမှာ အကောင်ကြီး တကောင်က အဲဒီ အုပ်စုဆီကို သွားတယ် ပြီးတော့ အဲဒီ အုပ်စုပတ်လည် မှာ အစာရွက်ပြီး ရပ်နေကြတဲ့ အကောင်တွေ တန်းစီပြီး ထွက်ကြတာ… စုရပ်မှာ.. အကောင်ရေနည်းသွားသလို ဘေးပတ်လည်က အကောင်တွေ အရင်ထွက်တော့ နောက်ဆုံး အတောင်နဲ့ အကောင်တွေ အနောက်က လိုက်ကြပြီး နေရာရွှေ့ကြတယ်။
      သူတို့ ရွက်ထားတဲ့ ဆန်စေ့လို အလုံးက ဆန်စေ့ထင်နေတာ ဆန်စေ့မဟုတ်ပဲ ပုရွက်ဆိတ် ဥ (သားလောင်း) ဖြစ်နေတယ်။
      မိသားစု ကို ကာကွယ်တဲ့ စိတ်ဓါတ်နဲ့ စည်းလုံးမှုကတော့ အံမခန်းပါပဲ

  • တညင်သား

    May 6, 2011 at 1:45 pm

    မိုးကျ တော့မယ်လေဗျာ ရိတ်ခါ စုဆောင်းရတာပေါ့…. ပုရွက်ပျံတွေပဲ ..ဆန်ရေစပါးရှားပါးအုံးမယ့် သဘော ……

  • nature

    May 6, 2011 at 5:13 pm

    ဆူးပပရွက်ဆိတ် ဒီကာ လဲရတာပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2011 at 5:38 pm

    တိရိစ္ဆန်ကတော့ တိရိစ္ဆန်ပေါ့လေနော
    ကျွန်တော်တို့ရွာမှာ ရှိတဲ့တစ်ချို့လူကြီးတွေဆိုရင်
    တိရိစ္ဆန်တွေရဲ့သဘာဝတွေရယ်
    သစ်ပင်တွေရဲ့သီးချိန်ပွင့်ချိန်ရွက်ကြွေချိန် ပြောရရင်သစ်ပင်တွေရဲ့သဘာဝတွေရယ်ကိုကြည့်ပြီး
    ရာသီဥတုတွေကို ခန့်မှန်းတာတော့ကြားဘူးနားဝရှိတယ်
    သေခြာပေါက်မှန်မမှန်တော့မသိဘူးလေ
    ကိုယ်မြင်ဘူးကြားဘူးတဲ့အချိန်မှာ ကိုယ်ကအသက်ငယ်သေးတော့
    လေ့လာရကောင်းမှန်းမသိဘူးလေ
    ပြောတာကိုဘဲအမှတ်ရနေတာ
    ဥပမာ မိုးအကြောင်းပြောလိုက်ရင်
    သူမှတ်သားထားတဲ့သစ်ပင်တို့ဘာတို့ကိုကြည့်ပြီး
    မိုးစောမယ်ဘာမယ်ညာမယ်ပေါ့
    မန်ရင်မှန် မှားရင်မှားနေမှာပေါ့ ကိုယ်ကဒီလိုဘဲကြားဘူးတာ
    ကျွန်တော့်အမြင်ကတော့ ခေတ်မှီမိုးလေဝဿလောက်တော့မှန်မယ်မထင်ဘူး
    ခုလိုပါဘဲ
    ပရွက်ဆိတ်တွေခါချဉ်တွေငှက်တွေစတဲ့တိရိ စ္ဆန်တွေရဲ့
    အဲ့သည်လို အသိုက်ဆောက်ပုံတွေ အစာချီတဲ့ပုံတွေကိုကြည့်တယ်
    ကိုယ့်ခြံထည်းမှာရှိတဲ့သစ်ပင်တွေရဲ့သီးချိန်ပွင့်ချိန်တွေကိုကြည့်ပြီး
    ခန့်မှန်းကြတာဘဲ
    တစ်ခါတစ်လေကိုယ်မှတ်မိတာလေးတွေလဲရှိတယ်ဗျ
    စာဖတ်ဘူးတဲ့သူတွေလည်းသိမယ်ထင်တယ်
    အသိုက်တွေကို အနိမ့်အမြင့်ဆောက်တာတို့
    ဘာတို့ပေါ့
    ကျွန်တော်လည်းတစ်ခါဆုံဘူးတယ်
    ပင်လယ်ထဲမှာ
    စင်္ကာပူကိုသွားတဲ့ မှောင်ခိုလှေလိုက်တုန်းကပါ
    မြန်မာရေထဲမှာဘဲ
    ထားဝယ်ရေလောက်မှာ တစ်ညနေ သုံးနာရီလောက်ရှိမယ်ထင်တယ်
    လှေသွားနေတုန်း လှေထဲကပိုးဟပ်တွေ
    ဟိုကနေဒီ ဥဒဟို ပျံနောကြတော့
    ပဲ့နင်းက မျက်နှာမကောင်းဘူး လှေသားတွေကိုခေါ်တယ် ( ကျွန်တော်လည်းလှေသားဘဲ )
    လေနည်းနည်းတိုက်မယ်ပေါ့
    ပစ္စည်းတွေကို သေခြာချည်နှောင်ဖုံးဖိထားကြဘို့ သတိနည်းနည်းရှိကြဘို့ပေါ့
    သိပ်တော့မကြမ်းဘူးပေါ့.. သူကတော့မျက်နှာပျက်ပေမယ့် အေးဆေးပေါ့
    ကိုယ်ကတော့ ရဲဘော်သစ်ဆိုတော့ ဂုဏ်တော်တွေဘာတွေပွားတော့တာပေါ့ ဘယ်ရမလဲ 🙂
    ( ဂုဏ်တော်ဆိုလို့ပြောရဦးမယ် 🙂 အဲ့သည်ချိန် မှောင်ခိုလှေအများစုမှာပေါ့
    ပင်လယ်ထဲခရီးသွားတဲ့အချိန်ဆိုရင် ဘုရားစင် မှာ
    ( ဘုရားစင်သာပြောတယ် ဟိုရေနစ်သေတဲ့ပုဂ္ဂိုလ်ရော ဘာနတ်တွေရောညာနတ်တွေရောတူတူနေရသဗျ )
    အဲ့သည်ဘုရားစင်မှာ အမွေးတိုင်တွေ သစ်သီးတွေ ပတီးကုံးတွေ အိုးးးးးးးး စုံလို့ပေါ့ဗျာ
    ပူဇော်ပသကြတာ
    အဲ့…
    စင်္ကာပူကနေပြန်လာလို့ကမ်းကိုကပ် ရှာလာဖွေလာခိုးလာဝှက်လာတာလေးတွေရောင်းချပြီး ငွေလေးရွှင်နေကြရင် ဘုရားရော နတ်တွေရော ထမင်းငတ်တယ်ဗျို့ )
    အဲ့ဒါနဲ့အခြေနေမကောင်းဘူးဆိုတော့
    ဂုဏ်တော်လေးပွားပြီး ဂုဏ်တော်နဲ့နေတာပေါ့ဗျာ
    အဲ့သည်ချိန်များသေရင် သိကြားမင်းဖြစ်လောက်တယ်
    ညနေ ငါးနာရီလောက်ရောက်တော့ လေတွေတော်တော်တိုက်ပြီး
    လှိုင်းတွေလည်းကြီးတာပေါ့လေနော
    သူ့မျက်နှာငါကြည့်ငါ့မျက်နှာသူကြည့်နဲ့တော်တော်သနားစရာကောင်းတဲ့သတ္တဝါတွေပေါ့
    ဒါပါဘဲ ဘာမှမဟုတ်ပါဘူး
    ပိုးဟပ်တွေပျံနေတာကိုကြည့်ပြီး လေတိုက်မယ်လို့
    ပဲ့နင်းပြောတာ တိုက်ဆိုင်တာလားတောမသိဘူး
    တိရိ စ္ဆန်တွေရဲ့အမူအကျင့်တွေမှာအကြောင်းအချို့ရှိတယ်ဆိုတာကို ကြုံလို့ပြောပြတာပါ
    တစ်ခြားအကြောင်းတွေလည်းရှိသေးတယ်
    တစ်ခြားနေရာမှာဆုံကြတာပေါ့လေနော

  • nature

    May 6, 2011 at 11:09 pm

    သဘာသဘေးအန္တရာယ်ကို လူတွေထက် တိရိစာ္ဆန်တွေကပိုသိတယ်လို့ကြားဖူးပါတယ်။

  • ဆူး

    May 7, 2011 at 5:23 am

    အခုတောင် မိုးတွေ အရမ်းသည်းတာပဲ။

  • cobra

    May 7, 2011 at 7:49 am

    ရေကြီးရင်တော့မကောင်းဘူးဗျာ….
    စိတ်ပျက်ဖို့ကောင်းတယ်ဘယ်မှလည်းသွားလို့မရဘူး။

  • hmee

    May 7, 2011 at 7:56 am

    တခါက ရွာခဏပြန်တုန်း အဖေက အမေ့ကိုပြောတယ် ဒီတရက်နှစ်ရက်အတွင်း မိုးအကြီးအကျယ်ရွာလိမ့်မယ်တဲ့။ ခွေးက လမ်းလယ်က ကုန်းပြောင်ပြောင် အမြင့်မှာ မစင်စွန့်နေတယ်တဲ့။ အဲဒါဆို အဲဒီ့မစင် ပါအောင်ရွာမှာမို့ အကြီးအကျယ်ရွာမယ်လို့ပြောပါတယ်။ ကျွန်မလည်း သိပ်မယုံဘူးပေါ့ တကယ်ကိုပဲ ညနေမှာ မိုးအကြီးအကျယ် စပြီးရွာတာ ၂ရက်ဆက်တိုက် ရွာပါတယ်။ သူ့အမှတ်အသားနဲ့သူတော့ ဟုတ်နေတာပဲ။

  • hmee

    May 7, 2011 at 8:01 am

    နောက်တခု ငှက်သိုက်ကို ကြည့်ပြောတယ် ငှက်တွေအသိုက်ဆောက်တာ ဒီနှစ် နဲနဲ နိမ့်တယ်ဟ သတိထားတော့ ဒီနှစ်လေပြင်းတွေ တိုက်တာများလိမ့်မယ် မီးသတိထားတော့လို့ ပြောပါတယ်။ တကယ်ကို အဲဒီနှစ်က လေပြင်းတိုက်တာ မီးပါလောင်ပြီး ရွာတခြမ်းကုန်တာပဲ။

  • kopauk mandalay

    May 7, 2011 at 3:47 pm

    တော်ပြီ ဒေါက်တာထွန်းလွင် ကို မမေးတော့ဘူး။
    တိရိစ္ဆာန်ရုံနားကိုပြောင်းပြီး အဲဒီက အကောင်တွေကိုကြည့်ပြီး မိုးလေဝသဗေဒင်ဟောတော့မယ်နော်။

  • မမလေး

    May 9, 2011 at 3:41 pm

    ပုရွတ်ဆိတ်တွေက ဘယ်လောက် ကွေ့ကွေ့ကောက်ကောက် သွားသွား ပြန်ရင်လည်း ဒီလမ်းအတိုင်းပဲ ပြန်တယ် .. ဒါပေမယ့် သူတို့သွားတဲ့လမ်းရဲ့ရှေ့လေးမှာ လက်ညှိုးလေးနဲ့ ပွတ်လိုက်သူတို့ ရပ်ပြီး စဉ်းစားလိမ့်မယ် ပြီးရင် ပြန်လှည့်သွားတယ် …

  • ဆူး

    May 9, 2011 at 3:45 pm

    မမလေးတော့ သူများ လမ်းကို သွားဖျက်တယ်နော်.. ငရဲကြီးတော့မယ်။

  • sayargyi

    May 10, 2011 at 10:13 am

    ဦးထွန်းလွင်က ဖောရှောတွေများနေသလားလို့ ..အသကုန်ပူမယ် မုန်တိုင်းလာမယ် ဖြစ်မယ် ချမယ် ရွာမယ် ဆိုတာကြီးဘဲ…သူက မုန်တိုင်းချမယ် ပြောပြီး မချတော့လဲ ဘာဖြစ်လဲ…မချဘူးပြောပြီး တကယ်တိုက်တော့ သူ့အပြစ်ဖြစ်တာပေါ့…
    မှတ်မှတ်ရရ ဒီနှစ်နွေမှာ မနှစ်ကထက်ကိုပိုပူမယ်ပြောခဲ့တာလဲသူပါဘဲ အခုမိုးတွေရွှာပြီး အပူလျှော့တော့ ဘာဖြစ်လဲ…ဘာမှမဖြစ်ဘူး
    မပူဘူးပြောပြီး တအားပူမှသာ သူ့အမှားလူသိမှာလေ

  • sayargyi

    May 10, 2011 at 10:16 am

    ကိုပေါက်ပြောသလို နေပြည်တော် ဘဲပြောင်းနေတော့မယ်

Leave a Reply