မေလ ၆ ရက်နေ့က ထိုင်းနိုင်ငံ ကာလဆင်မြို့မှာ မင်္ဂလာဆောင်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။
သတို့သားဖြစ်သူက အသက် ၈၈နှစ်ရှိပြီး သတို့သမီးလုပ်သူကတော့ အသက် ၇၅ နှစ်ရှိပါတယ်။ အဖိုးကြီးကတော့ ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ပြီး အဖွားကြီးကတော့ သားသမီးမရှိသော မုဆိုးမ ဖြစ်တယ်လို့ဆိုပါတယ်။
အထူးအဆန်းဖြစ်နေတဲ့ ထိုမင်္ဂလာဆောင်ကို နှစ်ဖက်သောဆွေမျိုးများနှင့်အတူ ပရိတ်သတ်များစွာတက်ရောက်ခဲ့ပါတယ်။ သတို့သားက သတို့သမီးကို ဘတ်ငွေ ၁၀၀၉၉ ဘတ်နဲ့ တောင်းယူခဲ့တယ်လိုဆိုပါတယ်။
သတို့သားနဲ့ သတို့သမီးဖြစ်သူတို့က အခုလိုလက်ထပ်ရခြင်းမှာ ဆေးပေးမီးယူ အထောက်အကူရရန်အတွက်သာမကပဲ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှနေကြခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

About bigbird

has written 137 post in this Website..

bigbirdMG@gmail.com (မမေ့မလျှော့ မပေါ့မဆ ပဲ သတိအမြဲထားဖို့ မေ့နေသူပါ)