အသက်ကြီးပေမယ့် မပျက်စီးသေးပါ

bigbirdMay 6, 20111min25921

မေလ ၆ ရက်နေ့က ထိုင်းနိုင်ငံ ကာလဆင်မြို့မှာ မင်္ဂလာဆောင်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။
သတို့သားဖြစ်သူက အသက် ၈၈နှစ်ရှိပြီး သတို့သမီးလုပ်သူကတော့ အသက် ၇၅ နှစ်ရှိပါတယ်။ အဖိုးကြီးကတော့ ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ပြီး အဖွားကြီးကတော့ သားသမီးမရှိသော မုဆိုးမ ဖြစ်တယ်လို့ဆိုပါတယ်။
အထူးအဆန်းဖြစ်နေတဲ့ ထိုမင်္ဂလာဆောင်ကို နှစ်ဖက်သောဆွေမျိုးများနှင့်အတူ ပရိတ်သတ်များစွာတက်ရောက်ခဲ့ပါတယ်။ သတို့သားက သတို့သမီးကို ဘတ်ငွေ ၁၀၀၉၉ ဘတ်နဲ့ တောင်းယူခဲ့တယ်လိုဆိုပါတယ်။
သတို့သားနဲ့ သတို့သမီးဖြစ်သူတို့က အခုလိုလက်ထပ်ရခြင်းမှာ ဆေးပေးမီးယူ အထောက်အကူရရန်အတွက်သာမကပဲ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှနေကြခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

21 comments

  • bigbird

    May 6, 2011 at 2:01 pm

    အချစ်ဆိုတာ အမြဲနုပျိုလန်းဆန်းနေပြီး အိုတယ်မရှိဘူးဆိုတာ ဒီလိုများလား။

  • ဆူး

    May 6, 2011 at 2:22 pm

    သူတို့ ယဉ်ကျေးမှုက တမျိုးပဲနော်.. ခေါင်းပေါ် အပ်ချည်ကြိုးလေး တင်လို့..
    မြန်မာ မှာဆိုရင် လက်ထပ်တယ် ဆိုတာ လက်ထပ်ပေးပြီး အဝတ်ပတ် ခရားက ရေသွန်း ပေးလိုက်တာ.. လက်ထပ်တယ် ခေါ်တာ။

    • shwe ni

      May 7, 2011 at 3:37 pm

      သူငယ်ချင်း wedding မှာတွေ့ဘူးတာ က
      ဆူးပြောသလို အဝတ်ပတ် ခရားက ရေသွန်း ပေးလိုက်တာလဲလုပ်တယ် .ပြီးတော့ဆရာတော်တွေ ပရိတ်ရွတ်နေတုန်း အဲ ပရိတ်ကြိုးကို ဆရာတော်တွေ နဲ့အတူ သတို့သားသတို့သမီးကလဲကိုင်ထားရတယ်

  • cobra

    May 6, 2011 at 4:38 pm

    အချစ်ဆိုတာအမြဲတမ်းနုပျိုနေတာပါလား…..။
    ရွာထဲကလူပျိုသိုးတွေအပျိုသိုးတွေလည်းအားမငယ်ကြနဲ ့
    အကူအညီလိုရင်ဆက်သွယ်လိုက်…

  • intro

    May 7, 2011 at 6:42 am

    အော် အထူးအဆန်းတွေချည်းပါပဲလားဗျာ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 7, 2011 at 9:56 am

    ဒါမှ တဏှာစစ်တာ ရေတောင်မရောဘူး 🙂 🙂 🙂

  • nature

    May 7, 2011 at 12:45 pm

    ဒီအရွယ်ကြီးကျမှ သက်တမ်းစေ့နေပြီ၊ အုတ်ဂူလေး၂လုံးလောက်လက်ဖွဲ့ဘို့ကောင်းတယ်၊ မကြာခင်သုံးရတော့မှာ၊ 🙂

  • MaMa

    May 7, 2011 at 2:00 pm

    ဟိုးးးးးးးးးးအရင်ဘဝတွေက ပြုခဲ့တဲ့ ကံကိုပဲ လွှဲချရမယ်ထင်တယ်။ မြတ်စွာဘုရားလက်ထက်က သံဃာတော်တစ်ပါးဟာ အသက်၇ဝကျော် (ထင်တာပဲ) ရောက်မှ ငယ်ငယ်က ကြုံတွေ့ခဲ့ဖူးတဲ့ သီလရှင်လေး (သူနဲ့ အသက်မကွာလို့ တွေ့တဲ့အချိန်မှာ အသက်ကြီးနေပါပြီ) ကိုတွေ့တော့ လူထွက်ပြီး အိမ်ထောင်ပြုသွားကြတယ်တဲ့။

  • shweminthar

    May 7, 2011 at 2:12 pm

    အားကျရမလား၊ ဟားတိုက်ရီးရမလား။
    ဘယ်လိုဘဲ ပြောပြော သူတို့ ဘဝ သာယာဖို့ အတွက် သူတို့ ဖန်တီး နေကြတယ်လို့ဘဲ မြင်ပါတယ်။
    ဒီအသက်အရွယ် ထိ ဆန္ဒတွေ ရှိနေသေးတာ ကျန်းမာရေး ကောင်းသေးလို့ ယူဆလို့ရပါတယ်။

  • nature

    May 8, 2011 at 11:21 am

    ၂ယောက်ပေါင်းအသက် ဂင်းနစ်ဘုတ်ဝင်လောက်တယ်။

  • OQ23

    May 8, 2011 at 3:31 pm

    ဘယ်လိုကြောင့်ပဲလက်ထပ်ပါစေဒါဟာမင်္ဂလာတပါးပါပဲ။
    ကောင်းကောင်းဆိုးဆိုးဝေဖန်တာမလွန်တာပဲကောင်းပါသည်။
    ဟာသအမြင်နဲ့မကြည့်ပဲဘဝအမြင်နဲ့ပဲကြည့်စေချင်ပါသည်။
    ကျေးဇူးတင်ပါသည်။

  • captainamerica

    May 9, 2011 at 12:43 pm

    ယောက်ကျားမျုားဟာဖွဲတဆုပ်နိုင်သေးရင်ဆိုတဲ့စကားတယ်မှန်ပါလားနော်………….

  • mzm

    June 29, 2011 at 2:10 pm

    အင်းအသက်ကြီးမှရမ္မက်မီးပွားကြတာပါကလား
    ကျန်းမာပါစေ ချမ်းသာကြပါစေ

  • ကြေးမလောင်

    November 28, 2011 at 3:40 pm

    ဒီလို လူတွေလည်း ရှိသေးတယ်လား။
    ဒီအရွယ်အထိ တော်တော် ချစ်နိုင်ကြတာပဲနော်။

  • လင်းဝေကျော်

    November 28, 2011 at 4:48 pm

    အချစ်ဆိုသည်မှာ…. အံ့ဩစရာပါပဲ။
    ကိုယ်တိုင်အဲဒီအသက်အရွယ်ရောက်မှ ပိုနားလည်နိုင်မယ်ထင်ပါတယ်။
    ဘာပဲဖြစ်ဖြစ် အဲဒီအသက်မှာ အဲဒီလို စိတ်ကူးနိုင်အောင် ကျန်းမာနေတာ ကံကောင်းတာပဲ။
    အသက်ကြီးရင် ဟိုဟာ မပြုရလို့ လူ့ယဉ်ကျေးမှုမှာ ဆိုထားတာများရှိလား။
    သေခါနီးပြီမို့ သေမယ့်ရက်သာ ထိုင်စောင့်ပါလို့ ကော ပြောသင့်သလား။

  • aye.kk

    November 28, 2011 at 5:32 pm

    မအိုခြင်းငါးပါး..မျက်စေ့ ၊ နား ၊ နှာခေါင်း ၊ လျှာ ၊ စိတ် ၊..အာရုံတွေခံစားနိုင်ခြင်းရှိနေသမျှ မအိုဘူးလို ့
    လူကြီးသူမတွေပြောဆိုဘူးပါတယ်..မှန်တယ်နော် ရုပ်ကြီးကဇရာကြောင့်ပျက်စီးယိုယွင်းလာနေပေမယ့်
    စိတ်ကလိုက်မအိုသွားတာလက်တွေ ့ပါဘဲ..။

  • windtalker

    November 28, 2011 at 8:47 pm

    ကျုပ် တို ့ရွာထဲမှာလဲ
    ငါးဆယ်ကျော်တွေ
    အတော်များဆိုကလားဘဲ
    စစ်တမ်းတစ်ခု ဖတ်ဖူးတာကို
    ပြန်သတိရမိပါတယ်

  • Shanma TUmdy

    November 28, 2011 at 10:01 pm

    ဘယ်တော့မှ မဟောင်းမယ့်အချစ် .. ဘယ်တော့မှမပျက်စီးမယ့်အချစ်ပေါ့လေ..

  • naywoonni

    November 28, 2011 at 10:15 pm

    အဝတ်ပတ် ခရားက ရေသွန်း ပေးလိုက်တာလဲလုပ်တယ် .ပြီးတော့ဆရာတော်တွေ ပရိတ်ရွတ်နေတုန်း အဲ ပရိတ်ကြိုးကို ဆရာတော်တွေ နဲ့အတူ သတို့သားသတို့သမီးကလဲကိုင်ထားရတယ်…….ဆိုတော့ ဒေါ်ဆူးနဲ့ ဒေါ်ရွှေရေ….။ အဲဒိလိုလုပ်မှ လက်ထပ်တယ်ခေါ်တာလား…။ တစ်ခုခုတော့ လွဲနေသလိုပဲနော်…။ ????????????

    • ဆူး

      November 29, 2011 at 9:50 am

      ဘယ်သိမတုံး အဘနီရဲ့..
      တရုတ်ကားထဲမှာတော့ ယိပိုက် အော့ပိုက် ဆန်းပိုက်.. ဆိုရင် လင်မယား အရာ မြောက်ပြီ။
      မြန်မာကတော့ ရပ်ကွက်လူကြီး ဖိတ်ပြီးတော့ ကော်ဖီ တိုက်ရင် လင်မယား ဖြစ်ပြီတဲ့။
      ဆူးလည်း ကြားဖူးနားဝ နဲ့ ရုပ်ရှင်ထဲ ကြည့်ပြီး ပြောပြတာ။
      အဘနီလည်း မိန်းမ ယူရင် ဘယ်လို လုပ်ရမလဲ လေ့လာ နေတယ် ထင်တယ်။
      ခစ်.. ခစ်.. ခစ်…

Leave a Reply