DERMAL ရေ..နင်ကူလို့

myanmarskyMay 6, 20111min11410

ရာသီဥတုကပူလိုက် အေးလိုက်နဲ့ဖြစ်နေတော့ အသားရေတွေခြောက်သွေ့ပြီး မျက်နှာတွေမဲလာပါရော..။ကျွန်မဖြင့်

တော်တော်လန့်သွားမိတယ်…နဂိုကမဖြူတဲ့အသားမို့..ပိုမဲချင်လာတာကိုးး။စိတ်ညစ်နေတုံး သူငယ်ချင်းတစ်ယောက်က

ကိုရီးယားကမျက်နှာကပ်တဲ့ mask တစ်မျိုးကိုညွှန်ပြလေရဲ့..သူကကိုရီးယားကို ခဏခဏသွားလည်ပြီး ပြန်လာရင်လက်

ဆောင်ပေးတတ်ပါတယ်..ခက်တာကသူပြောတာကတံဆိပ်ပဲ ဖြစ်ပြီးဘယ်နားသွားရှာရမှန်းကိုမသိပါဘူး။သူပြောတဲ့

တံဆိပ်က DERMAL တဲ့။ဒါနဲ့ကျွန်မလဲမနည်းမေးမြန်းကြည့်ရင်း ရှာတွေ့ခဲ့ပါတယ်…အသီးမျိုးစုံရှိပြီး ကပ်လိုက်ပြီး

နောက်တစ်နေ့မှာမျက်နှာက သိသိသာသာဖြူပြီး အိသွားတယ်..ကျွန်မကပ်ဖြစ်တာက တဇောင်းလက်ပတ်ပါ။ကြိုက်

သွားလို့ လိုက်ဝယ်တော့လဲတစ်ခုကို၁၅၀ဝ ကျပ်တောင်ပေးရလို့ ခဏခဏကပ်ဖို့အဆင်မပြေပြန်ဘူး..။နောက်တော်

တော်လေးကြာတော့မှ ဖြန့်နေတဲ့နေရာတစ်ခုကိုသိရပါရဲ့..တစ်ခုကိုမှ ၈၀ဝပဲကျပါတယ်..ကျွန်မခုတော့တော်တော်စိတ်

ချမ်းသာနေပါရဲ့..ဈေးသင့်လို့လေ…တစ်ခု ၈၀ဝကျပ်အပြင်အခု၁၀ဝယူရင် (၁၀)ခုပိုပေးသေးတယ်..။ကျွန်မလိုပဲတော်

တော်များများကိုမေးကြည့်တော့ ဈေးကြီးပေးပြီး သုံးနေကြရတာသိရလို့ စိတ်မကောင်းဖြစ်မိလို့ ဒီစာလေးတင်လိုက်

တာပါ..ရနိုင်တဲ့နေရာက ဝ၉၇၃၀၅၆၁၂၈ မှာရနိုင်ပါတယ်..လိပ်စာတော့ကိုယ့်ဘာသာမေးလိုက်တော့နော့…

10 comments

  • babymay

    May 7, 2011 at 1:57 am

    ကျေးဇူးတင်ပါတယ်။။ စမ်းသုံးကြည့်ဦးမယ်။။။

  • moethidasoe

    May 7, 2011 at 5:22 am

    တကယ်ကောင်းရင် ကျေးဇူးတင်မယ် .. မကောင်းရင်တော့လား .. ×××××××

  • etone

    May 7, 2011 at 10:00 am

    စမ်းကြည့်လိုက်မယ်…ပြီးရင် ပြန်ပြောမယ်… အထောက်ထားနှင့်တကွပြောပေးမယ် .. စိတ်ချ 😛

  • kai

    May 7, 2011 at 10:02 am

    ကိုရီးယားက အလှကုန်တွေနဲ့ပါတ်သက်ပြိး ယူအက်စ်မှာလည်း… နေရာတော်တော်ရလာတယ်နော..။
    အလုပ်က.. အလှကုန်တွေနဲ့ဆိုင်တာမို ့.. ခုနှစ်ပိုင်း ကိုရီးယားကပစ္စည်းတွေအဝင်များလာတာ သတိထားမိလို့ပါ..။
    ပြင်သစ်ပစ္စည်းတွေ အရင်က အသွင်းများတာလေ..။

    • ဪ.. သူကြီးအလုပ်ကိုခုမှ သိတော့တယ်

      အလုပ်က.. အလှကုန်တွေနဲ့ဆိုင်တာမို ့ လို့ဆိုထားတော့ တစ်ခါမှ မမြင်ဖူးတဲ့ သူကြီးဆိုသူကို တွေးတောပုံဖော်ကြည့်သော သကာလ.. 😀

      • kai

        May 14, 2011 at 8:23 am

        သူကြီးက..အလုပ်ဘယ်နှခု တပြိုင်ထဲလုပ်နေတယ်ထင်သလည်း..။
        ဟင်းဟင်း…။

  • lovelybaby

    May 7, 2011 at 11:10 am

    Dermal ကကိုရီးယားမှာအရမ်းသုံးနေတယ်..မဆိုးပါဘူး..ကောင်းပါတယ်..ဈေးကတော့
    wan1500 လောက်ရှိတယ်.။emart ကဝယ်ရင်တောင်အဲ့လောက်တော့ရှိတယ်.သူကရာသီ
    (၄)မျိုးလုံးသုံးလို့ရလို့လူသုံးများတယ်..မြန်မာပြည်မှာရောက်လာရင်ကောင်းတာပေါ့.။
    ဈေးလဲအဲ့လောက်ဆိုတန်တယ်.ဂျပန်မှာကော.ထိုင်ဝမ်မှာကောdermalကိုသုံးနေကြပြီ။
    တစ်ပတ်ကို၃ခါလောက်ကပ်ပေးရင်ပိုကောင်းတာပေါ့..။

  • rabbit

    May 13, 2011 at 10:34 am

    ကိုရီးယားမှာ အတန်ဆုံးက Cosmetic တွေပါပဲ .. ရန်ကုန်မှာ 22000 ကျပ်ပေးမှ ရတဲ့ Tono Moly brand ချေးချွတ်ဆေးဘူး (ခရမ်းချဉ်သီးပုံ ဘူး ) လေးကို အဲဒီမှာ ဝယ်ရင် 7700 Wan ပဲ ပေးရပါတယ် .. Dermal တံဆိပ်လဲ ကောင်းပါတယ် … ခု မြန်မာမှာ ကိုရီးယားက ထွက်တဲ့ Cosmetic တွေ နေရာတော်တော် များများမှာ ဝယ်လို့ ရနေပါပြီ .. ဈေး လေး ၃ဆလောက် တက်သွားတာက လွဲရင်ပေါ့ .. လူကြုံရှိတယ်ဆို Cosmetic များများ မှာ ကြပါ .. Skin Food က ထွက်တဲ့ Skin Care Product တွေလဲ အရမ်း ကောင်းပါတယ် .. ဈေးလဲ အရမ်း သင့်တော်ပါတယ် ..

  • rabbit

    May 13, 2011 at 10:37 am

    Wan နဲ့ မြန်မာကျပ်က difference သိပ်မရှိပါဘူး … မြန်မာငွေကတောင် ဈေးပိုကောင်းပါတယ် .. သူတို့ ပိုက်ဆံ 1000 ဆို မြန်မာငွေ 800 လောက်ပဲရှိတာပါ

  • nigimi77

    May 14, 2011 at 9:33 am

    အင်း..မြန်မာစကိုင်းက ဒိုရှိုင်လေး Advertiize လုပ်တာတော့ မဟုတ်လောက်ပါဘူးနော် ???? 🙂

    မြန်မာပြည်မှာက လက်ရှိ ကိုရီးယားရောဂါက တော်တော်ကြွမ်းနေပြီဆိုတော့ တရုပ်ကြီးက လက်ခမောင်းခတ်

    ကရော။ ဒီမှာ အထင်ကရ နာမည်ကြီး Super Store (Market) တွေမှာ ကိုရီးယား စားသောက်ကုန်တွေ

    အတော်နေရာယူထားပါတယ်။ အလှကုန်တွေ အပြင် အရက်သေစာ ဆေးလိပ် က အစ အကုန်ရှိပါတယ်။

    ခက်တာက အဲဒီ ဟာတွေကို မြန်မာပြည်မှာ ရှိတဲ့ ဘယ် ကိုရီးယား လူမျိုးကမှ မစားသောက် မသုံးစွဲကြပါဘူး။

    ဘာလို ့လဲ ဆိုတော့ အဲဒါတွေ အားလုံးရဲ ့ ၉၈% ဟာ တရုပ်ပြည်က လုပ်တဲ့ အတုတွေကြီးပဲမို ့လို ့ပါတဲ့။

    သူတို ့တွေဟာ ကိုရီးယားဖြစ် ကုန်ပစ္စည်းတွေကို ကို်ယ်တိုင် သယ်လာရင် သယ်လာ မဟုတ်ရင် ရန်ကုန် ၈

    မိုင်လမ်းဆုံမှာ ရှိတဲ့ ကိုရီးယား စားသောက်ဆိုင် “Hang Gan” မှ တဆင့် Hand Carry နဲ ့ပို ့ခိုင်းပြီး သုံးစွဲကြ

    ပါတယ်။ ဆိုင်တွေမှာ ရောင်းနေတဲ့ ကိုရီးယားဖြစ် ကို သုံးစွဲကြတာ မြန်မာတွေပါပဲ။

    ကြုံလို ့ပြောပြရရင် ဟိုဆေးဝါးကုပ္မဏီကြီးက ကိုရီးယားနိုင်ငံက တင်သွင်းပါတယ် ဆိုတဲ့ အားဆေးတွေကို

    ကိုရီးယားနိုင်ငံမှာရှိတဲ့ ဘယ်ဆေးဆိုင်မှာမှ ရှာလို ့မရသလို သိလဲ မသိကြပါဘူး။ မြန်မာပြည် အတွက် သီးသန် ့

    ထုတ်လုပ်တယ် ထင်ပါရဲ ့။

    တရုပ်တွေဟာ တူရင်ပြီးရော လုပ်ထားတာပါ။ မြန်မာတွေ ကိုရီးယား ရောဂါထလေ တရုပ်တွေ ချမ်းသာလေပဲ။

    ပြီးတော့ အပေါ်မှာရေးထားတဲ့ ဈေးနှုံးတွေက ဘယ်ကရတဲ့ဈေးနှုံးလဲတော့ သေချာမသိပေမဲ့ အဲဒီ Mask Pack

    တွေက အထုပ် ၅ဝ ကို ဝမ် ၁၀၀၀ဝ ပါ။ ဆိုတော့ တခုကို ဝမ် ၂၀ဝ ပဲ ကျသင့်ပါတယ်။ လက်လီရောင်းတယ်ဆို

    ရင်တောင် အဲလောက် ဈေးမကွာပါဘူး။

    ဝမ် ၂၀ဝ ဆိုတော့ အလွယ်တကူ မြန်မာငွေ ၂၀ဝ လို ့ သတ်မှတ်နိုင်ပါတယ်။ မြန်မာပြည်မှာ ဝင်လာတာ

    THE FACESHOP က ပစ္စည်းတွေလဲ ရှိပါတယ်။ ဈေးကတော့ ဒီက ဝင်ငွေနဲ ့ဆိုရင် အတော်မြောက်တယ်။

    ပြောချင်တာကတော့ ရသေ့ စိတ်ဖြေ အနေနဲ ့ကတော့ တခါတလေပဲ ကောင်းပါတယ်။ အတုကို အစစ်ထင်ပြီး

    သုံးစွဲရာမှာ စိတ်ကြောင့် ကောင်းလှချည့် မဆိုးပါဘူးလို ့ထင်ရပေမဲ ့ ရေရှည်မှာ ဒုက္ခနဲ ့ လှလှ တွေ ့ပါလိမ့်မယ်။

    ဒီမှာရှိတဲ့ ပစ္စည်းတွေကို လေ့လာကြည့်မိတော့ ကိုရီးယားမှာတောင် မတွေ ့ဖူးတဲ့ မကြားဖူးတဲ့ ပစ္စည်းတွေဟာ

    Made in Korea ဆိုတဲ့ စာသားကို ရိုက်နှိပ်ထားတာ Hand Set တွေ အထိ အပါအဝင်ပါ။

    သွင်းလာတဲ့ လူတွေက ဘယ်သူ ့ကိုမှ ငဲ့မှာ မဟုတ်ပါဘူး။ အားလုံးနီးပါးဟာ နယ်စပ်ကနေ ဝင်လာတာတွေပါ။

    တရုပ်ဖြစ်တောင်မှ အဆင့်အတန်းရှိတဲ့ တရုပ်ဖြစ်တွေ မဟုတ်ပါဘူး။ ကျပ်မပြည့်တဲ့ အတုတွေပါ။

    အလံနီတွေ ချမ်းသာဖို ့ ဒို ့နိုင်ငံသားတွေ ဆက်ပြီး ကိုရီးယား ရောဂါ ထကြပါစို ့။

Leave a Reply