F4 ချစ်သူ

မမေလးMay 6, 20111min20713

F4 ချစ်သူ အခွေကို သိကြတဲ့ အတိုင်းပဲ တရုတ် F4 ချစ်သူ ၊ ဂျပန် F4 ချစ်သူ နဲ့ ကိုရီးယား F4 ချစ်သူ ဆိုပြီးတော့ရှိရာမှာမှ ကိုရီးယား F4 ချစ်သူ က လျှမ်းလျှမ်းတောက်အောင်နာမည်ကြီးသွားတယ် …. ခု မြန်မာ F4 ချစ်သူ လာပါတော့မယ် ။ ဒါရိုက်တာတစ်ယောက်က F4 မင်းသားနဲ့ တူတဲ့ မင်းသား မင်းသမီးကို အပြင်လောကမှာလိုက်ရှာတာ ခုဆို မင်းသားလေးယောက်နဲ့တူတဲ့ လူလေးယောက်တွေ့နေပါပြီတဲ့ … ကိုရီးယား F4 ချစ်သူ အတိုင်းကို တူအောင်ပြန်ရိုက်မှာလို့ ကျူရှင်ကနေပြီးကြားလာပါတယ် ။ ဂျာနယ် တစ်စောင်မှာပါတယ်လို့ပြောတာပဲ … တစ်ကယ်လို့သူတို့နဲ့တော်တော်တူတယ်ဆိုရင်တော့ ခုလက်ရှိမင်းသားတွေ ဘယ်ချောင်မှာသွားနေရမယ်မှန်းတောင်သိမှာမဟုတ်ဘူးနော် …

13 comments

  • bigcat

    May 7, 2011 at 12:57 am

    မင်းသားတွေက ရွေးပြီးသွားပါပြီကွယ်။
    ၁- ကြောင်ကြီး ၂- ကိုကြောင် ၃- ဘစ်ကက် ၄- bigcat
    ပုံထဲက ကိုရီးယားမင်းသမီးလေးနဲ့ဆိုလို့ကတော့ ရိုက်အုံးမှာ…..

  • ဆူး

    May 7, 2011 at 5:17 am

    ကိုရီးယား မင်းသမီးက တချိန်က ဖြိုးတဲ့ ဦးကြောင်ကြီး အဆင်ပြေလား

  • cobra

    May 7, 2011 at 6:45 am

    ဟုတ်တယ်လေရှာလို့တွေ ့သွားကြပီ။
    ကျွန်တော်ပုန်းပါသေးတယ်မရတော့ဘူး
    ဂျီဟိုနဲ ့တူလို့တဲ ့ကျွန်တော့်ကိုမင်းသား တင် ရိုက်ဖို့ကမ်းလှမ်းတယ်
    မင်းသားတင်တော့မရိုက်ချင်ပါဘူးဗျာ….။

  • hmee

    May 7, 2011 at 7:30 am

    တို့ ဗမာတွေကလည်း ကိုယ်ပိုင်ဇာတ်လမ်းလေးတွေ မလုပ်နိုင်ဘူးနော်။ သူများ အောင်မြင်ပြီးသားကို လိုက်ရိုက်ဖို့ပဲစဉ်းစားနေတယ်။ အင်တာနက်ကနေ အလွမ်းပြေ ဗမာကားတွေကြည့်ပါတယ် သူများဇာတ်ကားတွေကို ပြန်ရိုက်တာတွေပဲ။ ဟိုးအရင်ကဆို မြန်မာ့အသံက ပြတဲ့ ဗမာကားတွေ အရမ်းကောင်းပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 7, 2011 at 10:21 am

    ပြောရဦးမယ် နိုင်ငံခြားကားတွေခိုးချတယ်ဆိုလို့
    ကျွန်တော်ငယ်ငယ်က
    မဂ္ဂဇင်းတစ်ခုမှာပါတဲ့ကာတွန်းလေးတစ်ခုအမှတ်ရမိတယ်
    ဘယ်မဂ္ဂဇင်းနဲ့ဘယ်သူရေးတယ်ဆိုတာကတော့
    ထုံးစံအတိုင်းမမှတ်မိတော့ဘူး
    ကာတွန်းထဲမှာ လူနှစ်ယောက်ပုံကိုဆွဲထားတယ်
    လမ်းလျှောက်ရင်းစကားပြောလာကြတဲ့ပုံပေါ့
    ( ကျွန်တော်က နိုင်ငံခြားကားဆိုလုံးဝမကြည့်ဘူး
    မြန်မာကားဘဲကြည့်တယ်
    တစ်နေ့ကျွန်တော် နိုင်ငံခြားကားတစ်ကားကြည့်မိတယ်
    အဲ့..မြန်မာကားထဲကခိုးချထားလေရဲ့ )

  • nature

    May 7, 2011 at 12:17 pm

    အင်မတန်ဆွဲဆောင်မှုအားကောင်းတဲ့ F4ချစ်သူကနေ စိတ်ပျက်စရာကောင်းတဲ့ F4ချစ်သူကြည့်ရတော့မယ်။

  • shweminthar

    May 7, 2011 at 1:01 pm

    ရွာ သားတွေစုလိုက်ရင် F4 ထက်တောင်သာသွားအုန်းမယ်။

  • OQ23

    May 7, 2011 at 1:44 pm

    ကောင်းတာပေါ့ရှင်။
    ယခုလိုမျိူးနောက်ထပ်( F4)ချစ်သူဇာတ်လမ်းတွဲအသစ်
    ထပ်ရောက်ရှိလာမည်ဆိုသော်ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။
    နိူင်ငံခြားကားတွေကိုအတုခိုးပေမဲ့ကောင်းသောအရာတွေပဲ

    အတုခိုးတာဆိုဘာပဲဖြစ်ဖြစ်လက်ခံပေးသင့်တယ်လို့ထင်မြင်ယူဆမိပါသည်။

    ကျေးဇူးတင်ပါသည်။

  • MaMa

    May 7, 2011 at 2:43 pm

    ရုပ်တူရုံနဲ့တင်တော့ ဘာမှသုံးရမှာ မဟုတ်ဘူး။ သရုပ်ဆောင်နိုင်မှုကိုလည်း ကြည့်ရဦးမယ်။ ဘေးကပံ့ပိုးပေးတဲ့ အဆောင်အယောင်အခမ်းအနားတွေကလည်း လိုသေးတယ်နော်။ အဲဒီလို လုပ်မယ့်အစား ဟိုးးးးးးးးးးးးးအရင်တုန်းကလို ကိုယ့် idea နဲ့ ကိုယ့်ရေမြေသဘာဝနဲ့ ကိုက်ညီတာကို ရိုက်ရင်တောင် ပိုအောင်မြင်နိုင်ဦးမယ် ထင်တယ်။ နေခြည်ဖြာမှ နွေးသောကြောင့်တို့၊ သင်္ကြန်မိုးတို့၊ အတွေ့ တို့ အဲလိုရုပ်ရှင်မျိုးတွေလိုမျိုး own tune တွေကို ပိုကြိုက်တယ်။ ကိုရီးယားတွေရိုက်တဲ့ ကိုရီးယားကားကို ကြိုက်သလို၊ မြန်မာတွေရိုက်တဲ့ မြန်မာကားစစ်စစ်တွေကိုလည်း ကြိုက်ပါတယ်။

    • ဆူး

      May 7, 2011 at 2:46 pm

      ဦးဝင်းဦး ရိုက်တဲ့ မောင်တို့ ချယ်ရီမြေဆိုရင် တထပ်တည်းကို ကျတယ်.. မြန်မာမှု ပြု သက်သက်ပါပဲ။ အရမ်းကောင်းတယ်။

  • တညင်သား

    May 7, 2011 at 5:34 pm

    ကိုရီးယား မင်းသား မင်သမီးတွေက အကုန်လုံးပြုပြင်ထားကြတာဆိုပဲ.. မျက်ရစ်ဖော်တယ် ၊နှာတံ ပေါ်အောင် နှာရိုးချိုးတယ် ၊ပါးချိုင့်ဖော်တယ်၊ နှုတ်ခမ်းဆေးသွင်းတယ် ၊ မျက်ခုံးမွေး စိုက်တယ် ၊လိုတဲ့နေရာ စီလီကွန်ဆိုလားထည့်တယ် ၊ပိုတဲ့နေရာဖြတ်ထုပ်တယ်.. အဲဒီလို ကြားတယ်..ကိုကြောင်ကြီးရွေးထားတဲ့ မင်းသားတွေလဲမြန်မာပရိသတ် လက်ခံလာအောင်.
    အဲဒီလို ဖြတ်မယ် ၊ဖေါက်မယ် ၊ချုပ်မယ် ပြုပြင်ရင် ကောင်းမယ်ထင်ပါတယ်……..

  • မမလေး

    May 9, 2011 at 3:27 pm

    ကောင်းတယ်မလုပ်နဲ့လေ နာမှာလည်း တွေးရဦးမယ် … ကြောက်စရာကြီးဟ … နောက်နှစ် နှစ်လောက်မှ ခွေက ထွက်မယ်ထင်တယ်နော် …

Leave a Reply