စပ်မိ စပ်ရာ (၁)

nagargyiMay 7, 20111min13010

ကျွန်တော် ဖတ်ဖူးတဲ့စာ၊ ဖတ်မိတဲ့စာ၊ ကြားဖူးတဲ့စကားတွေကနေ တွေးမိတာ၊ ကြားဖူးတာတွေကို စပ်မိစပ်ရာခေါင်းစဉ်နဲ့ ရေးကြည့်ပါမယ်။

တစ်နေ့က (7)Days ဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ် ဖတ်ရတယ်။ မြန်မာပြည်မှာ ဖြစ်နေတာတွေပေါ့။

အရက်ကုမ္ပဏီပိုင်ရှင်က သူ့ကုမ္ပဏီကထုတ်တဲ့ အရက်ကို မသောက်ဘူးတဲ့။ ပြီးတော့ ရင်းနှီးတဲ့မိတ်ဆွေတွေကိုလည်း မသောက်ဖို့ပြောတယ်တဲ့။

ဓါတ်မြေဩဇာထုတ်တဲ့ ကုမ္ပဏီကလူတွေ ဒီနိူင်ငံကိုလာပြီး သင်တန်းပေးရင် သူ့တို့ဓါတ်မြေဩဇာနဲ့ ထုတ်ထားတဲ့ စိုက်ခင်းက သီးနှံတွေကို မစားဘူးတဲ့။

ဘော်ဒါဆောင်ပိုင်ရှင်ကလည်း သူ့သားဆယ်တန်းရောက်တော့ သူ့ဘော်ဒါမှာမထားဘဲ တစ်ခြားဘော်ဒါမှာ ထားတယ်တဲ့။

အဲ့ဒီအကြောင်းတွေဖတ်မိတော့ ဟိုတုန်းက သူငယ်ချင်းတစ်ယောက် ပြောတဲ့အကြောင်းတစ်ခုကို သတိရမိတယ်။

သူက နိူင်ငံခြားစီးကရက်တွေ ခေတ်စားတုန်းက ဖြန့်ဖြူးရေးမှာ ခေါင်းဆောင်ပေါ့။ သူတို့ ကုမ္ပဏီက ညွှန်ကြားချက် ထုတ်ထားတယ်တဲ့။ စီးကရက်သောက်တတ်ရင် အလုပ်ချိန်မှ မဟုတ်ဘူး။ ဘယ်အချိန်သောက်သောက် ကိုယ်ကုမ္ပဏီတံဆိပ်ဘဲ သောက်ရမယ်လို့ ညွှန်ကြားထားတယ်တဲ့။ ဒါကြောင့်သူက လ္ဘက်ရည်ဆိုင်ထိုင်ရင် သူများတွေက အခြားနာမယ်ကြီးတံဆိပ် သောက်နေရင်တောင် သူကတော့ သူ့ကုမ္ပဏီတံဆိပ်ဘ ဲမှာသောက်တယ်။

ဘယ်တော့များမှာ ကိုယ့်ပြည်တွင်းက လုပ်ငန်းရှင်တွေ ကိုယ်ထုတ်တဲ့ ပစ္စည်းကို သုံးကြမလဲလို့ တွေးနေမိပါတယ်။

 

10 comments

  • eros

    May 7, 2011 at 4:12 am

    ဒါပါပဲ။ မြန်မာလူမျိုးတွေ ရဲ့ စားသုံးသူတွေအပေါ် ဝန်ဆောင်မှု ဘယ်လောက်ကောင်း သလဲဆိုတာ။ စေတနာဆိုတာ ဝေးလေစွ။

  • moethidasoe

    May 7, 2011 at 5:21 am

    ကြော်ငြာ ရိုက်ကြတဲ့ သရုပ်ဆောင်တွေရော သူတို့ ကောင်းလှပါပြီရယ်လို့ ကြော်ငြာခဲ့တာတွေ ဘယ်လောက်များ သုံးကြလို့လဲ .. ပိုက်ပိုက်ရလို့ ကြော်ငြာတာလေ .. ဒီလိုပဲ ထုတ်လုပ်သူတွေလဲ ပိုက်ပိုက်ရလို့ ထုတ်တာ .. ကိုယ်တိုင် ဘယ် သုံးမလဲ ..
    ဟိုတုန်းက ဇာတ်လမ်းပမာ တစ်ခု ရှိခဲ့တယ် .. အဲဒီလူကြီးက ဆေးသကြား စိမ်ထားတဲ့ မရမ်းပြား ဒုတ်ထိုးကို မိန်းမလိုဝတ်ပြီး လှည့်ရောင်းတယ် .. တစ်နေ့တော့ သူ့ သားက ဆာလို့ အဲဒီမရမ်းပြားကို စားတာလဲ မြင်ရော ရိုက်တယ် .. ပြီးတော့ ပြောလိုက်သေးတယ် .. ဒါက သူများကို ရောင်းဖို့ လုပ်ထားတာ နင် စားလို့ မဖြစ်ဘူး .. ရင်ကျပ်ချောင်းဆိုးနဲ့ ဆေးဖိုး ကုန်မယ် .. တဲ့

  • ဆူး

    May 7, 2011 at 5:38 am

    ငယ်ငယ်က အဖေ က ပြောတယ် ဆီးထုတ် မစားနဲ့ မသန့်ဘူးတဲ့။
    ှဆီးထုတ် ထုတ်တဲ့လူက ဘယ်တော့မှ သူထုတ်တာ မစားဘူးတဲ့ မသန့်မှန်း သိလို့တဲ့။ မစားနဲ့ မှာ ထားလို့ အခုထိတောင် ဆီးထုတ် လုံးဝ မစားဘူး။ ဟီးဟီး..
    ဟိုနေ့က တထုတ်စားမိတာ အလက်ဂျစ် ဖြစ်လို့ တကိုယ်လုံး နီရဲပြီး ယောင်အမ်းသွားတာ ဆေးခန်းပြေးပြီး ဆေးထိုးလိုက်ရတယ်။
    အဖေ သမီးမှားပါပြီ။

  • etone

    May 7, 2011 at 7:37 am

    အဲ့ဒါတွေ စိတ်ဓါတ်နိမ့်ကျနေတယ်ဆိုပေါ့… ။ ကိုယ်ချင်းစာတရားလေးထားပြီး စားသုုံးသူကို ကိုယ်တိုင်သုံးသလို ထုတ်လုပ်ရောင်းချမယ်ဆိုလျှင် ဘယ်လောက်ကောင်းမလဲ။

  • maythakhin

    May 7, 2011 at 7:50 am

    ဆန်စိုက်တဲ့တောင်သူတွေဆို ပေါ်ဆန်းမွှေးစိုက်ပြီး၊ သူတို့စားတဲ့ဆန်က ဧည့်မထတို့၊ရွှေဝါထွန်းတို့ကို မိုးစာဆိုပြီးလှောင်စားကြတာ၊ဒါသဘာဝလိုဖြစ်နေတာနဲ့တူတယ်။

  • susunosuki

    May 7, 2011 at 9:52 am

    အရက်နဲ့ ဓါတ်မြေဩဇာ ပါလာလို့ ငယ်ငယ်က အဖြစ်အပျက်တစ်ခုကို သတိရတယ်။ ကလေးအရွယ် ၈ နှစ်သားလောက်ကပေါ့။ တောက အမျိုးတွေဆီသွားလည်ရင်းတွေ့ခဲ့တာ။ သူတို့က မိရိုးဖလာ အရက်ချက်တယ်။ ခိုးချက်တာပါ။ ခိုးချက်ချက်၊ လိုင်စင်နဲ့ ချက်ချက် အရက်ဆိုရင် မူးရမှာပါပဲ။ ဒါပေမယ့် ထူးခြားတာတစ်ခု က အရက်ချက်ရာမှာ ဓါတ်မြေဩဇာတွေ သုံးတာပါပဲ။ ဘယ်ကွန်ပေါင်းလဲ မမှတ်မိပေမယ့် စပ်စုကြည့်တော့ ပိုပြင်းအောင်လုပ်တာလို့ပြောတယ်

  • ဆူး

    May 7, 2011 at 12:38 pm

    နယ်ဘက်မှာ လူ တယောက် ရှိတယ် အခုတော့ သေသွားပါပြီ။ အဲဒီ လူက အရက်ဆို ပြင်းမှ တဲ့.. အရက်ပျော့နေရင် ဓါတ်မြေဩဇာ ပုံထဲကို နှီးတဖျားလောက် နစ်ယူပြီး အရက်ထဲ ရောသောက်တယ်တဲ့.. အဲဒီလူကြီး အသက် ၄ဝ ကျော်နဲ့တော့ လျှော်သွားပြီ..

  • MaMa

    May 7, 2011 at 1:42 pm

    ဝိသမလောဘနဲ့ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတာတော့ မကောင်းပါဘူး။ သူတို့ကျတော့ရောဂါဖြစ်မှာ သေမှာကြောက်တယ်၊ သူတယောက်ထဲ အသက်ရှိတာကျနေတာပဲ။

  • MaMa

    May 7, 2011 at 1:50 pm

    moethidasoe ပြောတဲ့ ဇာတ်လမ်းလေး နားထောင်ဖူးတယ်။ ကိုယ်ချင်းစာတရားဆိုတာလေး တစ်ခုတည်းပဲ လိုက်နာကျင့်သုံးရင်တောင် တော်တော်အကျိုးများမယ်။

  • athaylay

    May 16, 2011 at 9:35 am

    စားသုံးသူတွေကိုတော့ ဒီလိုလုပ်တာ မကောင်းပါဘူး။

Leave a Reply