လောကကို ဘောင်ခတ်ကြည့်သူများ အကြောင်း

countryboyMay 7, 20111min640

လောက ဆိုသော စကားလုံးသည် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးစသည့်နယ်ပယ်အသီးသီးတွင် အလွန်သုံးစွဲသော စကားလုံးဖြစ်ပါသည်။ သို့ပေမယ့် ဘာကိုရည်ညွှန်းသည်ကိုကား သိရှိဖို့ရန် ခက်ခဲမည် ဖြစ်ပါသည်။ လောကအကြောင်းကို မြတ်စွာဘုရားက လူအများ ဟု သတ်မှတ်ပြခြင်းဖြစ်ပါသည်။ လောကကို ဒုက္ခ ဟု စက်ဝိုင်းများ၊ ဟောစဉ်များတွင် ကြားနာရ ပါသည်။ လောကကို စောင့်ရှောက်ကြဟု ရဟန်းတော်များအား ပြောကြားခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ အဘယ်ကဲ့သို့ကောက်ယူမည်နည်း ။ လောက ကို တစ်နက်တည်းသာ ကောက်ယူသုံးစွဲသင့်လှပါသည်။ အမြင်ကန်းသူကို လောကမမြင်သူဟု ခေါ်မည်သာဖြစ်ပေသည်။ အမြင် ကန်းခြင်းဆိုသည်မှာ လူကို လူဟု မမှတ်ယူခြင်း၊ သစ်ပင်ကို သစ်ပင်ဟု မမှတ် ယူခြင်း၊ ဇာတ်ကားကို ဇာတ်ကားဟု မသတ်မှတ်ခြင်း ဖြစ်ပါသည်။ အချို့သော ပုဂ္ဂိုလ်များမှာ ဇာတ်ကားကြည့်ပြီး ရန်ဖြစ်နေပါသည်။ တချို့က ဘောပွဲကြည့်ပြီး ရန်ဖြစ်ပါသည်။ ၎င်းကို ရည်ရွယ်ကာ အမြင်ကန်းသည်ဟု ဆိုလိုပေသည်။ အချို့သော ပုဂ္ဂိုလ်များက မိမိတို့သာလျှင် အမှန်၊ တစ်ပါးသူကိုကြတော့ အမှား ဟု သတ်မှတ်ကြ ဆက်ဆံကြပါသည်။ မြတ်စွာဘုရားက လူတန်းစား ခွဲခြားပါသလား၊ အဆင့်အတန်းခွဲခြားပါသလား၊ မြတ်စွာဘုရားလက်ထက်က ရဟန်းတော်များအတွက် ငယ်လတ်ကြီး အတန်းစာများရှိပါသလား၊ စာတတ်သည်ကို နိုင်ငံတော်က ပေးသောဘွဲ့နှင့် သတ်မှတ်ပါသလား၊ မိမိရသောဘွဲ့နှင့် သတ်မှတ်တိုင်းတာခြင်းသည် လောကကို ဘောင်ခတ်ကြည့်ခြင်းဖြစ်ပါသည်။