Photo: Queen's University

 

ကွန်ပြူတာ နည်းပညာ၏ နောက်ဆုံးပေါ် တိုးတက်မှု အနေဖြင့် Queen’s University မှ သိပ္ပံပညာရှင်များ ၈ နှစ်ကြာ အချိန်ယူ ဖန်တီးခဲ့သော Paper computer ထွက်ပေါ်လာပြီ ဖြစ်သည်။

အမြင်အားဖြင့် အလင်းပေါက် စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်ပြီး ပျော့ပျောင်းကွေးညွတ်နိုင်သည့် ၎င်းကွန်ပြူတာကို ဖုန်း၊ e-book reader နှင့် MP3 player တို့ အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ၉.၅ စင်တီမီတာ ရှိသော paper computer သည် စမတ်ဖုန်း တစ်လုံး၏ စွမ်းဆောင်ချက်များနှင့် တူညီကြောင်း သိရသည်။

နောင်လာမည့် ဆယ်နှစ်အတွင်း paper computer ကို လူတိုင်း အသုံးပြုကြမည့် အခြေအနေသို့ ရောက်ရှိလာမည်ဟု Queen’s Human Media Lab မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Vertegaal က ခန့်မှန်း ပြောဆိုခဲ့သည်။

Ref: www.vancouversun.com

Ps. ဗွီဒီယိုဖိုင်ကို http://www.youtube.com/watch?v=Rl-qygUEE2c တွင် ကြည့်ရှုနိုင်ပါသည်။

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။