အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၇)

သူရဲကောင်း ၏ ကျဆုံးခန်း

တတိယ ဘဲလ် မြည်သွားပြီ။ခရမ်းရောင် ကတီပါ ကားလိပ်ကြီး ဖွင့်တော့မယ်။မီးတွေလည်း တော်တော်ကြီး မှိန်ကျသွားတာ ထွက်ပေါက်ဆို

တဲ့ မီးနီနဲ့ ဆိုင်းဘုတ်ကလေးသာ ကောင်းကောင်းကျန်တော့တာ။မီးခဲစ ရဲရဲလေးလိုပဲ အမှောင်ခန်းထဲမှာ တောက်နေပုံများ။ပေါက်ပေါက်တွေ အအေး

တွေ ရောင်းတဲ့လူတွေလည်း အကုန်ထွက်ကြရပြီပေါ့။ကျွန်တော် နဲ ့ဆလင်း ကိုယ့်ခုံလေးတွေမှာ ကိုယ်စီထိုင်လိုက်ကြတယ်။

ခင်ဗျား ဦးဆုံးသိဖို့လိုတာက ဆလင်းက ကျွန်တော့်သူငယ်ချင်း။အရင်းခေါက်ခေါက်ကြီးပေါ့။နောက်တစ်ခုက သူက ဟိန္ဒူရုပ်ရှင်တွေ တအား

ကိုကြိုက်တာ။အဲ..အကုန်လုံးတော့ဘယ်ဟုတ်မလဲ။အာမန်း အလီ ပါတဲ့ ကားတွေပဲပေါ့။

ပြောကြတာတော့ လက်ဦး နာမည်ကြီးတာ အမီတာ ဘာဂျမ်းပေါ့ဗျာ။နောက် ရှရွတ်ခန်း။ခုကျတော့ အာမန်းအလီတဲ့ဗျ။ဟာ တကယ့် ဇာတ်

ကြမ်းမင်းသားပဲ။အိန္ဒိယ သားတွေရဲ့ နတ်ဘုရားတစ်ပါး။သန်းပေါင်းများစွာသော ပရိသတ်တွေရဲ ့သွေးခုန်နှုန်းကို တဒုတ်ဒုတ်တိုးစေတဲ့သူ။

ဆလင်းက အာမန်းအလီ ကို သိပ်ကြိုက်တာ။ကြိုက်တယ်ဆိုတာထက် ကိုးကွယ်သလိုမျိုးဖြစ်နေတာလို့တောင်ဆိုရမှာ။တန်းလျားရှည်ကြီး

မှာရှိတဲ့ သူ့အခန်းကျဉ်းလေးက ဒီပုဂိ္ဂုလ်အတွက် အထွဋ်အမြတ်ဓာတ်ခန်းပေါ့။အခန်းထဲမှာလည်း မင်းသားရဲ့ ပိုစတာတွေနဲ့ပြည့်လို့ပဲ။ပိုစ့် အမျိုးမျိုး

စတိုင် အမျိုးမျိုး နဲ့လေ။သားရေဂျာကင်ဝတ်ထားတဲ့ အာမန်းအလီ၊ ဆိုင်ကယ်စီးနေတဲ့ အာမန်းအလီ၊ရှပ်အင်္ကျီဟပြဲ နဲ့ မွှေးထူရင်ဘတ်ဖော်ထားတဲ့

အာမန်းအလီ။သေနတ်ကိုင်ထားတဲ့ အာမန်းအလီ။မြင်းစီးနေတဲ့ အာမန်းအလီ။မိန်းမချောလေးတွေ တသိုက်နဲ့ ရေကူးကန်ထဲစိမ်နေတဲ့ အာမန်း

အလီ..အို..စုံလို့ပဲဗျာ။

ကျွန်တော်တို့ထိုင်နေတာ A21 နဲ့ A22ဗျ။အပေါ်ထပ် အထူးတန်းရဲ့ရှေ့ဆုံးကအတန်းပဲ။ကျွန်တော်တို့ ဒီနေရာမှာတကယ်တော့ မထိုင်သင့်

ပါဘူး။ဝယ်ထားတဲ့ လက်မှတ်က ဒီနေရာမဟုတ်ဘူးဗျ။ရုပ်ရှင်ရုံထဲ နေရာချပေးတဲ့ အစောင့်က ကနေ့သဘောကောင်းနေလို့ ကျွန်တော်တို့ကို မျက်

နှာသာလေးပေးထားတာ။သူက ကျွန်တော်တို့ကို ရှေ့ထုတ်ထားတဲ့နေရာလေးပေးတာဗျ။မင်းစိုးရာဇာတွေ ထိုင်တာမျိုးဖြစ်မှာ။ကျွန်တော်တို့ဝယ်ထား

တဲ့ ၂၅ရူပီး စတောလ်တန်းတွေက ခြောက်ကပ်ကပ်နဲ့လေ။အဲ..ခု ရူပီး ၁၅ဝပေးရတဲ့ အပေါ်ထပ်အထူးတန်းတောင် လူသိပ်ရှိတာမဟုတ်ဘူး။ကျွန်

တော်တို့နှစ်ယောက်ကလွဲရင် လူနှစ်ဆယ်သာသာလောက်ပဲ ရှေ့မှာရှိတာ။

ဆလင်းနဲ့ကျွန်တော်နဲ့ကြည့်ရင် အောက်ထပ်ေ့ရှဆုံးတန်းတွေကပဲကြည့်တာ။အဲဒီ အတန်းတွေမှာဆိုရင် ကျွန်တော်တို့ ပေါက်ပန်းဈေး

တွေကို သံသေးသံကြောင်နဲ့ဟစ်လို့ရတာကိုး။လက်ခေါက်တွေဘာတွေတောင်မှုတ်သေးတာ။ဆလင်းက ပိတ်ကားနဲ့နီးနီးကြည့်လေ ဇာတ်လမ်းထဲ

ကိုယ်ရောက်သွားသလိုခံစားရလေလေ လို့ထင်တာဗျ။သူပြောတာပဲလေ။ရှေ့နည်းနည်းလေးကိုင်းလိုက်ရင်ပဲ မင်းသားသွားထိတော့မတတ်ပဲ။

အာမန်း ရဲ့ လက်မောင်းကြွက်သားအိုးက သွေးကြောတွေတောင် ရေ လို့ရသတဲ့။အာမန်း ရဲ့ စိမ်းညိုရောင် မျက်လုံးတွေထဲမှာ ဝါဖျော့ဖျော့အရောင်

လေးသန်းနေတာတောင်တွေ့ရသတဲ့။အာမန်း ရဲ့မေးကွဲလေးမှာ မုတ်ဆိတ်မွှေးငုတ်တိုလေးတွေတောင်ကောင်းကောင်းမြင်ရသတဲ့။နောက်ပြီး ဖြောင့်

စင်းတဲ့ နှာတံပေါ်က မှဲ့သေးသေးလေးတစ်လုံးတောင်မြင်ရသတဲ့လေ။

ကျွန်တော်ကတော့ အာမန်းအလီ ကိုသိပ်ကြိုက်လှတယ်လို့တော့ မဟုတ်ပါဘူး။ရုပ်ရှင်ကားတိုင်း ဒီပုံ ဒီအချိုးနဲ့ပဲ သရုပ်ဆောင်နေတယ်

လို့ထင်တာပဲ။အဲ..ကျွန်တော်လည်း ဆလင်းလိုပဲ ပိတ်ကားနဲ့ အနီးဆုံးကပ်ကြည့်ရတာ ကြိုက်တယ်ဗျ။အဲဒီနားကကြည့်မှ မင်းသမီးရဲ့ ရင်သားတွေက

ပိုကြွ လာတာကိုးဗျ။

အဲ..ပိတ်ကားစဖွင့်ပြီ။ပိတ်ကားပေါ်မှာ ဖျိုးဖျိုးဖျပ်ဖျပ်နဲ့ ..ပြတော့မယ်။အရင်ဆုံးကတော့ ကြော်ငြာတွေပေါ့။ပုဂ္ဂလိက ကြော်ငြာ လေးခု နဲ့

အစိုးရကြော်ငြာတစ်ခုဗျ။ပထမလေးခုကတော့ -“ကျောင်းမှာလည်း ပထမ ခရစ်ကတ်မှာလည်း ချန်ပီယံ ဘာကြောင့်လဲဆို မနက်စာကို ဟောဒီ

ပြောင်းဖူးနဲ့လုပ်တဲ့မုန့်ကြော်တွေစားလို့ဗျ။” “ ပြိုင်ကားတွေ ဘယ်လိုအမြန်မောင်းမလဲ အချောအလှလေးတွေကြည်အောင်ဘာသုံးမလဲ။ဟောဒီ

စပိုက်ကလုန်းကိုသုံး။”(အဲ့ဒီရေမွှေးက အာမန်းသုံးတာဟ လို့ဆလင်းက ထပြောလိုက်သေးတယ်။)“ရိုမာ ဆပ်ပြာသုံးလို့ အင်္ကျီတွေ ဖြူးဖွေးတောက်

ပြောင်၊ အလုပ်မှာရာထူးတောင်တိုးသွားရမယ်။” “ဘဝမှာ ဘုရင်တစ်ပါးလိုခံစားဖို့ ရက်ဒ်အင်ဝှိုက် ဝီစကီကို သောက်ကြစို့။” နောက်ဆုံးမှာတော့-

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါသည်..တဲ့။

ကြော်ငြာတွေပြီးတော့ ခဏရပ်တယ်။ဖလင်လဲရမှာလေ။ကျွန်တော်တို့လည်း ချောင်းဆိုး လည်ချောင်းရှင်း လုပ်လိုက်တယ်။နောက် ပြပါ

ပြီ။ဆင်ဆာဘုတ်အဖွဲ ့ကထုတ်တဲ့ဆာတီဖီကိတ်လေ။ဇာတ်ကားအမည် တို့ ပေဘယ်လောက်ရှည်တယ်တို့ ဘာညာစတဲ့စာရွက်ကြီး။အောက်မှာကျ

တော့ လက်မှတ်ပါတယ်။မစ္စစ် အမ်၊ ကိန်း -ဆင်ဆာဘုတ်အဖွဲ့ဥက္ကဌ။အဲဒီလိုဟာမျိုးတွေ သူပဲလက်မှတ်ထိုးရတာ။ဆလင်းက အမြဲ မေးတယ်။အဲ့ဒီ

ဘွားတော်အကြောင်း။သူ့အလုပ်တောင်မနာလိုဘူးတဲ့။ဘာလို့လဲဆိုတော့ အာမန်းဇာတ်ကားတွေ အဲ့ဒီဘွားတော်က အရင်ဆုံးကြည့်ရလို့တဲ့ဗျာ။

စာတန်းစထိုးပြီ။ဇာတ်ကားမှာ ပါသမျှလူ ဆလင်းအကုန်သိတယ်။ဘယ်သူကတော့ ဝတ်စုံ တာဝန်ခံ။ဘယ်သူကတော့ ဆံပင်ဒီဇိုင်နာ။

ဘယ်သူကတော့ဖြင့် မိတ်ကပ်ဆရာ။ထုတ်လုပ်ရေးမန်နေဂျာလည်း သိတာပဲ။ငွေထိန်းက ဘယ်သူဆိုတာလည်း သိတာပဲ။အသံဖမ်းတို့ တခြား

လက်ထောက်တွေလည်း သိသဗျ။ဆလင်းက အင်္ဂလိပ်စကားတောင် ကောင်းကောင်းပြောတတ်တာမဟုတ်ဘူး။ဒါပေမဲ့ နာမည်တွေကျတော့

ဖတ်နိုင်တယ်။သေးသေးလေးရေးထားတာတောင် ဖတ်နိုင်တယ်။ရုပ်ရှင်တကားရုံတင်ပြီဆို အနည်းဆုံး ၈ခါလောက်ပြန်ပြန်ကြည့်နေတာလေ။

တစ်ခါကြည့်တိုင်း မသိသေးတဲ့ နာမည်တွေမှတ်မှတ်ထားတာ။အဲ..ဒါပေမဲ့နော် သူကြည့်နေတုန်း သူ့မျက်နှာ သေချာအကဲခတ်ကြည့်။ပထမဆုံးနေ့

ပထမဆုံးပွဲကို မှောင်ခိုလက်မှတ်မရမကဝယ်ပြီး ပထမဆုံးစကြည့်ဖူးတဲ့ မျက်နှာမျိုး။

နှစ်မိနစ်အတွင်းမှာပဲ အာမန်းက သူလုပ်နေကျ လူတိုင်းမှင်သက်ရတဲ့ ပြကွက်လေ..အဖြူနဲ့အပြာစပ်ထားတဲ့ ဟယ်လီကော်ပတာပေါ်က

ခုန်းဆင်းပြတဲ့ အကွက်ပေါ့။ဆလင်း မျက်လုံးလေးတွေများ ပြူးတောက်လာတာပဲ။အဲ့လိုရိုးသားတဲ့ အပြစ်ကင်းတဲ့ စိတ်လှုပ်ရှားမှုမျိုး မနှစ်က သူ့

မျက်နှာပေါ်မှာ ကျွန်တော်တွေ့ဖူးတယ်။အာမန်း ကိုအပြင်မှာ လူကိုယ်တိုင်သူမြင်ရတုန်းကလေ။

4 comments

  • babymay

    May 10, 2011 at 8:44 am

    ဖတ်နေတယ်နော် ဖတ်နေတယ်။။။ ဆက်လက်ပြီး အမြန်ဆုံးရှေ့ဆက်ပါ။။။

  • cherrywine

    May 11, 2011 at 6:15 am

    6 နဲ့ 7 က အဆက်စပ်မရှိသလိုဖြစ်နေတယ်။ဘယ်လိုဖြစ်တာလဲ သိရင် ပြောပြပါအုံး။

  • mgbahlaing

    May 11, 2011 at 7:46 am

    မချယ်ရီ အပိုင်း ၆ ကို သေချာပြန်ဖတ်ရင် သိပါလိမ့်မယ်။ စမီတာ က သူ ့ကို မေးခွန်း နံပါတ်စဉ်အလိုက်
    သူ့ဘဝဖြစ်စဉ် ကို ပြန်ပြောခိုင်းလို့ မေးခွန်း နံပါတ် ၁ ကို သူဘာကြောင့်ဖြေနိုင်ခဲ့လဲ ဆိုတာ
    ပြန်ပြောနေတာ ဖြစ်ပါတယ်။နောက်တော့ ရှင်းသွားပါလိမ့်မယ်။ဇာတ်လမ်းကိုက ဇာတ်လိုက်
    က သူ့ဘဝဇာတ်ကြောင်းပြန်ပြောနေတဲ့ flash back ပုံစံ ဖြစ်ပါတယ်။

  • Mobile

    February 5, 2013 at 10:40 pm

    ဝင်ရောက်သွားကြောင်းလေးပါ။

Leave a Reply