15 comments

  • bigbird

    May 7, 2011 at 3:37 pm

    တော်တော်လှတဲ့ကြာပန်းပဲ..။ အစစ်ရော ဟုတ်ရဲ့လား..၊၊ ကိုယ်တိုင်ရိုက်ထားတာလား။

  • ဆူး

    May 7, 2011 at 3:42 pm

    အို.. ကဗျာ ဖတ်စေချင်လို့ ပန်းပုံ ဂူဂဲမှာ ရှာပြီး တင်ပေးတာ.. ပုံ အစစ်မှ ဟုတ်ရဲ့လားတဲ့.. ကဗျာ ကလေး မျက်နှာငယ်လိုက်တာကွယ်။

  • bigbird

    May 7, 2011 at 3:51 pm

    ကဗျာလဲကောင်းပါတယ်။ ဒါပေမယ့်နဲနဲတိုသွားတယ်။
    ပန်းပုံကြီးက ကြီးပြီး ကဗျာက နဲနဲလေးဆိုတော့ မျက်နှာငယ်တာပေါ့။

  • mihninlay

    May 7, 2011 at 4:04 pm

    ကြာလိုလူဖြစ်ဖို ့ကြိုးစားကြစို ့

  • weiwei

    May 7, 2011 at 4:21 pm

    ကြာပန်းလေး လှပြီး သန့်နေတာပဲ …

    ကြာပန်းဆိုတာ ရွှံနွံတွေကြားထဲမှာပွင့်ရပေမယ့် အပေါ်ကိုထိုးဖောက်ပြီး ရွှံ့နွံတွေ မလိမ်းကျံပဲ သန့်သန့်ရှင်းရှင်း ပွင့်လာနိုင်တယ် … လောကီအာရုံကာမဂုဏ်တွေကြားထဲက သတ္တဝါတွေလဲ နိဗာန်ရောက်ကြောင်း တရားတွေကို အားထုတ်လိုက်တဲ့အခါ ကိလေသာတွေ မလိမ်းကျံတော့ပဲ သန့်ရှင်းမြင့်မြတ်သွားနိုင်တယ် လို့ တရားတစ်ပုဒ်မှာ နာယူမှတ်သားဖူးတာကို သတိရသွားပါတယ် …

  • m

    May 11, 2011 at 9:33 am

    မောင်ပန်းမွှေး ကဗျာလေး အမှတ်ရတယ် –

    ကြာသင့်တာတွေ မကြာစေဖို့
    ကြာတွေလှူကာ ဆုတောင်းပါသည်
    မကြာခင်ပဲ ပြည့်ပါစေ … တဲ့ –
    အမြန်ပဲ ပြည့်ကြပါစေ —-

    • king

      May 11, 2011 at 12:14 pm

      ဒါဆို ဆူးက ……………………

  • naywoonni

    May 11, 2011 at 11:57 am

    ကြာကြာကြာ…. ကြာတွေချိုးခဲ့ကွာ….. ကြင်နာရန် xxxx အချိန်တွေ များစွာ ကြာတွေလှူ ဆုတောင်းဦးမှာ…။
    ခင်မောင်ထူး သီချင်းလေးပါ…။ တော်ကြာ တစ်မျိုးထင်မှာဆိုးလို့ အဲဒိ သီချင်းကို တဒိယ လို့

  • nature

    May 11, 2011 at 12:22 pm

    ဆူးရေ နှုံး မဟုတ်ဘူးလား။

  • MaMa

    May 11, 2011 at 2:53 pm

    နုန်းသာ ဖြစ်ပါကြောင်း။

  • ဆူး

    May 11, 2011 at 2:59 pm

    မှန်တာ မှားတာ ထောက်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • naywoonni

    May 11, 2011 at 3:39 pm

    ရေလယ်မှာ ကြာတပွင့်
    နုန်းကို ဆန်လို့ သူလေပွင့်
    နွံလယ်က ကြာပန်း
    မညစ်ကြေး ပဲ သူလေလန်း…။ လို့တတိယပါဒမှာ ကြာတစ်လုံးတိုးလိုက်ရင် ရွတ်ဆိုရတာပိုကောင်းသွားမယ်…။
    ဆရာလုပ်တာမဟုတ်ဘူးနော်…။

  • kopauk mandalay

    May 11, 2011 at 4:05 pm

    ရေပေါ်မှာကြာ
    ကြာပေါ်မှာလဲရေ
    ရေစက်ကလေးက ပုလဲလုံး၊
    ကြာပန်းလေးက မက်မဆုံး
    ယနံ့သင်းပျံ့
    အမွှေးဆုံး ………………………………………

Leave a Reply