စပ်မိ စပ်ရာ (၃)

nagargyiMay 8, 20111min1228

ကျွန်တော် ဖတ်ဖူးတဲ့စာ၊ ဖတ်မိတဲ့စာ၊ ကြားဖူးတဲ့စကားတွေကနေ တွေးမိတာ၊ ကြားဖူးတာတွေကို စပ်မိစပ်ရာခေါင်းစဉ်နဲ့ ရေးကြည့်နေတာပါ။

အခုခေတ် လူကြီးတွေက ကလေးတွေ၊လူငယ်တွေ စာမဖတ်ကျဘူးဆိုပြီး ပြောပြောနေကျတာ ကြားရတယ်။ သူတို့ပြောတာက ပုံနှိပ်စာတွေပေါ့။

အဲဒီမှာ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ငယ်ငယ်က အိမ်တိုင်းလိုလို သတင်းစာ ဝယ်ဖတ်ကျတယ်။ သတင်းစာ တစ်နေ့မဖတ်ရရင် တစ်ခေတ်နောက်ကျတယ် လို့ပြောကြတယ်။ ကလေးစာစောင်တွေဖြစ်တဲ့ ရွှေသွေးတို့ တေဇတို့ဆိုတာ တစ်ပတ်တစ်ကြိမ် တစ်လတစ်ကြိမ်ဘဲ ထွက်တာ။ အဲဒီတော့ ကလေးတွေဟာ ဆော့ရင်ဆော့ မဆော့ရင်ဖတ်စရာ စာစောင်ကသိပ်မရှိတော့ အလွယ်တွေ့တဲ့ သတင်းစာကို ဟိုလှန်ဒီလှန်လုပ်ရင်း စိတ်ဝင်စားတဲ့ အကြောင်းအရာကို တွေ့ရင်ဖတ်မိရော။ ကြာတော့ စာဖတ်ကျင့် ဖြစ်လာရော။ အခုခေတ်မှာက တော်ရုံတန်ရုံအိမ် သတင်းစာ မယူတော့ဘူး။ ကလေးတွေကလည်း ဂိမ်းဘဲဆော့နေကြတယ်။ လူငယ်ယောကျာင်္းလေး အများစုက ဘောလုံးဂျာနယ်ဘဲ ဖတ်ကြတယ်။ မိန်းကလေးတွေကတော့ ဖက်ရှင်နဲ့အနုပညာ မဂ္ဂဇင်း၊ဂျာနယ်တွေဘဲ အဖတ်များတာ တွေ့ရတယ်။

ဒါကြောင့် သတင်းစာတစ်ခေတ် ပြန်ရောက်လာရင်တော့ တစ်ခုခု ထူးလိမ့်မယ်လို့ထင်ပါတယ်။

 

8 comments

  • ဆူး

    May 8, 2011 at 8:28 am

    သတင်းစာ တခေတ်ထူးလာတော့မည် မထင်ပါကြောင်း
    ထူးခြင်းထူး note book, pc စသဖြင့်သာ ထူးလာမည် ဖြစ်ကြောင်း ယူဆ မိပါသည်။

  • nature

    May 8, 2011 at 1:43 pm

    web page တွေဟာလည်း ခေတ်မှီတိုးတက်လာတဲ့ အဆင့်မြင့် သတင်းစာတမျိုးပါဘဲ။ ကမ္ဘာအနှံ့က အချက်အလက်တွေ နည်းပညာတွေ လိုချင်တာ စိတ်ဝင်စားတာတွေကို စိတ်တိုင်းကျ ရှာဖွေလေ့လာနိုင်ပါတယ်။ ဂိမ်းတွေကတော့ အချိန်ကုန်လူပန်း မျက်စိညောင်းပြီး မျက်စိပါဝါတက်လို့ မျိုးဆက်သစ်လူငယ်တွေအတွက် ရင်လေးစရာပါ။

  • maythakhin

    May 8, 2011 at 2:36 pm

    သတင်းစာထဲမှာ နာရေးကြော်ငြာကလွဲလို့ ဖတ်စရာဗဟုသုတ တစ်ခုမှ မှ မပါတာ။လူတွေဘယ်ဖတ်ချင်တော့မလဲ

  • မမလေး

    May 9, 2011 at 2:46 pm

    သတင်းစာဈေးကလည်း ကြီးတယ်လေ … ပြန်ရောင်းရင်လည်း ဘယ်လောက်မှာမှမရတာ …

  • unclegyi1974

    May 9, 2011 at 4:17 pm

    သတင်းစာတခေတ်ဖြစ်ယုံနဲ့ကလေးတွေ
    စာဖတ်လာဖို့မဖြစ်နိုင်ဖူးလို့ထင်ကြောင်း
    ပညာရေးစံနစ်ပြောင်းမှကလေးများအပြင်စာ
    ဖတ်ဖို့ဖြစ်လာမည်လို့ထင်ကြောင်း
    ဘာကြောင့်ပညာရေးပြောင်းမှလို့မမေးပါနဲ့
    ကလေးတွေသူငယ်တန်းကစလို့မနက်ကျူရှင်
    ညနေကျူရှင် နဲ့ညအိပ်မှကျူရှင်လွတ်တာ
    ဘာစာတွေများဖတ်နိုင်အုန်းမှာလဲလို့ပြန်မေး
    လိုက်ပါမယ်
    ဟုတ်တယ်ဟုတ်

  • cum min

    July 11, 2012 at 11:49 am

    နဂါးကြီးလား………ကုန်ပေါ်တက်လာတယ်…

Leave a Reply