ဆီးချိုရောဂါ အတွက် Tradjenta ဆေးပြားကို FDA က သဘောတူ ခွင့်ပြု

မြန်မာနိုင်ငံ မှာ ဆီချိုသွေးချို ရောဂါ ဝေဒနာရှင် အတော်များများ ရှိနေ ပြီဟု ကျန်းမာရေး ဝန်ကြီးဌာ န

ထုတ်ပြန်သော စာရင်းများ အရ သိရှိရပါတယ်…။ဒါကြောင့်ဆီးချို သွေးချို ဝေဒနာရှင် များတွက် ဆေးကောင်းတလက် ကို ဝေမျှ လိုက်ပါတယ် ..။

အမေရိကန် အစားအစာနဲ့ ဆေးဝါး အုပ်ချုပ်ရေး အဖွဲ့ ( FDA ) က အရွယ်ရောက်ပြီးသူများမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ ဆီးချိုရောဂါ အမျိုးအစား ( Type – 2 ) ကြောင့် သွေးအတွင်း သကြားဓာတ် ပါဝင်မှုကို ထိန်းချုပ်ပေးရန်အတွက် Tradjenta ဆေးပြားကို အသုံးပြုရန် သဘောတူ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Type 2 အမျိုးအစား ဆီးချိုရောဂါ ဝေဒနာများသည်များဟာ သွေးထဲမှာ သကြားဓာတ် ပါဝင်မှုကို ထိန်းပေးတဲ့ အင်ဆူလင် ထုတ်လုပ်နိုင်စွမ်း လျော့နည်းလာကာ သကြားဓာတ် ပါဝင်မှု ပုံမှန် မြင့်တက်နေလေ့ ရှိခြင်းကြောင့် နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ အာရုံကြောနဲ့ ကျောက်ကပ် ပျက်စီးခြင်း အစရှိတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါ ဝေဒနာများ ဖြစ်ပေါ်လာနိုင်မှုကို ပိုမို မြင့်မားစေနိုင်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ Type 2 အမျိုးအစား ဆီးချိုရောဂါရှင် ဆီးချိုရောဂါ ဝေဒနာသည်ပေါင်း ၂၄ သန်းရဲ့ ၉ဝ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိ ခံစားနေရပြီး၊ ဒါဟာ အဖြစ်အများဆုံးသော ဆီးချိုရောဂါ အမျိုးအစား ဖြစ်ပါတယ်။ Tradjenta ဆေးပြားဟာ အစာစားပြီး နောက် ဖြစ်ပေါ်လာတဲ့ သကြားဓာတ် သွေးထဲဝင်မှုကို ထိန်းချုပ်ပေးသည့် အင်ဆူလင် ထုတ်လုပ်နိုင်ရေးကို လှုံ့ဆော်ပေးမှာ ဖြစ်ပြီး အင်ဆူလင် ဟိုမုန်း ပါဝင်မှုကို မြင့်မားအောင် လုပ်ဆောင်ပေးတာကြောင့် သွေးအတွင်း သကြားဓာတ် ပါဝင်မှုကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်ပေးနိုင်တဲ့ ဆေးဝါးတစ်ခု ဖြစ်တယ်လို့ မေလ၂ ရက်နေ့က ဆင်ဟွာ သတင်းဌာန တင်ပြသွားပါတယ်။

မြန်မာချစ်သူဆိုဒ်မှ ထပ်ဆင်.ကူးယူဖော်ပြခြင်းဖြစ်ပါသည်