2011 ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မဲပေးကြပါ…

Citizen of Burmese Award

မင်န်ဘာ ဖိုးတွမ်တီးကတော့ https://www.ztunnel.com ကနေတဆင်.ဝင်ပါ လို့မက်ဆေ့ချ်ပေးထားပတယ်။ အီးတုံးကတော့ Google Chrome Browser ကနေ https:// နဲ့ တိုက်ရိုက်ဝင်ပြီး မဲပေးလို့ရပါပြီ တဲ့။ ရွာသားအပေါင်းတို့ခင်ဗျား..
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မိမိနှစ်သက်ရာ စွမ်းဆောင်ရှင်တဦးဦးကို Citizenofburma.org မှာဆန္ဒပြု ရွေးချယ်ကြဖို့ ဆော်ဩပါတယ်။ လူတဦးလျင် မဲတမဲသာပေးရန်ဖြစ်ပြီး မေလ(၁၄)ရက်နေ့ဟာ မဲပေးလို့ရတဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆု ပထမဆုရရင် ငွေသား အမေရိကန်ဒေါ်လာ တသောင်းရမယ်ဖြစ်ပြီး ကျန်ဆန်ကာတင် လေးဦးဟာလည်း ဒေါ်လာထောင်ဂဏန်းတော့ ရမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်ရင် မိမိသာမက နီးစပ်ရာများကိုလည်း အသိပေးနှိုးဆော်ကြပါလို့ မြန်မာတဦးအနေနဲ့ အလေးအနက် ပန်ကြားလိုက်ပါတယ်…
သဂျီးခင်ဗျား… အခုပို့စ်ကို မေလ(၁၄) ရက် မဲပေးနိုင်တဲ့ နောက်ဆုံးရက်အထိ sticky ပို့စ်အဖြစ် တင်ထားပေးရန် ပန်ကြားပါသည်။……

ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၁ခုနှစ်

၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦး
ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ
လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ကိုဇာဂနာ
မဖြူဖြူသင်း၊ တောင်ဒဂုံ အိတ်ချ်အိုင်ဗွီစင်တာ တာဝန်ခံ
အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ပစိဖိတ်စံတော်ချိန် မေလ ၄ ရက် ည ၁၂ နာရီ မှ မေလ ၁၄ ရက် ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၁၅ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။

 

61 comments

  • susunosuki

    May 10, 2011 at 5:15 am

    ကျွန်တော်တို့က ဒီနိုင်ငံထဲအတူနေပေမယ့် သတင်းအစုံသိရတာမဟုတ်ဘူး။ တစ်ဦးစီရဲ့ အကြောင်းကို အကျဉ်းဖြစ်ဖြစ်သိရရင်ပိုကောင်းမယ်။ သိတာက (ဦး) ဇာဂနာတစ်ယောက်ပဲဆိုတော့၊ နောက်တစ်ခုက ပြည်သူချစ်အနုပညာရှင်လဲဖြစ်တော့ သူ့ပဲပေးရမလိုဖြစ်နေတယ်။

  • kai

    May 10, 2011 at 9:03 am

    မဖြူဖြူသင်းဟာ ရန်ကုန် ဇာတိ ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ မွေးဖွား ခဲ့ ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သမိုင်း ဘာသာ အဓိကဖြင့် ပညာ သင်ကြားခဲ့ပါတယ်။

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖြစ် ပါတီ လုပ်ငန်းများ ဆောင်ရွက် နေစဉ် ၂၀၀၂ ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ညွှန်ကြားချက် နဲ့ လူငယ် ၂ဝ ဦး စိစစ်ရွေး ချယ်ရာမှာ တဦး အဖြစ် ပါဝင်ခဲ့ပြီး UNDP ရုံးက HIV ကာကွယ် တားဆီးရေးနဲ့ ပြုစု စောင့်ရှောက် ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အဲဒီကနေစပြီး HIV/AIDS ကူညီကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင် ခဲ့ပါတယ်။ ၎င်းတို ့အဖွဲ ့စတင် တည်ထောင်စဉ် ကပင် အဖွဲ ့ချုပ်လူငယ်များ နဲ့ စတင်ခဲ့သဖြင့် အာဏာပိုင်များရဲ့ နှောင့်ယှက်မှု များကို အမြဲလိုလို ကြုံတွေ့ ခဲ့ရပြီး ဖမ်းဆီးခံရမှု များပင် ရှိခဲ့ပါတယ်။ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူး ဆိုတဲ့ အတွက်ကြောင့် လဲ ဘယ် NGO ကမှ သူတို့ကို မကူညီရဲ ကြပါဘူး။ မဖြူဖြူသင်း ခေတ္တတိမ်းရှောင်နေစဉ်အတွင်း သူမရဲ့ ဖခင်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ကြီးရဲ့ နောက်ဆုံး ခရီး ကို ပင် လိုက်ပါ ပို့ဆောင် ပေးနိုင်ခြင်း မရှိခဲ့ပါ။

    လုပ်ငန်း စတင်တဲ့အချိန်က ရောဂါသည်များကို အားပေးမှုအပိုင်းသာ လုပ်ပေးနိုင်ခဲ့ပေမယ့်လို့ အခုဆိုရင် လူနာ များကို အေ အာ ဗွီ ဆေးများ တိုက်ကျွေးနိုင်ခဲ့ပြီလို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းတာဖြင့် ယခုအချိန်မှာ လူနာပေါင်း လေးထောင်ကျော်ရှိနေပြီိး အခက်အခဲပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ လူနာများအားတတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးနေရာမှာ သူမ ရဲ့ မိသားစုများကပါ ကူညီပေး ခဲ့ကြပါတယ်။

    ကုလသမဂ္ဂ (UN AIDS) က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ အိတ်ချ်အိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူ (၃) သိန်း (၆) သောင်းကျော်ရှိပြီး အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကတော့ တနှစ်အတွက် အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိတယ်လို့ဆိုပါတယ်။ အဲဒီပမာဏကနေ လူတဦးချင်းစီ ပျမ်းမျှရရှိမယ့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရက နိုင်ငံသားတဦးအတွက် အကုန်အကျခံတဲ့ ပမာဏထက် အဆပေါင်း (၂၅ဝ) ခန့် လျှော့နည်းတယ်လို့ ကမာ႓့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ စာရင်းဇယားများက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်ရာမှာ အန်ဂျီအိုများအနေနဲ့ အိတ်ချ်အို်င်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမယ်ဆိုရင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း ၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်း တို့အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမယ် ဆိုပါက သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် NGO, INGO အများစုတို့မှာ အကန့်အသတ်တွေများပြားလာခဲ့ပါတယ် ။ အဲဒီလိုအဖြစ်အပျက်တွေကြောင့် AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေပါ အားနည်းလာခဲ့ရတဲ့ အခြေအနေမျိုးဆိုက်ရောက် ခဲ့ရပါတယ်။ မဖြူဖြူသင်းလို မေတ္တာ၊ကရုဏာအပြည့်နဲ့ အပင်ပန်း၊ အဆင်းရဲခံပြီး၊ ကျယ်ပြန့်ထိရောက်စွာ စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ခြင်းကတော့ သူမရဲ့ ထင်ရှားတဲ့ အရည်အချင်းတခု ဖြစ်ပါတယ်။

    မဖြူဖြူသင်းဟာ ၂ဝဝ၂ ခုနှစ်မှစ၍ တောင်ဒဂုံမြို့နယ် ရပ်ကွက်(၁၈) နဲ့ (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ (၂) ခုကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ပြီး ယခုအချိန်ထိ အဆိုပါ ဂေဟာများဟာ နိုင်ငံတဝှမ်းမှ ဝေဒနာရှင် ငါးထောင်ကျော်ကို အခမဲ့ ဆေးဝါး အကူအညီ ပေးနိုင်ခဲ့ပြီ လို့သိရပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးကိုသွား ရောက်ပြီးတော့လဲ ပညာပေး အစီအစဉ်များကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

    မဖြူဖြူသင်းဟာ HIV/AIDS ကာကွယ် တားဆီးရေးနဲ့၊ ရောဂါ ဝေဒနာသည်များ ပြုစု စောင့်ေ ရှာက်ရေး၊ လုပ်ငန်းထဲမှာ သူမ ဘဝကို မြုပ်နှံ လုပ်ကိုင်နေတာ ပါ။ မိသားစု၊ အပေါင်းအသင်း များကို လျစ်လျှူရူပြီး သူမ ရဲ့လူနာများ နဲ့သာ သူမ ရဲ့အချိန်တွေကို ကုန်ဆုံး စေသူ ဖြစ်ပါတယ်။ မိုးလင်းလို့ အိပ် ယာထတာနဲ့ မဖြူဖြူသင်းရဲ့ အိမ်ရှေ့မှာ လူနာတွေ တန်းစီနေပြီး မအိပ်ခင် အချိန်ထိ သူမရဲ့ လူနာ များကို အားပေး နှစ်သိမ့် ဆွေးနွေးမှု ပေးနေ ခဲ့ပါတယ်။

    မဖြူဖြူသင်းရဲ့ လုပ်ဆောင်ချက်မျာ း ဟာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များရဲ့ ကူညီ ပံ့ပိုးမှု မရရှိ တဲ့အပြင် ၎င်းရဲ့ လှုပ်ရှားမှု များကို တချိန်လုံး စောင့်ကြည့် ခံနေခဲ့ ရပါတယ်။ ဒါ့အပြင် ဆေးဝါးနဲ့ ကာကွယ် ကုသရေး အထောက် အကူ ပစ္စည်းများ မလောက်ငှတဲ့ အခက်အခဲများ ကြားထဲကနေ တည်တည် ငြိမ်ငြိမ်ဖြင့် အကူအညီ လိုအပ်နေတဲ့ ရောဂါ ဝေဒနာသည် များကို နေ့ည မရွေး ပြုစု စောင့်ရှောက် နေခဲ့တာ ဖြစ်ပါတယ်။

    မျက်မြင် ကူညီပေးသူတယောက်ရဲ့ ပြောကြားချက်မှာတော့ သူမ လူနာတစ်ယောက်ကို ဆေးသွင်းပေးနေစဉ် လူနာမှာ သွေးများရွှဲအိုင်နေပြီး၊ သူမရဲ့ လက်မှာလည်း သွေးများ ရွှဲအိုင်နေခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုသာဆိုရင် သာမန်လူများအနေနဲ့ ကြောက်လန့်တကြား ထွက်ပြေးပြီးလောက်ပါပြီ။ ဒါပေမဲ့ မဖြူဖြူသင်းကတော့ လူနာကိုမကြောက်နဲ့၊ ဒါကဘာမှမဖြစ်ဘူးဆိုပြီး နှစ်သိမ့်ဆွေးနွေး ပေးနေပါတယ်။ ဒီသွေးမှတဆင့် ကူးစက်နိုင်တာကို သိလျက်နှင့် မဖြူဖြူသင်းရဲ့ ကြီးမားတဲ့ မေတ္တာစေတနာကို အထင်အရှားတွေ့နိုင်တဲ့ ဖြစ်ရပ်တခုပါ။ ဝေဒနာကြောင့် ဘယ်လောက်ပဲ အမောဖောက်နေပါစေ၊ “အမရဲ့မျက်နှာ၊ အမပြောတဲ့နှစ်သိမ့်စကားတွေကို ကြားတာနဲ့ ရောဂါတဝက် သက်သာတယ်” လို့ အားကိုးတကြီး ပြောကြတဲ့ လူနာပေါင်း များစွာ ရှိပါတယ်။ လူနာများဟာ သူမအိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်စားသောက်၊ နေထိုင်ကြပြီး လမ်းစရိတ်လိုကိစ္စများမှအစ ဖြေရှင်းပေးနေရ တာကို တွေ့နိုင်ပါတယ်။

    ယဉ်ကျေးမှုအရ မပွင့်လင်းသော၊ အသိပညာနောက်ကျနေသော၊

    လွဲမှားသောအမြင်များဖြင့် ပတ်ဝန်းကျင်မှလက်မခံဘဲ AIDSရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသော လူနေမှု အသိုင်းအဝိုင်းမှာ အခုလို မကြောက်မရွံ့ ဖောက်ထွက်ပြီး အကူအညီလိုအပ်နေသူတွေရဲ့ရှေ ့ ကနေ မားမားမတ်မတ် ရပ်တည်ကာ ကျန်းမာရေးအသိ ကျယ်ပြန့် ပွင့်လင်းလာအောင် အန္တရာယ်နဲ့ စွန့်စားရတဲ့ ကူညီပေးမှုပါ။

    အေ ကိုက်မယ်လို့ နောက်ပြောင်ခဲ့ရင် “မဖြူရှိတယ် မကြောက်ဘူး” ဆိုတဲ့ စကား က သူမအပေါ် ချစ်ခင်လေးစားမှုနဲ့ အားထားယုံကြည်မှုကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။

    မဖြူဖြူသင်းဟာ တုနိုင်းမရတဲ့ မေတ္တာရှင်တစ်ယောက်ဖြစ်ပြီး ရန်သူမိတ်ဆွေမရွေး ကူညီတတ် ခြင်းကြောင့် ဝေဒနာသည်တွေရဲ့ ဂရုဏာရှင်ဖြစ်တယ်ဆိုတာအားလုံးက အသိအမှတ်ပြု လေးစားခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

    လက်ရှိ အကြပ်အတည်းအမျိုးမျိုးကြားကနေ ရုန်းကန်ရင်ဆိုင်ရင်း လုပ်ကိုင်နိုင်ခဲ့တာကြောင့်မို့ အခုလက်ရှိကာလမှာ ရောဂါဝေဒနာရှင်များသာမကဘဲ ပြည်သူတစ်ရပ်လုံးကပါ ယုံကြည်လေးစား လာခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်များအတွက် အများအကျိုးဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို စိတ်ပါဝင်စားလာစေရန် စံနမူကောင်းတရပ်ပဲ ဖြစ်ပါတော့တယ်။

  • kai

    May 10, 2011 at 9:05 am

    အသက် (၆၂) နှစ် အရွယ်ရှိ ဘိုကလေးသူ ဒေါ်ရှုသည် ၂၀၀ရ ခုနှစ် စက်တင်ဘာလ သံဃာ့ အရေးအခင်းကြောင့် အကျဉ်းကျ ခံနေရသော ထောင်ဝင်စာတွေ့ မည့်သူ မရှိသည့် သံဃာတော် များနှင့် သီလရှင်များ ကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေး အတွက် မိသားစု ၏ စိတ်ပူပင်မှု များနှင့် အာဏာပိုင်များ ၏ဖိအားပေး နှောင့်ယှက်မှု များကြားမှ လုပ်ကိုင်နေသူ ဖြစ်ပါသည်။ ထို့အပြင် ထောင်ဝင် စာတွေ့ သူမရှိဖြစ်နေ ကြသည့် နိုင်ငံရေး အကျဉ်းသား လူပုဂ္ဂိုလ် အချို့ ကိုပါ ထောင်ဝင်စာ ပေးပို့နေပါသည်။
    ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၁ ခုနှစ် ဧရာဝတီ အင်တာနက် သတင်း စာမျက်နှာမှ ဆောင်းပါရှင် မင်းနိုင်သူ ၏ ဆောင်းပါး တွင် ဒေါ်ရှု အကြောင်း အစိတ်အပိုင်း ကို ယခုကဲ့သို့ ရေးသား ထားခဲ့သည်။

    “ဘိက္ခူမာတာ” ဒေါ်ရှု (မင်းနိုင်သူ Friday, 18 February 2011 18:47 ဧရာဝတီ ဆောင်းပါး )

    ” ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက် စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့မယ့်လူ မရှိတော့မှာစိုးလို့” ဟု မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟပါတယ်။

    အဲဒီနောက်မှာတော့ သက်ပြင်းတချက် ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်ပြန်ပါတယ်။

    “အန်တီဘာတွေ လုပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ အန်တီက နိုင်ငံပုန်ကန်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ သံဃာတွေကို သနားလွန်းလို့ ထောင်ဝင်စာ တွေ့ပေးနေတာ သက်သက်ပါပဲ”

    ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို ထောင်ဝင်စာ တွေ့ပေးနေသူပါ။

    စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်လေး ထဲမှာတော့ မြန်မာနိုင်ငံတဝန်းက အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ ၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

    “ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူးတယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။ အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀ရ ခုနှစ် ဇူလိုင်လ အတွင်းက ကျောက်တော်ကြီးဘုရားမှာ ဝတ်ပြု ဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှု ကိုလည်း ခံခဲ့ရသူပါ။

    စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။

    ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀ရ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ရ ပါးနဲ့ သီလရင် ရ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

    “ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့ ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။

    အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅ဝ ကျော်နေပါပြီ။ ဒီလို တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း ဒေါ်ရှုကို ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀ဝ ကျပ်နှုန်း ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။

    အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး ၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေးပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့တဲ့အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။

    “သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့ တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။ အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။

    တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။

    ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင် ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။

    “ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့ သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

    နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀ဝ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ၂၀၀ရ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။

    နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ဝ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅ဝ ကျော်နဲ့ သီလရှင် ၁ ပါး ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅ဝ လောက်ပဲ ရှိပါသေးတယ်။ တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅ဝ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။

    ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့ သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။

    “မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့ သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။

    ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

    “၂၀၀ရ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက် ၇ဝ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။

    ၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ ၂၀၀ရ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀ရ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရရှိ လာပါတော့တယ်။

    “သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့ ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ဝမ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်းတွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။

    အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြိုနေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။

    “အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”

    အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့ အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွားတာပါ။

    “သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့် အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှုကိုမှ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။

    စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒောဘာသဟာ သူ့ နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။

    နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့် ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။

    ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ …။

    “သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့ စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။ အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”

    “ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။

  • kai

    May 10, 2011 at 9:06 am

    ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
    Monday, 18 April 2011 01:40
    E-mail Print PDF

    နိုင်ငံရေးအမှုအခင်းများကို အခမဲ့လိုက်ပါ အကျိုးဆောင်ပေးရန် ဥပဒေကျောင်းသား လူငယ်များကို စည်းရုံးစုစည်းလျက် Myanmar Youth Law Firm ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ၎င်း၏ ဥပဒေ အကျိုးဆောင်အဖွဲ့ဝင်များကို စစ်အစိုးရမှ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ရှေ့နေလိုက်ခွင့်လိုင်စင်များကို ရုတ်သိမ်းခြင်းတို့ကို ကြံ့ကြံ့ခံလျက် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ အတွက် အမှုလိုက်အကျိုးဆောင်ပေးခဲ့သည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည့် ဦးစောကျော်ကျော်မင်းမှာ စစ် အစိုးရ၏ ခြိမ်းခြောက်ရန်ရှာမှုကြောင့် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသလို ဦးညီညီထွေးမှာလည်း ဖမ်းဆီးထောင်ချ ခြင်းခံခဲ့ရသည်။ တရားမျှတမှုအတွက် ရဲရဲရင့်ရင့် ခုခံအကျိုးဆောင်ပေးတတ်သူတဦးဖြစ်သည့် ဦးဖိုးဖြူ ကိုယ်တိုင်လည်း တရားရုံးကို မထီမဲ့မြင်ပြုမှု အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

  • kai

    May 10, 2011 at 9:07 am

    လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
    Monday, 18 April 2011 01:33
    E-mail Print PDF

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ကို ၁၉၉၅ ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်း နိုင်ရေး အတွက် အဓိက တိုက်တွန်း ခဲ့သူမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။
    စတင်ဖွဲ့စည်းစဉ်က တာဝန်ယူခဲ့သည့် ပုဂ္ဂိုလ်များမှာ
    (၁) ဦးဝင်းထိန် – (ဥက္ကဋ္ဌ)
    (၂) ဦးအုန်းမြင့် (သခင်အုန်းမြင့်) – (ဒုဥက္ကဋ္ဌ) (ကွယ်လွန်)
    (၃) ဦးကျော်မင်း (ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) – အဖွဲ့ဝင် (ကွယ်လွန်)
    (၄) ဦးသိန်းတင် (ရန်ကုန်တိုင်းစည်း)- အဖွဲ့ဝင် (ကွယ်လွန်)
    (၅) ဒေါ်စန်းစန်း (ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) – အဖွဲ့ဝင်
    (၆) မနီနီဝေ (လူငယ်) – အဖွဲ့ဝင်
    (၇) ကိုတင်လှိုင် (ခ) ကိုအီဗား (လူငယ်) – အဖွဲ့ဝင်
    တို့ဖြစ်သည်။
    စတင်စဉ် ကပင် တစ်ဦးချင်း သဒ္ဓါပေါက်သူများ လှူဒါန်းသော အလှူငွေများဖြင့် နိုင်ငံရေး အကျဉ်းသား များအား တစ်ဦးလျှင် ၅၀ဝ ကျပ်နှုန်း လစဉ် ထောက်ပံ့ ခဲ့သည်။ ၁၉၉၆ မေလတွင် ဦးဝင်းထိန်၊ ဦးကျော်မင်း၊ ဦးသိန်းတင်၊ ကိုတင်လှိုင် (ခ) အီဗား တို့ အထိန်းသိမ်း ခံခဲ့ရပြီးနောက် သခင်အုန်းမြင့်က ဦးစီး၍ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဆက်လက် ဆောင်ရွက် ခဲ့သည်။ ထောက်ပံ့ငွေ ကိုလည်း တစ်လလျှင် ၁၀၀ဝ ကျပ် / ၁၅၀ဝ ကျပ် စသဖြင့် ပိုမို ထောက်ပံ့ နိုင်ခဲ့သည်။
    ၂၀၀၁ ခုနှစ်မှ စ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဦးစီးပြီး ဦးတင်ဦး(ဥက္ကဋ္ဌ)၊ သခင်အုန်းမြင့်( ဒုဥက္ကဋ္ဌ)၊ ဦးလှသိန်း (တာမွေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)(အတွင်းရေးမှူး) ၊ ဒေါ်ကြည်ကြည်ဝင်းတို့က တာဝန်ယူ ဆောင်ရွက် ခဲ့သည်။
    ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပြီးနောက် သခင်အုန်းမြင့်၊ ဦးအောင်စန်းမြင့်၊ ဦးလှသိန်း၊ ဦးသိန်းဦး တို့က တာဝန်ယူ ဆောင်ရွက် ခဲ့သည်။
    ၂၀၀၉ ခုနှစ်မှ စ၍ အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး လက်ရှိ တာဝန်ယူ သူများမှာ ဦးတင်ဦး (ဥက္ကဋ္ဌ)၊ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ဒေါ်ခင်သန်းလှ၊ ဦးစောလှိုင်၊ ဦးလှသိန်း၊ ဒေါ်ကြည်ကြည်ဝင်း(ကြည့်မြင်တိုင်)၊ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း) တို့ဖြစ်သည်။
    ယခုအခါ နိုင်ငံရေး အကျဉ်းသား ၆၀ဝ ကျော် တို့အား တစ်ဦးလျှင် တစ်လ ၅၀၀ဝ ကျပ်စီဖြင့်၎င်း၊ မဲစနစ်ဖြင့် တာဝန် ယူသော ထောက်ပံ့သူများ ဖြင့်သော်၎င်း၊ ဆေးရုံ တက် နေရသော အကျဉ်းသား များအား ကျပ် ၁သောင်းမှ ၅ သောင်း အထိ၎င်း၊ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာသူများအား တစ်ဦးလျှင် ခရီးစရိတ် ၁ သောင်းစီ ဖြင့်၎င်း တိုးချဲ့ ထောက်ပံ့ လျက်ရှိသည်။
    လူမှုအထောက်အကူပြုအဖွဲ့၏ လှုပ်ရှားမှု အချို့မှာ –
    အမေ့အိမ်စာသင်ကျောင်း
    NLD လူမူ အထောက်အကူ အဖွဲ့ ကနေ ဖွင့်ထားတဲ့၊ အထူးသဖြင့် NLD လူငယ်တွေနဲ့ ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆင်းရဲသော ကလေးငယ် တွေအတွက် လှိုင်သာယာ မြို့နယ်မှာ ဖွင့်ထားတဲ့ အမေ့အိမ် စာသင်ကျောင်း လေးပါ။ စာသင်ကျောင်းရဲ့ မြေနေရာကို လှူဒါန်းတဲ့ ပိုင်ရှင် ကတော့ NLD လှိုင်သာယာ မြို့နယ်စည်း အဖွဲ့ဝင် ကိုအေးဘို ဖြစ်ပါတယ်။ စာသင်ပေး နေသူ အများစု ကတော့ NLD လူငယ် ခေါင်းဆောင် တွေနဲ့ လူငယ် အဖွဲ့ဝင်တွေ များပါတယ်။ အချို့ NLD မဟုတ်တဲ့ ကျောင်းသား လူငယ် တွေလည်း လာပြီး ကူညီပြီး သင်ပေးနေပါတယ်။

  • kai

    May 10, 2011 at 9:07 am

    ကိုဇာဂနာ
    Wednesday, 12 May 2010 16:34
    E-mail Print PDF

    အမည်ရင်း ဦးသူရ (ခေါ်) ကိုဇာဂနာဟာ ရန်ကုန်မြို့ဇာတိဖြစ်ပြီး၊ စာရေးဆရာကြီးနန်းညွန့်ဆွေ နဲ့
    စာရေးဆရာမကြီး ဒေါ်ကြည်ဦးတို့က ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၂ရ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
    ကိုဇာဂနာဟာ ၁၉၈၅ ခုနှစ်မှာ ရန်ကုန်မြို့ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်က သွားဖက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ကို ရရှိ ခဲ့ပေမယ့် သွားဆရာဝန် တဦးအဖြစ် အသက်မွေး ဝမ်းကြောင်းမပြုခဲ့ဘဲ ပြည်သူက ချစ်တဲ့ အနုပညာရှင် တဦး ဘဝကို ရွေးချယ်ခဲ့ပါတယ်။
    ကိုဇာဂနာဟာ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ ဘက်စုံထူးချွန်တဲ့ စွယ်စုံရ အနုပညာရှင် တဦးဖြစ်ပါတယ်။ ၁၉၈ဝ ပြည့်လွန်နှစ်များမှ စလို့ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး လူရွှင်တော် တဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စူးရှတဲ့ အတွေးအမြင်တွေကနေ ပေါက်ဖွားလာခဲ့တဲ့ ပြောင်မြောက်တဲ့ ပျက်လုံးတွေဟာ ပြည်သူလူထုရဲ့ ဘဝအမောတွေကို သက်သာပြေပျောက် စေခဲ့ပါတယ်။
    ပြည်သူလူထုနဲ့ တသားတည်း ရှိခဲ့တဲ့ ကိုဇာဂနာဟာ အမှန်တရားကို လိုလားသလို တာဝန်သိသူ ရဲရင့်သူ တဦးလဲ ဖြစ်ပါတယ်။ ကိုဇာဂနာဟာ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကြိမ်ကြိမ် အခါခါ ဖမ်းဆီး အကျဉ်းချခြင်း ခံခဲ့ရ ရုံ သာမက သူ့ရဲ့ အနုပညာလုပ်ငန်းတွေကိုပါ ပိတ်ပင် တားဆီးခြင်း ခံခဲ့ရပါတယ်။
    ၂၀၀၈ခုနှစ် မေလ အတွင်းမှာတော့ မြန်မာနိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ကြောင့် ပြည်သူလူထု သိန်းနှင့်ချီ အသက် အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပြီး ဘေးဒုက္ခ ကြီးစွာ ကျရောက် ခဲ့ကြပါတယ်။
    ကိုဇာဂနာဟာ မေလ ၃ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ၄ ရက်အကြာ ကစပြီး လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အနုပညာရှင်ပေါင်း များစွာနဲ့ တက်တက်ကြွကြွ လုပ်ကိုင် ခဲ့သူဖြစ်ပါတယ် ။ ခရီး လမ်းပန်း အခက်အခဲမျိုးစုံ၊ အနှောက်အယှက် အတားအဆီး မျိုးစုံကြားက ဒုက္ခအတိ ရောက်နေကြတဲ့ လေဘေးသင့် ပြည်သူလူထုထံ အကူအညီတွေ အမြန်ဆုံး ရောက်ရှိအောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီး လျင်မြန်သွက်လက် ထိရောက်စွာ မနေမနား ဆောင်ရွက်နိုင် ခဲ့ပါတယ် ။ ပြည်သူလူထုကိုလည်း မီဒီယာတွေက တဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြ နိုင်ခဲ့ပါတယ်။
    မုန်တိုင်း တိုက်ခတ်အပြီး တလခန့် အကြာမှာ ကိုဇာဂနာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၄၀ဝ ကျော်တို့ဟာ ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုပါ ပူးတွဲလုပ်ကိုင် နိုင်ခဲ့ပါတယ်။
    အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ စာနယ်ဇင်းတွေက “နိုင်ငံတော်က မုန်တိုင်းကယ်ဆယ် ရေးကို ကောင်းမွန် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း” ဝါဒ ဖြန့်နေခဲ့ချိန်မှာ၊ ကိုဇာဂနာ ဦးဆောင်တဲ့ လူငယ်နဲ့ အနုပညာရှင်တွေ၊ ကိုကျော်သူ, မရွှေဇီးကွက်တို့ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကြီးနဲ့ မြန်မာလူငယ် စေတနာရှင် အစု အဖွဲ့တွေဟာ မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စောလျင်စွာ ကိုယ့် အားကိုယ်ကိုး ဆောင်ရွက် နိုင်ခဲ့ကြသလို၊ ဆရာတော်များ၊ သံဃာတော်များ ကလည်း တတပ်တအား ဦးစီး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
    အဲသလို မြန်မာပြည်တဝှမ်း လူထုလူတန်းစား အသီးသီးက စေတနာ ထက်သန်စွာ လိုက်လံ ဝိုင်းရံနေကြချိန်မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်း ခြင်း ခံခဲ့ရပါတယ်။ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်း ဘက်မှာရှိတဲ့ ချောင်းရိုးတလျှောက် အကူအညီမရ ဖြစ်နေကြတဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ ကယ်ဆယ်ရေး ပစ္စည်တွေ ကိုယ်တိုင်သွားရောက် အကူအညီပေးပြီး မကြာခင်မှာ အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။
    လူမှုရေးလုပ်ငန်းတွေ အတွက် အလှူရှင်တွေ၊ လုပ်အားပေး စေတနာရှင်တွေနဲ့ ပရိသတ် အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ် ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆို တင်ဆက်နိုင်သူ ကိုဇာဂနာဟာ ရန်ကုန်ကို ပြန်ရောက်လာ ပြီးနောက် သူမြင်တွေ့ခဲ့ရတဲ့ လေဘေးဒဏ်သင့် ပြည်သူတွေရဲ့ ဒုက္ခ အခက်အခဲတွေ ရင်ဆိုင်နေကြရပုံ၊ အစိုးရနဲ့ နိုင်ငံတကာ အကူအညီတွေ လူထုဆီ အချိန်မီ မရောက်ရှိပုံ၊
    စေတနာရှင်တွေ လုပ်အားပေးတွေက ယခုထက် ပိုမို လျင်မြန် ထိရောက်အောင် ကူညီပေးနိုင်ရေး အတွက် မလိုလားအပ်တဲ့ အခက်အခဲ အတား အဆီးတွေ ဖယ်ရှား ပေးသင့်ပုံ၊ စတဲ့ အတွေ့ အကြုံနဲ့ ခံ စားချက်တွေကို မီဒီယာတွေ ကတဆင့် ပြည်သူများထံ လွတ်လပ် ပွင့်လင်းစွာ ဝေဖန် ပြောဆိုခဲ့ ပါတယ်။ အဲသလို ဝေဖန် ပြောဆို မှုတွေ အပြီးမှာ ဖမ်းဆီး ခံခဲ့ရပါတယ်။ ကနဦးက ထောင်ဒဏ်၅၉နှစ် ချမှတ်ခံခဲ့ရပြီး ၂၄နှစ် လျော့ပေါ့ပေးသည် ဆိုတဲ့ အတွက် ထောင်ဒဏ် ၃၅နှစ် ကျခံ နေရဆဲ ဖြစ်ပါတယ်။
    တခေတ်မှာ တယောက်သာ ပေါ်ထွန်းခဲ့တဲ့ ပြည်သူ့ အချစ်တော် လူရွှင်တော်ကြီး ကိုဇာဂနာဟာ အခုလို ပြည်သူ့ ဂုဏ်ရည် အခမ်းအနားကြီး ကျင်းပနေချိန်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင် ထဲမှာ ရှိနေ ပါ လိမ့် မယ်။
    ပြည်သူ လူထုရဲ့ ဒုက္ခ ဆင်းရဲ တွေကို မျှဝေ ခံစားရင်း နာဂစ် လေမုန်တိုင်းသင့် ပြည်သူတွေရဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားကြီးကို ပြည်သူ တွေက ဘယ်တော့မှ မမေ့ မလျော့ဘဲ အစဉ်အမြဲ ကျေးဇူး တင်နေကြမှာ အမှန်ပင် ဖြစ်ပါတော့တယ်။
    Last Updated ( Wednesday, 20 April 2011 04:20 ) Share/Save/Bookmark
    Citizen of Burma Award

    ပြည်သူ့ဂုဏ်ရည်ကို ဘယ်လို ရွေးချယ်မှာလဲ ?

    ဘယ်လိုအမည်စာရင်းတင်သွင်းရမှာလဲ?
    AYAR FONT
    Zawgyi FONT
    Get Zawgyi-One font
    Please Promote Our Logo
    သင်သေသွားသော်
    သင်ဖွားသောမြေ သင်တို့မြေသည်
    အခြေတိုးမြင့် ကျန်ကောင်းသင့်၏
    ဇော်ဂျီ

  • MaMa

    May 10, 2011 at 10:55 am

    သင်သေသွားသော်
    သင်ဖွားသောမြေ သင်တို့မြေသည်
    အခြေတိုးမြင့် ကျန်ကောင်းသင့်၏
    ဇော်ဂျီ
    အဲဒီကဗျာလေးကို အရမ်းသဘောကျတယ်။
    ရွှေမန်းတင်မောင်ရဲ့ ရွဲကုန်သည်ထဲကလို သူတော်ကောင်းကြီး (သဂျီး) ပြောပြလို့ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေလည်း သိရပါပြီ။ ကိုယ့်ခံစားချက်ကို ဖော်ထုတ်ပြီး vote လုပ်ချင်တယ်။ ဒါပေမယ့် အဲဒီဆိုဒ်ကို ဝင်မရဘူးဖြစ်နေတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 10, 2011 at 12:59 pm

    အားလုံးကတော့
    ကျွန်တော့်ထက် အများအကျိုးကိုသယ်ပိုးသူတွေဖြစ်လို့
    ကျွန်တော်ထက် တန်ဘိုးရှိသူတွေလို့ ဝန်ခံမှတ်ချက်ချမိပါတယ်
    ငါးရောက်စလုံး ရွေးရခက်ပါတယ်
    ဦးရန်နိုင်အောင်ကိုရွေးချယ်ပါတယ်
    ဘာဖြစ်လို့လဲဆိုတော့
    သူက ပြည်သူတွေတွက်လှုပ်ရှားသူတွေဖြစ်တဲ့ စစ်အစိုးရရဲ့ရန်သူတွေကို
    လိုက်ပြီးကာကွယ်ပေးနေတဲ့သူဖြစ်လို့ပါဘဲ
    ဥပမာ ကျွန်တော်တို့မလုပ်ရဲတဲ့ကိစ္စတွေကို
    တစ်ယောက်ယောက်က သတ္တိရှိရှိလုပ်လို့
    မတရား အရေးယူခံရတော့မယ်ဆိုရင် သူက မားမားမတ်မတ်စောင်ရွက်ပေးခဲ့တာပါ
    ဒီတွက်သူလည်းအန္တရယ်ကျရောက်ခဲ့တာပါဘဲ
    တစ်ကယ်ဆို ကျွန်တော်တို့တစ်တွေဟာ ဘာမှလဲမလုပ်ရဲပါဘူး
    စစ်အာဏာရှင်တွေရဲ့ကောက်ကျစ်မှုနဲ့မတရားအရေးယူခံနေရတဲ့ သူတစ်ယောက်တစ်လေကိုလဲ
    ဘာမှ မကူညီရဲဘာဘူး
    ဒါပေမယ့် သူ ကူညီပါတယ်
    တိုင်းပြည်နဲ့လူမျိုးတွက် အလုပ်လုပ်တဲ့သူတစ်ယောက်
    ဒုက္ခရောက်တဲ့အချိန်မှာ သူ ရဲရဲဝန့်ဝန့်ကူညီတာပါ
    ဒီလို
    သူ့ကိုကျွန်တော်က ရွေးချယ်လိုက်လို့
    ကျန်တဲ့သူတွေကို လုံးဝလုံဝ အမှတ်မလျှော့လိုက်ပါဘူး
    အားလုံးကို ကျွန်တော်လေးစားဂုဏ်ယူပါတယ်
    နောက်တစ်ခုအနေနဲ့
    ဂေဇက်မန်ဘာတွေကို ကျွန်တော်ပြတ်ပြတ်သားသားဝေဖန်လိုက်ပါတယ်
    ကျွန်တော်တို့ဟာ
    လက်ရှိစစ်အာဏာရှင်တွေရဲ့အကြောင်းနဲ့ပတ်သက်လာရင်
    တစ်ခုခုသောအကြောင်းတွေရှိလာရင် အတော်ကလေးငြင်းခုန်ကြပါတယ်
    အင်တာနက်ထဲမှာပါ
    မိုးလားကဲလားပြောနေကြတာပါဘဲ
    ယ္ခုဖော်ပြပါ ပုဂ္ဂိုလ်ငါးဦးဟာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ကြတာကို
    ကျွန်တော်တို့အားလုံး မျက်ဝါးထင်ထင်ပါဘဲ
    သေချာတာ ကျွန်တော်တို့
    သူတို့လိုမလုပ်ရဲတဲ့အတွက် ဘာမှမလုပ်ခဲ့ပါဘူး
    ဒါပေမယ့်သူတို့လုပ်ရဲတဲ့အတွက်
    သူတို့ကို ဆု အနေနှင့် ငွေတွေပေးပါတော့မယ်
    ကျွန်တော်တို့ပိုက်ဆံ တစ်ပြားမှမပါပါဘူး
    ကိုယ်လည်းဘာမှ မလုပ်ရဲဘူး
    ကိုယ့်ပိုက်ဆံလည်းတစ်ပြားမှမကုန်ဘူး
    လုပ်ရဲတဲ့လူတစ်ယောက်ကို
    ဪ သတ္တိရှိပေစွ
    ဤဆုနှင့်ထိုက်တန်လေစွ ဆိုတဲ့စကားလေးတစ်ခွန်းကိုတောင်
    မပြောနိုင်ကြဘူးဆိုရင်ဖြင့်
    ကျွန်တော်တို့ကိုယ်တိုင်ဟာ တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့
    စစ်အာဏာရှင်တွေနဲ့အပေါင်းအပါတွေပါလားလို့ ဝေဖန်လိုက်ပါတယ်
    ကျေးဇူးပြုပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့
    မြန်မာနိုင်ငံသားတွေတွက် အလုပ်လုပ်တဲ့သူတစ်ယောက်ကို
    မှတ်ချက်ချပေးသင့်ပါတယ်။
    မဟုတ်လို့ကတော့
    ကျွန်တော်တို့တွေဟာ ကိုယ့်ကိုကာကွယ်ပေးတဲ့လူတစ်ယောက်ကိုတောင်
    ကျေးဇူးမသိတတ်တဲ့လူတွေဖြစ်နေပါလိမ့်မယ်
    ဒါက ကျွန်တော်အမြင်ကို ပြတ်ပြတ်သားသားပြောတာပါ။

  • OQ23

    May 10, 2011 at 1:44 pm

    ပေးသင့်ပေးထိုက်သောသူသာလျှှင်
    (အများကောင်းကျိူးသယ်ပိုးပေးခဲ့သောသူ)
    ကျေးဇူးတင်ပါသည်။

  • padonmar

    May 10, 2011 at 1:58 pm

    ဖြူဖြူသင်းနဲ့ ဇာဂနာအကြောင်းကလွဲရင် ကျန်တဲ့သူတွေအကြောင်း မသိခဲ့ဘူးဆိုတာ ဝန်ခံပါတယ်၊ vote လုပ်ပေးဖို့ ဝင်လို့မရပါ၊
    ကျွန်မသာဆို ဖြူဖြူသင်းကို ပေးပါမယ်၊ သူက တခြားနိုင်ငံရေးအခက်အခဲသာမက ကိုယ့်ကို ကူးစက်နိုင်တဲ့ ရောဂါသည်တွေကို စောင့်ရှောက်ပေးတာဆိုတော့ risk factor ပိုများပါတယ်၊ တော်ရုံ သတ္တိဗျတ္တိနဲ့ မလုပ်နိုင်တဲ့ အလုပ်ကို ဒီလောက် အသက်ကလေးနဲ့ တာဝန်ယူလုပ်နေတဲ့ မိန်းကလေးဆိုတော့ သူဟာ အထိုက်တန်ဆုံးလို့ထင်ပါတယ်၊

  • cobra

    May 10, 2011 at 3:48 pm

    သဂျီးရေအရမ်းကျေးဇူးတင်ပါတယ်။
    တစ်ယောက်ချင်းစီရဲ ့အကြောင်းကိုသေသေချာချာလေးသိရလို့။
    တကယ်တမ်းပြောရရင်တော့ရွေးချယ်ဖို့တကယ်ကိုခက်ခဲပါတယ်။
    ဒါပေမယ့်ကိုအောင်ပုပြောသလိုပေါ့၁ယောက်ကိုတော့ရွေးချယ်ပေးရမယ
    ်ဒါမှလည်းနိုင်ငံသားကောင်းပီသမှာပါ…။
    ပို့(စ်)တင်ပေးတဲ့ကိုကြောင်ကြီးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ့။

  • phyoshein

    May 10, 2011 at 7:54 pm

    အားလုံးကို လေးစားပါတယ်..
    ဦးရန်နိုင်အောင်ကို ပိုသဘောကျပါတယ်…
    ယဉ်ကျေးသိမ်မွေ့စွာ တိုက်ပွဲဖြစ်နေတဲ့ တရားရုံးမှာ
    အမှုလိုက်ပေးတဲ့အတွက်ကော.. Myanmar Youth Law Firm ကို တည်ထောင်တဲ့အတွက်ကော..
    တစ်ဦးချင်းစီအကြောင်းသိအောင်ပြောပြပေးတဲ့ သဂျီးကို ကျေးဇူးအထူးပါ…
    ပြီးတော့ ဂျော်နီအောင်ပုပြောတာကို သဘောကျပါတယ်…
    လေသေနတ်နဲ့ ပစ်နေတာထက်..ကျုပ်တို့လည်း ပိုလုပ်သင့်ပါတယ်..
    လဘက်ရည်ဆိုင်မှာထိုင်ပြီး… ဘယ်သူမကောင်းဘူးပြောနေယုံနဲ့ မပြီးပါဘူး…

  • MaMa

    May 11, 2011 at 12:00 am

    vote လုပ်လိုက်တာ ရမရတော့ မသိဘူး။ submit လုပ်လိုက်တော့ Access denied ဆိုပြီး ပေါ်လာတယ်။

  • wakawaka7

    May 11, 2011 at 4:11 am

    ကျွန်တော်ကတော့ ရှားရှားပါးပါးနိုင်ငံရေးအမူတွေကိုမကြာက်မရွံ လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရန်နိုင်အောင်(ခေါ်)ဦးဖိုးဖြူကိုထောက်ခံပါတယ်ဗျာ။

  • Mee2

    May 11, 2011 at 4:45 am

    ဖြစ်နိုင်ရင်အားလုံးသူကိုမဲပေးချင်ပါတယ်။အာလုံးသောသူတွေဟာ ကိုယ်ကြိ ုးမဖက်ဘဲ အနစ်နာခံနေကြတဲ ့တိုင်းပြည်ရဲ ့စံပြတွေပါ။သမီးတို ့လူငယ်တွေအတွက်အမြဲတမ်းအတုယူစရာတွေနည်းလမ်းတွေဝေမျှပေးနေတဲ့သူတွေပါ။မဖြစ်မနေရွေးရမယ်ဆိုရင် မဖြ ူဖြ ူသင်းကိုရွေးပါမယ်။လူတွေအင်မတန်ရွံ ့ရှာတတ်တဲ့ AIDS ဝေဒနာရှင်တွေကိုဖက်လည်းတလင်းအားပေးကူညီစောင့်ရှောက်တတ်တဲ့စိတ်ဓါတ်၊ငမိုက်သားတွေရဲ ့နှောင့်ယှက်မှုတွေကြားထဲကဖြစ်အောင်ရပ်တည်ရဲ ့တဲ့သတ္တိတွေကြောင့် မမကိုမဲပေးပါမယ်ရှင်။

    • zippo

      May 11, 2011 at 8:29 am

      မဖြူဖြူသင်း ကို မဲပေးပါတယ် ဂျ……..။

  • natthamee

    May 11, 2011 at 4:48 am

    ကျေးဇူးပါသူကြီး၊ ဦးရန်နိုင်အောင်အကြောင်းသိရလို့။ ဦးရန်နိုင်အောင်ကို ထောက်ခံပါတယ်။

  • photwenty

    May 11, 2011 at 4:50 am

    မဖြူဖြူသင်းကို မဲပေးခဲ.ပါတယ်
    ဘာကြောင်.ဆိုတာတော.ပြောဖို.မလို.တော.ဘူးထင်ပါတယ်ဗျာ

  • Mee2

    May 11, 2011 at 5:21 am

    မဖြ ူကိုမဲပေးကြဖို ့ဘဲတိုက်တွန်းထားပါတယ် မမီးသူငယ်ချင်းတွေကိုလေ။ကျေးဇူးပါ။

  • mgbahlaing

    May 11, 2011 at 6:54 am

    အပေါ်က မမီးမီး ပြောသလိုပါပဲ။ ဖြစ်နိုင်ရင် အကုန်လုံးကို ပေးချင်ပါတယ်။
    ဘာလို့လဲဆိုတော့ သူတို့တွေက သူတို့စွမ်းအားရှိသလောက် မကြောက်
    မရွံ့ ကိုယ်ကျိုးစွန့်ပြီး လုပ်နေကြတဲ့သူတွေ ချည်းပဲကိုး။

  • Ko Ko Aung

    May 11, 2011 at 8:00 am

    ဦးရန်နိုင်အောင်(ခေါ်)ဦးဖိုးဖြူကို မဲပေးပါတယ်။
    ကျန်တဲ့လေးယောက်ကိုလဲ လေးစားပါတယ်။

  • Gipsy

    May 11, 2011 at 8:37 am

    အား ဟုတ်ကဲ့ဗျ…..
    မဖြူဖြူသင်းကို ရွေးပါမယ်….

  • etone

    May 11, 2011 at 9:24 am

    အားလုံးကိုတော့ ဆုပေးသင့်ပါတယ် … ဒါပေမဲ့ … ဒေါ်ရှူကို မဲသွားပေးပါမယ် … ထောင်တွင်းနေရတဲ့ဒုက္ခက ဘာနဲ့မှ နှိုင်းမရအောင် မွမ်းကြပ်လွန်းပြီး ၊ လူရော၊စိတ်ဓါတ်ရေးရာပါ ကျဆင်းနေတဲ့ အချိန် …. အပြုံးတစ်ချက်နဲ့ အားဖြစ်စေ ခဲ့တဲ့လူမျိုးမို့ပါပဲ ။

  • etone

    May 11, 2011 at 9:28 am

    Google Chrome Browser ကနေ https:// နဲ့ တိုက်ရိုက်ဝင်ပြီး မဲပေးလို့ရပါပြီ ။

  • meelay

    May 11, 2011 at 9:37 am

    မီးတို့ကတော့ ဦးကြောင်ကြီး ပို့စ်တင်တဲ့နေ့ကတည်းကနေ မဲပေးပြီးသား…. နောက်တစ်ခါ ထပ်ပေးမလို့ဟာ ပေးလို့မရတော့ဘူး ….

  • parlayar46

    May 11, 2011 at 10:37 am

    ဟိုကိုပဲဝင်ပြီး vote လုပ်ထားတာ
    ဒီမှာလဲမျက်နှာပြရရင်ပိုကောင်းတာပေါ့
    ငါးယောက်လုံးက သူရဲကောင်းတွေပါ
    တယောက်ပဲဆိုတော့ ကိုဇာဂနာ (ကိုသူရ) ကိုရွေးပါတယ်။

  • mnoe

    May 11, 2011 at 1:44 pm

    ဟဲ ရသွားပြီ။ photwenty ပေးတဲ့ လင့်ကသွားလိုက်တာ။ ကျေးဇူးပါ။ တကယ်ဒုက္ခရောက်ပြီးလိုအပ်နေသူတွေကို ကယ်တင်နေသူကို ဦးစားပေးလိုက်ပါတယ်။ ဝေဒနာရှင်တွေကိုယ်စား ကျေးဇူးတင်လို့ပါ။ သူ ရသွားရင်လည်း တစ်နည်းနည်းနဲ့တော့ ပြန်အကျိူးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။

  • MaMa

    May 11, 2011 at 1:49 pm

    ကျေးဇူးပါ photwenty။

  • ဆူး

    May 11, 2011 at 1:52 pm

    ဝင်လို့ မရဘူးနော်.. မဖြူဖြူသင်း ရဲ့ စွမ်းဆောင်ချက်ကိုတော့ သဘောကျတယ်။ သူလို မလုပ်နိုင်ပေမဲ့ သူရဲ့ လုပ်ဆောင်ချက်ကို အားကျတယ်။

  • Oo Oo

    May 11, 2011 at 3:40 pm

    သူတို့ငါးဦးစလုံးက..လေးစားထိုက်တဲ့သူရဲကောင်းတွေပါပဲ
    ရွေးချယ်ရတာတော်တော်ခက်ပါတယ်..
    ဒါပေမယ့်တစ်ဦးကိုပဲပေးခွင့်ရှိတာဆိုတော့
    ဒေါ်ရှု့ကိုပေးခဲ့ပါတယ်

  • bigcat

    May 11, 2011 at 11:58 pm

    ကျမကိုုယ်တိုုင်က အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ကိုု မဲပေးပါတယ်
    ဖြူဖြူသင်းနဲ့ မိုုးမခအင်တာဗျူး
    မေ ၁၁၊ ၂၀၁၁
    မေလ ၁၅ ရက်နေ့မှာ ဒုုတိယအကြိမ်မြောက် ၂၀၁၁ ခုုနှစ် ပြည်သူ့ဂုုဏ်ရည်ဆုု ချီးမြှင့်မှာ ဖြစ်တယ်။ အင်တာနက်ကတဆင့် အများပြည်သူထံက အင်တာနက်မဲဆန္ဒကိုု ခံယူနေတယ်။ ပထမနှစ်ကထက် ပိုုပြီး အင်တာနက်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုု ဒီနှစ်ပြည်သူ့ဂုုဏ်ရည်ဆုုပေးပွဲက ရရှိနေပါတယ်။

    အချိူ့က နိုုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူ ရဟန်းသံဃာတွေကိုု ထောင်ဝင်စာ ဆောင်ရွက်နေသူ ဒေါ်ရှုကိုု မဲပေးဖိုု့ ဆော်ဩမှုတွေ ပြုလုုပ်နေကြသလိုု၊ အင်န်အယ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့ကိုု မဲပေးကြဖိုု့ တုိုက်တွန်းမှုတွေ မိတ်ဆွေတွေ အချင်ချင်း ပြုလုုပ်နေကြပါတယ်။ အင်န်အယ်ဒီရဲ့ လူမှုရေးအဖွဲ့တခုု ဖြစ်တဲ့ အိပ်ချ်အိုုင်ဗီလူနာများ စောင့်ရှောက်ရေးဂေဟာ တာဝန်ယူနေသူ မဖြူဖြူသင်းကိုုလည်း မဲပေးကြရန် ပြောဆိုုမှုတွေအပြင် ၂၀၀၈ ကတည်းက အကျဉ်းကျနေသူ ကိုုဇာဂနာ နဲ့ ရှေ့နေကိုုဖိုုးဖြူကိုု မဲဆန္ဒပေးကြရန် ပရိသတ်အသီးသီးက မိမိ အစုုအဖွဲ့နဲ့ စည်းရုုံးမှုတွေ တိုိုက်တွန်းမှုတွေ ပြုလုုပ်နေကြတာကိုု တွေ့မြင်ရတာက သည်နှစ်ရဲ့ ထူးခြားမှု ဖြစ်ပါတယ်။
    မိုုးမခက မဖြူဖြူသင်းနဲ့ အင်တာဗျူး ပြုလုုပ်နေစဉ်အတွင်း ယခုုနှစ်အတွင်း အင်န်အယ်ဒီပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြည်သူ့ဂုုဏ်ရည် ၂၀၁၁ ဆန်ခါတင်စာရင်းထဲ ဝင်လာတဲ့အကြောင်းကိုု ပြောဖြစ်ပါတယ်။ မဖြူဖြူသင်းကိုုယ်တိုုင်သာ မဲဆန္ဒရှင်တဦး ဖြစ်ခဲ့မယ် ဆိုုရင် ဘယ်သူတွေကိုုများ မဲပေးမလဲ ဆိုုတာကိုု မိုုးမခက မေးမြန်းဖြစ်ပါတယ်။
    မဖြူဖြူသင်းက မဆိုုင်းမတွပဲ
    “ကျမကိုုယ်တိုုင်က အင်န်အယ်ဒီရဲ့ လူမှုထောက်ကူအဖွဲ့ကိုု မဲပေးပါတယ်”
    လိုု့ ဖြေကြားလိုုက်ပါတယ်။
    မဖြူဖြူသင်းက ဆက်လက် ဖြေကြားရာမှာ …
    “လူမှုထောက်ကူဟာ တနိုင်ငံလုံးရဲ့အနှံအပြားမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုုတွေ၊ ရင်သွေးတွေအတွက် အားကိုးရာဖြစ်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ အဖွဲ့စည်းဖြစ်တယ်။ လက်ရှိလည်း ဦးတင်ဦးလို ခေါင်းဆောင်တွေ ကိုုယ်တိုင် ဦးဆောင်နေတာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း အဲသည်မှာ အဖွဲ့ချူပ် အဖွဲ့ဝင်တွေနဲ့ မိတ်ဆွေတွေ အားလုုံး ဝိုုင်းဝန်းပြီး ဆောင်ရွက်နေကြတာ ဖြစ်တာကြောင့် ဒီအဖွဲ့ကိုု ရွေးချယ်တယ်ဆိုုတာဟာ ပုုဂ္ဂလဓိဋ္ဌာန် သက်သက်မဟုုတ်ပါဘူး ဆိုတာလည်း သိစေချင်ပါတယ်။”
    လိုု့ အကျယ်တဝင့် ပြောကြားလိုုက်ပါတယ်။
    လက်ရှိမှာလည်း တောင်ဒဂုုန်မြို့နယ်မှာ အိပ်ချ်အိုုင်ဗီ အေအိုုင်ဒီအက်စ် ဝေဒနာရှင်တွေကိုု လက်ခံကုုသ စောင့်ရှောက်မှုတွေ ပြုလုုပ်နေတဲ့ ဂေဟာကိုု ဆောင်ရွက်နေသူတဦးအနေနဲ့ မြန်မာပြည်ရဲ့ နိုုင်ငံရေး အကျဉ်းသားများနဲ့ မိသားစုုတွေ ရင်ဆိုုင်နေရတဲ့ အရေးအခင်းတွေကိုု ဘယ်လိုုမျိူး ထုုတ်ဖော်ပြောဆိုုချင်သလဲလိုု့ မေးမြန်းတဲ့အခါ မဖြူဖြူသင်းက အခုုလိုု ဖြေကြားလိုုက်ပါတယ်။
    “ခုခံအားကျဆင်းသူတွေကလည်း သနားစရာကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားများရှိနေတယ် ဆိုတာကို နေ့စဉ်မပြတ် မီးမောင်းထိုးပြနေတဲ့ လူမှုအထောက်အကူအဖွဲ့ကြောင့် ဗမာပြည်မှာ လူ့အခွင့်ရေးတွေ ဘယ်လောက်ချိုးဖောက်ခံနေရတယ်၊ ဘယ်လိုု ကြံကြံခံပြီး လက်တွဲရင်ဆိုုင်နေကြရတယ် ဆိုတာကိုု ကမ္ဘာက အမြဲသိရှိနေတာ ဖြစ်ပါတယ်”
    လိုု့ ဖြေကြားလိုုက်ပါတယ်။
    “နိုုင်ငံရေးနဲ့ ယုုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူများအတွက်၊ သူတိုု့မိသားစုတွေကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာလည်း အကူအညီတွေ ပေးအပ်နေနိင်တာတွေ ပေါင်းစပ်ပြီးတော့ လူမှုရေးရှုထောင့်ကကြည့်ရင် အင်မတန်မှ အကျိုးများတာကြောင့် အင်န်အယ်ဒီရဲ့ လူမှုထောက်ကူအဖွဲ့ ကို မဲပေးရခြင်း ဖြစ်ပါတယ် …”
    လိုု့ ရှင်းပြသွားပါတယ်။
    မဖြူဖြူသင်းရဲ့ သူလက်ရှိ ဆောင်ရွက်နေတဲ့ အိပ်ချ်အိုုင်ဗီ အေအိုုင်ဒီအက်စ် လူနာများ စောင့်ရှောက်ကုုသရေးနဲ့ ပြန်လည်ထူထောင်ရေး အလုုပ်များအကြောင်းကိုု ဆက်လက်မေးမြန်းထားတာတွေကိုု ဆက်လက်တင်ပြပါမယ်။
    http://moemaka.com/index.php?option=com_content&task=view&id=8838&Itemid=1

  • moonpoem

    May 12, 2011 at 2:39 am

    မဲပေးတဲ့လင့်ခ်ကိုဝင်လို့မရဖြစ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲ။

  • manawphyulay

    May 12, 2011 at 5:57 am

    ကျွန်မအရင်ထဲက အားကျခဲ့တဲ့တစ်ယောက်ကို ပေးခဲ့ပါတယ်။ အားလုံးတော်ကြတယ်လို့လည်းမြင်မိပေမယ့် ကျွန်မပေးခဲ့တဲ့တစ်ယောက်ကတော့ အားလုံးထဲမှာ ပိုပြီး ဖြစ်သင့်တယ်ထင်လို့ပါ။

  • good

    May 12, 2011 at 7:18 am

    Vote Saved

    Your vote has been saved.

    Thank you!
    The results will be announced on May 15th, 2011 .

    vote လုပ်တာ အထက်ပါ စာ များ ပေါ်လာတယ်။
    Social Support Group, NLD ကို ပဲ ပေးတယ်။ ကျန်တဲ့ လေး ယောက် ကလည်း Social Support Group, NLD နဲ့ ဆက်စပ် ပတ်သက် နေတဲ့ အဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် Social Support Group, NLD ကို ပေးရုံ နဲ့ အား လုံးရသွားကြတာပေါ့။

  • hmee

    May 12, 2011 at 12:42 pm

    မဖြူကို ပေးပါတယ်။ အိမ်ကြီးသခင်ကိုပါ မဲဆွယ်လိုက်ပါသေးတယ်။ မဖြူ သတ္တိကို လေးစားလို့ပါ။ လူတိုင်းကြောက်နေတဲ့ ရောဂါရှိသူတွေကို အတူနေ၊ အတူစားရဲတဲ့ စိတ်ကိုပါ။

  • လင်းဝေကျော်

    May 13, 2011 at 4:47 am

    ရှေ့နေကိုပဲ မဲပေးလိုက်ပါတယ်။ မြန်မာပြည်မှာ ဥပဒေသမားတွေ ထွန်းကားစေချင်လို့ပါ။
    မြန်မာပြည်ကြီး ချက်ချင်း အစိုးရပြောင်းတောင် မှန်ကန်တဲ့တော်တဲ့ ဥပဒေသမားတွေ မထွန်းကားရင်
    နည်းနည်းမှ မရှိရင် ဘယ်လိုမှ အမြီးအမောက်တည့်မှာ မဟုတ်။ အမှန်တရားကို ဝေးနေပြီး လူ့အဖွဲ့အစည်းက ပရမ်းပတာဖြစ်နေဦးမယ်။ ဥပဒေသမားကို ငွေလှုမယ့်သူကလည်း နည်းတယ် မဟုတ်လား။
    သူ့ကို ငွေရစေချင်လို့ပါ။

  • researcher

    May 13, 2011 at 5:49 am

    like, dislike တွေက တချို့ မှိန်နေတယ် (disable ဖြစ်နေတယ်)။ ဘာဖြစ်တာလဲ သိရင်ကြပါဦး။

Leave a Reply