2011 ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မဲပေးကြပါ…

Citizen of Burmese Award

မင်န်ဘာ ဖိုးတွမ်တီးကတော့ https://www.ztunnel.com ကနေတဆင်.ဝင်ပါ လို့မက်ဆေ့ချ်ပေးထားပတယ်။ အီးတုံးကတော့ Google Chrome Browser ကနေ https:// နဲ့ တိုက်ရိုက်ဝင်ပြီး မဲပေးလို့ရပါပြီ တဲ့။ ရွာသားအပေါင်းတို့ခင်ဗျား..
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မိမိနှစ်သက်ရာ စွမ်းဆောင်ရှင်တဦးဦးကို Citizenofburma.org မှာဆန္ဒပြု ရွေးချယ်ကြဖို့ ဆော်ဩပါတယ်။ လူတဦးလျင် မဲတမဲသာပေးရန်ဖြစ်ပြီး မေလ(၁၄)ရက်နေ့ဟာ မဲပေးလို့ရတဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆု ပထမဆုရရင် ငွေသား အမေရိကန်ဒေါ်လာ တသောင်းရမယ်ဖြစ်ပြီး ကျန်ဆန်ကာတင် လေးဦးဟာလည်း ဒေါ်လာထောင်ဂဏန်းတော့ ရမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်ရင် မိမိသာမက နီးစပ်ရာများကိုလည်း အသိပေးနှိုးဆော်ကြပါလို့ မြန်မာတဦးအနေနဲ့ အလေးအနက် ပန်ကြားလိုက်ပါတယ်…
သဂျီးခင်ဗျား… အခုပို့စ်ကို မေလ(၁၄) ရက် မဲပေးနိုင်တဲ့ နောက်ဆုံးရက်အထိ sticky ပို့စ်အဖြစ် တင်ထားပေးရန် ပန်ကြားပါသည်။……

ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၁ခုနှစ်

၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦး
ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ
လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ကိုဇာဂနာ
မဖြူဖြူသင်း၊ တောင်ဒဂုံ အိတ်ချ်အိုင်ဗွီစင်တာ တာဝန်ခံ
အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ပစိဖိတ်စံတော်ချိန် မေလ ၄ ရက် ည ၁၂ နာရီ မှ မေလ ၁၄ ရက် ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၁၅ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။

 

61 comments

  • researcher

    May 13, 2011 at 5:53 am

    မေ (၁၄) ရက်နောက်ဆုံး ဆိုပေမယ့် server က America မှာ ဆိုရင်တော့ မြန်မာပြည်ကနေ (၁၅) ရက်နေ့ မနက်ပိုင်းထိ vote လုပ်လို့ ရနိုင်မယ်ထင်ပါတယ်။

  • naywoonni

    May 13, 2011 at 6:46 am

    Ooops…

    There was a problem saving your vote.

    You have already voted!

    You can vote again tomorrow.

    Go back

    Honoring the Spirit of Burmese Helping Burmese · – Citizen of Burma Award

    ဒီလိုပဲပြန်ပြန်ကျလာနေတယ်…။ ဘယ်လိုလုပ်ရမှာလဲ

  • meelay

    May 13, 2011 at 6:57 am

    အဲဒါက အဘနီ မဲပေးပြီးသားဖြစ်နေလို့ ပေးလို့မရတော့ဘူးတဲ့ … ပေးချင်ရင် မနက်ဖြန်မှ ထပ်ပေးပါတဲ့ …

  • yyin123

    May 13, 2011 at 11:50 am

    ဟုတ်ကဲ. ….. vote လိုက်ပါပြီ။

  • နိုင်နိုင်

    May 13, 2011 at 1:08 pm

    naywoonni လိုပါပဲ problem ဖြစ်နေပါတယ် (15)နေ့ဆိုမှီပါသေးတယ် မနက်အစော vote လုပ်မယ်။ဒူမှလုပ်နဲ့နော်
    ကျွန်တော် vote ချင်လို့….

  • mnoe

    May 14, 2011 at 4:47 am

    ကွန်ပြူတာတစ်လုံးကို တစ်ယောက်ပဲပေးလို့ရတာလား။

  • nigimi77

    May 14, 2011 at 11:14 am

    အိုက်ထဲမှာ ကျုပ်နာမည်က ဘာလို ့ကျန်နေရဒါလဲ

  • MaMa

    May 15, 2011 at 1:36 am

    Result သိရရင် တင်ပေးပါဦး။ ဘယ်လိုကြည့်ရမှန်း မသိလို့ပါ။

  • mnoe

    May 15, 2011 at 9:24 am

    ဒီနေ့ အခုလေးပဲ ဝင်ကြည့်တာတော့ Hits မှာ….
    ဒေါ်ရှု …………………………. 1288
    မဖြူဖြူသင်း …………………. 1142
    ကိုဇာဂနာ …………………… 1064
    ဦးဖိုးဖြူ ……………………….. 516
    အမျူးိသား ဒီမို ………………. 499 လို့တွေ့ပါတယ်။ တရားဝင်တော့ မထုတ်ပြန်သေးဘူးထင်တယ်။ ရှာမတွေ့ဘူး။ နောက်ဆုံး result ထွက်ရင် တင်ပေးပါဦးနော်။

  • kai

    May 15, 2011 at 11:38 pm

    အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)

    http://www.citizenofburma.org
    ၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း
    နေ့စွဲ – ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်

    ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို မေလ၁၅ရက် က ကျင်းပပြီး ဒေါ်ရှု ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။

    ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ရက် ၂၀၁၁ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။

    မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄ဝ နိုင်ငံ
    စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
    ပထမ မဲအများဆုံး ရရှိသူ – စုစုပေါင်းမဲ၏ ၄၃.၉၁ %
    ဒုတိယ မဲအများဆုံး ရရှိသူ – ၂၅.၇၅ %
    တတိယ မဲအများဆုံး – ၁၅.၃၆ %
    စတုတ္ထ မဲအများဆုံး – ၁၀.၃ရ %
    ပဉ္စမ မဲအများဆုံး – ဝ.၃၉ % ဖြစ်ပါသည်။

    ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ဝင်ရောက်မှု အများဆုံး နိုင်ငံများမှာ –

    ၁။ အမေရိကန်ပြည်ထောင်စု – စုစုပေါင်းမဲ၏ ၄၁.၁ဝ %
    ၂။ စင်ကာပူ – ၂၁.၈၆ %
    ၃။ ထိုင်းနိုင်ငံ – ၆.၄၆ %
    ၄။ ဂျပန် – ၃.၁၆%
    ၅။ ဩစတြေးလျ – ၃.၀၈ %
    ၆။ မြန်မာနိုင်ငံ – ၁.၁၃ %

    ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

    ဆက်သွယ်ရန်။ ။ ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇၊ ကိုလေး (၀၁) ၆၂၆-၃၈၃-၆၉၀၁၊ ကိုဝေလ (၀၁) ၆၄၆-၄၆၂-၉၀၁၇၊ ကိုထိန်လင်း (၀၁) ၄၁၅-၅၃၁-၃၇၆၁၊ ကိုဂျေစင် (၀၁) ၅၁၀-၄၀၂-၇၇၇၉

    • etone

      May 16, 2011 at 3:15 am

      ဒေါ်ရှူကို ရွေးချယ်လိုက်တယ်ဆိုလို့ အရမ်းဝမ်းသာမိတယ်… ။ ကိုယ်မဲပေးပြီးရစေချင်တဲ့လူ ရသွားခဲ့တယ်ဆိုတော့ … ကြက်သီးထမိတဲ့အထိ ဝမ်းသာရပါတယ်… ။

  • mnoe

    May 16, 2011 at 5:10 am

    နောက်ဆုံးသတင်းတင်ပေးတဲ့ ကိုခိုင်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒေါ်ရှုရသွားတာ ဝမ်းသာပါတယ်။ သူအန္တရာယ်ကင်းစွာ ရှေ့ဆက်နိုင်ပါစေလို့ပဲ…….။

  • shwe ni

    May 16, 2011 at 3:11 pm

    ဒေါ်ရှု ရတာလဲဝမ်းသာပါတယ် . ကျန်(၄) ယောက်လဲရစေချင်တာ တလှည့်စီပေးရင်ကောင်းမှာပဲနော် ။ ကိုယ်ဖြစ်ချင်တာပြောတာပါ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 21, 2011 at 3:44 am

    ပြည်သူ့ဂုဏ်ရည်ဆုရ ဒေါ်ရှု၏ ကျေးဇူးတင် စကား

    ယခု ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ပတ်သက်ပြီးတော့ ကျွန်မအနေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

    ပထမဦးဆုံး ကျေးဇူးတင်ရမှာကတော့ ကိုမင်းနိုင်သူကို စပြောရမှာပါပဲ။ ကျွန်မဒီအလုပ်ကို တစိုက်မတ်မတ်နဲ့ လုပ်လာတာ အခုဆိုရင် ၃ နှစ်နဲ့ ရ လ ရှိသွားပါပြီ။ ကျွန်မက အချုပ်တွေထဲမှာ သံဃာတော်တွေ သီလရှင်တွေကို ဆွမ်းလိုက်ကပ်ပါတယ်။ စားစရာပါဆယ်တွေ ပို့ပါတယ်။ နောက်တော့ လူတွေရော ဘုန်းကြီးတွေရော တဖြည်းတဖြည်း တိုးလာပါတယ်။

    ကျွန်မဒီလိုလုပ်နေတာ သိကြတော့ တချို့က ဆောင်းပါးရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
    ကျွန်မကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ အကျယ်ကျယ်တွေ ဖြစ်ကုန်ရင် ကျွန်မအလုပ်တွေ ရပ်ဆိုင်းကုန်မှာစိုးလို့ပါ။

    ပြီးခဲ့တဲ့ ၂ လလောက်ကတော့ မင်းနိုင်သူက ဧရာဝတီထဲကို ထဲ့မလို့ဆိုလာပါတယ်။ ကျွန်မလည်း ရေဒီယိုကနေ အသံလွှင့်တာမျိုးမဟုတ်တော့ ကျွန်မအနေနဲ့ လက်ခံပေးခဲ့ပါတယ်။ နောက်တော့ ကျွန်မတို့မိတ်ဆွေ မယုဆိုတာက စာရွက်လေးနဲ့ ကူးယူလာတယ်။

    သူမကပြောတယ်။ အန်တီရှုရဲ့ ဆောင်းပါးဧရာဝတီမှာ ပါလာလို့ ကူးပြီးယူလာလို့လာပြမှ သိခဲ့ရပါတယ်။

    ကျွန်မ အသက် ၆၂ နှစ် ရှိပါပြီ ။ အင်တာနက်တွေ မသုံးတတ်တော့ သူများပြောမှ သိရတာပါ။
    နောက်ပြီးတော့ ပြည်သူ့ဂုဏ်ရည်ဆု အတွက် ၅ ယောက်ရွေးတဲ့ အထဲမှာ မရှုလည်းပါတယ်လို့ မိတ်ဆွေတွေလာပြောခဲ့ကြပါတယ်။

    ကိုယ်ကိုကိုယ်လည်း အံ့ဩသွားပါတယ်။ ဒီလိုအလုပ်မျိုး စလုပ်ကတည်းက ဘာမှကိုမျှော်လင့်မထားပါဘူး။
    ပြီးတော့ ဆုပေးရေးဖြစ်မြောက်ရေး ကော်မတီကဆိုပြီးတော့ ကျွန်မဆီကို ဖုန်းလာပါတယ်။
    နောက် ကိုဝင်းသူအောင်က အန်တီရှုတဲ့ ၁၆.၅.၂၀၁၁ ရက်နေ့မှာ ၃ နာရီနဲ့ ၄ နာရီ မှာ အကြောင်းကြားမယ်ဆိုတော့ ကျွန်မအနေနဲ့ မတွေးထားတဲ့ ကိစ္စတွေ ကြားနေရတော့ တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး။

    ဒီလိုနဲ့ မနက် ၆း၃ဝ ကျတော့ ဖုန်းမြည်လာပါတယ်။ ကိုဝင်းသူအောင်က အန်တီရှု ဆုရတယ်ပြောတော့ ဝမ်းသာခဲ့ရပါတယ်။ ကျွန်မတစ်သက်မှာ ဝမ်းသာခဲ့ရတဲ့ အချိန်ပါပဲ။

    ကျွန်မနောက်ဆုံးပြောချင်တာကတော့ ပြည်သူ့ဂုဏ်ရည်ဆုကို စတင်တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ တစ်ကယ် မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။ ကျွန်မတို့လို မြန်မာပြည်တွင်းက တကယ်အလုပ်လုပ်နေတဲ့သူတွေကို အခုလိုအားပေးချီးမြှင့်တဲ့ အတွက်ကျေးဇူးတင်ပါတယ်။

    ထပ်ပြီးတော့ ကျွန်မကျေးဇူးတင်ချင်တာကတော့ နိုင်ငံအရပ်ရပ်မှနေကျတဲ့ ရဟန်းရှင် လူပုဂ္ဂိုလ် အပေါင်းအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်လို့ ထပ်ပြောချင်ပါတယ်။ ကျွန်မကိုမဲပေးဖို့ စည်းရုံးပေးခဲ့တဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရှိထိုက်သူတွေ အားလုံးကိုလည်းကျေးဇူးဥပကာရ တင်ရှိပါတယ်လို့ ပြောချင်ပါတယ်ရှင်။

    အားလုံးကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေရှင်။
    ဒေါ်ရှု

  • char too lan

    May 21, 2011 at 1:39 pm

    ၅ဝ ကို ၅၀ဝ ဆိုတော့ ၁၀ဝ ကျော်ရင်ကော ၁၀၀ဝ ထပ်ပေးမှာလား သဂျီးမင်း 😉
    ကိုယ်မဲပေးတဲ့လူရသွားတာ ဒီတစ်ခါပဲရှိသေးတယ်
    🙂 🙂 🙂

Leave a Reply