ယ္ခု သီတင်းပတ်အတွက် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ်သတင်းများ (၉.၅.၂၀၁၁- ၁၆.၅.၂၀၁၁), interesting news (9.5.2011-16.5.2011)

erosMay 9, 20116min21717

ဘင်လာဒင် သတင်းစုများ

အမေရိကန်အစိုးရမှ အယ်လ်ကိုင်းဒါးခေါင်းဆောင် ဘင်လာဒင်အား အလိုရှိနေခဲ့သည်မှ ကြာပြီဖြစ်သည်။ နောက်ဆုံး ၂၀၁၁ ခုနှစ် မေလ ၂ရက်နေ့တွင် အနှစ်နှစ်အလလ ရှာဖွေနေသော ဘင်လာဒင်အား အဆုံးစီရင် နိုင်ခဲ့လေသည် ထို့အတွက်ကြောင့် ကမ္ဘာပေါ်ရှိဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေနေသော သတင်းစာ ဂျာနယ်များတွင် မျက်နှာဖုံးသတင်းအဖြစ်ပါလာသည်။ ယခု eros မှ ပြည်တွင်းသတင်းများထဲမှ လက်လမ်းမှီရာ ဘင်လာဒင် သတင်းစုများအားဖော်ပြလိုက်ပါသည်။

ဘင်လာဒင် ဟုတ်မဟုတ် ဘယ်လိုစစ်ခဲ့သလဲ

http://www.news-eleven.com/index.php?option=com_content&view=article&id=8257:2011-05-04-07-41-41&catid=79:internationalnews&Itemid=156

အိမ်နီးချင်းများ ပြောပြတဲ့ အိမ်ကြီးရှင်တို့ အကြောင်း

http://www.news-eleven.com/index.php?option=com_content&view=article&id=8256:2011-05-04-07-35-40&catid=79:internationalnews&Itemid=156

ရှာပုံတော်ဖွင့်ခြင်း

http://www.news-eleven.com/index.php?option=com_content&view=article&id=8255&Itemid=156

ပါကစ္စတန်မြို့တော် အနီးတွင် အမေရိကန်တို့ ဘင်လာဒင်ကို အသေဖမ်းမိ

http://www.news-eleven.com/index.php?option=com_content&view=article&id=8250:2011-05-04-05-11-02&catid=79:internationalnews&Itemid=156

ဘင်လာဒင် ရုပ်အလောင်းပုံ ထုတ်ပြန်မည်ကို ကမ္ဘာတစ်ဝန်း စောင့်ဆိုင်းနေ

http://www.news-eleven.com/index.php?option=com_content&view=article&id=8284:2011-05-04-19-34-46&catid=79:internationalnews&Itemid=156

အိုစမာဘင်လာဒင်ကို ရှာပုံတော်ကြီး ဖွင့်ခဲ့ကြရပုံ

http://www.myanmar.mmtimes.com/2011/world/516/world10.html

ရှာပုံတော်ဖွင့်ခြင်း

http://www.news-eleven.com/index.php?option=com_content&view=article&id=8256:2011-05-04-07-35-40&catid=79:internationalnews&Itemid=156

ဆယ်နှစ်ကြာ ဇာတ်လမ်းရှည်ရဲ့ မိနစ် ၄ဝ ဇာတ်သိမ်းခန်း

http://www.news-eleven.com/index.php?option=com_content&view=article&id=8254&Itemid=156

ဘင်လာဒင် သေဆုံးပုံ အသေးစိတ်ကို သတင်းရင်းမြစ်များက ဖော်ပြသော်လည်း ဓာတ်ပုံများ မထုတ်ပြန်ရန် အိုဘာမား ဆုံးဖြတ်

http://news.yatanarpon.com.mm/news/news-16029

အိုစမာဘင်လာဒင် နိဂုံး

http://news.yatanarpon.com.mm/news/news-15970

ဘင်လာဒင်ခြံဝင်းရှိ အိမ်ထဲမှ သိမ်းဆည်းရမိသော ဗီဒီယိုအခွေ ငါးခွေကို အမေရိကန် ထုတ်ပြန်

http://www.news-eleven.com/index.php?option=com_content&view=article&id=8343:2011-05-08-18-58-59&catid=79:internationalnews&Itemid=156

ဘင်လာဒင်၏ဇနီး ပြောပြသော ဘင်လာဒင် အကြောင်း

http://www.news-eleven.com/index.php?option=com_content&view=article&id=8329:2011-05-08-15-10-48&catid=79:internationalnews&Itemid=156

2.5 Trillion to 3 Trillion

http://www.news-eleven.com/index.php?option=com_content&view=article&id=8328:25-trillion-to-3-trillion&catid=79:internationalnews&Itemid=156

ဆောက်လုပ်ရေးလုပ်ငန်းခွင် ဘေးကင်းရေး လိုက်နာရမည့်အချက်များ အားနည်းနေဆဲ

အထက်ပါ သတင်းခေါင်းစဉ်ဖြင့် သတင်းထောက် ထားထားခင်နှင့် ကျော်ဆုမွန်တို့ ရေးသားထားသော ဆောက်လုပ်ရေးကုမ္ပဏီများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ အကြောင်းသတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင် တင်ပြထားသည်။ အဆိုပါသတင်းတွင် ဆောက်လုပ်ရေးကုမ္ပဏီများမှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများကို လိုက်နာမှုအားနည်းနေခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကြုံတွေ့နေရမှုများကို တင်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.myanmar.mmtimes.com/2011/property/516/buss13.htm

ဆိုင်ကယ်ချစ်သူ

အထက်ပါ ခေါင်းစဉ်ဖြင့် သတင်းထောက် ခင်စုဝေ၏ အထက်မြန်မာပြည် မန္တလေးမြို့ ၏ မြို့ သူမြို့သားများ ၏ ဆိုင်ကယ်နှင့် ၎င်းတို့၏ နေ့စဉ်ဘဝနှင့် ဆိုင်ကယ်စီးမှု ခံစားချက်များကို ရှုထောင့်စုံ ရသစုံ သတင်းဆောင်းပါးကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင် တင်ပြထားသည်။

သတင်းအကျယ်သို့
http://www.myanmar.mmtimes.com/2011/upper/516/upper07.html

မြို့တော်ခန်းမ ဆေးသုတ်သည့် လုပ်ငန်းခွင်တွင် အကာအရံ တပ်ဆင်မထား ပတ်ဝန်းကျင်နေသူများ အခက်တွေ့

အထက်ပါသတင်းခေါင်းစဉ်ဖြင့် 7DAY NEWS ဂျာနယ်မှသတင်းအား ရတနာပုံ ဝဘ်ပေါ်တယ်၏ သတင်းစာမျက်နှာတွင် တင်ဆက်ပြသထားပါသည်။ အဆိုပါသတင်းတွင် မြို့တော်ခန်းမ ဆေးသုတ်သည့် လုပ်ငန်းခွင်တွင် အကာအရံ တပ်ဆင်မထားသောကြောင့် ပတ်ဝန်းကျင်တွင်နေထိုင်သူများ၊ ဈေးဆိုင်ဖွင့်သူများ ကွန်ကရိနှင့် ဆေးမှုန့်များ ပျံ့လွင့်ကာ အခက်အခဲကြုံရကြောင်း သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://news.yatanarpon.com.mm/news/news-16216

ဂဏန်းအကိုင်ခံနေရတဲ့ တောင်သူတွေ

အထက်ပါသတင်းခေါင်းစဉ်ဖြင့် 7DAY NEWS ဂျာနယ်မှသတင်းအား ရတနာပုံ ဝဘ်ပေါ်တယ်၏ သတင်းစာမျက်နှာတွင် တင်ဆက်ထားပါသည်။ အဆိုပါသတင်းတွင် ကျေးလက်နေ တောင်သူများ၊လူထုများ ၏နေ့စဉ်စားဝတ်နေရေး အပေါ်တွင် တစ်လုံးခုခေါ်သော ဘောလုံးပွဲလောင်းကစားမှု၊ နှစ်လုံးဟုခေါ်သော နှစ်လုံးထီ၊ သုံးလုံးဟုခေါ်သော ချဲထီလောင်းကစားမှု ကမည်မျှလွှမ်းမိုးနေပုံ ကိုဖော်ပြထားသည်။ ငွေကြေး ပြေလည်သူများမှာလည်း နှစ်လုံး၊ သုံးလုံးထိုး၍ ဓနအင်အား လျော့ကျလာကာ အိမ်မဲ့ယာမဲ့ ဖြစ်ကြပြီး လက်လုပ်လက်စားများမှာမူ စီးပွားရေး ပိုမိုခက်ခဲလာကြသဖြင့် ဂတိမတည်သူများ၊ ထိုမှ အကျင့်စာရိတ္တ ယိုယွင်းမှုများပင်ရှိလာကြောင်းဖော်ပြထားသည်။

သတင်းအကျယ်သို့
http://news.yatanarpon.com.mm/news/article-16227

တူဖြစ်သူမှ ကြီးဒေါ်အား ဓားဖြင့် ထိုးခဲ့သည့် ရွှေဂုံတိုင် လူသတ်မှု ကြမ်းကြုတ်သော ဂိမ်းကစားခြင်းများ၏ အကျိုးဆက်ပေလော

အထက်ပါသတင်းခေါင်းစဉ်ဖြင့် POPULAR NEWS ဂျာနယ်မှသတင်းအား ရတနာပုံ ဝဘ်ပေါ်တယ်၏ သတင်း စာမျက်နှာတွင် တင်ဆက်ထားပါသည်။ မေလ ၁ ရက်နေ့က ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ်ချင်း ရပ်ကွက်၊ ရွှေဂုန်ရိပ်မွန် အိမ်ယာဝင်းအတွင်း နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးအား ၎င်းနှင့် တစ်အိမ်တည်းတွင် အတူ နေထိုင်သည့် တူဖြစ်သူမှ ငွေအသုံးလိုသည်ဟု ပြောဆိုကာ ငွေကျပ် တစ်သောင်းခွဲ တောင်းခဲ့ရာ အဒေါ်ဖြစ်သူမှ မပေးနိုင်ကြောင်း ပြန်လည်ပြောဆိုရာမှ စကားများကြရာမှ၊တူဖြစ်သူမှအလျား ၆ လက်မခန့်ရှိ သားလှီးဓားဖြင့် ထိုးသတ်သော လူသတ်မှု တစ်မှု ဖြစ်ပွားခဲ့ကြောင်း၊ တရားခံဟု ယူဆရသူမှာ ည ၂ နာရီ ၃ နာရီလောက်အထိ ဂိမ်းကစားလေ့ရှိကြောင်း ၎င်းဆော့သောဂိမ်းများမှာ တိုက်ခိုက် သတ်ဖြတ်သော ဂိမ်းများဖြစ်ပြီး ဂိမ်းများ အဆော့လွန်ပြီး ၎င်းစိတ်ထဲတွင် အသိစိတ်ပျောက်သွားခြင်း ဖြစ်နိုင်ကြောင်းသေဆုံးသူ၏ သမီး၏ပြောပြချက်နှင့်တကွ တရားခံဟု ယူဆရသူ၏ ရဲစခန်းထွက်ဆိုချက်ကိုပါ ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://news.yatanarpon.com.mm/news/news-16147

(၁၈)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သတင်းရယူသည့် မီဒီယာများသို့ အဆင်မပြေမှုများနှင့်ပတ်သက်၍ အင်ဒိုနီးရှား ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး တောင်းပန်

အင်ဒိုနီးရှားနိုင်ငံတွင် မေလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် သတင်းရယူနေသည့် မီဒီယာများသို့ အဆင်မပြေမှုများနှင့် ပတ်သက်၍ အင်ဒိုနီးရှား ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး တီဖာတူလ်ဆမ်ဘီ ရင်းက မတ်လ ၅ ရက်နေ့တွင် တောင်းပန်ခဲ့ကြောင်း ၎င်းအစည်းအဝေးသို့ ဂျာနယ်လစ် ၄၈၆ ဦး တက်ရောက်ကြောင်း သတင်းကို Eleven Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8309:2011-05-07-08-07-44&catid=100:asean-summit&Itemid=114

ပြည်သူများနှင့်အတူ ရထားစီးကာ မြို့ပါတ်ရထားများ၊ လမ်းပိုင်းများ၏ ကြံ့ခိုင်မှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဝန်ကြီး စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ခင် သည် ဧပြီလ ၃ဝ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် ရန်ကုန်ဘူတာကြီးမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲ နေသော မြို့ပါတ်ရထားများနှင့် မြို့ပါတ်ရထား လမ်းပိုင်းများ၏ ကြံ့ခိုင်မှုအခြေအနေကို ပြည်သူများနှင့်အတူ မြို့ပါတ်ရထားစီးကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းကို Eleven Media Group ၏သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8287:2011-05-05-03-32-29&catid=43:2009-11-10-07-39-09&Itemid=111

သမ္မတသစ်သစ် ပိုက်ဆံသစ်သစ်

အထက်ပါခေါင်းစဉ်ဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော ဆောင်းပါးကို Eleven Media Group သတင်းဆိုက်တွင်တင်ဆက်ထားပါသည်။ အဆိုပါဆောင်းပါးတွင် စာရေးသူ၏ နေထိုင်ရာ အနီးအနားရှိ ဂျာနယ်ဆိုင်တွင်ထိုင်နေရာတွင် ကြုံတွေ့ရပုံများ၊ အထူးသဖြင့် ယခုလက်ရှိသုံးစွဲနေသော ငွေစက္ကူအဟောင်းများအကြောင်း ၎င်းတို့၏အန္တရာယ်၊ ယခင်ခေတ်က ငွေစက္ကူများအကြောင်း၊ ငွေကြေးစနစ်၊ သုံးစွဲရခဲ့သည့် အတွေ့အကြုံများ၊ ဂျာနယ်ရောင်းသူ၏ လက်ရှိအစိုးရ အသစ်နှင့် ငွေစက္ကူနှင့် ပတ်သက်၍ မျှော်လင့်ချက်ကို ဖော်ပြသွားပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8282:2011-05-04-18-40-37&catid=78:2009-11-13-06-25-17&Itemid=135

ယုံမှားခြင်းရဲ့တန်ဖိုး

စာရေးဆရာ ဇေဝင်းနောင် မှ နယူးယောက်တိုင်း(မ်)သတင်းစာတွင်ပါရှိသော Roger Cohen ၏The Price of Delusion ကို ကိုးကား၍ ရေးသားထားသော ဆောင်းပါးတွင် ယခုလက်ရှိ လစ်ဗျားနိုင်ငံ၏ ဗိုလ်မှူးကြီး ကဒါဖီအကြောင်းနှင့် ယခုလက်ရှိအခြေအနေများကို ဖော်ပြထားသည်။ ၎င်းဆောင်းပါးကို Eleven Media Group ၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8231:2011-05-02-03-58-13&catid=78:2009-11-13-06-25-17&Itemid=135

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးလာ

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးလာနေပြီး ယခင်က သစ်ထုတ်လုပ်ခြင်းသာ ရှိခဲ့ရာမှ ယခုအခါ တစ်ဖက်နိုင်ငံသို့ သစ်ပင်လိုက်ပြောင်းရွှေ့သည့် သစ်တော ပြောင်းရွှေ့မှုရှိလာကြောင်း မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သည် ယခင်က စိမ်းစိုသော သစ်တောများ ပေါများစွာ တည်ရှိခဲ့သော်လည်း သစ်တောပြုန်းတီးလာမှုကြောင့်မြောက်ပိုင်းစွန်း ဒေသမှလွဲ၍ ရာသီ ဥတုပူနွေးပြောင်းလဲ ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုများပြားသည့် နိုင်ငံများတွင် အပါအဝင်ဖြစ်နေပြီး ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ပြီးပါက နံပါတ်(၄)နေရာတွင် ရှိနေကြောင်း ဖော်ပြထားသည့် သတင်းကို Eleven Media Group ၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8316:2011-05-08-05-16-30&catid=42:2009-11-10-07-36-59&Itemid=112

ဈေးကွက်အတွင်းရှိ လူသုံးကုန်နှင့် စားသောက်ကုန်များတွင် ပြည်တွင်းထုတ် ကုန်စည်များထက် တရုတ်နှင့်ထိုင်း ကုန်စည်များ ဈေးကွက်ဝေစု ပိုမိုရယူလာ

လက်လီလက်ကား ရောင်းဝယ်လျက်ရှိသော ဈေးကွက်အသီးသီးတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ထုတ်လုပ်သော လူသုံးကုန်နှင့် စားသောက်ကုန်များထက် တရုတ် နှင့်ထိုင်းနိုင်ငံ အပါအဝင် ဒေသအတွင်းရှိ နိုင်ငံများ၏ ကုန်စည်များ ဈေးကွက်ဝေစု ပိုမိုရယူလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရကြောင်း၊ လက်ရှိပြည်တွင်း ကုန်စည်ထုတ်လုပ်မှု အခြေအနေ နှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ထိစပ်နေသူများ၊ ပညာရှင်များ၏ပြောစကားများကို Eleven Media Group ၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8310:2011-05-08-03-57-49&catid=99:2011-04-10-07-08-41&Itemid=174

အာဆီယံ ခေါင်းဆောင်များ ၂ဝ၁၄ မြန်မာ ဥက္ကဋ္ဌတာဝန်အတွက် သဘောတူ

မြန်မာနိုင်ငံက တင်ပြထားသည့် ၂ဝ၁၄ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးကို အာဆီယံ ဆယ်နိုင်ငံ ခေါင်းဆောင်များက ကန့်ကွက်ခြင်း မရှိဘဲ သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း အာဆီယံ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနိုက မေလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း သတင်းကို The Voice Weekly ဂျာနယ်၏ ၏သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=1044:2011-05-09-01-49-29&catid=100:news-maker&Itemid=482

စီးပွားရေး နှေးကွေးမှုကြောင့် ရွှေ၊ အမေရိကန် ငွေကြေး အရောင်းအဝယ်များ တစ်ပြိုင်နက် ကျ

အစိုးရသစ် စတင် တာဝန်ယူလာသည်မှာ တစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်း အများစုမှာ နှေးကွေးသော စီးပွားရေး အခြေအနေကို ရင်ဆိုင်နေရသောကြောင့် ရန်ကုန်မြို့တော် အခြေစိုက် ရွှေ၊ အမေရိကန်ဒေါ်လာနှင့် FEC ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ နည်းပါးလျက် ရှိကြောင်း ပြည်တွင်းစီးပွားရေး ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရကြောင်းနှင့် ပြည်ပ ရွှေဈေးကွက်နှင့် ပြည်တွင်းရွှေဈေးကွက် ကို နှိုင်းယှဉ်ဖော်ပြမှုများ၊ ယခုလက်ရှိ အမေရိကန် ငွေကြေး၊ FEC၊ ပို့ကုန်ရငွေ ရောင်းဝယ်မှုများ အခြေအနေကို ဈေးကွက်နှင့် ဆက်စပ်နေသူများ ၏ပြောစကားများကို ဖော်ပြထားသော သတင်းကို The Voice Weekly ဂျာနယ်၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=1037:2011-05-07-04-40-59&catid=102:business&Itemid=484

အခြေခံ လူတန်းစားများ စားဝတ်နေရေး အလုပ်ရုံ ဆွေးနွေးပွဲ အစိုးရသစ် ကျင်းပမည်

ပြည်ထောင်စုအဆင့် ဝန်ကြီးများ ပါဝင် တက်ရောက်မည့် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေးနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို မေလ တတိယပတ် အတွင်း နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားကြောင်း၊ ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ ပညာရှင်များ၊ ဝန်ကြီးဌာန တာဝန်ရှိသူများ (ပုဂ္ဂလိက) အသင်းအဖွဲ့များ တက်ရောက်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် အခြေခံ လူတန်းစားများ၊ လယ်သမားများအတွက် နည်းပညာများ၊ ငွေကြေး ထောက်ပံ့မှုများ၊ မျိုးစေ့များ စသည့် သွင်းအားစုများကို မည်သို့ လုပ်ပေးရန်နှင့် မည်ကဲ့သို့ ပြုလုပ်ပေးပါက ကောင်းမွန်မည် ဆိုသည်တို့ကို အခြားနိုင်ငံများနှင့် နှိုင်းယှဉ် သုံးသပ်၍ ဆွေးနွေး အဖြေရှာမည် ဖြစ်ကြောင်းနှင့် ရရှိသည့် အစီအမံများကိုလည်း ဆက်တိုက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သတင်းကို The Voice Weekly ဂျာနယ်၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=1030:2011-05-07-04-19-11&catid=130:institutional&Itemid=511

လွှတ်တော်အမတ် နှစ်ဦး မြန်မာမီနီ ဆလွန်းကား ဝယ်ယူခွင့် ရရှိ

လျှောက်ထားသူ ဦးရေသောင်းချီ မြင့်မား နေသော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနိုင်သည့် မြန်မာမီနီ ဆလွန်းကားများကို ရန်ကုန်တိုင်း ဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ဝယ်ယူခွင့် ရရှိခဲ့ကြောင်း သတင်းကို The Voice Weekly ဂျာနယ်၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=1031:2011-05-07-04-21-22&catid=100:news-maker&Itemid=482

ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း

စစ်ဆင်ရေးကို တိုက်ရိုက် ကြည့်ရှုနေကြသော အမေရိကန်သမ္မတနှင့် တာဝန်ရှိသူများ၏ ဓာတ်ပုံသည် လူမျိုးရေးအခန်းကဏ္ဍ၊ အမျိုး သမီးများ၏ အခန်းကဏ္ဍနှင့် အမေရိကန်သမ္မတ ဆိုသော ပြယုဂ်တို့နှင့် ပတ်သက်သော နိုင်ငံ၏ သဘောထား ၂၁ ရာစုတွင် မည်သို့ ရှိနေပြီကို ဖော်ပြသည်ဟု သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များက သုံးသပ်သည့် သတင်းကို Eleven Media Group ၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8331:2011-05-08-16-26-38&catid=79:internationalnews&Itemid=156

အကြံပေးအဖွဲ့ဝင် ရဲမှူးကြီးဟောင်း စစ်အေး လူထုအခြေပြု ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ

အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို တွေဆုံရန် လူထုအခြေပြု ကိုယ်စားလှယ် ခေါင်းဆောင် ၁ဝ ဦး ရွေးချယ်ခဲ့ရာတွင် မြန်မာနိုင်ငံ ကိုယ်စားပြု လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် မြန်မာအစိုးရသစ် သမ္မတအကြံပေး အဖွဲ့ဝင် ရဲမှူးကြီးဟောင်း စစ်အေးကို အာဆီယံမှ ရွေးချယ်လိုက်ကြောင်း ရဲမှူးကြီးဟောင်း ဦးစစ်အေးက အတည်ပြု ပြောကြားသည့် သတင်းကို The Voice Weekly ဂျာနယ်၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=1042:2011-05-08-06-01-40&catid=100:news-maker&Itemid=482

လူကြီးသူငယ်နာ

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် Oh! We Burmans ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဆောင်းပါး အား The Waves မဂ္ဂဇင်း အယ်ဒီတာက ဆီလျော်သလို ထုတ်နုတ် ပြန်ဆိုထားပြီး ၂၀၁၁ ခုနှစ် ဧပြီလထုတ်The Waves မဂ္ဂဇင်းတွင် ဖော်ပြထားသည်ကို ပြန်လည် ဖော်ပြထားသော လူကြီးသူငယ်နာ ဆောင်းပါးကို The Voice Weekly ဂျာနယ်၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။ ၎င်းဆောင်းပါးတွင် မြန်မာများ အတွေးအခေါ်လွဲမှားနေပုံ၊ ချွတ်ချော်နေပုံ နှင့် ပြင်ဆင်သင့်သည်များကို ဖော်ပြထားသော အင်မတန်ကောင်းသော ဆောင်းပါးတပုဒ်ဖြစ်သည်။

သတင်းအကျယ်သို့
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=1025%3A2011-05-01-23-54-09&catid=118%3Apolitical-voice&Itemid=473&showall=1

အစိုးရသစ်နှင့် နိုင်ငံသားများ၏ တာဝန်

၁၉၆၂ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၅ဝ နီးပါး ကြာသည်အထိ ဒီမိုကရေစီ ဆိုသော စကားလုံး ဝေါဟာရနှင့် ကင်းကွာနေခဲ့သော မြန်မာနိုင်ငံသည် ယခု အစိုးရအသစ် အကူးအပြောင်းကာလ မတိုင်မီ ၂ နှစ်ခန့်အလိုတွင် ပုဂ္ဂလိက ပုံနှိပ်မီဒီယာများတွင် စတင် မြင်တွေ့လာရကြောင်း၊ အကောင်အထည်ဖော်မည့် ဒီမိုကရေစီ မြန်မာ နိုင်ငံတော်သစ်တွင် နိုင်ငံသူ နိုင်ငံသားများ အားလုံး ဒီမိုကရေစီစနစ်နှင့် ပတ်သက်သည့် သိသင့်သိထိုက်၊ လက်တွေ့ကျင့်ကြံ အားထုတ်သင့် ထိုက်သည်များကို သိရှိ နားလည်ထားကြရန်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့ တစ်ခုတွင် သာမက အစိုးရအဖွဲ့၏ လုပ်ငန်း တာဝန်များကို လက်တွေ့ အကောင်အထည် ဖော်ပေးကြရမည့် ပြည်သူ့ဝန်ထမ်းများ တွင်ရော နိုင်ငံသူ နိုင်ငံသား အားလုံးတွင်ပါ ကိုယ်စီကိုယ်ငှ တာဝန်အသီးသီး ရှိနေပါကြောင်း၊ နိုင်ငံသား တစ်ဦးချင်းစီတွင်လည်း အရာရာကို တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိရန် လိုကြောင်း၊ မိမိတို့ တတ်နိုင်သည့် နေရာမှ လက်တွေ့ကျကျ အကူအညီပေးခြင်း၊ စည်းကမ်းရှိသော နိုင်ငံကြီးသားများအဖြစ် ပြသခြင်းတို့ဖြင့် နိုင်ငံသားတာဝန် ကျေကြစေလိုကြောင်း အထူးမေတ္တာရပ်ခံ လိုပါကြောင်း အစရှိသည့် အယ်ဒီတာအာဘော် ဆောင်းပါးကို The Voice Weekly ဂျာနယ်၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=1040:2011-05-07-08-45-55&catid=101:editorial&Itemid=483

လေပြင်းဒဏ်ကြောင့် ပင်လယ်တွင်း မျောပါပျောက်ဆုံးခဲ့သည့် ရေလုပ်သားများ၏ မိသားစုအချို့မှ လုပ်ငန်းရှင်များထံတွင် လျော်ကြေးတောင်းမှုများ ရှိနေ

၂၀၁၁ ခုနှစ် မတ်လအတွင်းက လေပြင်းများတိုက်ခတ်ပြီး ပင်လယ်တွင်းမျောပါ ပျောက်ဆုံးခဲ့သည့် ရေလုပ်သားများ၏ မိသားစုအချို့က လုပ်ငန်းရှင်များထံတွင် လျော်ကြေးတောင်းဆိုမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိ ရကြောင်း နာဂစ် မုန်တိုင်းအတွင်းတွင် သက်ဆိုင်ရာ ကနေ ရှေ့နေချုပ်ရုံးကို သဘောထား မှတ်ချက်တောင်းတဲ့အခါမှာ ‘ဥပဒေ ပြဋ္ဌာန်းချက်များအရ အလုပ်ကို အကြောင်းပြု၍ ဖြစ်ပွားသည့် ထိခိုက် ဒဏ်ရာရမှု(သို့မဟုတ်) သေဆုံးမှုသည် အဓိကအချက်ဖြစ်သည့် အလျောက် ယခုကိစ္စရပ်တွင် ရေလုပ်သား များသည် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရခြင်းဖြစ်သည့် အတွက် ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေးဥပဒေနှင့် အကျုံးဝင်ခြင်းမရှိ’ လို့ အကြောင်းပြန်လာသဖြင့် ယခုမတ်လ ဖြစ်စဉ်တွင်လည်း သဘာဝဘေးကြောင့် ဖြစ်သွားတဲ့အတွက် လုပ်ငန်းရှင်တွေဆီမှာ တရားဝင်လျော်ကြေး တောင်းခွင့်မရှိကြောင်း သတင်းကို Eleven Media Group ၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8346:2011-05-09-04-07-05&catid=82:2009-11-13-06-14-24&Itemid=157

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ရပ်ကွက်အချို့တွင် မေလ ရ ရက်နေ့က ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့

မန္တလေးမြို့ အပါအဝင် နယ်မြေချင်း ဆက်စပ်လျက် ရှိသော အနီးတစ်ဝိုက် မြို့များတွင် မေလ ၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မေလ ရ ရက်နေ့တွင် ပန်းရံတော်ချောင်းနှင့် ရေဆိုးစွန့် မြောင်းများတွင် ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ချောင်းမြောင်းများနှင့် ဆက်စပ်လျက် ရှိသော ချမ်းမြသာစည်မြို့နယ် အတွင်းရှိ အောင်ပင်လယ် ရပ်ကွက်နှင့် မြရည်နန္ဒာမြို့သစ်ရပ်ကွက် အတွင်းရှိ လူနေအိမ်ခြေများ၊ ထွန်တုံးရပ်ကွက်နှင့် ကံသာယာရပ်ကွက်တို့ ရှိ အနိမ့်ပိုင်းကျသော လူနေအိမ်ခြေ အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းကို Eleven Media Group ၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8342:2011-05-08-18-51-16&catid=44:2009-11-10-07-31-38&Itemid=113

ခေါင်းစဉ် သို့ စာပိုဒ်အား ကူးယူခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်။

17 comments

  • eros

    May 9, 2011 at 2:14 pm

    ဒီတပတ်တော့ ဖတ်လို့ ကောင်းမယ်ထင်တဲ့ ဆောင်းပါးလေးတွေပါ ထည့်ထားတယ်ဗျာ။ အားပေးပါဦး။

  • meelay

    May 10, 2011 at 9:37 am

    ဦးအောင်သိန်းလင်း ငွေကြေးအလွဲသုံးစားမှုဖြင့် မေးမြန်းရန် ဆင့်ခေါ်ခံရ

    ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည် တာဝန် ထမ်းဆောင်ခဲ့စဉ်က ကျပ်သန်း ထောင်ချီကာ ငွေကြေး အလွဲသုံးစားမှုကြောင့် ဧပြီလနှောင်းပိုင်းမှစ၍ စစ်ဆေးမေးမြန်းရန် အာဏာပိုင်များ၏ ဆင့်ခေါ်ခြင်း ခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

    ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ မြို့တော်ဝန်တာဝန် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ငွေကြေးများအား ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့ကြောင်း၊ အလွဲသုံးစားလုပ်ထားသော ငွေကြေးပမာဏမှာ အနည်းဆုံး ကျပ်သန်းပေါင်း ၂ ထောင်ကျော် (အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင်) ရှိကြောင်း အတည်မပြုနိုင်သော သတင်းအရ သိရသည်။

    ထိုငွေကြေးအား မည်သည့်နေရာ၌ သုံးစွဲခဲ့ကြောင်း ရှင်းလင်းပေးရန် လက်ရှိ ရန်ကုန်မြို့တော်ဝန်သစ် ဦးလှမြင့်မှ ခေါ်ယူသော်လည်း လာရောက်ဖြေရှင်းမှု မရှိဟု ရန်ကုန် စည်ပင်သာယာရေး ဝန်ထမ်းတချို့က ပြောသည်။

    လက်ရှိ ရန်ကုန်မြို့တော်ဝန် ရာထူးကို အငြိမ်းစား ဗိုလ်မှူးကြီးဟောင်းနှင့် သံတမန်ဟောင်းတဦးဖြစ်သူ ဦးလှမြင့်က တာဝန်ယူထားသည်။

    လမ်းတံတားဌာနမှ ဝန်ထမ်းတဦးက “သူ မြို့တော်ဝန်ဖြစ်တုန်းက လာဘ်ယူထားတဲ့ မြေကွက်တွေက ရာချီရှိပါတယ်။ တိုက်ခန်းတွေလည်း အများကြီးပါ။ လမ်းခင်းမယ်ဆိုပြီး တင်ထားတဲ့ ဘတ်ဂျက်တွေကလည်း အများကြီးပါ။ သူခင်းသွားတဲ့လမ်းတွေရဲ့ ကုန်ကျစရိတ်က ဘတ်ဂျက်ရဲ့ အနည်းစုပဲရှိတယ်” ဟု ဆိုသည်။

    အထက်ပါ သတင်းများနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းအား ဧရာဝတီက ယနေ့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

    ငွေကြေးအလွဲသုံးစားမှုများနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်း ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းသတင်းနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်း၏ သားမက်တော်စပ်သူ ဗိုလ်ကြီးဟောင်း ဦးကျော်သူစိုးကို ဧရာဝတီက ယနေ့ ဆက်သွယ်မေးမြန်းရာ ထိုသတင်းမှာ မှန်ကန်မှုမရှိဟု ဖြေကြားသည်။

    ဦးအောင်သိန်းလင်းသည် လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဗဟိုအလုပ်မှုဆောင်တဦးနှင့် ရန်ကုန်တိုင်း ပါတီတာဝန်ခံတဦးလည်းဖြစ်သည်။

    ဦးအောင်သိန်းလင်းသည် ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တောင်ဥက္ကလာပမြို့နယ်မှ ဝင်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သော်လည်း တခြားကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အများစုကဲ့သို့ မဲလိမ်၊ မဲခိုးမှုများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။

    ရန်ကုန်မြို့ရှိ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်၊ မြောက်) စသည့် မြို့နယ်များ၏ မြေကွက်အများအပြားကိုလည်း ဦးအောင်သိန်းလင်း ပိုင်ဆိုင်ထားပြီး မန္တလေးတိုင်း၊ သာစည်မြို့နယ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာမှ တည်ဆောက်ထားသော မြို့တော်ဘိလပ်မြေစက်ရုံ စီမံကိန်းမှလည်း ကျပ်ငွေသန်းရာချီကာ အလွဲသုံးစား လုပ်သွားခဲ့ကြောင်းသိရသည်။

    ပြီးခဲ့သည့် မတ်လကုန်တွင် အစိုးရသစ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက် ဦးအောင်သိန်းလင်းသည် မြို့တော်ဝန်ရာထူးအား လက်လွှတ်ခဲ့ရသည်။

    စစ်အစိုးရလက်ထက်တွင် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ ဒေသဆိုင်ရာ အာဏာပိုင်များသည် နိုင်ငံတော် သယံဇာတနှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်မှုများ၊ လာဘ်စားမှုများ၊ အဂတိလိုက်စားမှုများ ပြုလုပ်ခဲ့ကြသည်။

    http://www.irrawaddy.org/bur/index.php/news/6349-2011-05-09-12-39-57

  • meelay

    May 10, 2011 at 9:46 am

    စာရေးဆရာ ဝေမှူးသွင် မူးယစ်မှုဖြင့် ဖမ်းခံရ

    ချင်းမိုင် (မဇိ္ဈမ) ။ ။ မူးယစ်ဆေးဝါးအမှုနှင့် ဆက်စပ်စွပ်စွဲကာ လူငယ်စာရေးဆရာ ဝေမှူးသွင်ကို မူးယစ်အထူးတပ်ဖွဲ့က ရန်ကုန် သင်္ကန်းကျွန်း နေအိမ်မှ မေလ ရ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

    ကျောက်တံတားမှ ၂၈ နှစ်အရွယ် ကိုရဲဇာနည်နှင့် ၄ဝ ကျော်အရွယ် အာရာဖတ် (ခ) ကိုဇော်လင်း ကို WY ခေါ် ရာမစိတ်ကြွဆေး ၉ လုံးနှင့်အတူ ဖမ်းဆီးပြီးနောက် ကွင်းဆက်အရဆိုကာ ဝေမှူးသွင် (ခ) ကောင်းထက်ပါ ဖမ်းဆီးခံရခြင်းဟု ရဲဘက်က ပြောကြောင်း အမည်မဖော်လိုသူ မိတ်ဆွေတဦးက ပြောသည်။

    ကိုရဲဇာနည်နှင့် အာရာဖတ် (ခ) ကိုဇော်လင်းသည် aedefဗီဒီယိုကြော်ငြာ ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သည်။ အားလုံးကို အင်းစိန်ထောင်တွင် ချုပ်ထားသည်ဟု အခြားမိတ်ဆွေတဦးကလည်းပြောသည်။

    မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ပုဒ်မ ၁၅/၅၆ (ဂ) နှင့် အရေးယူထားသည်ဟု ဆိုသည်။

    ၃၃ နှစ်အရွယ် ဝေမှူးသွင်မှာ ကဗျာနှင့် လုံးချင်းဝတ္ထု အုပ်ရေ ၄၅ အုပ်မြောက် ရေးသားပြီးကြောင်း သူ၏ Facebook စာမျက်နှာ၌ ဖော်ပြထားသည်။

    “သူက နိုင်ငံရေးနဲ့ မပတ်သက်ဘူးဗျာ။ သူက ၈၈ မျိုးဆက်လည်း မဟုတ်ဘူး။ နောက်ပြီးတော့ Signature campaign နဲ့လည်း ဘာမှ မပတ်သက်ဘူး။ သတင်းအမှားတွေ တက်ပြီးတော့ ကျနော်တို့ ၈၈ ကျောင်းသားသိက္ခာကျမှာ စိုးလို့နော်” ဟု လက်ရှိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု၌ ဦးဆောင်ပါဝင်နေသူတဦးက ပြောသည်။

    ကိုဝေမှူးသွင် အတွင်းရေးမှူး လုပ်ခဲ့သည့် မြန်မာ့ဒီမိုကရေစီ ကွန်ဂရက်ပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခဲ့သော်လည်း ပါတီဝင် ၁,ဝဝဝ မပြည့်သဖြင့် ဖျက်သိမ်းခံရသည်။

    http://www.mizzimaburmese.com/news/inside-burma/7514-2011-05-09-11-34-16.html

  • meelay

    May 10, 2011 at 9:50 am

    ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို ထုလုပ်ခြင်း

    ချင်းမိုင် (မဇ္ဈိမ) ။ ။ ဤအမေရိကန် အနုပညာသည်အဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အနုပညာ ဈာန်ဝင်စားရာဖြစ်ပြီး ထိုသို့ဖြစ်သည့်အတိုင်းလည်း ရုပ်တုတခုအား ထုလုပ်ခဲ့ကာ ယင်းကို အင်္ဂလန်နိုင်ငံ၏ အထင်ကရ အနုပညာပွဲတော်တခုဖြစ်သော ဘရိုက်တန်ပွဲတော်၌ ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်အဲရစ် ယခုအခါ ပိုင်ဆိုင်ထားသည့် အဆိုပါ ရုပ်တုအား ဝေါဒစ်စနေဝေါလ်ဒ်၏ အနုပညာဒါရိုက်တာနှင့် ဒီဇိုင်းဌာနအကြီးအကဲဖြစ်သူ ဂျင်မက်နားလစ် Jim McNalis က ဖလော်ရီဒါရှိ စတူဒီယိုတွင် ထုလုပ်ခဲ့ခြင်း ဖြစ်သည်။ စတူဒီယိုသို့ ရောက်လာတိုင်း နေ့စဉ်ပင် အဆိုပါရုပ်တုက သူ့ကို နှုတ်ဆက်နေသကဲ့သို့ဖြစ်ပြီး၊ သူ့အလုပ်တွင် ဈာန်ဝင်စားနိုင်အောင်လည်း ကူညီခဲ့သည်ဟု သူက ဆိုသည်။

    ‘‘နေ့စဉ် ဖလော်ရီဒါ စတူဒီယိုထဲကို ဝင်သွားတိုင်း ပထမဆုံး ကြည့်မိတာက ကျနော်သွန်းလောင်းထားတဲ့
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုမူရင်းပါပဲ’’ ဟု ပွဲတော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် သူက ဖော်ပြထားသည်။

    ‘‘သူ့ကိုကြည့်ရတာ ပြူတင်းပေါက်ကတဆင့် ရေပြင်ကို ကျော်ကြည့်နေသလိုပဲ။ လူတဦးတယောက်ရဲ့ လွတ်လပ်မှုကို ငြင်းပယ်ခံရရင် ဒါဟာ လူသားအားလုံးရဲ့ လွတ်လပ်ခွင့်ကိုလည်း ထိခိုက်တာပဲဆိုတဲ့ အကြောင်းလောက် ကြားနေရေးဝါဒကျတာ မရှိတော့ဘူးဆိုတာ ကျနော့်ကို နေ့စဉ် သတိပေးနေပါတယ်’’ ဟု မက်နားလစ်စ်က ပြောသည်။

    ‘‘တယောက်ပေါ်တယောက် တာဝန်ရှိကြတယ်။ ဒီလိုတာဝန်ရှိမှုကို လေးစားရမယ်၊ လက်တွေ့လည်း ဆောင်ရွက်ရမယ် ဆိုတာကိုလည်း သူက ကျနော်တို့ကို သတိပေးနေပါတယ်။ လူသားတွေရဲ့ လွတ်လပ်ရေးနဲ့ ဂုဏ်သိက္ခာအတွက် ဆင်နွှဲနေရတဲ့ စစ်ပွဲဟာ ဘယ်တော့မှ အဆုံးမသတ်ဘူးဆိုတာကိုလည်း သူက ကျနော်တို့ကို သတိပေးနေပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကျနော်တို့မှာ ပိုင်းဖြတ်ချက်ရှိဖို့နဲ့ တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ လိုပါတယ်’’။

    မေလ ရ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၂ဝ၁၁ ခုနှစ် ဘရိုက်တန်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်သည် `ဧည့်ဒါရိုက်တာ´ ဖြစ်သည်။ ပွဲစီစဉ်ကျင်းပသူများက ယခုနှစ် ပွဲတော်၏ အကြောင်းအရာအဖြစ် လွတ်လပ်စွာ ပြောဆိုခွင့်၊ လူ့အခွင့်အရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့်
    ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးချယ်ခဲ့သည်။

    ပွဲတော်တွင် မြန်မာပြည်နှင့်ပတ်သက်သော အကြောင်းအရာ ပြဿနာများကို အနုပညာ ပုံစံအမျိုးမျိုးဖြင့် တင်ဆက်သွားမည်ဖြစ်ကာ `မြန်မာပြည်၏ အနာဂတ်´ ဟူသော ခေါင်းစဉ်ဖြင့် အချေအတင် ဆွေးနွေးပွဲ (စကားရည်လုပွဲ) တရပ်ကိုလည်း ကျင်းပသွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ခွင့်မရမည်ကို စိုးရွံ့ရသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပွဲတော်သို့ မတက်ရောက်နိုင်သော်လည်း အဆိုပါ ဒေါ်အောင်ဆန်းစုကြည်ရုပ်တုက သူ့ဝိဉာဉ်ရှိနေသလို အမှတ်တရ ရှိနေစေမည်ဖြစ်သည်။

    ပန်းပုပညာရှင် မက်နားလစ်စ်သည် ဗီယက်နမ်စစ်ပွဲတွင် Sculpting-Aung-San-Suu-Kyi2အမေရိကန်တပ်ဖွဲ့၌ ပါဝင်စစ်မှုထမ်းခဲ့ပြီး နောင်အခါ သန်းကြွယ်သူဋ္ဌေးကြီး ဟိုးဝပ်ဟူးချ်ထံ၌ ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ဒစ်စနေကာတွန်းကားများ ထုတ်လုပ်ရေးတွင်လည်း ပါဝင်လုပ်ကိုင်ခဲ့သည်။ နောင်တွင် အလွတ်ပညာသည်အဖြစ်သာ လုပ်ကိုင်ခဲ့သည်။ အထင်ကရ ပုဂ္ဂိုလ်များဖြစ်သည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ရိုးလင်းစတုန်း ဂီတအဖွဲ့ဝင်တို့ ပုံတူများကို ထုလုပ်ခဲ့သည်။ ကွယ်လွန်သူ ပြောက်ကျားခေါင်းဆောင် ချေဂွေဗားရား ရုပ်တုကိုမူ နောက်ကျောတွင် ဓားတချောင်း ထိုးထားပုံဖြင့် ထုလုပ်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် ရုပ်တုသည်လည်း လုံးဝ တမူကွဲသည့် ရုပ်တုဖြစ်သည်။ မူရင်းကို ၁၉၉၉ ခုနှစ်တွင် အမေရိကန်မှရသော ရွှံ့စေးနှင့် မြန်မာနိုင်ငံမှ သူယူဆောင်ခဲ့သော မြေသားတို့ကို ပေါင်း၍ စတင်ထုလုပ်ခဲ့ပြီး၊ ထိုမြေသားထဲတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် သူ့အိမ်အနီးမှ ယူဆောင်ခဲ့သော မြေသားလည်း ပါဝင်သည်။ ထို့နောက် အဆိုပါ မူရင်းရုပ်တုကို ဝါရှင်တန်အခြေစိုက် အဝေးရောက် အစိုးရအဖွဲ့ဖြစ်သော အမျိုးသားညွန့်ပေါင်းအစိုးရသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

    ထို့နောက် အဝေးရောက်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်၏ မိသားစုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ သူသည် ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး၊ ဤရုပ်တုအား သူ့အပေါ် အမှတ်တရ ဝတ်ပြုဆုတောင်းသည့် အခမ်းအနားတွင် အသုံးပြုခဲ့သည်။

    မက်နဲလစ်စ်သည် ဒုတိယပုံတူမူပွားကို ထပ်မံသွန်းလုပ်ခဲ့ပြီး၊ ယင်းသည် ယခုအခါ ဝါရှင်တန်ရှိ အဝေးရောက် ညွန့်ပေါင်းအစိုးရရုံး ဌာနချုပ်တွင် ထားရှိသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ယောင်းမနှင့် မိုက်ကယ်အဲရစ်၏ နှမဖြစ်သူ လူဆင်ဒါဖိလစ် Lucinda Phillips က ဒေါ်အောင်ဆန်းစုကြည်ကို ဘရိုက်တန်မြို့၏ ဂုဏ်ထူးဆောင် မြို့တော်သူအဖြစ် ချီးမြှင့်ပေးအပ်မည့် မေလ ၁ရ ရက်နေ့တွင် ကျင်းပမည့် အခမ်းအနားတွင် ပွဲတော်ဗဟိုဌာနသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

    ‘‘ဘရိုက်တန်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ဒါရိုက်တာအဖြစ် သတ်မှတ်ဂုဏ်ပြုတာ၊ ဘရိုက်တန်မြို့ရဲ့ ဂုဏ်ထူးဆောင် မြို့တော်သူအဖြစ် အပ်နှင်းဂုဏ်ပြုမှာတွေဟာ တကယ့်ကို ဝမ်းမြောက်ဖွယ် ကိစ္စကြီးပါပဲ’’ ဟု ရုပ်တုကို ပွဲတော်သို့ ငှားရမ်းထားမည့်အကြောင်း အသိပေးသည့်စာတွင် ဖိလစ်က မက်နဲလစ်စ်ကို ပြောကြားခဲ့သည်။ သူနှင့် သူ့ခင်ပွန်းသည် မကြာသေးခင်က ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်လည်ပတ်ခဲ့သေးသည်။

    ဤရုပ်တုပုံပါသည့် ပို့စကတ်များနှင့် ဓာတ်ပုံမိတ္တူများသည် မြန်မာနိုင်ငံတွင် အကြီးအကျယ် ပျံ့နှံနေပြီး မက်နဲလစ်စ်သည် အခြားထင်ရှားသည့် မြန်မာ့ခေါင်းဆောင်များကိုလည်း အလားတူ ရုပ်တုများ ထုလုပ်ခဲ့သည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၊
    ဒေါ်အောင်ဆန်းစုကြည် အားကိုးရသော လက်ရုံးတဦးဖြစ်ပြီး၊ ယခုအခါ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကွယ်လွန်သူ ကရင်စစ်ရေးခေါင်းဆောင် ဗိုလ်ချုပ်မြ၊ မန္တလေးမှ နှုတ်ခမ်းမွှေးညီအကိုတို့ ပါဝင်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပုံကိုမူ ဟင်းခုတ်ဓားမကြီးအား နောက်ကျောတွင် ဝှက်ထားသည့် မကောင်းဆိုးဝါးနှင့် ဝက်ပုံကို ပူးပေါင်းထုလုပ်ထားသည်။

    မြန်မာနိုင်ငံတွင် အလွယ်တကူ ပုံတူပွားနိုင်ရန်အတွက် နှုတ်ခမ်းမွှေးညီအကို၏ ပုံတူ ရာဘာမိုများကို မက်နဲလစ်စ်သည် နိုင်ငံတွင်းသို့ တိတ်တဆိတ် ခိုးသွင်းခဲ့သည်။ ယခုအခါ နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များကို ကူညီခဲ့သည့်အတွက် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသော လူရွှင်တော် ဇာဂနာရုပ်တုအား ထုလုပ်နေသည်။

    ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့် ၁၉၉၈ ခုနှစ်ကတည်းက မက်နဲလစ်စ်သည်
    ဒေါ်အောင်ဆန်းစုကြည်၏ ဖမ်းစားမှုကို ခံခဲ့ရသည်။ တိုင်းပြည်တွင်း သူသွားရောက်ခဲ့သည့် နေရာတိုင်းတွင်
    ဒေသခံလူများနှင့် စကားပြောတိုင်း သူမ၏ အမည်ကို ကြားခဲ့ရသည်။

    ‘‘သူ့အကြောင်း ပြောနေတုန်း လူတွေ ပြောင်းလဲသွားတာ တကယ့်ကို ထူးခြားပါတယ်’’ ဟု သူက ပြောသည်။

    မျက်လုံးများ အရောင်တောက်လာပြီး လူတွေကလည်း အသက်ဝင်လာသည်။ ပြောရင်း အားတက်လာပြီး
    ဒေါ်အောင်ဆန်းစုကြည်အပေါ် မြတ်နိုးအားကိုး စိတ်များကိုလည်း တွေ့ခဲ့ရသည်ဟု သူက ပြောသည်။ အမျိုးသမီးတဦးကမူ ဒေါ်အောင်ဆန်းစုကြည်သည် ‘‘အမှောင်တွင်းမှ တောက်ပသည့် ကြယ်တပွင့်’’ ပင် ဖြစ်ပါသည်ဟု တင်စားပြောဆိုခဲ့သည်။

    သူတို့ တိုက်ပွဲဝင်နေရသည်မှာ အထီးတည်းမဟုတ်တော့ဟု ပထမဆုံးအကြိမ် ခံစားခဲ့ရကြောင်း အချို့က ပြောကြားခဲ့ကြသည်။ သူတို့အခြေအနေများကို နားလည်သိရှိနေခြင်းနှင့် သူတို့အနာဂတ်အပေါ် သူ၏ ရိုးရိုးသားသား စာနာပူပန်မှုကြောင့်လည်း လူထုက အားတက်ကြရသည်။

    ‘‘သူရဲ့ ဒီမိုကရေစီတိုက်ပွဲအပေါ် စိတ်နှစ်ထားပုံဟာ ရိုးသားမှု အပြည့်ရှိတယ်ဆိုတာ၊ လုံးဝ ပြည့်စုံတယ်ဆိုတာကို သူတို့ ယုံကြတယ်။ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲ အောင်မြင်ရေးအတွက် သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စွန့်လွှတ်ထားတာကိုလည်း သူတို့ သိပ်စိတ်ထိခိုက်ကြတယ်။ သူဟာ ကျနော်တို့ ယုံကြည်လို့ရတဲ့ တယောက်ထဲသော ပုဂ္ဂိုလ်ပါလို့ လူတွေ မကြာခဏ ပြောကြတာကိုလည်း ကျနော် ကြားခဲ့ရပါတယ်’’ ဟု သူက ပြောသည်။

    ဖလော်ရီဒါသို့ ပြန်ရောက်သည်နှင့် ရုပ်တုထုလုပ်ခြင်းလုပ်ငန်းကို ချက်ချင်း စတင်ခဲ့ကြောင်း သူက ပြောသည်။

    ‘‘ကျနော့်ရင်ထဲမှာ စိတ်ဓာတ်တက်ကြွမှုတွေ၊ ပုံရိပ်တွေ၊ မြန်မာပြည်သူတွေရဲ့ ဝိဉာဉ်တွေ တက်ကြွပြင်းထန်နေတုန်း ထုလုပ်ခဲ့တာ ဖြစ်ပါတယ်’’ ဟု သူက ဆိုသည်။

    သူ၏ ယခုရည်မှန်းတမ်းတမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်တုအား သူမ ၁၉၆ဝ စုနှစ်များ နှောင်းပိုင်းတွင် ပညာသင်ကြားခဲ့သော ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ် စိန့်ဟူးချ် ကောလိပ်၌ ပြသထားရေးပင် ဖြစ်သည်ဟုလည်း သူက ပြောသည်။

    http://www.mizzimaburmese.com/news/regional/7520-2011-05-10-05-12-38.html

  • eros

    May 10, 2011 at 1:09 pm

    GTALK မှာ SLIDESHOW နဲ့ ပုံတွေကို ပေါ်အောင်လုပ်နည်း

    အထက်ပါခေါင်းစဉ်ဖြင့် ဂျီတော့လ်ခ် မှ မိမိ၏ icon ပုံကို slide show ပုံစံ ပြောင်းလဲနိုင်မည့် နည်းပညာသတင်းကို ရတနာပုံ သတင်းဆိုက်တွင်ဖော်ပြထားပါသည်။

    http://news.yatanarpon.com.mm/news/news-16544

  • eros

    May 10, 2011 at 1:36 pm

    ရောသမခံလိုက်ရတဲ့ သားစိုးရဲ့ဂျစ်ကားလေး

    အထက်ပါခေါင်းစဉ်ဖြင့် အဆိုတော် သားစိုးပိုင် ဂျစ်ကား (၈ခ/၈၉၉၈) ကို အမှတ် ၂၃၂(ပါရမီ)ကား၊ နံပါတ် ၂(ဂ)၈၇၅၁ မှ ပြိုင်မောင်းလာရင်း ဝင်တိုက်သွား သည့် သတင်းကို လျှပ်တပြက် ဂျာနယ် သတင်းဆိုက်တွင် ဖော်ပြထားပါသည်။ အချင်းဖြစ်ပွားချိန်မှာ မနက် ရ နာရီခန့်တွင်ဖြစ်ပြီး ကားမှာ သားစိုး၏ ကုမ္ပဏီရှေ့တွင် ရပ်နားထားခြင်းဖြစ်ကြောင်း၊ ပါရမီယာဉ်လိုင်းက တာဝန်ရှိတဲ့ ကြီးကြပ်ရေးမှူး တစ်ယောက်က အဆင်မပြေသည့် နည်းလမ်းနှင့် ယာဉ်တိုက်မှု အတွက်လာရောက် ညှိနှိုင်းသောကြောင့် အမှုမဖွင့်ချင်ဘဲနဲ့ (၂၃၊၄၊၂ဝ၁၁)ရက်၊ ညနေ(၄)နာရီခွဲက လမ်းမတော်မြို့နယ်ရဲစခန်းမှာ(ပ)၇၄/၁၁၊ပုဒ်မ(၂၇၉)နဲ့အမှုဖွင့်ခဲ့ကြောင်ဖော်ပြထားပါသည်။

    http://snapshot-news.com/index.php?option=com_content&view=article&id=8279::2009-05-18-20-59-55&catid=8279::entertainment&Itemid=8279:

  • bigcat

    May 11, 2011 at 11:59 pm

    ကျမကိုုယ်တိုုင်က အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ကိုု မဲပေးပါတယ်
    ဖြူဖြူသင်းနဲ့ မိုုးမခအင်တာဗျူး
    မေ ၁၁၊ ၂၀၁၁
    မေလ ၁၅ ရက်နေ့မှာ ဒုုတိယအကြိမ်မြောက် ၂၀၁၁ ခုုနှစ် ပြည်သူ့ဂုုဏ်ရည်ဆုု ချီးမြှင့်မှာ ဖြစ်တယ်။ အင်တာနက်ကတဆင့် အများပြည်သူထံက အင်တာနက်မဲဆန္ဒကိုု ခံယူနေတယ်။ ပထမနှစ်ကထက် ပိုုပြီး အင်တာနက်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုု ဒီနှစ်ပြည်သူ့ဂုုဏ်ရည်ဆုုပေးပွဲက ရရှိနေပါတယ်။

    အချိူ့က နိုုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူ ရဟန်းသံဃာတွေကိုု ထောင်ဝင်စာ ဆောင်ရွက်နေသူ ဒေါ်ရှုကိုု မဲပေးဖိုု့ ဆော်ဩမှုတွေ ပြုလုုပ်နေကြသလိုု၊ အင်န်အယ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့ကိုု မဲပေးကြဖိုု့ တုိုက်တွန်းမှုတွေ မိတ်ဆွေတွေ အချင်ချင်း ပြုလုုပ်နေကြပါတယ်။ အင်န်အယ်ဒီရဲ့ လူမှုရေးအဖွဲ့တခုု ဖြစ်တဲ့ အိပ်ချ်အိုုင်ဗီလူနာများ စောင့်ရှောက်ရေးဂေဟာ တာဝန်ယူနေသူ မဖြူဖြူသင်းကိုုလည်း မဲပေးကြရန် ပြောဆိုုမှုတွေအပြင် ၂၀၀၈ ကတည်းက အကျဉ်းကျနေသူ ကိုုဇာဂနာ နဲ့ ရှေ့နေကိုုဖိုုးဖြူကိုု မဲဆန္ဒပေးကြရန် ပရိသတ်အသီးသီးက မိမိ အစုုအဖွဲ့နဲ့ စည်းရုုံးမှုတွေ တိုိုက်တွန်းမှုတွေ ပြုလုုပ်နေကြတာကိုု တွေ့မြင်ရတာက သည်နှစ်ရဲ့ ထူးခြားမှု ဖြစ်ပါတယ်။
    မိုုးမခက မဖြူဖြူသင်းနဲ့ အင်တာဗျူး ပြုလုုပ်နေစဉ်အတွင်း ယခုုနှစ်အတွင်း အင်န်အယ်ဒီပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြည်သူ့ဂုုဏ်ရည် ၂၀၁၁ ဆန်ခါတင်စာရင်းထဲ ဝင်လာတဲ့အကြောင်းကိုု ပြောဖြစ်ပါတယ်။ မဖြူဖြူသင်းကိုုယ်တိုုင်သာ မဲဆန္ဒရှင်တဦး ဖြစ်ခဲ့မယ် ဆိုုရင် ဘယ်သူတွေကိုုများ မဲပေးမလဲ ဆိုုတာကိုု မိုုးမခက မေးမြန်းဖြစ်ပါတယ်။
    မဖြူဖြူသင်းက မဆိုုင်းမတွပဲ
    “ကျမကိုုယ်တိုုင်က အင်န်အယ်ဒီရဲ့ လူမှုထောက်ကူအဖွဲ့ကိုု မဲပေးပါတယ်”
    လိုု့ ဖြေကြားလိုုက်ပါတယ်။
    မဖြူဖြူသင်းက ဆက်လက် ဖြေကြားရာမှာ …
    “လူမှုထောက်ကူဟာ တနိုင်ငံလုံးရဲ့အနှံအပြားမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုုတွေ၊ ရင်သွေးတွေအတွက် အားကိုးရာဖြစ်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ အဖွဲ့စည်းဖြစ်တယ်။ လက်ရှိလည်း ဦးတင်ဦးလို ခေါင်းဆောင်တွေ ကိုုယ်တိုင် ဦးဆောင်နေတာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း အဲသည်မှာ အဖွဲ့ချူပ် အဖွဲ့ဝင်တွေနဲ့ မိတ်ဆွေတွေ အားလုုံး ဝိုုင်းဝန်းပြီး ဆောင်ရွက်နေကြတာ ဖြစ်တာကြောင့် ဒီအဖွဲ့ကိုု ရွေးချယ်တယ်ဆိုုတာဟာ ပုုဂ္ဂလဓိဋ္ဌာန် သက်သက်မဟုုတ်ပါဘူး ဆိုတာလည်း သိစေချင်ပါတယ်။”
    လိုု့ အကျယ်တဝင့် ပြောကြားလိုုက်ပါတယ်။
    လက်ရှိမှာလည်း တောင်ဒဂုုန်မြို့နယ်မှာ အိပ်ချ်အိုုင်ဗီ အေအိုုင်ဒီအက်စ် ဝေဒနာရှင်တွေကိုု လက်ခံကုုသ စောင့်ရှောက်မှုတွေ ပြုလုုပ်နေတဲ့ ဂေဟာကိုု ဆောင်ရွက်နေသူတဦးအနေနဲ့ မြန်မာပြည်ရဲ့ နိုုင်ငံရေး အကျဉ်းသားများနဲ့ မိသားစုုတွေ ရင်ဆိုုင်နေရတဲ့ အရေးအခင်းတွေကိုု ဘယ်လိုုမျိူး ထုုတ်ဖော်ပြောဆိုုချင်သလဲလိုု့ မေးမြန်းတဲ့အခါ မဖြူဖြူသင်းက အခုုလိုု ဖြေကြားလိုုက်ပါတယ်။
    “ခုခံအားကျဆင်းသူတွေကလည်း သနားစရာကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားများရှိနေတယ် ဆိုတာကို နေ့စဉ်မပြတ် မီးမောင်းထိုးပြနေတဲ့ လူမှုအထောက်အကူအဖွဲ့ကြောင့် ဗမာပြည်မှာ လူ့အခွင့်ရေးတွေ ဘယ်လောက်ချိုးဖောက်ခံနေရတယ်၊ ဘယ်လိုု ကြံကြံခံပြီး လက်တွဲရင်ဆိုုင်နေကြရတယ် ဆိုတာကိုု ကမ္ဘာက အမြဲသိရှိနေတာ ဖြစ်ပါတယ်”
    လိုု့ ဖြေကြားလိုုက်ပါတယ်။
    “နိုုင်ငံရေးနဲ့ ယုုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူများအတွက်၊ သူတိုု့မိသားစုတွေကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာလည်း အကူအညီတွေ ပေးအပ်နေနိင်တာတွေ ပေါင်းစပ်ပြီးတော့ လူမှုရေးရှုထောင့်ကကြည့်ရင် အင်မတန်မှ အကျိုးများတာကြောင့် အင်န်အယ်ဒီရဲ့ လူမှုထောက်ကူအဖွဲ့ ကို မဲပေးရခြင်း ဖြစ်ပါတယ် …”
    လိုု့ ရှင်းပြသွားပါတယ်။
    မဖြူဖြူသင်းရဲ့ သူလက်ရှိ ဆောင်ရွက်နေတဲ့ အိပ်ချ်အိုုင်ဗီ အေအိုုင်ဒီအက်စ် လူနာများ စောင့်ရှောက်ကုုသရေးနဲ့ ပြန်လည်ထူထောင်ရေး အလုုပ်များအကြောင်းကိုု ဆက်လက်မေးမြန်းထားတာတွေကိုု ဆက်လက်တင်ပြပါမယ်။
    http://moemaka.com/index.php?option=com_content&task=view&id=8838&Itemid=1

  • meelay

    May 12, 2011 at 4:44 am

    အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးနိုင်

    နိုင်ငံတော်နှင့် အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးသားနိုင်ပြီး သတင်းစိစစ်ရေးက အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောဆိုလိုက်သည်။

    ယမန်နေ့ညနေက ပြည်လမ်းပေါ်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မီဒီယာများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောဆိုခြင်း ဖြစ်သည်။

    “လွတ်လပ်စွာ ရေးသားခွင့် ပြောဆိုခွင့်ဆိုတာက နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်စရာမပါရင် ဘာမှ လွတ်လွတ်လပ်လပ် မရေးနိုင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ထိခိုက်မယ့် အကြောင်းအရာတွေကတော့ လုပ်ခွင့်မရှိသလို သတင်းလည်း ထုတ်ပြန်ခွင့်မရှိပါဘူး။ အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာ သတင်းစိစစ်ရေးဘက်က ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးဉာဏ်ထွန်းဦးက ဆိုသည်။

    ယင်းတွေ့ဆုံပွဲသို့ ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ နှစ်ဦးသာ လာရောက်ပြီး စာနယ်ဇင်းသမားများ မျှော်လင့်ထားသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခြင်း မရှိခဲ့ပေ။

    “ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်မယ်လို့ အားလုံးက မျှော်မှန်းနေကြတာ။ ဝန်ကြီး ဦးဉာဏ်ထွန်းဦး တက်ရောက်လာတော့ ဘယ်သူလဲလို့ အချင်းချင်း လက်တို့ မေးကြရတယ်” ဟု အယ်ဒီတာတဦးက ပြောသည်။

    အခမ်းအနားစသည်နှင့် ဦးဉာဏ်ထွန်းဦးက ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများ ပိတ်ဆို့မှု၊ စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်မှု၊ ပလတ်စတစ် အန္တရာယ်၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု၊ ယခုလပိုင်းများအတွင်း လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိနေမှု၊ ရပ်ကွက်လူထုမှ လိုလားသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်နိုင်ခြင်းတို့ကို ပြောဆိုသွားကြောင်း သိရသည်။

    ထို့နောက် ဦးဉာဏ်ထွန်းဦးက မေးခွန်းများ မေးမြန်းရန် စာနယ်ဇင်းသမားများကို စာရင်းဖြင့် ခေါ်ဆိုသော်လည်း ဦးဉာဏ်ထွန်းဦး၏ လက်ခံစာရင်းပါ စာနယ်ဇင်းသမား တဦးမျှ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိကြောင်း၊ ထိုအခါမှ ဦးဉာဏ်ထွန်းဦးက တက်ရောက်လာသူများထဲမှ တချို့ကို မေးမြန်းခွင့် ပြုကြောင်း သိရသည်။

    လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က သတင်းထောက်များ မေးမြန်းသည့် မေးခွန်းတိုင်းကို ဝန်ကြီး ဦးဉာဏ်ထွန်းဦးအနေဖြင့် ဖြေဆိုမည်လားဟု မေးမြန်းရာ Cross (တန်ပြန်) မေးခွန်း၊ အရောင်ပါသော မေးခွန်းများ မေးပါက အခမ်းအနား ရုပ်သိမ်းမည် ဖြစ်ကြောင်း၊ အစိုးရကို မထိခိုက်လျှင် ရေသားခွင့်ရှိသဖြင့် ဖြေကြားမည်ဖြစ်ကြောင်း ဦးဉာဏ်ထွန်းက ပြောသည်။

    လာဘ်ပေးလာဘ်ယူကိစ္စနှင့် ပတ်သက်၍ သတင်းထောက်တဦး၏ မေးမြန်းချက်ကို ဦးဉာဏ်ထွန်းဦးက လာဘ်ပေးလာဘ်ယူကိစ္စများကို ချက်ချင်း အရေးမယူနိုင်သေးကြောင်း၊ အရေးယူမှုများ လုပ်လျှင် လုပ်ငန်းကျွမ်းကျင်သူမရှိဖြစ်မည်စိုး၍ သတိပေးထားကြောင်း၊ သတိပေး၍ မရလျှင် ဝန်ထမ်းအစားထိုးနိုင်ရန် စီမံနေကြောင်း ဖြေကြားသွားသည်။

    ပြည်သူလူထုက အစိုးရကို အယုံအကြည်မရှိ ခံစားရသည့်အဖြစ်ကို မနှစ်မြို့ကြောင်း၊ အထက်လူကြီးများက ပို၍ မနှစ်မြို့ကြောင်းလည်း ဦးဉာဏ်ထွန်းဦးက ပြောသည်။

    7 Day News ဂျာနယ်မှ အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ကမ်းနားလမ်းသစ်ဖောက်လုပ်ရာတွင် ဖျက်သိမ်းခံရသော အိမ်များအတွက် လျော်ကြေး ပေးခြင်း ရှိမရှိ မေးရာ အစိုးရအဖွဲ့က အားလုံးကို နစ်နာကြေးပေးကြောင်း၊ နစ်နာကြေးလိုချင်သဖြင့် တဲလာထိုးသူများကိုမှု မပေးကြောင်း ဦးဉာဏ်ထွန်းဦးက ဖြေကြားသည်။

    အပတ်စဉ် အင်္ဂါနေ့တိုင်း မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တခြား ဝန်ကြီးဌာနများသို့ ဆက်သွယ် ဖြေကြားရမည် ဖြစ်သဖြင့် အင်္ဂါနေ့ မတိုင်မီ မေးလိုသည့် မေးခွန်းများ ကြိုတင် ပေးပို့ရန်နှင့် အဆင်မပြေသော ရက်များတွင် တွေ့ဆုံမှုကို ရက်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။

    အစိုးရဌာနအလိုက် ကိုယ်စားပြု ဖြေကြားခြင်း မဟုတ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စာနယ်ဇင်း တွေ့ဆုံမှုသည် ဖရိုဖရဲနိုင်သည်ဟု တက်ရောက်သည့် သတင်းထောက်တဦးက ပြောသည်။

    ညနေ ၅ နာရီ ၁၅ မိနစ်မှ ၆ နာရီခွဲအထိ ကျင်းပသော အဆိုပါ တွေ့ဆုံပွဲသို့ ဂျာနယ် ၁ဝ စောင်မှ စာနယ်ဇင်းသမား ၃ဝ ကျော် တက်ရောက်ခဲ့သည်။

    http://www.irrawaddy.org/bur/index.php/news/6366-2011-05-11-10-59-38

  • Shwe Tike Soe

    May 12, 2011 at 10:07 am

    မြန်မာနိုင်ငံတွင် မုန်တိုင်းပြရေဒါ မရှိသေးသည့် အတွက် တပ်ဆင်နိုင်ရန် လိုအပ်နေ

    မြန်မာနိုင်ငံတွင ်မုန်တိုင်းပြရေဒါ တပ်ဆင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

    မြန်မာ့ကမ်းရိုးတန်းသည် မိုင် ပေါင်း ၁၂၀ဝ ဝန်းကျင်ရှည်လျားပြီး ကမ်းရိုးတန်းဒေသများအနက် ဧရာ ဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတို့ပါဝင်သည့် မြစ်ဝကျွန်း ပေါ်ဒေသ၊ ရခိုင်ပြည်နယ်ပါဝင်သည့် ရခိုင်ကမ်းရိုးတန်းဒေသတို့မှာမုန်တိုင်း ဝင်ရောက်ခဲ့ဖူးသော အစဉ်အလာရှိ သည့်ဒေသတို့ဖြစ်သည်။

    http://mtalk.net.mm/index.php?option=com_content&view=article&id=10325:2011-05-12-08-28-46&catid=10:2009-07-24-20-51-31&Itemid=3

  • meelay

    May 12, 2011 at 11:44 am

    
    အင်တာနက် အနမ်းစက် ဂျပန်တီထွင်

    မိုင်ပေါင်းများစွာ ဝေးကွာနေသည့် ချစ်သူချင်း အင်တာနက်ချိတ်ဆက် နမ်းနိုင်မည့် စက်တစ်မျိုးကို ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။

    ကိရိယာငယ်မှ ပလတ်စတစ်ပိုက် အသွင်ရှိသော အတံငယ်ကလေးကို လျှာပေါ်တင်ပြီး လူလူချင်း တကယ်နမ်းသလို ပြုမူခြင်းဖြင့် ယင်းစက်ငယ်က လှုပ်ရှားမှုများကို မှတ်တမ်းတင်လိုက်ပြီး အခြား တစ်ဖက်ရှိ စက်သို့ ပေးပို့မည် ဖြစ်သည်။

    ဒုတိယစက်တွင်ရှိသော အတံကလေးသည် ပထမစက်တွင် တစ်ဦးက နမ်းထားသည့် လှုပ်ရှားမှုအတိုင်း လှုပ်ရှားနေမည် ဖြစ်ပြီး အခြားတစ်ဘက်မှသူက ယင်းအနမ်းကို ခံစားနိုင်မည် ဖြစ်သည်။

    ယင်းအင်တာနက် အနမ်းကို သိမ်းဆည်းထားပြီး မိမိ အလိုရှိသည့် အချိန်တွင် မိမိဘက်မှရှိသည့် စက်ငယ်မှတစ်ဆင့် ပြန်လည်ခံစားခြင်းလည်း ပြုနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

    နိုဘီဟီရုတာကာရှီဆိုသူ ဂျပန် ပညာရှင်က ယင်းကိရိယာကို နာမည်ကျော် အနုပညာရှင်က ပရိသတ်များ အတွက် အနမ်းတစ်ချက် လက်ဆောင်ပေးပြီး အားလုံးခံစားနိုင်စေရန် မှတ်တမ်းတင်ထားရာတွင်လည်း သုံးနိုင်မည်ဟုဆိုခဲ့ပြီး အနမ်းစစ်စစ်နှင့်မူ မတူနိုင်သေးကြောင်း ဝန်ခံခဲ့သည်။

    http://www.news-eleven.com/index.php?option=com_content&view=article&id=8317:2011-05-08-05-28-06&catid=76:miscellanous&Itemid=145

  • eros

    May 12, 2011 at 1:48 pm

    ရာသီဥတုဆိုးရွားမှုကြောင့် မြန်မာ့လေကြောင်း စစ်တွေမှ ပြန်လှည့်ခဲ့ရ

    စစ်တွေမြို့၏ ဆိုးရွား သောရာသီဥတုကြောင့် ရန်ကုန်၊ စစ်တွေ ပြေးဆွဲသော လေယာဉ်မှာ ဧပြီ ၂ရရက်က စစ်တွေလေဆိပ်သို့ မဆင်းသက်နိုင်ခဲ့ကြောင်း Yangon Media Group သတင်းဆိုက်တွင် ဖော်ပြထားသည်။

    http://www.theyangontimes.com/

    ရန်ကုန်-စစ်တွေ လေယာဉ်ဘီးစနစ် ချွတ်ယွင်း၍ ရန်ကုန်လေဆိပ် ပြန်ဆင်းသက်ခဲ့ရ

    မေလ ၅ ရက်နေ့တွင် မြန်မာ့ လေကြောင်းပိုင် လေယာဉ်တစ်စင်း ရန်ကုန်-စစ်တွေ ခရီးစဉ်အတွင်း လေယာဉ်ဘီး အတင်အချ ဟိုက်ဒရောလစ်စနစ် ချွတ်ယွင်း၍ ရန်ကုန် လေဆိပ်သို့ ပြန်လည် ဆင်းသက်လိုက်ရကြောင်း ရန်ကုန်တိုင်း(မ်)၏သတင်းကို ရတနာပုံ သတင်းဆိုက်တွင် တင်ဆက်ထားပါသည်။

    http://news.yatanarpon.com.mm/news/news-17365

  • eros

    May 12, 2011 at 2:05 pm

    အမေရိကန်က အမျိုးသမီးသတင်းထောက် အီဂျစ်တွင် အကြမ်းဖက် လိင်စော်ကားမှုပြုခံရ

    အဆိုပါသတင်းကို Yangon Media Group ၏ World and Asia ခေါင်းစဉ်အောက်တွင် ဖတ်ရှုနိုင်ပါသည်။

    http://www.theyangontimes.com/

  • char too lan

    May 14, 2011 at 8:12 am

    Thu Ra Myo 9:29am May 14
    မေ ၁၄။ မုဒုံ
    ဒီနေ့မနက် ၆နာရီ၁၅ခန့်က မုဒုံမြို့မိုဘိုင်းဖုန်းစက်သွယ်ရေးရုံးကိုအမည်မသိသေနတ်သမားများဝင်စီးပြီးမိုင်းခွဲလိုက်ကြပါတယ်

    အပြန်အလှန်ပစ်ခတ် မှုများအတန်ကြာဖြစ်ပွားခဲ့ပြီးနောက်မှာ ချိန်ကိုက်မိုင်းဝင်ကပ်သွားတာလို့သိရပါတယ်။

    ပစ်ခတ်မှုများကြောင့် အစောင့်ရဲတပ်ဖွဲ့ဝင်စာကလေး(အမည်ရင်းစုံစမ်းဆဲ)သေဆုံးပြီး ၂ဦးဒါဏ်ရာရှိခဲ့ပါတယ်။

    ချိန်ကိုက်မိုင်းကြောင့် အဆိုပါဆက်သွယ်ရေးအဆောက်အအုံ အပေါ်ထပ်တာဝါဘက်ဘေးဘက်ခြမ်းအနောက်ခြမ်းပွင့်ထွက်ခဲ့ပြီး ရှေ့မျက်နှာစာ မှန်များကွဲကြေပျက်စီးခဲ့သည့်အပြင် အတွင်းမှမိုင်းထောင်ခဲ့ခြင်းကြောင့် ဆက်သွယ်ရေးအိပ်ချိန်းစက်များပျက်စီးခဲ့ပါတယ်။

    သေနတ်သမားများဟာ ယာဉ်မောင်း ဆန်းဦးမောင်းနှင်လာသောမုဒုံမော်လမြိုင် လိုင်းကား ည/၄၄၀၈ ကိုခရိးသည်များဆင်းခိုင်းပြီး ဝင်ရောက်လာခဲ့တာလို့သိရပါတယ်။ဒါ့အပြင် အရပ်သတင်းများက သူတို့ဟာ ကမာဝက် ဘက်မှာလည်းဝင်ပစ်ခဲ့တယ်လို့ဆိုပါတယ်။သူတို့ဟာမုဒုံမြို့ဆက်သွယ်ရေးရုံးခြံတခါးဝကိုကားဖြင့်တိုက်ဝင်ရောက်ခဲ့ပြီး ကွန်မန်ဒိုဆန်ဆန်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

    အဆိုပါသေနတ်သမားများဟာပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် မွန်လက်နက်ကိုင်များရှိတဲ့ဘက်ကိုတက်သွားခဲ့တယ်လို့ဆိုကြပါတယ်။

    အဆိုပါတိုက်ခိုက်ခဲ့မှုကြောင့် မုဒုံမြို့နဲ့အနီးတစ်ဝှိက်မှာ cdmaကမ်းရိုးတမ်းဆက်သွယ်မှုများပြတ်တောက်သွားခဲ့ပေမယ့် လိုင်ဖုန်းများကတော့ဆက်လို့ရနေဆဲ့ပါ။

    View Post on Facebook · Edit Email Settings · Reply to this email to add a comment.

  • intro

    May 14, 2011 at 12:53 pm

    တယ်စုံတဲ့ မီဒီယာပါလား၊ အဆင်ပြေလိုက်တာဗျာ… တစ်ချို့သီတင်းတွေက ကျော်ရခွရတာ မို့လို့၊ ကျေးဇူးကျေးဇူး…

  • ဆူး

    May 15, 2011 at 3:22 pm

    ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် ဝက်များ အမည်မသိရောဂါတစ်မျိုး ဖြင့်ဆက်တိုက်သေဆုံး–
    လျှက်ရှိရာ မြို့လုံးကျွတ် မွေးမြူထားသော ဝက်ကောင်ရေ ကိုးဆယ်ရာခိုင်နှုန်းမှာ သေဆုံးကုန်ပြီး ဖြစ်သည်။
    ကျန်ရှိနေသော ဝက်များမှာလည်း အခြေအနေမကောင်းပါ-။ ဝက်များမှာ ရောဂါကူးစက်ပြီးနောက်
    တစ်ပတ်-အကြာလောက်ပဲခံနိုင်ရည်ရှိကြပါသည်–။
    ကျွန်တော့ အနေဖြင့် သတိပေးချင်သောအကြောင်းမှာ ဝက်သေဆုံးမှု များပြားသောကြောင့် –
    ယင်း–ဝက်နာ သားများသည် အမြို့မြို့အနယ်နယ်သို့ ဝက်အူချောင်းဖြစ်သော်၎င်း–၊ ဝက်ခေါက်ကြော် အဖြစ်သော်–၎င်း၊
    ဝက်သားခြောက်အဖြစ်သော် ၎င်း–ရောက်ရှိနိုင်ပေသည်–။ ကျွန်တော်တို့မြို့ခံများအနေဖြင့် ရှောင်ရှား နိုင်ကြသော်လည်း
    မသိသေးသော အခြားနယ်ခံများမှ လူထုများအနေဖြင့် စားသုံးရန် မသင့်တော်သော ဝက်နာသားများကို ရှောင်ရှားသင့်ပါကြောင်း—ဝက်နာသား စားမိပါက ဘာဖြစ်နိုင်ကြောင်း သေချာမတင်ပြနိုင်ပေမယ့်–
    ကျွန်တော့တို့ ဆီက စားသုံးမိသော လူတချို့မှာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း ၊မအီမသာဖြစ်ခြင်းတို့
    ဖြစ်ကြောင်း–သိရပါသည်။
    ဝက် ကုမ္မဏီ များကလည်း ဝက်နာပြီဆိုတာနဲ့ သုံးသိန်းတန်သောဝက်ကို နှစ်သောင်းသုံးသောင်းဖြင့်
    ဈေးနိမ် ပေးဝယ်ကြပီး—သေဆုံးသွားပါက တစ်ပြား တစ်ကျပ်မှမပေးပဲ ယူဆောင်သွားကြကာ ဝက်သားအဖြစ်–
    ပြန်လည်ရောင်းချ ကြလေသည်–။တိရိတ္ဆန် ဆရာဝန်များကလည်း အလုပ်များလျှက်ရှိရာ –ပြန်ကောင်းသော ဝက်မှာ
    တစ်ကောင်မျှ မရှိပါ—။
    ဝက်မွေးမြူသူများမှာ ဆုံးရှုံးမှု နဲ့ ကြုံတွေနေရသော်လည်း တိရိတ္ဆန် ဆရာဝန် များနဲ့ ဝက်ကုမ္မဏီ-
    များမှာတော့ တွက်ချေ ကိုက်လျှက်ရှိပေသည်။
    ဆရာဝန်မဟုတ်သော ကျွန်တော့အနေဖြင့် စားသုံးရန်မသင့်ဟ ုထင်မြင်မိသောကြောင့် —
    တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

    သတင်းတခု တွေ့လို့ သတိပေး တင်ပေးလိုက်ပါတယ်။

Leave a Reply