အမေ နှင့် သမီးလေးကြားက ကျွန်တော် …

မမေလးMay 9, 20111min1000

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ ဥယျဉ်မှ ူး ဖြစ်ပြီး သမီးလေးက ပန်းတစ်ခင်းဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ ဒီဇိုင်နာ ဖြစ်ပြီး သမီးလေးက ညနေခင်း ဝတ်စုံလေး တစ်စုံဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ စားတော်ကဲ ဖြစ်ပြီး သမီးလေးက နတ်သုဒ္ဓါ တစ်ပွဲဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ သမားတော် ဖြစ်ပြီး သမီးလေးက အဟာရသိဒ္ဓိ ဆေး တစ်ပါးဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ မှော်ဆရာ ဖြစ်နေပြီး သမီးလေးက စကားပြောတတ်တဲ့ အရုပ်လေးဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ စာဆို ဖြစ်ပြီး သမီးလေးက ကဗျာလေး ဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ ပန်းချီ ဆရာ ဖြစ်ပြီး သမီးလေးက အဖြူရောင် ပန်းချီကား ဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ ဖယောင်းတိုင်ဖြစ်နေပြီး သမီးလေးက မီးညွှန့်လေး ဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ စစ်သူကြီးဖြစ်ပြီး သမီးလေးက သေနင်္ဂ ဗျူဟာ တစ်ရပ်ဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ မြီရှင် ဖြစ်ပြီး သမီးလေးက မြီစားဖြစ်တယ်။

v  တစ်ခါ တစ်ရံ မှာ ကျွန်တော့်အတွက်

မေမေဟာ မိခင် ဖြစ်ပြီး သမီးလေးက တော့ သမီးလေး ဖြစ်တယ်။

မေမေဟာ အိပ်ရာဝင်ပုံပြောသူ ၊ သားချော့တေး သီဆိုသူဖြစ်ပြီး၊

သမီးလေးဟာ နားထောင် ၊ ခံစားသူ ဖြစ်တယ်။

@ ခေတ်စာဆို @