စိတ်ပန်းလူနွမ်းရောဂါ

moonpoemMay 10, 20111min14511

သတင်းစာထဲတွင် စာရေးဆရာ မောင်ဆုရှင် ရေးသော သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရသည်။
စိတ်ဝင်စားဖို့ကောင်းပါသည်။ စိတ်ပန်းလူနွမ်းရောဂါဟု ခေါင်းစဉ်တပ်ထားသည်။ ယခုလည်း
ထိုဆောင်းပါးကိုဖတ်ပြီး တွေးမိတာတွေကို ရေးလိုက်ရခြင်းဖြစ်၏။
ကျွန်မတို့ အဘိုးအဘွားခေတ်တုံးကတော့ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ဝင်ငွေရှာလည်း
တစ်အိမ်လုံးထို်င်သုံးနို်င်ခဲ့ပေမယ့် ယခုခေတ်တွင်တော့ အိမ်ရှိလူကုန် အကုန်ထွက်ပြီး ငွေရှာရလေသည်။
သို့အတွက်ကြောင့် ကိုယ့်ဟာကိုယ်အလုပ်ထဲတွင် မည်မျှပင် ပင်ပန်းခဲ့ရသည် ဖြစ်စေ အိမ်ရောက်သောအခါ
တွင်လည်း ယခင်ခေတ်ကကဲ့သို ့ အမောပြေ ရေခပ်တိုက်မည့်သူ ထမင်းစားပွဲ ရှေ ့ရောက် ခူးခပ်ကျွေးမည့်သူကို ရှာ နေလို ့မဖြစ်။ အားလုံးလည်း အလုပ်ပင်ပန်းနေသည်သာဖြစ်သည့် အတွက်
အိမ်ရောက်ရင်လည်း စောစော ပြန်ရောက်သည့်သူက မိဘများအတွက် ဦးချ ပန်းကန်ဖယ်ထားပြီး မည်သူ့ကိုမှ မစောင့်နိုင်ဘဲ ကိုယ့်ဖာသာစားရသည်က များ၏။ (မိသားစုတစ်စုချင်း အပေါ်မူတည်ပြီး
ပြောင်းလဲမှုလည်း ရှိနိုင်ပါသည်)။ နောက်ဆုံးတွင်တော့ အမြဲတမ်းစိတ်မောရသည်က များလာသည်။
ဆရာမောင်ဆုရှင်ရေးထားသော ဆောင်းပါးတွင်မူ ရောဂါသည် ကြီးကျယ်သည် မဆိုငြားသော်လည်း
ယနေ့ခေတ်တွင် ထိုရောဂါဖြစ်မှန်းမသိဖြစ်နေသူက များ၏ဟု ဆိုသည်။ ရောဂါလက္ခဏာများမှာ
၁။ စိတ်မရှည်ခြင်း ၂၊ ခါးအောင့်ခြင်း ၃။ တစ်ခါတစ်ရံမှမဟုတ်ဘဲ အမြဲတမ်း လိုလို မနက်အိပ်ရာမှ
ထချိန်တွင် လန်းဆန်းမှုမရှိဘဲ နွမ်းနယ်နေခြင်း ၄။ တစ်နေ ့လုံး နုံးချိနေခြင်း စသဖြင့် ဖြစ်ကြလေသည်။
အဖြစ်များသူတို ့မျာ အလုပ်ပင်ပန်းသူများ၊ ရုံးတွင် အိမ်တွင်ဆက်ဆံရေးမပြေပြစ်သူတို့မှာ အဖြစ်များသည်။
စိတ်ပင်ပန်းလွန်းရာက ဖြစ်လာသည့်ရောဂါများဖြစ်သည့်အတွက် စိတ်ကိုစိတ်ဖြင့်ကုစားသောအားဖြင့်
တရားထိုင်ခြင်း၊ ဒိုင်ယာရီရေးခြင်း၊ မိမိဝါသနာပါသည် တို့ ကိုလုပ်ခြင်း၊ မိတ်ဆွေဖွဲ့ခြင်း၊
ရှိပြီးသား မိတ်ဆွေများနှင့်လည်း သင့်တင့်အောင်ပေါင်းခြင်း ၊ ရယ်မောခြင်းတို ့ကိုပြုလုပ်သင့်ပေသည်ဟု
ရေးသားထာ်း။
ကဲ…သူငယ်ချင်းရော အခု နေကောင်းရဲ ့လား၊ စိတ်ပင်ပန်းပြီး ကိုယ်နွမ်းနေပြီလား။

11 comments

  • susunosuki

    May 10, 2011 at 7:45 am

    အမှန်ပဲဆရာရေ။ ညညအိပ်ပြန်ရောက်ရင် ဘာစကားမှမပြောနိုင်၊ ဘာသံမှလည်းမကြားချင်တော့ဘူး။ အမှန်ဆိုခုအလုပ်က အရင့်အရင်အလုပ်တွေထက် အများကြီးသက်သာတယ်လို့ထင်တယ်။ စိတ်ကကျတော့ ထူးပြီး မသက်သာဘူး။ တဖြည်းဖြည်း ပိုတောင်ဆိုးလာသလိုပဲ။

  • kai

    May 10, 2011 at 8:00 am

    ၁။ စိတ်မရှည်ခြင်း
    မရှည်လို့ကို မရတာ..။ အလုပ်ရဲ့သဘောသဘာဝအရ..စိတ်မရှည်ရင်..အလုပ်မပြီးတာမို ့.. အေးဆေး..စိတ်ရှည်ရှည်ပဲ..

    ၂၊ ခါးအောင့်ခြင်း
    ခါးမအောင့်တတ်ပါ..။ မနာတတ်ပါ..။

    ၃။ တစ်ခါတစ်ရံမှမဟုတ်ဘဲ အမြဲတမ်း လိုလို မနက်အိပ်ရာမှထချိန်တွင် လန်းဆန်းမှုမရှိဘဲ နွမ်းနယ်နေခြင်း
    အိပ်ယာ ထပြီး ၅မိနစ်ဆို အပြင်ရောက်နေရပြီ။ နွမ်းနယ်ရန်အချိန်မရှိ..

    ၄။ တစ်နေ ့လုံး နုံးချိနေခြင်း စသဖြင့် ဖြစ်ကြလေသည်။
    အလုပ်ထဲ.. နုံးချိတာထက်.. အလုပ်ပြိးချိန်နီးလေ.. ကြွတက်လာလေပဲ..။
    ဒီလိုနဲ့.. သောင်္ကြာနေ့ဆို ကြွအတက်ဆုံးပဲ..။
    စနေတနင်္ဂနွေတော့.. လုပ်စရာမရှိရင်..နေ့လည်အထိ နှပ်နေတာပဲ..။
    တနင်္လာနေ့ကတော့ ..တော်တော်ဆိုးတယ်..ပြောရမယ်..။
    အလုပ်ကို မသွားချင်တာ..။ ဒီလိုနဲ့.. တပါတ်လည်ပြန်ရောပေါ့..။ 🙂

  • babymay

    May 10, 2011 at 8:29 am

    နွမ်းလိုက်တာတော့ မပြောနဲ့တော့။ စိတ်ရောလူရော။ မိုးလင်းထ အလုပ်သွား ၊ မိုးချုပ်အိမ်ပြန် အိပ်။ ပြီးရင်နောက်တနေ့ထ သွား။ အခုပြောတဲ့ ၁။၂။၃။၄ တွေအကုန်ဖြစ်နေတယ်။ ဘယ်လိုမှလုပ်လို့မရဘဲ ။ ဆီဆုံမှာလှည့်တဲ့ နွားလိုတဝဲလည်လည်နဲ့ပေါ့လေ။ သူဂျီးရေ—-ဘယ်လိုပဲ ငြင်းငြင်း လူတိုင်းကတော့ ဒီသံသရာ ထဲမှာ ပဲ လည်တယ်လည်တယ်နဲ့ စိတ်ပန်းလူနွမ်း—ဟမ်း—ဟမ်း။

  • ဆူး

    May 10, 2011 at 2:56 pm

    ဖြစ်ဖူးတယ်.. အလုပ်က ပြန်လာရင် စကားတောင် ပါးစပ်က ပြောထွက်ဖို့ တော်တော် ခက်သလို ခံစားရတယ်။
    အခုတော့.. အဲလို မဖြစ်တော့ပေမဲ့.. စိတ်သိပ်ညစ်လွန်းရင် အရမ်းအိပ်ချင်တာပဲ.. အိပ်ပျော်သွားရင် သက်သာသွားတယ်။ ဟီးးး 🙂 😉 😛

  • parlayar46

    May 10, 2011 at 3:40 pm

    အလုပ်ပင်ပန်းတာထက် ၊ ဒီခေတ်မှာ လူတွေရဲ့နေထိုင်မှုပုံစံကလဲ အလွန် ရှုပ်ထွေး လာတယ်၊ ဖြည့်ဆည်းစရာ လိုအပ်ချက်တွေလဲ အလွန်များ လာတယ်ထင်တာပဲ။
    ကျုပ်ဆို မချမ်းသာပေမယ့် ပိုက်ဆံရဘို့ကတော့ တအိမ်လုံးမှာ တယောက်ပဲ လုပ်ရပါတယ်။ ဒါပေမယ့် မိုးလင်းကတည်းက တအိမ်လုံး တယောက်မှ မအားတာ အိပ်ယာဝင် တဲ့အထိပဲ။
    ဒီတော့ အပေါ်ကပြောသမျှ အကုန်ဖြစ်နေတာကြာပေါ့။

  • maythakhin

    May 10, 2011 at 5:06 pm

    အလုပ်ပင်ပန်းတာထက် ။ အိမ်တွင်းဆက်ဆံရေးတွေ အဆင်မပြေတဲ့အခါတွေမှာ လူရောစိတ်ရော နွမ်းနယ်တယ်။ အလုပ်ပင်ပန်းလာပေမဲ့လည်း အိမ်မှာ အဆင်ပြေနေရင် အေးအေးချမ်းချမ်း နားနေလို့ရတာပေါ့။

  • MaMa

    May 15, 2011 at 1:00 am

    နေ့တို်င်း ရက်တိုင်း စားဝတ်နေရေးဆိုတဲ့ ဘဝအမောတွေကနေ အားလပ်ချိန်မှာ အလုပ်အကြောင်း လုံးဝမစဉ်းစားပဲ စိတ်ကိုလွှတ်ထားလိုက်ပါ။ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ရဲ့ လူဖြစ်လာတာ ဘာလုပ်ဖို့လဲ ဆိုတဲ့ တရားတော်ကို နာကြည့်ပါ။

  • Nyan Phyo Myint

    May 15, 2011 at 10:52 am

    ဒီလိုနဲ့.. သောင်္ကြာနေ့ဆို ကြွအတက်ဆုံးပဲ..။
    စနေတနင်္ဂနွေတော့.. လုပ်စရာမရှိရင်..နေ့လည်အထိ နှပ်နေတာပဲ..။
    တနင်္လာနေ့ကတော့ ..တော်တော်ဆိုးတယ်..ပြောရမယ်..။
    အလုပ်ကို မသွားချင်တာ..။ ဒီလိုနဲ့.. တပါတ်လည်ပြန်ရောပေါ့..။
    (ကျွန်တော်လည်းဒီအတိုင်းပါပဲ)

  • manawphyulay

    May 15, 2011 at 12:41 pm

    စိတ်ပန်းလူပန်းနဲ့က စိတ်ပန်းတာကို လူကို ပိုပြီး အားအင်လျော့နည်းစေတယ်။။ ဘာပဲလုပ်လုပ် အကောင်းမမြင်တဲ့အခါ လူကို အနေကျုံ့ပြီး စိတ်ကို မပျော်ရွှင်အောင် ဖြစ်မိနေရင်ကော ဘယ်လိုလုပ်ရမလဲ။

    • kai

      May 15, 2011 at 9:33 pm

      စိတ်ငြိမ်ဆေးတွေ.. အပင်ပန်းခံနိုင်ဆေးတွေ.. စိတ်ကြွဆေးတွေ မျိုးစုံထုတ်ထားတာရှိပါတယ်.။
      ဘေးထွက်ဆိုးကျိုးနည်းတဲ့ဆေးတွေအများကြီးပါပဲ..။
      ကိုယ်တိုင် စိတ်ပေါက်သလို မသောက်ပါနဲ့..။
      ဆရာဝန်နဲ့ တိုင်ပင်ပြီး စံနစ်တကျသောက်ပါ..။

      ပြောရရင်… တရားထိုင်တာကလည်း တော်တော်ကောင်းပါတယ်..။
      မက်ဆက်ချုးဆပ်က တက္ကသိုလ်တခုက..
      တရားထိုင်ရင်.. လူရဲ့ခန္ဓာကထွက်လာတဲ့ဓါတ်ဟာ.. စိတ်ငြိမ်ဆေးနဲ့..မူးယစ်ဆေးဝါးသုံးစွဲရင်ထွက်တဲ့ဓါတ်နဲ့ တူတာတွေရှိတယ်လို့.. သုတေသန ပြုချက်အရ ဆိုပါတယ်..။
      ဆိုတော့..
      (သဘာဝအတိုင်း).. ဈေးသက်သာတဲ့နည်းပေါ့..။ 🙂

  • ဆူး

    May 15, 2011 at 3:00 pm

    စိတ်ပန်း လူပန်း ဖြစ်တဲ့ ဖြေဆေး ကို ရှာသင့်တယ်။
    စိတ်ကို တည်ငြိမ်အောင် လုပ်တဲ့ နည်းနဲ့ စိတ်ပန်း လူပန်း ဖြစ်တာကို ဖြေနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဥပမာ အားဖြင့် အိန္ဒိယ က လူတွေက ယောဂ ကျင့်စဉ်နဲ့ စိတ်ပန်း တဲ့ ဝေဒနာကို ဖြေကြတယ်။ တချိုကက အားကစား ကို အားသွန် ခွန်စိုက် လုပ်ကြတယ်။ တချို့က တရားအားထုတ်ကြတယ်။ သမာဓိ ထူထောင်ကြတယ်။ ဘယ်နည်းပဲ ဖြစ်ဖြစ်.. စိတ်ပန်း လူပန်း သက်သာစေတဲ့ နည်း တခုခုကို လုပ်သင့်တာတော့ အမှန်ပါပဲ။
    စိတ်ထောင်းလို့ ကိုယ်ကြေ ပဲ ရှိတယ်။ ကိုယ်ထောင်းလို့ စိတ်ကြေတယ်လို့ မရှိဘူးလို့ ပြောတာ ကြားဖူးပါတယ်။ စိတ်ပျိုကိုယ်နု.. စိတ်အို ရင် ကိုယ်နု ပါ့မလား။

Leave a Reply