ကျွန်တော် ရွာထဲရောက်ကာစ က ပို့စ်တင်ဘို့နေနေသာသာ မန်းတာတောင် word ထဲမှာ စမ်းရိုက် ပြန်ကူး တင် လုပ်ရတယ် ဒါတောင် တချို့ စကားလုံးက ရိုက်လို့မရတော့ ပို့စ်ထဲက တူတဲ့စကားလုံးပြန်ကူး paste လုပ်ရတယ် paste လုပ်ပြီးရင်လဲ လေးထောင့်ကွက်တွေပဲ မြင်ရတယ် published လုပ်ပြီးမှ စာမြင်ရတယ် မှားမှန်းသိတဲ့ အချိန်ပြန်ပြင်လို့မရတော့ဘူး ( စက် က window 7, 64 bit ကြောင့်မရတာလို့ ပြောတယ် ၊ 32 bit ပြောင်းလိုက်တော့ အဆင်ပြေတယ်) သိသူတွေ အတွက် လွယ်တဲ့ကိစ္စက မသိသေးတဲ့သူအတွက် တော်တော်ခက်ပါတယ် အခုတော့လဲ အဲဒီကိစ္စက အဆင်ပြေသွားပါပြီး ဒါပေမဲ့ တစ်ခါ တစ်လေ ရီနေတဲ့ပုံလေးကို ( ) မန်းတဲ့ ထဲရိုက်ချင်တယ် ဘယ်လိုရိုက်ရမှန်းမသိဘူး (အခုလဲ မသိသေးပါဘူး သိတဲ့သူတွေ ကျေးဇူးပြုဖြေပေးပါဦး) Copy ,Paste လုပ်တာမဟုတ်ဘဲ အလွယ်တကူ စာရိုက်ရင်းနဲ့ ထည့်ရိုက်ချင်တယ် ။

ဟိုတစ်ပတ်က king ရဲ့ ပို့စ် တစ်ခု မှာ ၀င်မန်းဖြစ်ပါတယ် ၊ king ဆိုတော့ ဖဲရိုက်ဖူးတယ် ဆိုတဲ့ ရွာသူချောလေး တစ်ယောက်ကို သတိယပြီး နောက်ပြောင်ရင်း မန်းလိုက်ပါတယ် သူကလည်း ပြန်မန်းပါတယ် သူစာနောက်ဆုံးမှာ အဲဒါမျိုးလေးပါလာလို့ ဘယ်လိုရိုက်ရလဲ သိချင်တာနဲ့ (အခုဟာက copy,paste လုပ်ထားတာပါ) မေးဖြစ်ပါတယ် သူကလည်းပြန်ဖြေပေးပါတယ်

ကျွန်တော်း စကားမစပ် နောက် က ရီတဲ့ မဲ့တဲ့ ပုံပေါ်အောင် ဘယ်လိုရိုက်ရလဲ

သူး နောက်က ရီတဲ့ မဲ့တဲ့ပုံဟုတ်လား ဘာကိုပြောတာလဲ နားမလည်ဘူး ။

 သူး အတော် စဉ်းစားလိုက်ရတယ်.. ၀ှိုက်ရေ.. ယူပြောတာ ဂျိုကာမို့လား …

သူး ဘယ်လိုပေါ်အောင်ရိုက်လဲဆိုတာ တနည်းပဲ ရှိတယ်..မဝေခင်ကတည်းက တချပ်ခိုးထားလိုက်… သေချာအောင် နှစ်ချပ်သာ ခိုးထားလိုက် …

ကျွန်တော်း အ၀ါလေး ထဲက အနီလေးသွားဖြဲ နေတဲ့ပုံလေ တချို့လဲး) အဲဒါမျိုးရိုက်သလားလို့

 ကျွန်တော်ကလည်း ကျွန်တော့်အတွေးနဲ့ မေးတယ် သူကလည်း သူ့အတွေးနဲ့ပြန်ဖြေတယ် နှစ်ယောက်စလုံးကမှန်တာပဲ ဒါပေမဲ့ လိုချင်တဲ့အဖြေတော့ မရလိုက်ဘူး ။ ဖတ်ဖူးတဲ့ ဟာသလေးတစ်ခုကို သတိရမိပါတယ်

အဘိုးအိုတစ်ဦး နေမကောင်းလို့ ဆေးခန်းတစ်ခုရောက်လာပါတယ် သူနာပြုဆရာမလေးက

“ အဘိုး ဆေးခန်းလာတာ အဖော်ပါမလားဘူးလား”

 “ မပါ ပါဘူးသမီးရယ် ဆေးခန်းလာတာ အဖော်လိုသေးလို့လား”

 “လိုတာပေါ့ အဘိုးရဲ့”

“ အဲဒါဆိုလဲ သမီးမှာ ရှိရင် အဘိုးကို နှစ်ခုလောက်ပေးပါ”

 အဲဒီဟာသလေးကို ကြားဖူးကာစကစထက် ကိုယ့်အဖြစ်နဲ့ယှဉ်ပြီးတော့ မှ ပိုရယ်မိ၊ပိုသဘောကျမိတယ် ဒါကတော့ ဟာသမို့ ထားတော့ အပြင်မှာ တစ်ဦးနဲ့ တစ်ဦး အတွေးချင်းမတူ နားလည်မှုချင်းလွဲမိတာတွေ ဖြစ်ဖူးကြမှာပါ နှစ်ကြိမ်လုပ်လို့မရတဲ့ကိစ္စ အရေးကြီးတဲ့ကိစ္စမျိုးဆို ပြသနာက အကြီးကြီးဖြစ်သွားနိုင်ပါတယ် ဥပမာ ခွဲစိတ်ခန်းမှာ မှားခွဲလိုက်တာ လေယာဉ်မောင်းနေရင်း အချိန်စောပြီး နားလည်မှုလွဲ ဘီးတင်လိုက်တာ ဘင်လာဒင်ကို ၀င်စီးတဲ့အဖွဲ့လို ကွန်မန်ဒိုအဖွဲ့မျိုးမှာ အချိန်ကိုက်မလုပ်နိုင်ဘဲ နားလည်မှုလွဲသွားတာ ရေးရင်တော့ အများကြီးရှိမှာပါ နောက်ဆုံး ကျွန်တော်တို့နိုင်ငံရဲ့ ဆန့်ကျင်ဘက် ဖြစ်နေကြတဲ့ ကိစ္စတိုင်းမှာ ဘက်နှစ်ဘက် စလုံးက လူတွေရဲ့ အတွေးတွေမတူ နားလည်မှုတွေ လွဲနေလို့သာ ထွက်လာတဲ့အဖြေက ပြည်သူလူထုတစ်ရပ်လို့ လိုချင်တဲ့အဖြေမရတာ လို့မြင်မိပါတယ် အားလုံး အတွေးတူလို့ နားလည်မှုတွေ ရကျစေချင်ပါတယ်

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ