လူ.ဘဝမှာ………….အပိုင်း(2)

ko noMay 10, 20111min11711

၁။ မှန် နှင့်တူသော လှုမှုဆက်ဆံရေး

ဒီဆက်ဆံရေးကတော့ လူတိုင်းလောက်မှာ နီးနီး တွေ့နိုင်ကြပါတယ်.။ ငါ့ကို ဘယ်လို လာဆက်ဆံရင် ငါကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့ ပိုများပါတယ်..။ သူတို့ ပြောတတ်ကြတယ်လေ…ငါတို့ကတော့ မှန်လို ကျင့်တယ် ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် လိုက်ပြီး စိတ်ဆိုးတတ်တယ်..။ သူများက ကိုယ့်အကြိုက် မြှောက်ပြောရင် ကျေနပ်ပြီး ပြုံးနေတတ်ကြတယ်.။

၂။ ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး

ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။ ကျွန်တော့် သူငယ်ချင်းလိုမျိုး လူုပေါ့ဗျာ.။ တစ်ဖက်သားက ကိုယ့်ကို ဘယ်လို ရင်ဆိုင် ဆက်ဆံနေပါစေ..။ ကိုယ်ကတော့ ကိုယ့်လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက ရိုင်းလို့ ကိုယ်က လိုက်ရိုင်းနေမယ် ဆိုတာမျိုး သူတို့မှာ မရှိကြပါဘူး.။ ကိုယ်ကတော့ ကိုယ့်ရဲ့ တည်ငြိမ်သော လှုမှုဆက်ဆံရေးနဲ့သာ ဆက်ဆံတတ်ကြပါတယ်.။ ကျောက်ရုပ်တွေလိုပေါ့ဗျာ.။ ဘယ်သူဘာပြောပြော သူတို့ မျက်နှာ ပျက်ခြင်း ၊ ဆက်ဆံရေး ပြောင်းလဲ သွားခြင်း မရှိပါဘူး..။

တကယ်တော့ လူတွေ အားလုံးက မှန်လိုပဲ ကျင့်တတ်ကြပါတယ်.။ သူပြုံးရင် ကိုယ်ပြုံးမယ် ..။ သူမဲ့ရင် ကိုယ်လည်း မဲ့မယ်.။ သူဆဲရင် ကိုယ်ဆဲမယ် ဆိုတာ မျိုးတွေပေါ့ဗျာ.။ ဒါကတော့ လွယ်ပါတယ်.။ ကျောက်ရုပ်လိုမျိုး ဘယ်သူက ဘာပြောပြော ဘယ်လို ဆက်ဆံဆက်ဆံ ကိုယ်ကတော့ ကိုယ်ပိုင် ဆက်ဆံရေး ဆိုတာကတော့ မလွယ်ပါဘူး.။ ဟုတ်ပါတယ်လေ.။ အမှန်တရားတွေရဲ့ ထုံးစံ အတိုင်းပါပဲ..ကောင်းမွန် သင့်တော်တယ် ဆိုတာတွေက လိုက်လုပ်ဖို့ ခက်နေပါလိမ့်မယ်.။
သင် ဓါးသွေးဖူးပါသလား..?

ကျွန်တော် ဒီလို မေးလိုက်ရင် တော်တော်များများကတော့ ဒါလေးများဗျာ သွေးဖူးတာပေါ့လို့ ပြောကြပါလိမ့်မယ်.။ ဟုတ်ပါတယ်.။ ဘယ်သူမဆိုတော့ ဓါးလေးကတော့ သွေးဖူးကြမှာပါပဲ.။
ကျွန်တော်လည်း ငယ်ငယ်က ကျွန်တော် အဖေက ဓါးလေးတစ်ချောင်းပေးလို့ သွေးဖူးခဲ့ပါတယ်.။ ကျွန်တော့်အဖေက “ သားရေ..ဓါးသွေးတယ် ဆိုတာ မလွယ်ဘူးကွ..။ ” တဲ့လေ.။ ဒီတော့ ကျွန်တော်ကလည်း မခံချင် စိတ်နဲ့ သွေးမိတာပေါ့လေ.။ ကျွန်တော်သွေးတဲ့ ဓါးလေးဟာ သွေးလေ ထက်လာလိုက် ၊ တုန်းသွားလိုက် ဖြစ်နေပါတော့တယ်.။
ဘာလို့ပါလိမ့်..၊ သွေးရင်းနဲ့ ကျောက်တွေလည်းပွန်း ၊ ဓါးလေးလည်း စားသွားပြီး ဓါးသွားလေးတောင်မှ လှလှပပ မရှိတော့ပါဘူး.။ ဒီလို ဓါးလေး သွေးတာတောင်မှ ဘာလို့ ဓါးက မထက်ပဲနဲ့ ထက်လိုက် တုန်းလိုက် ဖြစ်နေတာပါလိမ့်.။ နောက်ဆုံးတော့ ကျွန်တော့်ဓါးသွေးခြင်းက စိတ်တိုင်းမကျပဲနဲ့ ရပ်သွားပါတော့တယ်.။ ဒီတော့မှ ဖေဖေက ပြောတယ်.။

“ ငါ့သား ဓါးသွေးတာ ဘာလို့ ထက်လာလိုက် ၊ တုန်းသွားလိုက် ဖြစ်နေတာလဲ သိလား.။ ”

“ မသိဘူး ဖေဖေ..။ ”

“ အေး..ဒါက..ဓါးသွေးတယ် ဆိုပေမဲ့ လူလောကမှာ ရှိနေတဲ့ လူမှု ဆက်ဆံရေး လိုပဲ သားရဲ့..။ ငါ့သားက ဓါးကို မြန်မြန်ထက်အောင် အစုန်အဆန် သွေးတယ်လေ.။ ဒါကြောင့် ငါ့သားသွေးတဲ့ ဓါးသွားနေရာက ကျောက်နဲ့ ထိချက်ဟာ ပုံမှန် မဟုတ်တော့ဘူး.။ သူရဲ့ ထိချက်ဟာ ပုံသေ မထိတော့ဘူး.။ ထိချက်မှန်လို့ ဓါးသွားလေး ထက်လာပေမယ်..။ ဒီလို ထိချက်လေးတွေ အကြိမ် ၁၀ဝ သွေးထားတယ် ဆိုပါတော့ ဒါကို ထိချက်မှားပြီး ဓါးလေး စောင်းသွားလို့ ဓါးသွားက ကျောက်ပေါ်မှာ ဒဲ့ကြီး ဖြစ်သွားတာနဲ့ အရင်က သွေးထားတဲ့ အကြိမ် ၁၀ဝ ကို ဒီတစ်ကြိမ်ထဲက ဖျက်ပြီး ဓါးသွားကို ပြန်တုံးသွားစေတာပါပဲ.။
ဒါဟာ လောကရဲ့ လူမှု ဆိုင်ရာ နေထိုင်မှုလည်း ဖြစ်တယ် သား..။ တကယ်လို့ လူတစ်ယောက်ဟာ ကောင်းတာတွေ သူ အကြိမ်ပေါင်းများစွာ လုပ်ထားတယ်ပဲ ထား..။ သူ မဟုတ်တာ ၊ မကောင်းတာ တစ်ခု လုပ်လိုက်တာနဲ့ သူအရင်က ကောင်းတာတွေ လုပ်ထားတာတွေကို ဖျက်လိုက်တာပါပဲ.။ ဒါဟာ ဓါးသွေးခြင်းက ပေးတဲ့ လူမှုဘဝနေထိုင်နည်း လေး ဆိုပါတော့ကွာ..။ ”

ဒါစကားလေးကို ကျွန်တော် အမြဲ အမှတ်ရနေခဲ့ပါတယ်.။
ဘဝဆိုတာ ဓါးသွေးသလိုပါပဲ.။ အတိမ်းအစောင်း တစ်ခုခု ဖြစ်လို့ကတော့ ဘယ်လိုမှ ပြန်ပြီး အရင်က ကောင်းတာတွေကို အဖတ်ဆယ်လို့မရတော့ပါဘူး.။ ဒါကို ပြောတာပေါ့ဗျာ..။

“ ဘဝ တုံးတယ် ” ဆိုတာ……။
တစ်ခါက…

ဖို့ဒ် ( Ford ) ကားကုမ္ပဏီဟာ စက်မှုတော်လှန်ရေးအရ သူ့ကားထုတ်လုပ်ရေးကို လူတွေနဲ့ တပ်ဆင်ထုတ်လုပ်ရာကနေ စက်မှုငန်လုပ်ငန်း သဘောအရ ရို့ဘော့တွေ တပ်ဆင် ထုတ်လုပ်ဖို့ စီစဉ်လာတယ် ။
ဒီလို အပြောင်းအလဲ လုပ်လာတာခြင်းဖြင့် လူနေရာမှာ စက်ရုပ်( ရိုဘော့ ) တွေနဲ့ အစားထိုးမှာ ဆိုတော့ လက်ရှိ အလုပ်လုပ်နေသူတွေထဲက လူတော်တော်များများဟာ အလုပ်ပြုတ်ရတော့မယ် အခြေအနေမှာ ရှိနေကြတယ်.။ ဒါကြောင့် လူတွေ အားလုံးဟာ မဖြစ်မနေ ပြောင်းလဲရမဲ့ အပြောင်းအလဲကို လက်မခံနိုင်ကြဘူး.။ သူတို့ အလုပ်ပြုတ်မှာကို တွေးပြီး ပူကြ ၊ စိတ်ညစ်ကြနဲ့ စိတ်ဆင်းရဲနေကြတယ်.။
ဒီအချိန်မှာ ဖီးလစ် ဆိုသော လူကတော့ ဒီလို စဉ်းစားတယ်.။

“ ဟုတ်တယ်..။ လူတွေ လုပ်တဲ့ နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးရမယ်.။ ဒါကြောင့် လူတွေ အလုပ်ပြုတ်မယ်.။ ဒါပေမဲ့ စက်ရုပ်တွေချည်းပဲ ဆိုရင်လည်း ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး.။ စက်ရုပ်တွေကို စေခိုင်းနိုင်ဖို့ လူကတော့ လိုအပ်နေဦးမှာပဲ..။ စက်ရုပ်တွေကို စေခိုင်းဖို့ဆိုတာ ကွန်ပျူတာ နဲ့ ထိန်းချုပ်ရမယ်.။ ဒါကြောင့် သူက ဖို့ဒ် ( Ford ) ကားကုမ္ပဏီအတွက် စက်ရုပ်တွေကို ထိန်းကျောင်းနိုင်အောင် သူများတွေ အလုပ်ပြုတ်မှာ စိုးလို့ ပူပန်နေတဲ့ အချိန်မှာ သူက ကွန်ပျူတာ သင်တန်းသွားတတ်တယ်.။
သူ ဒီလို ကွန်ပျူုတာ တတ်နေတယ် ဆိုတာကိုလည်း ဖို့ဒ် ( Ford ) ကုမ္ပဏီက အကြီးအကဲတွေ သိအောင် သူက ပြောထားတယ်.။ နောက်တော့ ကွန်ပျူတာ အသုံးချ ရို့ဘော့ထိန်းချုပ်မှု သင်တန်းလည်း တတ်ထားတယ်.။ သူ ဒီလို တတ်ထားတာတွေကိုလည်း ကုမ္ပဏီ အကြီးအကဲတွေ သိအောင် လုပ်ထားတယ်.။”

ဒီလိုနဲ့ ဖို့ဒ် ( Ford ) ကားကုမ္ပဏီက လူတွေ အစား ရိုဘော့တွေကို ပြောင်းလဲ တပ်ဆင် လိုက်သော အခါမှာ လူတွေ အတော်တော်များများ အလုပ်ပြုတ်သွားကြပါတယ်.။ သို့သော် ဖီးလစ် တစ်ယောက် အလုပ်မပြုတ်တဲ့ အပြင် ရိုဘော့ထိန်းချုပ်ရေး ဌာနဘက်သို့ ပြောင်းပြီး တာဝန်ပေးခံရကာ လုပ်ခလစာလည်း တိုးသွားပါတော့တယ်.။
ဒါဟာ ထူးဆန်းလှတယ်တော့ မဟုတ်ပါ.။ သို့သော်..လူတွေဟာ အပြောင်းအလဲ တစ်ခုခု ဖြစ်လာခဲ့ရင် ဒီအပြောင်းအလဲကို ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် အသုံးမချနိုင်ကြပါဘူး.။ တွေးတောပူပန်ခြင်းနဲ့ပဲ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ကုန်ဆုံးပစ်ကြတာပါ.။ ပြောင်းလဲ နေတဲ့ အပြောင်းအလဲမှာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ကြဖို့လိုပါတယ်.။
တရုတ်စကားပုံလေး တစ်ခု ရှိပါတယ်.။

“ အခြေအနေအမှန်ကို သိပြီး ပြုပြင်ပြောင်းလဲ နိုင်တာ လူတော်…။ ” တဲ့.။

နောက်ထပ် အကောင်းဆုံး စကားလေး တစ်ခွန်း ပြောပါဦးမည်..။

“ လေပြေ ၊ လေညှင်းကို ချည်းပဲ စောင့်နေစရာ မလိုပါဘူး ။ မုန်တိုင်းထဲမှာလည်း အောက်ဆီဂျင် ရှိတယ်.။ ”

တဲ့ လေ..။ ဟုတ်ပါတယ်.။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေပါစေ..။ ရှာတတ်ရင် နေရာတိုင်းမှာ ကိုယ့်အတွက် အခွင့်အရေးတွေပါပဲ.။

One comment

  • susunosuki

    May 11, 2011 at 10:19 am

    အရမ်းကောင်းပါတယ်။ သင့်ဒိန်ခဲကို ဘယ်သူရွေ့တာလဲ ဆိုတဲ့ ဝတ္တုနဲ့သဘောခြင်း ဆင်တူတယ်။

Leave a Reply