အရှေတောင်အာရှ မြန်မာအိမ်ရှင် ဆုတံဆိပ် အများဆုံးရနိုင်လား :)

BayoteMay 11, 20111min1078

အရင်အိမ်ရှင် နှစ်ခါ လုပ်ပေးခင်းတုံးက ဆုတံဆိပ် အများဆုံးနဲ့ ပထမ နှစ်ခါရခဲ့ပါတယ်။ အခု အစိုးရသစ် လက်ထက်မှာ ပထမရနိုင်လိမ့်မယ်လို့  စာဖတိပရိတ်တို့ ထင်ကြပါသလား…. ဒုသမ္မတ ကတော့ ပြောသွားလေရဲ.။ ပထမရအောင် အစီအစဉ် စနစ်တကျ ဆွဲထား ပြုလုပ်သွားကြ ဖို့။

ဒါပေမဲ့ဗျာ အစည်းဝေးတိုင်း Monitor လေးတွေတော့ power ဖွင့်ထားကြပါလို့ TV မှာကြည့်ရတာ Monitor လေးတွေ ပလပ်စတစ်ကာဗာတွေ ကပ်ပြီး မှောင်မဲနေတယ်။ keyboard mouse လည်းမပါ။ အလှပြထားတာလား။ မသုံးတတ်တာလား မသိ။ ဘာပြမလို့ တင်ထားတာလည်း။ ဪ ကြည့်လုပ်ကြပါ။

8 comments

  • parlayar46

    May 11, 2011 at 4:56 am

    အစိုးရက အားကစားအတွက် ဘယ်တုန်းကမှ ဖြစ်ဖြစ်မြောက်မြောက် မထောက်ပံ့။ အားကစား အဖွဲ့ချုပ်တွေကို ပိုက်ဆံထည့် သုံးနိုင်မယ့် သူဌေးတဦးစီ လက်ထဲ “၀” ကွက် အပ်ထား။ သူဌေးတွေကလဲ ကိုယ်အကျိုးရှိဘို့ လူကြီးနားရောက်ဘို့ အခွင့်အရေးရဘို့ ရည်ရွယ်ပြီး ဘာမှနားမလည်ပဲ ဒီအရှုပ်ထုပ်တွေမှာ ဥက္ကဌလုပ်။ အဖွဲ့ချုပ်တွေရဲ့ အချို့ အရေးမပါတဲ့ အဖွဲ့ဝင်တွေ ဝန်ထမ်းတွေနဲ့ တချို့ အား/ကာ ဝန်ထမ်းတွေကလဲ အားကစား တိုးတက်ရေးထက် ဘယ်အခေါက် နိုင်ငံခြားကပ်လိုက် ရမလဲပဲခြောင်းနေ ။

    ဒီအထဲက ပထမရဘို့သေချာချင်ရင် တယောက်ထဲပဲပြိုင်ပါတော့ …. လို့။

  • Mee2

    May 11, 2011 at 5:27 am

    ပထမ ရမှာသေချာတယ် ခိုးစားတဲ့ပွဲမှာလေ။ဟိ. ဟိ။မယုံမရှိနဲ ့ခိုးစားလာတာနှစ်ဆယ်ကျော်လာပီ။အေးဆေးဘဲနော်။

  • wakawaka7

    May 11, 2011 at 7:48 am

    2010 ရွှေကောက်ပွဲမှာလိုမျုး လိမ်နည်းပေါင်းစုံနဲ့ ကြိုးစားရင် တောင်နိုင်မမျာမဟုတ်ဘူးထင်တယ်။ နှစ်သိမ့်ဆုတော့ရချင်ရမှာပေါ့။

  • susunosuki

    May 11, 2011 at 8:05 am

    မလိုအပ်လုို့နေမှာပေါ့။ တစ်ယောက်အကြောင်း တစ်ယောက်နားလည်နေရင်၊ ပြင်ဆင်စရာရှိတာတွေကို အိမ်မှာကတည်းက ဒါမှမဟုတ် အကြိုဆွေးနွေးပွဲကတည်းက ပြင်ပြီးထားရင် ဘာမှထပ်သုံးစရာမလိုပဲ။

  • susunosuki

    May 11, 2011 at 8:34 am

    မော်နီတာတွေမသုံးတာ မလိုအပ်လုို့နေမှာပေါ့။ တစ်ယောက်အကြောင်း တစ်ယောက်နားလည်နေရင်၊ ပြင်ဆင်စရာရှိတာတွေကို အိမ်မှာကတည်းက ဒါမှမဟုတ် အကြိုဆွေးနွေးပွဲကတည်းက ပြင်ပြီးထားရင် ဘာမှထပ်သုံးစရာမလိုပဲ။

  • meelay

    May 11, 2011 at 10:21 am

    ကြိုတင်မဲတွေနဲ့ဆိုရင်တော့ ရမှာသေချာတယ် … 🙂

  • naywoonni

    May 11, 2011 at 11:54 am

    ဒီကြိုတင်မဲ ပဲပြောနေတော့တာပဲ…။ ဒါပေမဲ့ like လုပ်ပေးလိုက်ပါတယ်နော် မီးလေး

Leave a Reply