ဟာသ လေးပါ ကျောက်သင်ပုန်းတဲ့

lulainMay 11, 20111min15120

တခါက အိုင်တီလောကမှ လူတယောက် ကပြောနေ သည်။

ipad တွေ တမျိုးပြီးတမျိုးပေါ်နေတာ ၁ လုံးလောက်တော့ ဝယ်သုံးချင် လိုက်တာ

ဒါကို ကြားသွားသောသူငယ်ချင်းပြောလေသည်၊ မင် ipad ကို တခါးမှမသုံးဘူးဘူးလား လို့မေးလေးသည်၊

ဟိုတယောက်ကလဲပြောတာပေါ့ မင်ကရောသုံးဘူးလို့လား လို့ မေးတာပေါ့

ထိုအခါ သူငယ် ချင်းက ဟ ကောင် ငါတို ကျောင်း သူငယ်တန်းကျောင်စတတ် ကတဲက ipad မပေါ်ခင်ကတဲ ipad လိုမျိုးဟာ နဲ့ သင်လာတာလိုပြောလေ သည်၊

ဟိုတယောက် ဟုတ်လားပေါ့ မင်းကဘယ်ကျောင်းမှာတတ်တာလဲပေါ့

သူငယ်ချင်း ရွာကျောင်းလေပါပေါ့

ဟိုတယောက်က ဟ မင်းတို့ရွာကတယ်ဟုတ်ပါလားပေါ့ ဘယ်လိုမျိုးဟာလဲပေါ့ ipad မပေါ်ခင်း ပုံစံက

သူငယ်ချင်းကပြန်ပြောလိုက်တာက ဘာထင် ရွာသားတို့

 

ကျောက်သင်ပုန်းတဲ့

သူငယ်ချင်းကပြောသေးတယ် ငါတိုရွာကကျောက်သင်ပုန်းကို တွေ့ ipad ဆိုတာထွက်လာတာလားမသိဘူးတဲ

ဟုတ်လား မသိဘူးနော်

ဝင်ပေါကြည့်တာ ပါ တခါး မပေါဘူးလို့  😛

 

 

ရွာပြန်ရောက်တုန်းက ကလေးတွေရေးတဲ့ကျောက်သင်ပုန်း ကို မြင်း ပြီးရေးလိုက်တဲ့  ဟာသလေးပါ

 

မရီရရင်လဲ နဲနဲတော့ပြုံးပေးပါလို့

 

 

 

 

20 comments

  • babymay

    May 11, 2011 at 6:58 am

    ipad ဆိုတာမြန်မာနိုင်ငံက ကျောက်သင်ပုန်းကို ဒီဇိုင်းယူပြီးလုပ်ထားတာ လို့ ပြော သံကြားဖူးတာပဲ။။။

  • kai

    May 11, 2011 at 7:18 am

    စတိဗ်ဂျော့တောင်သွားပြောပြချင်စိတ်ပေါက်သွားတယ်..။
    ဒီလူကြီး.. မြန်မာတွေဆီမှာ ..လိုင်စင်မယူပဲ..ခိုးလုပ်တာကိုး..။

    တော်တော်ကို ရီ(ရယ်)ရပါတယ်.. 🙂

  • Mee2

    May 11, 2011 at 7:58 am

    I pad လား မပက်လားတော့သိပါဘူး။ဝမ်းတောင်မမြင်ဖူးသေးဘူးipad 2 တဲ့ နောက်3တဲ့။အင်းနော် J padခေတ်လောက်ကျမှကိုင်ဖူးတော့မယ်

  • king

    May 11, 2011 at 8:03 am

    ကဲ ရွာသူရွာသားအပေါင်းတို့
    မူပိုင်ခွင့်ကိစ္စ ရှင်းရှင်းလင်းလင်း လုပ်ကြရအောင်
    ကျောက်သင်ပုန်းနဲ့ ipad ကိစ္စက စကြစို့

  • eros

    May 11, 2011 at 8:09 am

    မူရင်းပိုင်ရှင်က မြန်မာပါ။ ဒါကြောင့် ဂျာနယ်တွေမှာ ရေးသားနေတာတွေကို ကြည့်ပါ ” သင်ပုန်းကွန်ပျူတာ” တဲ့ပါဗျား။ ဒါကြောင့် မူပိုင်က မြန်မာပါ။

    😛 ;P 😛

    • king

      May 11, 2011 at 10:10 am

      ဒါဆို အခုနေ မူပိုင်ခွင့်တင်ရင်ရော အခြေအနေဘယ်လိုရှိမလဲဗျ

  • babymay

    May 11, 2011 at 8:23 am

    တကယ်ကျောတာပါရှို။ တဂျီးကယုံဝူးလား။။:P

  • etone

    May 11, 2011 at 9:26 am

    ပေါ်သမျှ ဝယ်သုံးနေလို့ကတော့ သွားလေရာကို ပိုက်ဆံ ဆာလာအိတ်နဲ့ ထမ်းပြီး သွားမှပဲ ရမယ်… 😀

  • esz88

    May 11, 2011 at 9:42 am

    erone ကျနော်ကပေါ်မမျှ ဝယ်မသုံးဘူး ကြည့်ဘဲကြည့်တယ် အဟိ

  • intro

    May 11, 2011 at 1:05 pm

    ပစ္စည်းအသစ်တွေ ပေါ်တိုင်းပေါ်တိုင်း ကိုယ့်ဝင်ငွေကိုယ် စိတ်ညစ်တယ်နော်… ဟင်း…. မြင်သာမြင် မကြင်ရတာတွေ များနေလို့

  • MaMa

    May 11, 2011 at 1:10 pm

    မော်ဒယ်တွေက သစ်သစ်နိုင်လွန်းလို့ ဝယ်လိုက်ရင် ခဏလေးနဲ့ မော်ဒယ် အောက်သွားရော။ အဲဒါကြောင့်မော်ဒယ်မအောက်အောင် အသစ်အဆန်းတွေ သိပ်မဝယ်တော့ဘူး။ အများကြီး ရီသွားပါတယ် ခင်ဗျ။ 🙂 😀

  • padonmar

    May 11, 2011 at 1:31 pm

    ဖြစ်နိုင်ချေရှိတယ်နော်။ဘီလူးကျွန်းကလူတွေကိုမြှောက်ပေးလိုက်မှပဲ ။:D

  • nature

    May 11, 2011 at 11:10 pm

    မြန်မာပြည်ကစခဲ့တာတွေအများကြီးပဲ၊ post တခုတင်ပေးမယ်၊ စာတလုံးချင်းရှာရိုက်နေရလို့တင်ဖို့ဝန်လေးတယ်၊

  • မမလေး

    May 12, 2011 at 4:10 pm

    I Pad ဝယ်သုံးမယ် … ဈေးကြီးတယ် ဈေးကျတာစောင့်မယ် ဆိုစောင့်လိုက်တာ တစ်သိန်းလောက်တောင်ကျသွားတယ် … I PAd 2 ပေါ်တော့ I PAD ကို သိပ်စိတ်မဝင်စားတော့ဘူး I PAD 2 ဈေးကျတာထပ်စောင့်လိုက်ဦးမယ် … 🙂

    • susunosuki

      May 13, 2011 at 6:21 am

      touch အားလုံးက data output အတွက်ပဲကောင်းတယ်လို့ထင်တယ်။ စာဖတ်တာတို့ ရုပ်ရှင်ကြည့်တာတို့ပေါ့။ စာရိုက်ဖို့၊ ဒီဇိုင်းလုပ်ဖို့ ဆိုရင် သဘောမကျချင်ဘူး။

  • researcher

    May 13, 2011 at 4:35 am

    computer ပစ္စည်းဝယ်သုံးရင် ဘယ်တော့မှ နောက်ဆုံး latest model ကို မဝယ်နဲ့ ဈေးအရမ်းမြောက်တယ်။ 2nd latest ဆို အတော်ပဲ နောက်အသစ်ပေါ်လာတဲ့ အတွက် ဈေးကပြုတ်ကျသွားပြီ။ ဒါပေမယ့် နောက် (၆) လ လောက်ဆို ကိုယ်ဝယ်ထားတဲ့ ပစ္စည်းက တော်တော်လေး model အောက်သွားပြီ။ နည်းပညာက အဲဒီလောက်မြန်တယ်။

  • cobra

    May 13, 2011 at 8:39 am

    researcher ပြောသလိုဆိုဘာမှမဝယ်တာပိုကောင်းတာပေါ့။
    ဘာမှမဝယ်တော့model အောက်စရာလည်းမလိုတော့ဘူး..။

  • မမလေး

    May 14, 2011 at 3:49 pm

    စက်ပစည်းက ဝယ်လိုက်တာနဲ့ ရှုံးပြီမှတ် ရောင်းလို့လည်းမလွယ်နဲ့ … ရောငးရလည်းခက် … ရွှေသာဝယ်ထား ရောင်းရင်လည်းလွယ်တယ် … တက်ရင်လည်း မြတ်တယ် 🙂

  • MaMa

    May 15, 2011 at 1:22 am

    (နောက် (၆) လ လောက်ဆို ကိုယ်ဝယ်ထားတဲ့ ပစ္စည်းက တော်တော်လေး model အောက်သွားပြီ။ နည်းပညာက အဲဒီလောက်မြန်တယ်။) အဲဒါကြောင့် သူငယ်ချင်း အင်ဂျင်နီယာ တစ်ယောက်ကပြောတယ်။ elcetronic engineering ကို ဘယ်တော့မှ မယူလေနဲ့တဲ့။ ဦးဏှောက်ကို တချိန်လုံး ဆန်းသစ်ခိုင်းနေရတာ နောက်မှကျောင်းဆင်းတဲ့ မော်ဒယ်အသစ်တွေကြားထဲမှာ ကိုယ်လည်း ခဏလေးနဲ့ မော်ဒယ်အောက်သွားတယ် တဲ့လေ။

  • OQ23

    May 15, 2011 at 2:53 pm

    ကွန်ပျူတာတွေက တမျိူးပြီးတမျိူးရောက်ရောက်လာတယ်နော်။
    စိတ်ညစ်ရတယ် လိုက်လို့မမှီတော့လို့ပါ။နောင်တခေတ်
    ဒီ့ထက်ဆန်းတာရောက်လာမှပဲ သုံးတော့မယ်.။
    အခုလဲဝယ်သုံးထားပါတယ်။
    မော်ဒယ်လ်တော့အောက်သွားပြီပေါ့။

Leave a Reply