မိန်းမချစ်ဆေး

မိန်းမချစ်ဆေးတဲ.ဗျာ ။။ ကျနော်ကတော. လူပျိုလေးဆိုတော.မသိဘူးဗျို. ။။ ရွာထဲကအစ်ကိုကြီးတွေအတွက်လိုမလားလို. ရိုးရာ ဆိုဒ်ထဲကကူးလာပေးတာပါ။ အဆင်ပြေကြပါစေ

၁။ သူမ ငယ်ငယ်တုန်းက အလှဆုံးပုံကို ဧည့်ခန်းမှာချိတ်ထားလိုက်ပါ။
၂။ ချွေးထုတ်ခန်းအလကားသွားလို့ရမယ့် လက်ဆောင်ကတ်လေး သူမအတွက် ယူလာပါ။
၃။ သူမကားကို ဆီဖြည့်ပေးထားလိုက်ပါ။
၄။ သူမရဲ့ပွဲတက်ဝတ်စုံကို နောက်ကျောမှဇစ်ဆွဲတင်ပေးပါ။
၅။ ဖျားနေရင် ဆေးသွားဝယ်ပေးပါ။
၆။ ကလေးတွေကို ကိုယ်တိုင်ရေချိုးပေးပါ။
၇။ မိန်းကလေးသုံး ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ဆပ်ပြာဝယ်လာပေးပါ။
၈။ တစ်ခါတလေ ဖုန်းအကြာကြီးပြောနေရင် မငြိုငြင်ပါနဲ့။
၉။ အနားအကပ်မခံချင်ရင် ခွာနေလိုက်ပါ။
၁၀။ရေချိုးကန်ထဲမှာ ဆင်ပြာပူဖောင်းတွေနဲ့ သူမ ရေချိုးနိုင်အောင် ပြင်ဆင်ထားလိုက်ပါ။ လေးဖက်လေးတန် ဖယောင်းတိုင်လေးတွေထွန်းပေးပါ။

Link: http://www.yoyarlay.com/social-funny/1206-funny-7day-v9n31-1

15 comments

  • cobra

    May 13, 2011 at 8:09 am

    သူ ့ကဇစ်ဆွဲပေးတာမခံရင်ဘယ်လိုလုပ်မလဲ။

  • photwenty

    May 13, 2011 at 8:35 am

    တိဝူးလေ လူပျိုလေးပါဆို
    အစ်ကိုကြီးတွေကိုမေးလိုက်

  • king

    May 13, 2011 at 11:10 am

    ရပြီးရင်တော့ မသိဘူး
    မရခင်အခုချိန်ထိတော့ အဲဒီရေးထားတာအပြင်
    အကုန်လုပ်ပေးချင်တာ
    ( ^ _ * )

  • hmee

    May 13, 2011 at 12:55 pm

    မကြားဘူးဖူးထင်တယ် ယောက်ကျားဆိုတာ မရခင်ကသာ ဓူဝံကြယ်လိုချင်ရင် ဆွတ်ပေးမယ်ပြောတာ။ ရလည်းပြီးရော လမ်းထိပ်ဆိုင်က အီကြာကွေးတောင် မဝယ်ပေးချင်ဘူးတဲ့။ ကြားဖူးတာ ပြောပြတာနော်။

  • manawphyulay

    May 13, 2011 at 1:08 pm

    ၁။ သူမက ငယ်ငယ်က ဓာတ်ပုံမရိုက်ခဲ့ဘူး။
    ၂။မြန်မာနိုင်ငံမှာ ချွေးထုတ်ခန်းသီးသန့်လုပ်သေးဘူး။
    ၃။ ကားဆီဖြည့်ပေးချင်ပေမယ့် ကားမဝယ်ပေးရသေးဘူး။
    ၄။ သူမရဲ့ ပွဲတက်ဝတ်စုံက နောက်ကျောမှာ ဇစ်မတပ်ထားဘူး။
    ၅။ ဆေးက မဖျားခင်ထဲက အိမ်မှာ ဆောင်ထားသင့်တယ်။ ဖျားမှ ဝယ်တော့ ညသန်းခေါင်မှာ အဖျားအရမ်းကြီးနေရင် ဘယ်လိုလုပ်မလဲ။
    ၆။ ကလေးတွေ ရေချိုးပြီးချိန်မှ အလုပ်ကပြန်လာပြီး ရေထပ်ချိုးပေးရင် မျက်နှာတော်တော်ရမယ်… 😛
    ၇။ (မိန်းကလေးသုံး ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ဆပ်ပြာဝယ်လာပေးပါ။) သူလိုချင်တာ ဒါတွေမဟုတ်ဘူး ဆိုရင်ကော…. (ဥပမာ – စိန်၊ ရွှေ၊ ပတ္တမြား)
    ၈။ ဖုန်းတစ်နေကုန်ပြောနေရင် မငြိုငြင်ရဘူးနော်။
    ၉။ အနားအကပ်မခံချင်ရင် ခွာနေလိုက်ပါ။(ဒီစကားတော့ သေချာလိုက်နာသင့်တယ်။)
    ၁၀။ နေ့ခင်းကြီး ဖယောင်းတိုင်ထွန်းရင်ကောင်းပါ့မလား။ ဆပ်ပြာပူဖောင်းတွေ များနေတော့ ရေချိုးလို့ သူမက ရပါဦးမလား……:P
    ဒိလိုမလုပ်လည်း ဒီပြင်နည်းတွေအများကြီး မိန်းမချစ်ဖို့က လွယ်လွယ်လေးပါ။ နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ မေတ္တာ စေတနာထားပြီး ကိုင်းကျွန်းမှီ ျကျွန်းကိုင်းမှီ တစ်သက်လုံးကြင်နာသွားမယ်ဆိုရင်… ဘာဆေးနည်းမှမလိုအပ်ပါဘူးလို့ ပြောလိုက်ပါရစေ…..

  • phyoshein

    May 13, 2011 at 6:18 pm

    မိန်းမချစ်ဆေးလား..
    လွယ်လွယ်လေးပါတဲ့..
    မိန်းမဆိုတာ ဘာမှ ကြောက်စရာမလိုဘူး…
    သူတို့ခိုင်းတာသာ လုပ်ပေးလိုက်….ဘာမှကြောက်စရာလိုဝူး…
    သူများပြောတာကြားဖူးတာ….

  • intro

    May 14, 2011 at 3:38 am

    ကို ဖိုးတွမ်တီး ပြောတဲ့ အချက်တွေက မြန်မာနိုင်ငံအတွက် ဆိုရင်တော့ သိတ်အဆင်မပြေလှဘူးနဲ့တူတယ်ဗျ… ဒီနိုင်ငံမှာက သိတယ်မလား 🙂

  • shweminthar

    May 14, 2011 at 5:53 am

    ရှောင် ရန်
    မိန်းမ များသည် အလွန်စကားများ၏။
    မိန်းမတို့သည် သူတို့ပြော နေသောအကြောင်းအရာ များကို ဂဃနဏ မသိခင် နာထောင်လို့ ကောင်းသလိုလို ရှိပြီး
    တယောက်အကြောင်းတစ်ယောက်သိလာ သောအခါ အရေ မရအဖတ်မရ စကားများကိုသာ အမြဲပြော နေခြင်းသာဖြစ်သည်။
    အဲလို အမှန်တွေ သွားပြောရင် မိန်းမက ချစ်မှာ မဟုတ်ပါ။ ဒါကြောင့် ဒါမျိုးသွေးထွတ်အောင်မှန်သောစကားမျိုးကို သွားမပြောလိုက်ကြပါနဲ့….

    • maythakhin

      May 24, 2011 at 7:06 am

      အားလုံးဒီအတိုင်းပါပဲ။ လူရွှင်တော်တယောက်ပြောတဲ့စကားလေးရှိတယ်လေ။ မှန်တိုင်းလဲမကောင်းဖူးတဲ့။:)

    • maythakhin

      May 24, 2011 at 7:09 am

      အားလုံးဒီအတိုင်းပါပဲ။ လူရွှင်တော်တယောက်ပြောတဲ့စကားလေးရှိတယ်လေ။ မှန်တိုင်းလဲမကောင်းဖူးတဲ့။

  • Kaung Thant

    May 14, 2011 at 5:56 am

    ဩ အကိုရ ကျန်သေးတယ်ခင်ဗျ။ အသူအမြဲတမ်း စွဲလန်းနေအောင် အနမ်းလေးတွေလဲပုံမှန်ပေးရဦးမှာပေါ့။ ဒါမှသံယောဇဉ် မပျက်ပဲ ဖိုးဖိုး ဖွားဖွားတွေဖြစ်တဲ အထိ ချစ်မှာ ပေါ့။ 🙂

  • photwenty

    May 14, 2011 at 6:53 am

    အင်းလေဗျာ ကျနော်ကလည်း မြန်မာနိုင်ငံအတွက်လို.မှမပြောပဲ ကိုး
    ဒီကအစ်ကိုကြီးတွေတော်တော်များများက နိုင်ငံခြားရောက်နေတဲ.သူများလို.လေ
    ဒီနိုင်ငံကလူတွေကတော. သိပါတယ် ဟိုအငြိမ်.ထဲကလိုလေ မော.စ်ပြောသလိုလုပ်ရင်ချစ်မှာပဲကိုးလို.(:)

  • OQ23

    May 14, 2011 at 2:41 pm

    မသိတော့ပါဘူး။
    တကယ်ချစ်ဖို့အတွက်အဲဒါတွေမရှိလဲရပါတယ်။

  • မမလေး

    May 14, 2011 at 3:18 pm

    hmee ရေ … လမ်းထိပ်က အီကြာကွေးမပြောနဲ့ လမ်းကြုံလို့ဝယ်လာပေးပါဆိုတာ မှတ်မိရင်တောင် မေ့ချင်ဟန်ဆောင်နေမှာ …
    မနောဖြူလေး … ချွေးထုတ်ခန်း ကမ်းနားလမ်း လီလီ က ဖွင့်ထားတာ … ၁၂၀၀ဝ အကျီင်္က ၁၀၀ဝ နဲ့ တစ်ခါကို ၁၃၀၀ဝ ကျတယ် … ရေချိုးဆပ်ပြာ ခေါင်းလျှော်ရည် ပျော့ဆေး သူတို့ပေးတယ် ..

  • windtalker

    June 4, 2011 at 5:09 am

    ကိုရီးယားဇါတ်လမ်း ခွေများ ကို အဆက်မပြတ်ကြည့် ပါ ။ သူမ ကို လည်း ထွက်သမျှ ကိုရီးယား ရုပ်ရှင်ခွေများ အဆက်မပြတ် လက်ဆောင်ဝယ်ပေးပါ ။ ဒါမှ သူမ နှင့် ကိုရီးယားဇါတ်လမ်းများအကြောင်း ငံ နိုင်မည် ။ အထင်ကြီးခံ ရမည် ။ အထင်ကြီး ခံ ရပြီ ဆိုလျှင် အနည်းဆုံးတော့ ဘာမှ မဖြစ်တောင် ဝင်ထွက်သွားလာခွင့် ရပြီပေါ့နော် လူပျိုကြီးများ အတွက် ပြောပါတာပါ ဟီဟိ ။ ချွေးထုတ်ခန်း ဖိုး မတတ်နိုင်လျှင် ဇလုံကြီးကြီး နှစ်ခု ထဲ သို ့ရေနွေးပူပူများ အပြည့်လောင်းထည့် ပါ ။ သူမ ကို ထို ဇလုံ ၂ ခု အလယ် တွင် ငုတ်တုတ် ထိုင်ခိုင်းပြီး သဘက်တစ်ထည် အပေါ ်မှ အုပ်ပေးထားပါလေ ။ ချွေးထွက် ရုံမက…. အင်း….. ချွေးများထွက်သွားပါလိမ့်မည် ။

Leave a Reply