သို့ ဂေဖက်၏ သုံးထောင်ကျော်မန်ဘာ ညီလေး ညီမလေး ကိုကိုမမ ဆရာကြီး ဆရာမကြီး များခင်ညား

ဟိုးးးးးးးးးးးးးးးးးးးးးးးးးးး
အပေါ်ဆုံမှာ ကိုကြောင်ကြီးရဲ့
https://myanmargazette.net/48593/uncategorized-other/copypaste
ဆန္ဒမဲပေးပွဲကြီးမှာ ပါဝင်တဲ့
ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းလေးများကို
ကျေးဇူးပြု၍ ဖတ်ရှုပြီးပါလျှင်
မိမိတို့မှ တစ်ဦးတစ်ယောက်သောသူအား
နာမည်ခေါ်၍ သို့မဟုတ်
သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ အချက်အလက်အား
Like or Dislike ပေးခြင်းဖြင့် ကူညီကြဘိ်ု့ ခြေအစုံကို ဦးခိုက်ရှိခိုးတောင်းပန်ပါတယ်ခင်ဗျ
ကိုယ်က ဘာမှ မလုပ်ရဲသည့်တိုင်
ဘာမှလည်းမပေးနိုင်ပါဘူး
ဒါပေမဲ့ လုပ်ရဲတဲ့သူကို ပေးတဲ့သူက ပေးတော့မယ့်ကိစ္စမှာ
ကျွန်တော်တို့အနေနဲ့
ပါဝင်အသိအမှတ်ပြုသင့်ပါတယ်ခင်ဗျ
ဘာမှန်းမသိရင်တောင်
သဂျီးပေးထားတဲ့ ငါးယောက်ထည်းက တစ်ယောက်ယောက်ရဲ့
ကိုရေးအကျဉ်းမှာ
Like or Dislike လေးတော့ လုပ်ကြဘို့
ဒုတိယမ္ပိ နှစ်ကြိမ်မြောက်လည်း
တတိယမ္ပိ သုံးကြိမ်မြောက်လည်း ရှိခိုးတောင်းပန်ပါတယ်ခင်ဗျ။
မန်ဘာသုံးထောင်ကျော်နဲ့ ဧည့်သည် ဘယ်လောက်ရှိမှန်းတော့မသိပါဘူး
ဒီလောက်အရေအတွက်နဲ့လူတွေက
ဒီအကြောင်းကို ကော်မန့်ရယ်
Like or Dislike ရယ်က နှစ်ဆယ်တောင်မပြည့်တာကိုကြည့်ခြင်းအားဖြင့်
နောက်နောင် ဟိုအကြောင်း သည်အကြောင်းတွေကို
ပြောကြဆိုကြမယ်ဆိုရင်ဖြင့်
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ
လူမယဉ်ကျေးတဟ်ယောက်၏ ဇာတိသွေးဇာတိမန်များကို အစွမ်းကုန်
ပြသတော့မည်ဖြစ်ပါကြောင်း
အထူးအသိပေးအပ်ပါသည်။
ကျေးဇူးပြုပြီး ဒီနေရာမှာ ကော်မန့်မရေးပါနှင့်ခင်ဗျား
သက်ဆိုင်ရာနေရာမှာ
Like or Dislike လေးကိုတော့ လုပ်ကြဘို့ စတုတ္ထအကြိမ် လေးကြိမ်မြောက်လည်း
ရှိခိုးတောင်းပန်အပ်ပါသည်ခင်ဗျား။
ဦးခိုင်ခင်ဗျား-
ကျွန်တော် ပို့စ်လို့ခေါ်လားဘာလို့ခေါ်လားမသိတဲ့
ကျွန်တော့်ရဲ့ တောင်းဆိုမှုကို
ကွန်မန့် အောဖ် ပေးစေလိုပါတယ်ခင်ဗျား။