Those articles deserve reading for.

Foreign ResidentMay 11, 20111min580

Dear villagers,
I would like to share my dear villagers to read following good Articles.

ထိုင်းနိုင်ငံရောက် ဗမာလေးတစ်ယောက်

အပိုင်း 1 http://www.aung.info/?p=1960
မြန်မာပြည်က လာတယ်လို့ ဖြေတိုင်း
ပထမ ပြုံးပြုံး ရွှင်ရွှင်နဲ့ မေးလာကြ သူတွေဟာ
မျက်နှာပျက် သွားပြီး၊ အချို့ဆို သိသိသာသာ
နှာခေါင်း ရှုံ့သွားပြ ကြပါတယ်။

အပိုင်း 2 http://www.aung.info/?p=1964
သူတို့ အားလုံးဟာ အလွန်အမင်း ဖော်ရွှေ ကူညီ
လုပ်ကိုင် ပေးတတ်တဲ့ နေရာမှာ မိမိတို့ ဗမာ
များ ထက်ပင် ပိုတယ်လို့ တွေ့မြင်ခဲ့ ရပါတယ်။

အပိုင်း 3 http://www.aung.info/?p=1967
ငါတို့ ဆီမှာက မင်းသိတဲ့ အတိုင်း ပြည့်တန်ဆာ
ဆိုတာ အများအားဖြင့် တောနယ် ဖက်က လာကြပြီး၊
သူတို့ဟာ သူတို့ မိဘတွေ သိပ်ဆင်းရဲရှာလို့ သူတို့ရဲ့
ကိုယ်ခန္ဓာကို ရင်းနှီးပြီး ဒီ ဘန်ကောက်မှာ
လာ အလုပ်လုပ် ကြရတာတွေလေ။
ဒီတော့ ငါတို့ဟာ သူတို့ကို ကိုယ့်နှမတွေလို
သဘောထားပြီး စာနာ ကြတယ်။

တစ်ချို့ဆို မြန်မာ မိန်းကလေး ဖြစ်ရင် ပြီးရော
ဝိုင်းမုဒိန်း ကျင့်ပြီး သတ်ပစ်မယ်ကွ ဆိုတာမျိုးတွေ
အထိ ဖြစ်ကုန်တယ်။

အပိုင်း 4 http://www.aung.info/?p=1979
ဒီကနေ့ အမေရိကန်၊ အင်္ဂလန်၊ ဂျပန် နဲ့ ဩစတေးလျ
စတဲ့ ကမ္ဘာ့ ထိပ်တန်း နိုင်ငံများကို ကြည့်ရင်၊
သူတို့ဟာ ကမ္ဘာ့ ဩဇာ အာဏာ ကြီးတဲ့ နိုင်ငံများ
ဖြစ်ကြပြီး၊ ဘယ်သူ့မှ လူမထင်လို့ ရတဲ့ နိုင်ငံများ
ဖစ်ကြသော်လည်း သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေကို
ဝန်ခံခြင်း၊ ဝန်ချခြင်း၊ တာဝန်ယူခြင်း စသည်တို့
လုပ်နေကြတာ တွေ့ရပါမယ်။ ဥပမာ ဂျပန်နိုင်ငံ ဆိုရင်
ဒုတိယ ကမ္ဘာစစ် အတွင်းက သူတို့ လုပ်ခဲ့တဲ့
လုပ်ရပ်တွေကို ဒါဟာ အပြစ်တွေ ပါဆိုပြီး၊ သူတို့
ကိုယ်တိုင် သူတို့ လူမျိုးတွေကို ထုတ်ဖော်
ပြောကြားတာမျိုး လုပ်ကြသလို၊ သူတို့
အပြစ်ကျူးလွန် ခဲ့တဲ့ နိုင်ငံတွေ အပေါ်မှာလည်း
ဝန်ချ တောင်းပန်ခြင်း၊ ပြန်လည် စာနာမှု
အကူအညီတွေ ပေးခြင်းများ လုပ်ကြတာ မကြာခဏ
သတင်းတွေထဲမှာ ကြားဖူး နေရပါတယ်။
ဒီလိုပါဘဲ ဩစတေးလျ ဆိုရင်လည်း ဒီကျွန်းပေါ်ကို
ရောက်လာပြီး လက်ရှိ ကျွန်းမှာ နေထိုင်နေတဲ့
ကျွန်းသားတွေကို ဗလာကာရ ပြုကျင့်ခဲ့တာ၊
အနိုင်အထက် လုပ်ခဲ့ တာတွေကို အပြစ် တစ်ခုလို
သူတို့ အစိုးရ ကိုယ်တိုင်က ထောက်ပံ့ ပေးထားတဲ့
ရုပ်မြင် သံကြားလိုင်း ကနေ ယနေ့ထိ ထုတ်ပြ
ထောက်ပြ နေကြတာ ကြည့်ရပါတယ်။ ဒီအပြစ်တွေ
ကိုလည်း ဝန်ခံ၊ ဝန်ချပြီး ဒီအမှားတွေ အတွက်
ပေးဆပ်ရမဲ့ ကိစ္စများ အတွက်လည်း ပေးဆပ်နေ
ကြတာ တွေ့ရပါတယ်။ ဒါတွေဟာ
ယဉ်ကျေးသူတွေရဲ့ ယဉ်ကျေးမှုကို ဖော်ထုတ်
ပြသတဲ့ ပုံစံ ဖြစ်ပါတယ်။

အပိုင်း 5 http://www.aung.info/?p=1982
ရှေးဗမာ မင်းတွေဟာ ထိုင်းနိုင်ငံ ဒီနေရာကို လာပြီး
ဘုရားတွေကို ဖျက်ဆီး၊ ဘုရားတွေမှာ ကပ်ထားတဲ့
ရွှေတွေကိုခွာ၊ ယောက်ျားတွေကို သတ်ပစ်၊
ခေါင်းဖြတ်၊ မိန်းမတွေကို မုဒိန်းကျင့်၊ အချို့ကိုလည်း
မုဒိန်းကျင့်ပြီး သတ်ပစ်ခဲ့၊ ကလေးတွေကိုလဲ
မောင်းဆုံထဲ ထည့်ထောင်း၊ အဲသည်လို ယုတ်မာ
ရိုင်းစိုင်းစွာ ထိုင်းလူမျိုးတွေကို အနိုင်အထက်
ပြုကျင့်ခဲ့တယ်

အခုလက်ရှိ ဗမာနိုင်ငံ မှာလည်း တိုင်းရင်းသား
လူမျိုးစုတွေကို အဲသည်လို မိုက်မိုက်ရိုင်းရိုင်း
ယနေ့ထက်တိုင် ဆက်ဆံ နေကြလို့ ထိုင်းနိုင်ငံကို
ထွက်ပြေးလာတဲ့ အဲသည်လို ပြုကျင့် ဆက်ဆံ ခံရတဲ
့ မြန်မာ တိုင်းရင်းသား လူမျိုးစုတွေကို နှစ်ပေါင်း
များစွာကပင် ကယ်တင် စောင့်ရှောက် နေရတဲ့
အကြောင်း၊