အဖိုးတန်စာစုတွေတော့ မဟုတ်ပါဘူး ဒါပေမယ့် ……

KingMay 11, 20111min986

အခုတစ်လော သူငယ်ချင်းတွေပို့စ်တွေမှာ အယူဝါဒတွေနဲ့ ပတ်သတ်ပြီး ငြင်းကြခုန်ကြ ဆွေးနွေးကြ ထောက်ခံကြနဲ့ပေါ့

ဒါနဲ့ သူငယ်ချင်းတွေရဲ့   ဦးနှောက်ကို ခဏတာ အပန်းဖြေစေဖို့အတွက် forward mail မှ ရရှိထားတဲ့ မေးလ်တစ်ခုကို

အားလုံးအတွက် ဖောက်သည်ချလိုက်ရပါကြောင်း ……………………………………

အောက်ပါဝေါဟာရများကို ၁ ကြိမ်စီအသုံးပြု၍ စာစီကုံးပါ

*ဂါ/ဘွတ်စမံ/ဂျွတ်/ပျားတုပ်/လန်း/ဖလမ်းဖလမ်း/ဂိ/ညောင

်း/ဂျင်းထဲ့/ဖောင်း/ပိန်း/ဖလာကြိတ်/ကုန်းဆင်း/အရောက်ပို့/ရှော်/နားကား/ရှော့/ကျော/ဘီးဂျဲ/ငုတ်တုတ်မေ့/ဂန့်/ဘူ/ကျွတ်ဆင်/ပွေး/ဖောရှော/အီစီကလီ/လန်ထွက်/ဖု/ကြူ/ရေလျှံ/တင်း/ပြဲ/အိုင်စီလွတ်/ဂေါက်/အမ်း/ဂိုက်ပေးကြမ်း/တိုင်ပတ်/ဗျင်း/ခိုက်/၉လောက်ရှိ/ထု/ငြိ/ဖွန်ကြောင်/ကျ/ကိုဝင်းကြည်/စတေးရှောင်/ကျွေး/ကြုံး/မျိုးကန်း/ဥ*

ကျော်ကျော် သည် *ဂိုက်ပေးကြမ်း * သောလူ *ပွေး *၁ ယောက်ဖြစ်သည်။မူမူသည်*ရေလျှံ* သည့်အပြင် *လန်ထွက်* နေသော သူဋ္ဌေးသမီး ၁ ဦးဖြစ်သည်။စတိတ်ရှိုး ၁ခုတွင်* ဖလမ်းဖလမ်း* ထနေသောမူမူကို ကျော်ကျော်* ခိုက် * သွားပြီး *ငုတ်တုတ်မေ့* သွားသည်။

ထို့နောက် ကျော်ကျော်သည် ရည်းစားဟောင်းအမကြီး ၁ ဦးထံမှ *ကျော်*ထားသော ဖုန်းဖြင့် မူမူကို * ကြူ* တော့သည်။မူမူကလဲ သူငယ်ချင်းများက *အရောက်ပို့ * သောကြောင့် ကျော်ကျော်ကို * အီစီကလီ * ပြန်၍ *ထု*သည်။ကျော်ကျော်၏*ဖောရှော *ကောင်းမှုကြောင့် မူမူသည် ကျော်ကျော်ကို * ငြိ *သွားသည်။

ကျော်ကျော်၏ *ဖွန်ကြောင် * ချက်မှာ* ၉ လောက်ရှိ * သဖြင့်နောက်ဆုံးတွင် မူမူ *ကျ * သွားသည်။ချစ်သူတို့သဘာဝ ကျော်ကျော်က မူမူကို *ဘွတ်စမံ * ကျွေးသည်။မူမူ မှာ မစားဖူးသောကြောင့် * နားကား*သွားသည်။လိုတာထက်ပိုကျွေးမိသောကျော်ကျော်လဲ *ဂိ *သွားသည်။

သို့ဖြင့် မူမူမှာ *ကိုဝင်းကြည*် ရရှိလာသောအခါ လက်ထပ်ဖို့အစီအစဉ်မရှိသော ကျော်ကျော်မှာ * တိုင်ပတ် * တော့သည်။မိမိကို *ဖောင်း * လာသောကျော်ကျော်ကို မူမူက*တင်း*သွားပြီး သူမ* အမ်း *ထားသမျှကိုပြန်ပြီးတောင်း၏။တစ်ချိန်က *ဖလာကြိတ်* ၍ *ကုန်းဆင်း* ခဲ့သော ကျော်ကျော်မှာမူမူကို *ရှော် * ချင်သောကြောင့် * အိုင်စီ *လွတ်ပြီး *ဂေါက် *ချင်ဟန်ဆောင်လေသည်။

ထိုကိစ္စကို * ဘီးဂျဲ *ကြီးဖြစ်နေပြီဖြစ်သော မူမူ၏ အဖေကြီးကသိသွားသည်။သမီးဖြစ်သူကို *ဂျင်းထဲ့ *ခံရသဖြင့် အဖေကြီး *ပျားတုပ်*သွားသည်။ မွေးထားသည့် တပည့်များကို * ပြဲ * သည်အထိ တိုက်ပြီးလျှင်ကျော်ကျော်ကို * ဂန့် *သည်အထိ * ကျွေး *ရန်ညွန်ကြားသည်။ကျော်ကျော်လဲအဖေကြီးကို * ဂျွတ် * သွားပြီး သူတို့နှင့်ဝေးရာကို * စတေးရှောင်*တော့သည်။အဖေကြီး၏ တပည့်များမှာ * ပိန်း * သောကြောင့် ကျော်ကျော်ကို * ဗျင်း*ချင်သော်လဲ ရှာလို့မတွေ့ကြချေ။

သို့သော်အဖေကြီး၏ ရှာဖွေမှုမှာ *ကျွတ်ဆင် * ကြီးဖြစ်သောကြောင့်နောက်ဆုံးတွင် ကျော်ကျော်* ညောင်း *သွားသည့်နေရာကိုသိသွားတော့သည်။တပည့်များက ၁ယောက် ၁ ချက် ဝိုင်း *ကြုံး* လျှင်တောင် *ရှော့* တက်ပြီး * ရှော *သွားနိုင်သဖြင့် ကျော်ကျော်မှာ အဖေကြီးကို *ဂါ*လိုက်ရတော့သည်။ကျော်ကျော်ကို* ဖု * နေသော်လဲ အဖေကြီးသည် ကလေးမျက်နှာကိုထောက်၍ မျက်နှာအ* ဘူ ြ*ကီးဖြင့်ကျော်ကျော်ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ကံကောင်း၍ ကျော်ကျော်*မျိုးကန်း *မည့် ကိစ္စမှ လွတ်မြောက်သွားပြီး နောက်ထပ် ထွက်ပြေးမည့်အစီအစဉ်ကို* ဥ *ထားလိုက်တော့သည်။

(forward mail တစ်ခုမှ ရရှိထားခြင်းဖြစ်ပါသည်။)

အားလုံးရဲ့
King

6 comments

  • photwenty

    May 12, 2011 at 5:06 am

    အဲ.ဒါဟာသလား
    အဟုတ်ဘူး
    ပေါက်ကရ ဟီး

  • babymay

    May 12, 2011 at 5:13 am

    ကောင်းလှချည်လား။။ တကယ့် ကျွတ်ဆင် အကွက်ကြဲတွေပဲ—ဟဲဟဲ။။။

  • naywoonni

    May 12, 2011 at 7:52 am

    ဒီကနေ သုံးနေတဲ့ ဘန်းစကား အကုန်သုံးထားတာပဲ ….။ ဘန်းစကားလေ့လာသူတွေကို ဖတ်ခိုင်ရမယ်…။

  • king

    May 12, 2011 at 10:15 am

    ဟုတ်တယ်
    နောက်ဆိုရင် ဒီလိုမျိုးတွေ ဖြစ်ရင်ကုန်ရင်တော့ ……

  • eros

    May 12, 2011 at 3:09 pm

    ဒီစာစု ဒီရွာထဲမှာပဲ ဖတ်ဖူးပါတယ်။

Leave a Reply