လွမ်းလို့ကျန်ရစ်ခဲ့တာကိုကျတော့ ဘယ်သူလာပြီးအားနာပေးမှာလဲ

naywoon niMay 11, 20111min988

အသက်ကြီိးလာတောကလည်း လွမ်းစရာတွေများနေရုံပ..။ တစ်ခုခုကြုံလာရင် အရင်ဘယ်လို
ဘယ်ကဲ့သို့ပေါ့လေ….. ။အရင်နဲ့အခုကဘယ်လိုကွာတာ ဘာနဲ့ ညာနဲ့
ပြောလို့မဆုံးတွေးလို့ မဆုံး..။
ညက အင်တာနက်ဆိုင်ကပြန်လာတော့ အရင် နှစ်နှစ်ဆယ်ကျေယ်လောက်က
လ္ဘက်ရည်ဆိုင်သီချင်းလေးတွေ ကြားလိုက်မိတာနဲ့ အဲဒိလ္ဘက်ရည်ဆိုင်လေးထဲ
အလိုလိုရောက်သွားတယ်..။ စိတ်ထဲက ဘာရယ်လို့တော့ မဟုတ်ဘူး.။
ဖွင့်ထားတဲ့သီချင်းလေးက ဆိုင်းထီးဆိုင်ရဲ့ သီချင်းလေးပါ.။ mp3
ကိုဆောင်းဘောက်လေးနဲ့ ဖွင့်ပေးထားတာ..။ အရင်တုန်းက တော့ ကက်ဆက်နဲ့ တိတ်ခွေနဲ့
ဖွင့်ရတဲ့သီချင်းလေးတွေပေါ့ ဖွင့်ထားတဲ့သီချင်းလေးက…”
ခွဲစိတ်ခန်းကဆရာမလေး”တဲ့လေ..အချိန်က ည
ကိုးနာရီလောက်ပဲရှိသေးပေမဲ့..ဆိုင်ကလူရှင်းနေပြီ..။ ဆိုင်အတွင်းပိုင်းထဲမှာ
လူမရှိတော့ဘူး..။ အတွင်းထဲမှာ နိုင်ငံခြားကား ထိုးထားပြီး ဆိုင်က
ကလေးတွေကြည့်နေတယ်..။ တစ်ခြားဆိုင်တွေလိုပဲ ဘောလုံးပွဲ မပြလို့
ဆိုင်ထဲလူမရှိတာလည်းဖြစ်နိုင်တယ်..။ ဘာလို့လဲဆို
အချိန်ကအစောကြီးရှိသေးတာကိုးးး။ ဘောလုံးပွဲပြနေတဲ့ ဆိုင်တွေကတော့
လူရှိနေတာပဲ..။ မိုးရွာနေလည်း ထီးဆောင်းလာကြတာ..။ ဆိုင်ထဲရောက်မှ
ရေစက်လက်ထီးကို အနားချထားပြီး ဘောလုံးပွဲထိုင်ကြည့်တာပဲ..။ လ္ဘက်ရည်ကောင်းတာ
မကောင်းတာထက် ဘောလုံးပွဲ ကောင်းဖို့ပဲ အာရုံထားတာ..။ ဒီဆိုင်လေးမှာတော့
ဘောလုံးပွဲ မပြတာနဲ့ လူရှင်းနေတာပေါ့..။ ဆိုင်ရှေ့ထုတ်ထားတဲ့ စားပွဲဝိုင်း
သုံးလုံးလောက်မှာပဲလူရှိနေတယ်..။ စားပွဲဝိုင်းနှစ်ဝိုင်းကတော့ စစ်တုရင် (ချက်)
ကိုသဲကြီးမဲကြီးထိုးနေလေ..ရဲ့..။ အင်း ဒါလေးကိုမြင်တော့လည်း
လွမ်းစရာလေးကပေါ်လာပြန်ရော..။ ဟိုတစ်ချိန်တုန်းက ညအလင်းဖွင့်တဲ့
လ္ဘက်ရည်ဆိုင်လေးမှာ ချက်ဝိုင်းတွေ စကရေဘယ်လ်ဝိုင်းတွေနဲ့ စည်ကားနေခဲ့တာကိုပါ..။
နေဝန်းနီတို့လည်း ဒစ်ရှင်နရီ စာအုပ်အထူကြီးတစ်ကာကားနဲ့ ဝိုင်းတစ်ကာဝိုင်း
ဆရားကြီးလိုလို ဘာလိုလိုနဲ့ မြောက်ကြွ မြောက်ကြွ လုပ်ခဲ့တာ..။ ခုတော့လည်း
ဒါတွေဒါတွေ ကွယ်ပျောက်ခဲ့ပါပြီ..။ နေဝန်းနီတို့ လ္ဘက်ရည်ဆိုင်ထိုင်သက်ကလည်း
14နှစ်လောက်ကတည်းက ထိုင်ခဲ့တာဆိုတော့ နှစ်အစိတ်ကျော် ကာလကို ဖြတ်သန်းလာပြီး
သကာလ……..
အရင်တုန်းကဆို လ္ဘက်ရည်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ အခုလောက်
အရင်းကြီးကြီးမလိုပါဘူး..။ လ္ဘက်ရည်ဖျော်ဖို့ခုံရယ်..။ မုန့်လုပ်ဖို့ ခုံရယ်..။
စားပွဲဝိုင်းလေးငါးဝိုင်းလောက်ရယ် ဆန့်မဲ့နေရာတစ်ခုရှိရင် ဖြစ်တာပဲ..။ လ္ဘက်ရည်
ခွက် အစုံ 20 လောက်ဆိုရပြီ..။ လ္ဘက်ခြောက်နှပ်တဲ့ မီးဖိုတို့ မုန့်လုပ်တဲ့
မီးဖိုတို့တော့ပါရမှာပေါ့..။ အဲ..အဲ.. သီချင်းဖွင့်ဖို့ ကက်ဆက်လေးတစ်လုံးနဲ့
လူငယ်ကြိုက် သီချင်းခွေလေးတွေလည်းလိုတာပေါ့..။ တိတ်ခွေခောတ်လေ..။ မရှိလည်း
ငှားဖွင့်လို့ရတာပဲ..။ အငှားဆိုင်တွေရှိတယ်..။ အခု vcd ဒစ်စ်တွေငှားသလို
ဈေးပိုမပေးရပါဘူး..။
အခုတော့ဒီလိုမဟုတ်ချေတော့ဘူး..။ လ္ဘက်ရည်ဆိုင်ဖွင့်မယ်ဆိုရင်
ကျန်တာပြီးမှစဥိးစား TV ဘယ်နှစ်လုံးထားမှာလဲ နှစ်လုံးပြဖိူ့ ဘောလုံးပွဲ ပြဖို့စလောင်း
ရှိလား..။ ဇာတ်ကားပြဖို့ရာ 5movie ချိတ်ထားပြီလား ဒါမှမဟုတ်ရင် sky net
ချိတ်ထားသလား ဒါတွေက စရပြီ..။ အဲဒါတွေက လ္ဘက်ရည်ကောင်းဖို့ မုန့်ကောင်းဖို့
လူရှာရတာထက်အရေးကြီးတယ်..။ အရင်က လ္ဘက်ရည်ဖျော်တဲ့သူ (ဖျော်ဆရာ)ကို
သီးသန့်မွေးထားရတာ..။ မုန့်လုပ်တဲ့သူ (မုန့်ဆရာ )လည်းထို့အတူပဲ..။ ခုတော့
လ္ဘက်ရည်လေး နဲနဲပါးပါးလောက် ဖျော်တတ်တာနဲ့..။ ဆမူဆာလေး အီကြာကွေးလေး
လောက်ဖြစ်တာနဲ့ မုန့်ဆရာနေရာ ဝင်ယူသူတွေမဟုတ်ဘူး..။ လ္ဘက်ရည် ဖျော် မုန့်လုပ်
သင်တန်းဆင်လက်မှတ် မရှိတာကလွဲရင် အကုန် တတ်တဲ့သူတွေချည့်ပဲ..။ မနက်စောစော
ကြာနီကန် ဆရာတော် တရားခွေဖွင့်ပြီရင်..။ ရော့ခ် တွေ ကမ်းထရီးတွေ..
လာပါလိမ့်မယ်..။ အဲဒိတုန်းကလည်း လူကြီးတွေက နားငြီးတယ်တဲ့..။ အင်းး
နေဝန်းနီတို့ ရက်ပါတွေ နားတောက်သလိုနေမှာပေါ့လေ……..။ ဟုတ်တယ်လေ…
ရန်ဖြစ်သလို ဖျစ်တောက်ဖျစ်တောက်နဲ့ဆိုတော့ အဟီးးး..။ အဲဒိလိုလ္ဘက်ရည်ဆိုင်
ထိုင်တဲ့ ယဉ်ကျေးမှု က စီးမြောလာခဲ့တာနှစ်အစိတ် ကျော်လာပါပြီ..။ အဲဒိလို ကွာခြားလာတဲ့ ကာလမှာ တော်တော် လွမ်းစရာကောင်းတာကတော့ ဈေးနှုန်းပါပဲ..။ နေဝန်းနီတို့ လ္ဘက်ရည်စသောက်တော့ အဲလေ.. လ္ဘက်ရည်ဆိုင်စထိုင်တော့ လ္ဘက်ရည်တစ်ခွက်မှ သုံးမတ်(ခုနှစ်ဆယ့်ငါးပြား) -တစ်ကျပ် ရှိသေးတာ..။ ခုဆို တစ်ခွက်ကို တစ်ရာ့ငါးဆယ် -နှစ်ရာကျပ် ပေးသောက်ရတာ..။ အဆပေါင်း 200ကွာခြားခဲ့ပြီ..။ ဘယ်တော့မှ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့လွမ်းစရာလေးပါပဲ..။ အဲဒိအချိန်ကစပြီး နေဝန်းနီတို့ဆီမှာ လ္ဘက်ရည်ဆိုင်ထိုင်လာလိုက်ကြတာ လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှုလို့ ပြောရလောက်အောင်ပါပဲ..။ လူငယ်တွေ စုဝေးရာ အလုပ်လက်မဲ့ လူကြီးများ ဆုံဆည်းရာ နေရာ ဟာလ္ဘက်ရည်ဆိုင်ပါပဲ..။ နေဝန်းနီတို့ လ္ဘက်ရည်ဆိုင် လွတ်လွတ်လပ်လပ် ထိုင်ခွင့်ရတာက ကျောင်းတက်နေချိန်ပါ..။ မန္တလေးတက္ကသိုလ်ရောက် ကျောင်းသားဆိုတော့ မန္တလေးက လ္ဘက်ရည်ဆိုင်တော်တော်များများမှာ ထိုင်လာခဲ့ဖူးတယ်..။ မရောက်တဲ့ဆိုင်ရယ်လို့ မရှိသလောက်ပါဘဲ..။ နေဝန်းနီတို့ ဆယ်တန်းအောင်တဲ့နှစ်ကစပြီး နေပြည်တော်သုံးမြို့နယ်ကို (အရင်ကတော့ နေပြည်တော်မဟုတ်သေးဘူးပေါ့နော်) မန္တလေး တက္ကသိုလ်ကို စပြီးပို့တဲ့နှစ်ဆိုတော့ သာမာန် ဝိဇ္ဖာ တွေပါ မန္တလေးတက္ကသိုလ်ကို ရောက်သွားတာလေ…။ အဲဒိတုန်းက ညအလင်းဖွင့်တဲ့ဆိုင်တွေလည်းရှိတယ်..။ နေဝန်းနီတို့က အစောပျုင်းလောက်ပဲ လ္ဘက်ရည်ဆိုင်ထိုင်ပြီး နောက်ပိုင်းကျတော့ အရက်ဆိုင်ရောက်ရောက်သွားတာလေ…..။ အဲဒိတုန်းက ကာရာအိုကေ ဆိုတာ ကြားတောင်မကြားဖူးသေးဘူး….။ သီချင်းဆိုချင်ရင် ကောင်မလေးတွေ အဆောင်ရှေ့ သွားအော်ချင်အော်…။ အရပ်ထဲက ပွဲမှာတက်ဆိုချင်ရင်ဆို….။ အဲ….. မန္တလေးမှာတော့ တီးဝိုင်းချည့်ငှားတာတွေရှိတယ်…။ ကိုယ့်ဟာကိုတီး ကိုယ့်ဟာကိုဆို…။ ဒါကလည်း… တော်တော် တတ်နိုင်ပါမှ…။ လုပ်နိုင်ကြတာပါ..။ များသောအားဖြင့် ဖိုးဆိုချင ်မယ်ဆိုချင်တွေကတော့ ဆွမ်းလာင်းပွဲတို့ မင်္ဂလာဆောင်တို့မှာ တက်ဆို……….။
အင်း 95-96 လောက်အထိတော့ လ္ဘက်ရည်ဆိုင်တွေမှာ ကက်ဆက်နဲ့ ဆောင်းဘောက် မပြောင်းလဲသေးပါဘူး…။ 2000လောက်ကျမှ TV စတပ်ကြတာ…။ အစပိုင်းတော့ သီချင်းလောက်ပဲဖွင့်ကြတာပါ…။ နောက်ပိုင်းတော့ အပြိုင်အဆိုင် ဇာတ်ကားတွေ အငြိမ့်တွေ ပြလာကြတယ်…။ သူတို့လုပ်တာနဲ့ ပိုက်ဆံနဲ့ပြတဲ့ vdo ရုံလေးတွေတောင်ပျောက်မတတ်ဖြစ်လာတာပဲ..။
အခုလွမ်းနေရတာက ကိုထီးရဲ့ ခွဲစိတ်ခန်းက ဆရာမလေး သီချင်းပါ..။ ဆေးရုံလည်းမတက်ခဲ့ဖူး..။ သူ့လိုမျက်နှာဖုံးစွပ်နဲ့ ဆရာမလေးလည်းမတွေ့ခဲ့ဖူးပဲ… အချိန်ရဲ့ပြောင်းလဲမှုလေးတွေကိုလွမ်းနေရရင်…။ သူ့လိုဆရာမလေးနဲ့ တွေ့ခဲ့သူများရှိရင်ဘယ်လောက်များ လွမ်းလိုက်လေမလဲနော်…။
မျက်နှာဖုံးစွပ်နဲ့ဆရာမလေးရယ်
ခွဲစိတ်ခန်းက ဆရာမလေးရယ်…..
အပြင်လောကမှာ ခဏလောက်တော့ တွေ့စမ်းချင်တယ်…။ တဲ့ ။ အဲဒိသီချင်းပြီးတော့ နောက်တစ်ပုဒ်…… လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့သီချင်းလေးးး ။ ဘီးကလေးကိုစီး တဲ့ နေဝန်းနီတို့တော့ အချစ်လေးလည်းမတင်ခဲ့ဖူးပါဘူး..။ အမုန်းလေးလည်း မတင်ခဲ့ဖူးပါဘူး …။ အရက်မူးရင်တော့ ခဏခဏ လဲတယ်..။ စက်ဘီးစီးရင် လဲတာပြောပါတယ်..။ ဒါပေမဲ့ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာလေးတွေတော့ ရှိတာပေါ့လေ…။ ကြာပါပြီ..။ ဒါလည်းလွမ်းစရာလေးပါပဲ…လေ..။ တစ်ကယ်များ တင်စီးခဲ့ဖူးသူများ နောက်ကလိုက်စီးခဲ့ဖူးသူများ ဆိုရင်တော့ ဘယ်လောက်များ လွမ်းလိုက်လေးမလဲ…..။ အရင်ကတော့ စက်ဘီး တစ်စီးရှိရင်လူရာဝင်တယ်လို့ပြောလို့ရတယ်…။ ကိုယ်သွားချင်တာလွယ်လွယ်ကူကူ သွားလို့ရတာကိုး…။ ခုလည်းသွားလို့တော့ရတာပါပဲ…။ ဒါပေသိ………။။
အတွေးက မဆုံးရသေးဘူး ….။ ဆိုင်ရှေ့က ဆိုင်ကယ် တစ်ဝေါဝေါ သံကြားလိုက်ရလို့ အမျှင်ပြတ်သွားတယ်လေ…။ ခုတော့ ဆိုင်ကယ် ယဉ်ကျေးမှုလေ…….။ ဆိုင်ကယ်လေးကို စီးဖြစ်သွားပြိ…။ ကိုထီးရဲ့ သီချင်းနဲ့ မလိုက်ဖက်တော့ဘူးနော့…။ ကိုထီးဆိုသွားတဲ့ ……..”နင်းလိုက်ရတာအမြန်ဆိုတော့…..xxx အချစ်ကမေးတယ် တစ်ကယ်xxx တစ်ကယ် xxx တစ်ကယ် …သိပ်.မောသွားသလားမောင်ရယ်တဲ့……….. မောတော့မောတာပေါ့……….ဒါပေမဲ့ xxx မမောဘူးတဲ့….။ “ အင်း…ဆိုင်ကယ်က လီောနဲ့ သွားတာ မေးစရာမလိုဘူးပဲ…။ တစ်ပုဒ်တော့သုံးလို့ရမလားတွေးကြည့်တယ်…။
“ ရှေ့နားမှာ xxx အဖြတ်အသန်း သိပ်များတယ်ကွယ်……။ ကိုယ့်ခါးကို အချစ်လေးဖက်ထားနော်ကွယ်….။” တဲ့…။ သိပ်မဆိုင်သလိုပဲ…။ ခုကောင်မလေးတွေက ဆိုင်ကယ်ပေါ် ဖင်လွဲထို်လိုက်ကတည်းက ရှေ့က ခါးကို တစ်ခါထဲဖက်လိုကပြီးသား…။ ပြောစရာတောင်မလိုဘူး..။ နေဝန်းနီ ကြုံဖူးလို့ပြောတာတော့မဟုတ်ပါဘူး…။ မျက်စေ့ရှေ့တွေ့တွေ့နေတာပြောတာပါ..။
ဆိုင်ထဲမှာလူမရှိတော့ဘူး…။ သိမ်းဖို့ပြင်နေပြီ…။ အခြားဘောလုံးပွဲပြတဲ့ ဆိုင်တွေတော့ ရှိမှာပေါ့…။ လူစည်မှာပေါ့..။ ခုဒီလိုလေး သီချင်းဖွင့်ပေးထားရုံနဲ့ ဒီအချိန်မှာမလုံလောက်တော့ပါဘူး..။ သူ့အချိန်နဲ့သူလာတဲ့ ဘောလုံးပွဲတွေ နှစ်လုံး ရီဇတ်တွေ ဖမ်းပြရပါတယ်..။ တစ်ခါတစ်လေ…… ဘောလုံးပွဲလောင်ဖို့ ပေါက်ကြေး စုံစမ်းပေးရတယ်..။ လက်စားဒိုင်လုပ်သင့်ရင်လုပ်လိုက်ရတာပဲ..။ နှစ်လုံးသုံးလုံးလည်း ဒီလိုပဲ ….ကော်မရှင်နဲ့ ရောင်းသင့်ရင်လ္ဘက်ရည်ဆိုင်တွေက ရောင်းတာတွေရှိနေတာပဲ…။ ဘောလုံးပွဲ ဒိုင်လုပ်ရတဲ့ဆိုင်လည်းရှိနေတာပဲ…။ တစ်ပွဲချင်းလောင်မလား အတွဲလိုက်မောင်းလောင်းမလား ? လာထား….။ အရေးကြီးတာက ကိုယ့်ဆိုင်လူရှိနေဖို့ လူစည်နေဖို့………….။
အင်း………..အရင်တုန်းကနဲ့ အစစ အရာရာမတူတော့တာပါလား
အရင်က လ္ဘက်ရည်ဆိုင်ဆိုတာ အသက်ဝဝ ရှူလို့ရတယ်..။
ခုတော့တွေးမိတာလေးနဲ့တင် မွန်းကြပ်လာသလိုပဲ..။
ခုလက်ရှိထိုင်နေတဲ့ ဆိုင်ကလေးကိုတော့ အရင်က ပုံရိပ်တစ်ချို့ကို ပြန်ဖမ်းပေးလို့ ကျေးဇူးတင်ပါတယ်….။
စာအုပ်လေးတစ်အုပ်ရှိတယ်….။ လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားနာပါတယ်တဲ့…………။ ခုတော့ ….. နေဝန်းနီတို့ လွမ်းပြိးကျန်ရစ်နေတာကျတော့ ဘယ်သူလာပြီး အားနာပေးမှာပါလိမ့်…….။။။

နေဝန်းနီ

8 comments

  • etone

    May 12, 2011 at 8:33 am

    etone တို့လည်း အဘနီတို့ လို အသက်ရွယ်ကျလျှင် ဘာကိုပြန်လွမ်းရပါ့မလဲ မသိဘူး…

  • kopauk mandalay

    May 12, 2011 at 11:39 am

    အတိတ်ဟောင်းဆိုတာ လူတိုင်းကိုယ်စီရှိကြလေသည်တဲ့ ကိုနေရေ ခင်ဗျားအလွမ်းဇာတ်က
    မင်းသမီးမပါတော့ ပျင်းစရာကြီးဗျာ။
    လွမ်းစရာရှိရင်နာစရာနဲ့ဖြေလို်က်ပေါ့ဗျာ

  • meelay

    May 12, 2011 at 11:47 am

    အဘနီကလည်း အားနာပေးမဲ့သူတစ်ယောက် ရှာလိုက်ပေါ့ … 😀

  • ဆူး

    May 12, 2011 at 1:07 pm

    အဘနီ အတွက် မင်းသမီး အတိတ်မှာ မရှိခဲ့ဘူးလား။

  • king

    May 12, 2011 at 1:42 pm

    မင်းသမီးလည်း ပါဘူးးးးးးးးးး
    ဒါဆိုရင်တော့ အင်းးးးးးးးးးးးးးးးးးးးး
    အဲ လူကြီးဆိုတော့ ငရဲကြီးနေပါအုန်းမယ်
    ကန်တော့နော် ကန်တော့ အဘ
    ( ^ _ * ) 😀 😛

  • naywoonni

    May 12, 2011 at 4:17 pm

    အတိတ်က မင်းသမီးလေးတွေက မာရှယ်လ်လောမိနေတယ်ကွယ်…။ ရွာထဲကဘယ်သူများအားနာပေးနိုင်မလဲလို့ အားနာပါးနာလေး အားနာပေးချင်ကြဖူးလား

  • unclegyi1974

    May 12, 2011 at 4:41 pm

    ကိုထီးလည်းမရှိတော့ဖူး
    ကိုငြိမ်းကျော်လည်းမရှိတော့ဖူး
    အဘနီတော့ရှိသေးတယ်
    နောက်ဘာတွေရှိသေးသလဲ

  • naywoonni

    May 14, 2011 at 3:02 pm

    အန်ကယ်ကြီးက နာ့ မရှိစေချင်တော့ဘူးနဲ့တူရဲ့ 😛

Leave a Reply