စာရေးဆရာ နတ်နွယ် ၇၉ နှစ်ကွယ်လွန်ပြီ

manawphyulayMay 12, 20111min1057


စာရေးဆရာ ဦးနတ်နွယ် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီ ဖြစ်ပါသည်။
မိုးဝေမဂ္ဂဇင်း၊ နွယ်နီ မဂ္ဂဇင်း တို့ကို ဦးစီးတည်ထောင်သူနှင့် အယ်ဒီတာချူပ် တာဝန်ယူခဲ့သူ စာရေးဆရာကြီး နတ်နွယ် သည် ယမန်နေ့ မနက်ပိုင်း ၁ဝ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ၉၆ ပါးသော ရောဂါဖြင့်

ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။

ဒီကတော့ ဆရာ နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းပွဲမှာ တွေ့ဆုံကြတဲ့ ဆရာ နတ်ရယ်၊ ဆရာ ဆင်ဖြူကျွန်းအောင်သိန်းရယ်၊ ဆရာ ပါရဂူရဲ့ အမှတ်တရပုံလေးပါ။

၇ရ နှစ်ပြည့်မွေးနေ့တုန်းက ဆရာ ဒဂုန်တာရာနဲ့ အမှတ်တရ

7 comments

  • good

    May 12, 2011 at 10:48 am

    စာရေးဆရာ နတ်နွယ် ရဲ့ “တဖန်ပြန်၍ မနိုးသော ဝေဒနာ” ဆိုတဲ့ ဘာသာပြန် ဝတ္ထု တအုပ် ကိုတော့ ဖတ်ဖူးတယ်။
    သဘောကျ ပါတယ်။
    ဆရာ ကောင်းရာ သုဂတိ လားပါစေ။

  • kopauk mandalay

    May 12, 2011 at 11:49 am

    ဆရာရေးခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း အပြာနဲ့ အဝါ ဆိုတာနာမယ်ကြီးခဲ့တဲ့စာအုပ်တွေပါ။
    ဖြစ်နိုင်ရင် သူကြီးအနေနဲ့ ကူညီနိုင်မယ်ဆိုရင် စာရေးဆရာကြီးတစ်ဦးကွယ်လွန်သွားတာနဲ့
    သူနေရးတဲ့စာအုပ်တွေကို ရှာပြီးတင်ပေးနိုင်ရင်သိပ်ကောင်းမှာပါ။

  • naywoonni

    May 12, 2011 at 4:21 pm

    အနီနဲ့ အနက် တော့ဖတ်ဖူးတယ်

  • manawphyulay

    May 13, 2011 at 3:11 am

    မနော စုဆောင်းထားသော စာအုပ်များကတော့ မိုဗီဒစ်၊ သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ်၊ မြန်မာဝတ္ထုအညွှန်းပေါင်းချုပ်၊ ဂျက်လန်ဒန်၊ တောကိုဝင် တောင်ကိုတက်(ခရီးသွား)၊ မြန်မာပြည်မြောက်ပိုင်းစာအုပ်တွေပဲ ဖြစ်ပါသည်။
    ဦးနတ်စာအုပ်တွေအပြင် ဆရာပါ စာအုပ်တွေလည်း စုဆောင်းထားပါသေးတယ်။

  • naywoonni

    May 13, 2011 at 7:12 am

    ဆရာနတ်နွယ်အတွက်ဂုဏ်ပြုကဗျာ လေးပါ….။ နေဝန်းနီရေးတာတော့ မဟုတ်ဘူး …။ ရေးတဲ့သူက ဆရာ …အောင်ဝေးပါ..။ မိုးမခမီဒီယာထဲမှာတွေ့လို့ ပြန်မျှှဝေလိုက်တာပါ….။

    ဖီးနစ်ငှက်တို ့ကြေကွဲချိန်
    အောင်ဝေး
    မေ ၁၂၊ ၂၀၁၁
    မြင်းရိုင်းကို
    ဒုန်းစိုင်းအောင်
    သမိုင်းသင်ပေးသူ။

    မြစ်တိုင်းကို
    လှိုင်းခတ်အောင်
    အနာဂတ်သင်ပေးသူ။

    ပန်းတိုင်းကို
    ကြွေရဲအောင်
    အလှသင်ပေးသူ။

    မုန်တိုင်းကို
    ယဉ်ကျေးအောင်
    အကသင်ပေးသူ။

    လမ်းတိုင်းကို
    “ယင်အန်း”ရောက်အောင်
    ခင်းခဲ့သူ။

    … … … သူ။
    … …. … သူ။
    … … … သူ။
    မီးတောက်မီးလျှံတွေကြားမှာ
    ကျနော်တို့
    ပျံသန်းဖို့
    သံမဏိအတောင်ပံတွေ
    ထားရစ်ပြီ။ ။
    (မေ ၁၁-၂၀၁၁ နေ ့က၊ရန်ကုန်မြို ့တွင် ကွယ်လွန်ခဲ့သော၊ဆရာနတ်နွယ်သို ့)
    ဆရာ့တပည့်ရင်း-
    အောင်ဝေး
    (မေ ၁၁-၂၀၁၁၊မစ်ရှီဂန်)

  • manawphyulay

    May 13, 2011 at 7:21 am

    ဪ… ဦးအောင်ဝေးက အဝေးရောက်တောင် ဆရာတွေနဲ့ အပေါင်းအသင်းတွေကို မမေ့နိုင်ဘူးဆိုတာ သိပါတယ်လေ…

  • padonmar

    May 13, 2011 at 3:20 pm

    ကျွန်မမှာတော့ အဏ်ဏဝါပြင်မှာထင်သောလဆိုတဲ့ ဝတ္ထုပဲ အဟောင်းတန်းကရထားတာရှိတယ်၊

Leave a Reply