ခေါက်ချိုးလို.ရတဲ့ ကွန်ပျူတာ

နယ်သာလန် ဒီဇိုင်နာ Niels van Hoof ပုံစံထုတ်ထားသော Feno Notebook သည် အလွယ်တစ်ကူ ခေါက်ချိုးပြီး သယ်သွားနိုင်မယ့် မျိုးဆက်သစ် Notebook တစ်မျိုးဖြစ်သည်။ ပုံမှန် Notebook ကွန်ပျူတာ အများစု၏ မျက်နှာပြင် အကျယ်သည် ၎င်း၏ keyboard အရွယ်နှင့် အချိုးကျ တပ်ဆင်လေ့ရှိသော်လည်း Feno Notebook တွင်မူ သေးငယ်ကျစ်လစ်သော ကီးဘုတ်နှင့် ကြီးမားပြီး ခေါက်ချိုးနိုင်သော မျက်နှာပြင်တို့ ပါဝင်သည်။

၎င်းကဲသို့ ခေါက်ချိုးနိုင်စေရန် LCD မျက်နှာပြင်အစား ကွေးနိုင်ဆန့်နိုင်သည့် OLED မျက်နှာပြင်ကို သုံးစွဲထားပြီး Wireless mouse ကိုပါ Notebook အတွင် အလွယ်တစ်ကူ ထည့်သွင်းထားနိုင်အောင် တည်ဆောက်ထားသော သဘောကျစရာ ဒီဇိုင်းတစ်ခုဖြစ်သည်။

 
 
 
Source : http://patheincity.com/news/index.php/2011/05/feno-folding-notebook/#ixzz1M8F3vbKG
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

3 comments

  • မမလေး

    May 12, 2011 at 3:35 pm

    မိုက်တယ်နော် … ဈေးကတော့သေးမှာမဟုတ်ဘူး ..

  • MaMa

    May 12, 2011 at 3:46 pm

    သိပ်ကြိုက်တယ်။ သိပ်ခိုက်တယ်။ ဒါပေမယ့် ဒီမှာ ဝယ်လို့ရပြီလား။ ဘယ်ဈေးရှိလည်းပါ သိရရင်ကောင်းမယ်။

  • nature

    May 12, 2011 at 5:10 pm

    ကွန်ပြူတာတွေကတော့ ထွင်ပြီးရင်းထွင်ရင်း ဆန်းပြီးရင်းဆန်းရင်းပဲ၊ကျနော်တောနည်းပညာမလိုက်နိုင်တော့ဘူး၊ ကျနော်ကတော့excel 2007 ကိုမလိုက်နိုင်လို့ 2003 ပဲသုံးနေရတယ်။

Leave a Reply