cobraMay 12, 20111min75

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်တွင် သစ်တောပြုန်းတီးမှု
တိုးလာနေပြီး ယခင်က သစ်ထုတ်လုပ်ခြင်းသာ ရှိခဲ့ရာမှ ယခုအခါ
တစ်ဖက်နိုင်ငံသို့ သစ်ပင်လိုက်ပြောင်းရွှေ့သည့် သစ်တော
ပြောင်းရွှေ့မှုရှိလာကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သည် ယခင်က စိမ်းစိုသော သစ်တောများ
ပေါများစွာ တည်ရှိခဲ့ပြီး သစ်ပင်သစ်တော အပါအဝင် သဘာဝသယံဇာတများကြောင့်
ထင်ရှားသော သဘာဝနယ်မြေ တစ်ခုဖြစ်ခဲ့သည်။ သဘာဝသယံဇာတများကြောင့်
ထင်ရှားသော သဘာဝနယ်မြေတစ်ခု ဖြစ်ခဲ့သည်။

“သစ်တောက သိသိသာသာ ပြုန်းလာတယ်။ အရင်ကတော့ သစ်ထုတ်တာ၊
သစ်ခုတ်တာရှိပြီးသား။ တစ်ဖက်ကို သယ်နေတာ။ အခုနောက်ပိုင်းတော့ သစ်ခုတ်တာ
မဟုတ်တော့ဘူး။ သစ်ပင်လိုက် အမြစ်ပါအောင် သယ်ပြီး ဟိုဘက်မှာ
ပြန်စိုက်နေတာ။ သစ်တောရွှေ့တဲ့ သဘောပေါ့။ နောက်ပိုင်းဆို တရုတ်ဘက်မှာတော့
သစ်ပင်တွေ စိမ်းလန်းနေပြီး ဒီဘက်မှာတော့ သစ်တောမရှိတော့ တာတောင်
ကြုံနိုင်ပါတယ်”ဟု သစ်ပင်များ ပြောင်းရွှေ့သယ်ယူမှုနှင့် ပတ်သက်၍
လေ့လာသိရှိထားသူ တစ်ဦးက ပြောပြသည်။

မြောက်ပိုင်းဒေသ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင်သစ်တောပြုန်း

တီးမှု
သိသာလာနေသည့် ဒေသ များတွင် အပါအဝင်ဖြစ်နေပြီး ယင်းသို့
သစ်တောပြုန်းတီးလာမှုကြောင့် ယခင်က ရာသီဥတုသင့်တင့်မျှတခဲ့သော
ကချင်ပြည်နယ်မှာ ယခုအခါ မြောက်ပိုင်းစွန်း ဒေသမှလွဲ၍ ရာသီ
ဥတုပူနွေးပြောင်းလဲ ခဲ့ပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။
သစ်တောက သိသိသာသာ ပြုန်းလာတယ်။ အရင်ကတော့ သစ်ထုတ်တာ၊
သစ်ခုတ်တာရှိပြီးသား။ တစ်ဖက်ကို သယ်နေတာ။ အခုနောက်ပိုင်းတော့ သစ်ခုတ်တာ
မဟုတ်တော့ဘူး။ သစ်ပင်လိုက် အမြစ်ပါအောင် သယ်ပြီး ဟိုဘက်မ%E