ကြည့်ကြမယ်ဟေ့ ကောင်းကောင်း

မောင် ပေMay 13, 20111min44524

ခေတ်၏ မိန်းမပျိုလေးများသည် လှပလာကြသည် ( သို ့မဟုတ် ) ကြည့်လို ့ကောင်းလာသည် ။ (အိမ်ထောင်မကျသေးသူ ကို အပျိုဟု ခေါ ်ပါရစေ) ။

အချို ့မိန်းကလေး များကို သေချာစွာ ကြည့်မည်ဆိုလျှင် ရုပ်ရည်မှာ သာမန်သာ၊သို ့သော် ဆန်းပြားသော ဆံပင်ပုံစံ ၊ လိမ်းထားသော မိတ်ကပ်အစွမ်း ၊ ဝတ်ဆင်ထားသည့်

အကွဲ ၊ အပြဲ ၊ အတို ၊ အကျပ် တို ့ကြောင့် ကြည့်ရသည် မှာ လှတာလိုလို လန်းတာလိုလို ။

သူတို ့ကလည်း ပြန်ပြောကောင်း ပြောနိုင်သည်။ ကျုပ်တို ့ကြည့်ဖို ့ဝတ်လာတာ မဟုတ်သည့် အကြောင်း ၊ ထိုသို ့ဆိုလျှင် မည်သူ ့ကို ကြည့်စေချင်သဖြင့် ဝတ်ရပါသနည်း ဟူ ။

လှမလား လို ့ဝတ်ကြည့်တာ ပါ ဟူ မည်သည့် မိန်းမ မျှ ဖြေမည် မဟုတ်ပေ ။

လူတို ့၏ သဘောမှာ လျှို  ့ဝှက်လေလေ ပိုသိချင်လေ ၊ ဖုံးကွယ်လေလေ ပိုမြင်ချင်လေ မဟုတ်ပါလား ။

ထို ့ကြောင့် မပေါ ့်တပေါ ် ၊ အလွန်အမင်း အဟိုက် ၊ အလွန်အမင်း အတို ၊ အလွန်အမင်း အကွဲ စသည့် ဝတ်စားမှုမျိုး ကို မြင်တွေ ့ရသည့် ယောက်ျားတိုင်း နောက်တစ်ခေါက်လောက်တော့ ထပ်ကြည့် မိကြမည် သာ ။

ယောက်ျား ဆိုသည် ့အမျိုးမှာ ဘာဘာညာညာ မဟုတ်သော်ငြား မျက်စိ ရှေ ့မြင်တွေ ့ရမည် ဆိုပါက အားပေးကြည့်ရူကြမည် ဖြစ်ကြောင်း ။

24 comments

  • windtalker9

    May 13, 2011 at 6:37 am

    မည်သူ ့ကိုမှ ထိခိုက်စေလို သော သဘော နှင့် ရေးခြင်း မဟုတ်ပါကြောင်း ။ တွေ ့မြင်နေရသည် ကို တွေးမိခံစားမိသလောက် ရေးခြင်းသာ ဖြစ်ပါကြောင်း ။

  • cobra

    May 13, 2011 at 8:45 am

    ဟုတ်ပါတယ်…။
    သူတို့ကကြည့်စေချင်လို့ဝတ်ပြတာကို
    ကိုယ်ကမကြည့်ရင်သူတို့ကိုအားနာဖို့ကောင်းပါတယ်ဒါကြောင့်ကြည့်ပါဧ။်
    သို့သော်ဘာရည်ရွယ်ချက်မှမရှိပါ…။

  • kopauk mandalay

    May 13, 2011 at 11:48 am

    ခေတ်အကြိုက် ခေတ်အလိုက်
    ခပ်မိုက်မိုက်လေးဝတ်ချင်တယ်။
    ခပ်ဆန်းဆန်းလေး ဝတ်ကြည့်မှ
    ခပ်လန်းလန်းလေးဖြစ်သွားမယ်။
    အလန်းဇယားဖွင့်နို်င်မှ
    မြင်ရသူကလဲ ဖလန်းဖလန်းဖြစ်သွားမယ်။

    • king

      May 13, 2011 at 2:37 pm

      ဖလန်းဖလန်းထရင်
      ………………………………………
      အဲ ………………………………………………
      ကျွန်တော်ကတော့ မကြည့်ရဲဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ဘာလို့လဲဆိုတော့ စိတ်ထဲမှာ ဖလန်းဖလန်းထရင် …………………….
      ကျိန်းသေပါတယ် ရွာထဲကို လာလည်လို့ မရတော့မှာစိုးလို့ ………………………

  • ဆူး

    May 13, 2011 at 1:20 pm

    သူငယ်ချင်း တယောက်ရှိတယ် အတို အပြတ် ဝတ်လို့ ပြောလိုက်ရင် အမြဲ ဆင်ခြေ ပေးတယ်။
    ကြည့်သောသူ မြင်၏
    ပြသသောသူ ကုသိုလ်ရ၏
    ထိုသို့ပြောသော မိန်းကလေးအား အဘယ်သို့ ဆုံးမ အံနည်း

    • king

      May 13, 2011 at 2:38 pm

      ဆူး ဆုံးမလို့မရရင်
      ကျွန်တော်ဆီကို လွှတ်လိုက်ပါ
      ကျွန်တော် ကောင်းကောင်းကြီး မလိုက်ပါ့မယ်
      အဲ .. စာကျန်သွားလို့ ဆုံးမလိုက်ပါ့မယ် 😛 😀

  • apulay

    May 13, 2011 at 4:30 pm

    မမဆူးရေ
    အပုလေးသိတဲ့ မိန်းမတယောက်ဆိုရင် မိန်းကလေးတယောက်က သူ့မှာရှိတဲ့ အလှတရား တွေကို အားလုံး ခံစားနိုင်အောင် ထုတ်ဖော်ပြရမယ်တဲ့ ရင်ဖုံးလက်ရှည်ဝတ်သူတွေကိုတော့ သေဒဏ်ပေးမယ်တဲ့ သူကိုယ်တိုင်လဲ အမြဲတမ်း တာဇံလိုပဲဝတ်တာများတယ်

    • king

      May 14, 2011 at 3:40 am

      ဟင်
      ဟုတ်လှချည်လား
      ဘယ်မှာနေတာပါလိမ့်
      ရှောင်ကွင်းလို့ သွားလို့ရအောင် ကြိုမေးထားရမယ်
      တော်ကြာ အလှတရားတွေကို မခံစားတတ်ဘူးဆိုပြီး အနိုင်ကျင့်မှာစိုးလို့ ……..
      (^ _ * )
      😛 😀

  • intro

    May 14, 2011 at 3:43 am

    Different Visions & Different Girls 😛

  • nagargyi

    May 14, 2011 at 3:51 am

    ပြချင်သူတွေ ထင်ထင်ရှားရှား ပြသာပြလို့။ ကြည့်ရတဲ့ သူတွေကတော့ စိတ်ဆိုးမယ် မထင်ပါဘူး။;)

  • nigimi77

    May 14, 2011 at 4:25 am

    ဖော်တာတွေ ကြည့်ရတာများလို ့ အရသာသိပ်မရှိတော့ဘူး။ လုံလုံခြုံခြုံ ဖုံးထားတာလေးတွေပဲ အာရုံလာတယ်။

    ဖုံးဖိထားတဲ့ နောက်ကွယ်မှာ ဘယ်သို ့ဘယ်ပုံ ဆိုတာကို ခန် ့မှန်းကြည့်ရတာက ခက်ခဲတဲ့ သချာင်္ပုစာ္ဆ တခုကို

    တွက်ရသလိုပဲ စိတ်လှုပ်ရှားရတယ်။ ဘယ်နားလေး က မြင့်တက်နေတဲ့ နေရာလေးကတော့ ဘယ်လိုမျိုးလေး

    ပါလိမ့် ဘယ်နားလေးက နိမ့်ကျ လျှောဝင်နေတဲ့ နေရာလေး ကတော့ ဘယ်ပုံလေးပါလိမ့် နဲ ့။

    ကလူ၏သို ့ မြူ၏သို ့ လှုပ်လီလှုပ်လဲ့ ဖားပေါင်စင်း ငါးကြင်းလေးတွေ.. ဟင်းးးဟင်းးးးး

  • kai

    May 14, 2011 at 8:28 am

    မိန်းမတွေအရွယ်ရောက်လာရင်..သဘာဝအတိုင်းဖြစ်လာတဲ့..
    ရင်ရယ်..ခါးရယ်..တင်ရယ်…ဘာကြောင့်ဘယ်လိုဖြစ်လာတယ်…ဆိုတဲ့.. မှတ်ချက်သိရရင်… လုံအောင်ဝတ်ချင်တဲ့..သူတွေပက်လက်လန်ကျသွားနိုင်တယ်..။

    တကယ်တော့..
    သဘာဝဟာ..သဘာဝပါတဲ့..။ 🙂

  • မမလေး

    May 14, 2011 at 3:21 pm

    ကိုကိုင်း … ဘာကြောင့်ဘယ်လိုဖြစ်လာတာလဲ … သမီးကတော့ စကတ်ဆို ဒူးအပေါ် နဲ့ ဒူးအတိလေးတွေပဲဝတ်တယ် … ဒူးအောက်ဆို မကြိုက်တော့ဘူး … မလှလို့ … ကြည့်စေချင်လို့ ဝတ်တာမဟုတ်ဘူုး ကိုယ်နဲ့လိုက်တာ ကိုယ်ဝတ်တာ … ရာသီဥတုကလည်း ပူတယ်လေ သိတယ်မလား …အရမ်း လုံခြုံနေတော့ တစ်ကိုယ်လုံး ပူခြစ်တောက်နေမှာစိုးလို့ပါ 😛

    • hmee

      May 15, 2011 at 1:49 pm

      ခက်ပါလား မမလေးရယ်.. တချို့အကြောင်းတွေက မမေးကောင်းဘူးနော်။:) ဒီမှာလည်း အပူချိန်စဝင်ပြီမို့ ဂျုးမတွေ မြေထဲပင်လယ် ကမ်းစပ်မှာ နေပူစာလှုံနေကျပြီ။ ပိတ်စတွေ ဈေးကြီးလို့ ထင်တာပဲ အဓိကနေရာတွေမှာပဲ အဝတ်စလေးတွေပတ်နိုင်တော့တယ်။ 🙂 ချစ်ချစ်ကပြောတယ် ဒီလောက်ကြီးမှတော့ ကြည့်ဖို့ ဖီလင်ကို မလာတော့ဘူးတဲ့။ 🙂

      • hmee

        May 15, 2011 at 1:52 pm

        ဒီလောက်ကြီးပေါ်မှတော့ ကြည့်ဖို့ ဖီလင်ကို မလာတော့ဘူး။ 🙂

  • phyoshein

    May 14, 2011 at 5:05 pm

    လှချင်လို့ဝတ်ကြတာ ဝတ်ကြပါစေ..
    လိုက်ရင် ပြီးရော…
    လှလို့ကတော့ ကြည့်မှာပဲ… လန်းရင်တော့ ငေးမှာပဲ…
    မိန်းမတို့၏ဥစ္စာထဲမှာ ရုပ်ရည်လည်း ပါတာပဲဟာ..
    သူ့ရှိလို့သူကြွားတာ ကြွားပါစေ…….
    ကျုပ်တို့ယောက်ျားတွေကြ ဘာကြွားရမလဲမသိလို့….
    ဗလပြရအောင်လည်း မရှိဘူး… အလေးမသင်တန်းလည်းမတက်နိုင်..
    အသက်ကြီးလာရင်သာ သောက်ထားတဲ့ ဘီယာများကြောင့်ရတယ်လို့ပြောနိုင်တဲ့ ဘီယာဗိုက်နဲ့
    ပြောင်လာတဲ့နဖူးလေးပဲရှိတယ်….
    ကိုယ်မပြရတော့ သူများပြတာ ကြည့်မှာပဲ… ဟုတ်တယ်ဟုတ်…..

  • nigimi77

    May 15, 2011 at 4:27 am

    ဟဲ့ ဟဲ့ မမလေး….ညီး အမ ဒွေ ညီးကို ကျဉ်ဘလိုက်လိမ့်မယ် သိပ် မတိုစေနဲ ့ မသကာ ပေါင်ရင်းလောက်ဆို

    အတော်ပဲ

    • PinkCandy

      May 16, 2011 at 2:20 am

      nigimi77 အဲလောက်ဆို တော်ပြီလား 😛

  • athaylay

    May 16, 2011 at 3:03 am

    ဘယ်သူတွေ ဘာပြောပြော ဒီလိုတွေပဲ ဝတ်နေကြတာပဲဟာ။

  • nagargyi

    May 16, 2011 at 4:15 am

    နိူင်ငံခြားမှာ ပိုက်ပိုက်ပေးပြီး ကြည့်ရတာတွေ ရှိတယ်။ သူတို့လေးတွေကျတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ လို့ပြောရမယ်။

  • naywoonni

    May 16, 2011 at 11:37 am

    သူ့တိုဟာသူတို့ပေါ်တာကို အဲအဲ ဖော်တာကို အေးအေး ဆေးဆေး မကြည့်နိုင်ကြဘူး လိုက်အပစ်တင်နေသေးတယ် အေးအေးသက်သာကြည့်နေပါတော့လား……။ နောက်မဖော်ရင် ကြည့်စရာမရှိဖြစ်နေဦးမယ်…။ 😛

  • မမလေး

    May 17, 2011 at 4:07 pm

    ဟားဟား nigimi77 … ပေါင်ရင်းတော်ပြီလား … အဲ့လောက်တိုတာ မဝတ်ပါဘူးအေ တစ်ထွာ တွေ ၂ လက်မတွေမဝတ်ဘူး ၁ တောင်ပဲဝတ်တယ် …

  • nature

    May 17, 2011 at 6:43 pm

    ဝတ်ချင်တဲ့သူတွေကလဲဝတ်၊ ကြည့်ချင်တဲ့သူတွေကလည်းကြည့်ကြပေါ့၊ သူ့ခေတ်နဲ့သူပဲ၊ ကိုယ်ဖြစ်ချင်တိုင်းဖြစ်တာမှမဟုတ်ပဲ။

Leave a Reply