ဓမ္မမိတ်ဆွေများခင်ဗျား-

သစ္စာတရားကုထုံး (သို့) သန်လျှင်သဘာဝရိပ်သာနှင့် ပတ်သက်ပြီး ယောဂီအများမှ ပေးစာများကို စုစည်းတင်ပြထားသော တရားစာအုပ်လေး ဓမ္မဒါန မျှဝေအပ်ပါသည်။

အပူ နှင့် အအေး၊ အလင်း နှင့် အမှောင်၊ ဒေါသ နှင့် မေတ္တာ၊ ၀န်တိုမှု နှင့် စေတနာ၊ မနာလို မှု နှင့် မုဒိတာ၊ ပူလောင်မှု နှင့် အေးငြိမ်းမှု၊ နှောင့်ယှက်ဖျက်ဆီးမှု နှင့် ကူညီရိုင်း ပင်းမှု၊ ဓမ္မ နှင့် အဓမ္မ စသည်ဖြင့် ဆန့်ကျင်ဘက် သဘာဝများသည် သဘာဝတရားတွင် အမြဲ ယှဉ်တွဲ ဖြစ်ပေါ်နေလေသည်။
အဆိုပါ ဆန့်ကျင်ဘက်တရားများသည် ပဋိပက္ခ သဘော ဆောင်နေ သော်လည်း..မှန်မှန်ကန်ကန် နားလည် အသုံးချတတ်သူများကိုမူ အကျိုးကျေးဇူး များစေလေသည်။
ဤစာအုပ်တွင် သံလျှင် သဘာဝရိပ်သာ (ဆူနာမီ) ဆရာတော် ဦးဥတ္တမသာရ ၏ ကူညီမှုကျေးဇူးကြောင့် ဆန့်ကျင်ဘက်အဆိုးတရားများဆီမှ အကျိုးကျေးဇူးများ ရယူနိုင်ခဲ့သော ဝေဒနာရှင် လူမမာများ၊ ….
ဆရာဝန်လက်လျော့လိုက်သော…ရောဂါကျွမ်းနေသူများ၊
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနေသူများ၊
စိတ်ရောဂါဝေဒနာရှင်များ၊…
အတိဒုက္ခရောက်နေသူများ၊
တရားရှာရင်းတရားပျောက်နေသော ယောဂီများ နှင့်
သီလရှင်ဆရာကြီး-ဆရာလေးများမှ
သန်လျှင်သဘာဝရိပ်သာဆရာတော်၏ လမ်းညွှန်မှုဖြင့်……… မိမိတို့ ဘ၀ အခက်အခဲ …ပြဿနာများ ၊ ရောဂါများ ကို မှန်မှန်ကန်ကန် အသုံးချတတ်ခြင်းကြောင့် အဆိုးဆုံး အခြေအနေများမှ လွန်မြောက်ကာ…..အကောင်းဘက်ဆီသို့….. ဦးတည်လာပုံကို….. မိမိတို့ဖြစ်ရပ်မှန် အတွေ့အကြုံများ နှင့် ယှဉ်၍ အမှန်တရား-သစ္စာတရားကို ၄င်းတို့ ဥာဏ်မီသလောက် အများသိရှိ သဘောပေါက်စေရန် တင်ပြထားကြလေသည်။
အဆိုး-အကောင်း တို့၏ သဘာဝမှန် ကို တစွန်းတစ ရိပ်မိသိရှိစေရန် လည်းကောင်း၊ အားကိုးရာအစစ်(သစ္စာတရား-အမှန်တရား)အပေါ် ယုံကြည်မှု သဒ္ဓါတရား ဖြစ်ပေါ်၍ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံး အားကိုးတတ်လာခြင်းဖြင့် လုပ်ယူထားသော-ပညတ်ဒုက္ခများ မှ သည် သင်္ခါရဒုက္ခ တိုင်အောင် လွတ်ကင်း ကြစေရန် လည်းကောင်း ရည်ရွယ်လျှက် တင်ပြအပ်ပါသည်။


တိုက်ရိုက် ဖတ်ရှုရန်လင့်။

E-book ဒေါင်းလုပ်ရန်လင့်
http://www.mediafire.com/?c8id49t48yywkcp