သစ္စာတရားကုထုံး၊ သံသရာဒုက္ခသည်များအတွက် ဒုက္ခသည်စခန်း (အနတ္တဆောင်းပါးများ-၁)

True AnswerMay 13, 20111min1449

ဓမ္မမိတ်ဆွေများခင်ဗျား-

သစ္စာတရားကုထုံး (သို့) သန်လျှင်သဘာဝရိပ်သာနှင့် ပတ်သက်ပြီး ယောဂီအများမှ ပေးစာများကို စုစည်းတင်ပြထားသော တရားစာအုပ်လေး ဓမ္မဒါန မျှဝေအပ်ပါသည်။

အပူ နှင့် အအေး၊ အလင်း နှင့် အမှောင်၊ ဒေါသ နှင့် မေတ္တာ၊ ဝန်တိုမှု နှင့် စေတနာ၊ မနာလို မှု နှင့် မုဒိတာ၊ ပူလောင်မှု နှင့် အေးငြိမ်းမှု၊ နှောင့်ယှက်ဖျက်ဆီးမှု နှင့် ကူညီရိုင်း ပင်းမှု၊ ဓမ္မ နှင့် အဓမ္မ စသည်ဖြင့် ဆန့်ကျင်ဘက် သဘာဝများသည် သဘာဝတရားတွင် အမြဲ ယှဉ်တွဲ ဖြစ်ပေါ်နေလေသည်။
အဆိုပါ ဆန့်ကျင်ဘက်တရားများသည် ပဋိပက္ခ သဘော ဆောင်နေ သော်လည်း..မှန်မှန်ကန်ကန် နားလည် အသုံးချတတ်သူများကိုမူ အကျိုးကျေးဇူး များစေလေသည်။
ဤစာအုပ်တွင် သံလျှင် သဘာဝရိပ်သာ (ဆူနာမီ) ဆရာတော် ဦးဥတ္တမသာရ ၏ ကူညီမှုကျေးဇူးကြောင့် ဆန့်ကျင်ဘက်အဆိုးတရားများဆီမှ အကျိုးကျေးဇူးများ ရယူနိုင်ခဲ့သော ဝေဒနာရှင် လူမမာများ၊ ….
ဆရာဝန်လက်လျော့လိုက်သော…ရောဂါကျွမ်းနေသူများ၊
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနေသူများ၊
စိတ်ရောဂါဝေဒနာရှင်များ၊…
အတိဒုက္ခရောက်နေသူများ၊
တရားရှာရင်းတရားပျောက်နေသော ယောဂီများ နှင့်
သီလရှင်ဆရာကြီး-ဆရာလေးများမှ
သန်လျှင်သဘာဝရိပ်သာဆရာတော်၏ လမ်းညွှန်မှုဖြင့်……… မိမိတို့ ဘဝ အခက်အခဲ …ပြဿနာများ ၊ ရောဂါများ ကို မှန်မှန်ကန်ကန် အသုံးချတတ်ခြင်းကြောင့် အဆိုးဆုံး အခြေအနေများမှ လွန်မြောက်ကာ…..အကောင်းဘက်ဆီသို့….. ဦးတည်လာပုံကို….. မိမိတို့ဖြစ်ရပ်မှန် အတွေ့အကြုံများ နှင့် ယှဉ်၍ အမှန်တရား-သစ္စာတရားကို ၎င်းတို့ ဉာဏ်မီသလောက် အများသိရှိ သဘောပေါက်စေရန် တင်ပြထားကြလေသည်။
အဆိုး-အကောင်း တို့၏ သဘာဝမှန် ကို တစွန်းတစ ရိပ်မိသိရှိစေရန် လည်းကောင်း၊ အားကိုးရာအစစ်(သစ္စာတရား-အမှန်တရား)အပေါ် ယုံကြည်မှု သဒ္ဓါတရား ဖြစ်ပေါ်၍ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံး အားကိုးတတ်လာခြင်းဖြင့် လုပ်ယူထားသော-ပညတ်ဒုက္ခများ မှ သည် သင်္ခါရဒုက္ခ တိုင်အောင် လွတ်ကင်း ကြစေရန် လည်းကောင်း ရည်ရွယ်လျှက် တင်ပြအပ်ပါသည်။


တိုက်ရိုက် ဖတ်ရှုရန်လင့်။

E-book ဒေါင်းလုပ်ရန်လင့်
http://www.mediafire.com/?c8id49t48yywkcp

9 comments

  • researcher

    May 13, 2011 at 8:57 am

    မဖတ်ဖူူးလို့ စာအုပ်မှာ ဘယ်လိုအတွေ့အကြုံတွေ ဖေါ်ပြထားတယ် မသိပေမယ့် ကျွန်တော့်ဘဝမှာ သစ္စာဆိုပြီး ဆုတောင်းတာ သုံးကြိမ်လောက်ပြုဘူးပါတယ်။ ပြည့်လဲ ပြည့်ဝခဲ့ပါတယ်။ သာမန် အသေးအဖွဲကိစ္စတွေမှာတော့ သစ္စာဆိုလေ့မရှိပါဘူး။ သေရေးရှင်ရေးကြမှသာ သစ္စာဆိုပြီးဆုတောင်းပါတယ်။ ပြည့်ဝဖူးတဲ့အတွက် ယုံလဲ ယုံကြည်ပါတယ်။

  • weiwei

    May 13, 2011 at 9:20 am

    သန်လျင်သဘာဝရိပ်သာက ဘယ်နားမှာလဲ? လိပ်စာသိချင်ပါတယ် …

  • athaylay

    May 13, 2011 at 10:19 am

    weiwei ပြောတာမှန်ပါတယ်…. လိပ်စာလေးများသိရင် ပြောစေလိုပါတယ်….

  • True Answer

    May 13, 2011 at 10:31 am

    Natural Meditation Centre
    Thanlyin Township, (Near Tar Wa University),
    Yangon, Myanmar. (95)056-22707, (95)09-5085212,
    Email: mtsm45@gmail.com,

    သန်လျင်ဘုရားကုန်းသဘာဝရိပ်သာ (ကျိုက်ခေါက်ဘုရားရှေ့)၊
    တာဝတက္ကသိုလ်အနီး၊ (တာဝ တက္ကသိုလ်မရောက်မီ တစ်မှတ်တိုင် ညောင်ပင်မှတ်တိုင်တွင်ဆင်း၍ ရွှေပေါ်ကျွန်းမုဒ်ဦး လမ်းသို့ဝင်ပါ) ဖုန်း- ဝ၆၅-၂၂၇၀ရ ၊ ဝ၉၅၀၈၅၂၁၂

  • phyoshein

    May 13, 2011 at 6:23 pm

    သစ္စာတရား ကုထုံး..
    ဘာတွေကိုများကုပါလိမ့်….
    သောက်ဆေးလား… လိမ်းဆေးလား…
    Meditation လား..
    ကောင်းပါတယ်…

  • bigcat

    May 19, 2011 at 3:22 am

    ဘာကြောင့် ဆူနာမီဆရာတော်လို့ အမည်တွင်သလဲဆိုတာ သိလိုပါသည် ကိုစိုးဝင်းထွဋ် ခင်ဗျား။ ၂၀၀၅ တုန်းက ထိုင်းမှာဖြစ်သွားတဲ့ ဆူနာမီအပြီးမှာ အခုဘွဲ့နာမည်တွင်တယ်လို့ ဝိုးတဝါးမှတ်ထားဖူးပါသည်။ ဆရာတော်၏ ဆိုဆုံးမချက်များသည် အလွန်ကျေးဇူးများပါသည်။

  • weiwei

    May 19, 2011 at 3:47 am

    သန်လျင်က အသိတစ်ယောက်ကို မေးကြည့်တော့ သဘာဝ ဓမ္မရိပ်သာလို့ လူသိများပါတယ်တဲ့ … အသက်ကြီးတဲ့သူတွေ ဂီလာနတွေ သေခါနီးလူနာတွေကိုပါ လက်ခံပါတယ် … အဖွဲ့အစည်းအကြီးတစ်ခုဖြစ်တယ်လို့လဲ သိရပါတယ် …
    ဘိုးဘွားရိပ်သာက လက်မခံတဲ့ အဘိုးအဘွားတွေကို လက်ခံစောင့်ရှောက်ထားတဲ့ ရိပ်သာတစ်ခုဖြစ်ပါတယ် ….

  • တညင်သား

    May 19, 2011 at 4:09 am

    ကျွန်တော်တို့ သိတာတော့ ရွှေပေါ်ကျွန်း ဆရာတော်လို့ပဲသိတယ် ..ဆူနာမီဆရာတော် ဆိုလို့ မကြားဘူလို့ငြိမ်ေနေတာ……:)

  • True Answer

    May 19, 2011 at 6:42 am

    >>ဟုတ်ပါတယ် ကို BIG CAT ခင်ဗျာ။ ဆရာတော်ဟာ (၁.၆.၂၀၀၀)တွင် အဝိဇ္ဇာမှဝိဇ္ဇာသို့ တရား အလှူတော်လုပ်ငန်း ကို ၃၈ လမ်းမှာ ဖွင့်လှစ်ခဲ့ပြီး ဝိပဿနာတရားနှင့် ပတ်သက်သော တရားစီဒီ၊ ကက်ဆက်ခွေ၊ ဗွီဒီယို စီဒီခွေများကို အခမဲ့ ငှားရမ်းကာ၊ ကူးယူ ဖြန့်ချီပေးခဲ့ပါသည်။

    ဗွီဒီယိုခွေများ ဓမ္မဒါနပြု ဖြန့်ချီရာတွင် လူအများ သံဝေဂ တရားရပြီး တရားအားထုတ်မှုတွင် စိတ်ဝင်စားလာစေရန်ရည်ရွယ်လျှက် သေခါနီးလူမမာများ၊ ဆေးရုံမှလူသေများ၊ DISCOVERY မှ တိရစာ္ဆန်များ၏ နိုင်ရာစားဘဝများ၊ စကြာဝဠာသဘာဝတရားဖြစ်ပုံပျက်ပုံများ၊ ပဋိသန္ဓေနေမှု၊ အိုမှု၊ နာမှု၊ သေမှု သိပ္ပံသဘာဝများ၊ သဘာဝကပ်ဘေးများ၊ ဗုဒ္ဓဝင်ဇာတ်လမ်းများ၊ အကျဉ်းထောင်တွင်းတရားအားထုတ်မှုများ၊ စသည်ဖြင့် နောက်ခံထားလျှက် ဆရာတော့်တရားအသံထည့်သွင်းကာ ဖြန့်ချီခဲ့ပါသည်။

    ထို တရားဗွီဒီယိုခွေများအနက် ဆူနာမီကပ်ဘေးကို နောက်ခံထားလျှက် ဆရာတော်ဟောကြားသောတရားဗွီဒီယိုခွေများမှာ ၂၀၀၅ ခုတွင်လူကြိုက်များကာ ကူးယူကြပြီး တခြားလူများကပင် စီးပွားဖြစ် ကူးယူရောင်းချကြပါသည်။

    တရားခွေတွင်..ဆူနာမီကပ်ဘေးကို နောက်ခံထားပြီး တရားဟောသော ဆရာတော်ကို ဆူနာမီဆရာတော်ဟု အလွယ်ခေါ်ကြရာမှ ဆူနာမီဆရာတော်ဟု ခေါ်ကြပါသည်။ အရင်ကတော့ အဝိဇ္ဇာမှဝိဇ္ဇာသို့ တရား အလှူတော်လုပ်ငန်း ကို ဖွင့်ပြီး တရားအလှူလုပ်သဖြင့် အဝိဇ္ဇာမှဝိဇ္ဇာ ဆရာတော်ဟု ခေါ်ကြပြီး ယခု 45လမ်းနှင့် သန်လျင်တွင် …သဘာဝရိပ်သာတရားစခန်း ဖွင့်ထားသဖြင့် သန်လျင်သဘာဝရိပ်သာဆရာတော်ဟုလည်း သိကြပါသည်။

    အသေးစိတ်သိရှိနိုင်ရန် ဗွီဒီယိုလင့်လေးပါထည့်ပေးလိုက်ပါသည်။

    http://kodiamond.multiply.com/video/item/2

    ဆရာတော်ဖြန့်ချီခဲ့သော သေခါနီးလူမမာများ ဗွီဒီယို တချို့ကို http://kodiamond.multiply.com/video?&=&page_start=80 တွင် ကြည့်ရှုနိုင်ပါသည်။

Leave a Reply