မမေ.အပ်သည်.နေ.ထူးနေ.မြတ်

တခူးလတုန်းကတော. အားလုံး ပို.စ်တွေတင်ခဲ.ကြသလို ကဆုန်လကိုလဲ မမေ.သင်.ဘူးထင်လို. တင်ပြပေးတာပါ အမှားပါခဲ.ရင် ထောက်ပြပြင်ဆင်ပေးပါ လို. ကြိုတင်တောင်းပန်အပ်ပါတယ်…..။

ကျနော်တို.ရဲ. ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံမှာ ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှန်ရန် ဗုဒ္ဓနေ့… ဟူသော ဗုဒ္ဓဝင်သီတံအရ
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။
ဖွား-ကဆုန်လပြည့်နေ့မှာဖွားမြင်တော်မူပါတယ်။
ပွင့်-ကဆုန်လပြည့်နေ့မှာပွင့်တော်မူပါတယ်။
စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။

ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။
ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။
ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။ထို ့ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်းရ ဖြစ်ပါသည်…။

ဗုဒ္ဓဘာသာတို ့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘဝတွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတ ဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါသည်။
မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအဝင် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ထို ့ကြောင် ဗုဒ္ဓဘာသာဝင်တို ့သည် ထိုဗောဓိပင်မှ ပင်ပွားများကို ယူ၍ စိုက်ပျိုးကြကာ အထွဋ်အမြတ်ထားလေ့ရှိကြသည်…။
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါသည်…..။

မြန်မာချစ်သူ ဆိုဒ် မှ ကောက်နှုတ်ဖော်ပြပါသည်..။

10 comments

  • mandalarthu

    May 14, 2011 at 5:02 am

    Yes,we must know the special day of our Buddha,the Buddha Day.
    Thanks for sharing this blog to all,cos’ i don’t know much about of it before.
    Now,i know.Share more about of it if you have anymore facts about that day.

  • ဆူး

    May 14, 2011 at 6:05 am

    ယခုလ ၁ရ ရက်နေ့ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။

  • မမလေး

    May 14, 2011 at 3:23 pm

    အဲ့ဒီနေ့ ဘုရားသွားဖို့ သူငယ်ချင်းတွေနဲ့ချိန်းထားတယ် … တွေ့ရင်လည်း လှမ်းခေါ်ကြဦးနော် ..

  • phyoshein

    May 14, 2011 at 5:12 pm

    အခုလိုပြောပြတဲ့အတွက် အထူးကျေးဇူးပါ…
    ချစ်သူများနေ့ ဆို အုတ်အော်သောင်းနင်းဖြစ်နေတဲ့ လူငယ်တွေ..
    ဗုဒ္ဓနေ့ကျ မေ့လို့ဘယ်ရမလဲ….
    တစ်ကယ်ကို မမေ့အပ်တဲ့ နေ့ထူးနေ့မြတ်ပါဗျာ..

  • zaw min

    May 14, 2011 at 6:38 pm

    ဗုဒ္ဓရဲ့ နေ့ထူးနေ့မြတ်မှာ ရွာသူရွာသားပေါင်းတို့လည်း မိမိတို့ တတ်နိုင်သည့် ဒါန၊သီလ၊ဘာဝနာတရား များ၊ကုသိုလ်ကောင်းမူများ ဆောင်ရွက်နိုင်ကြပါစေ။

  • ဆူး

    May 15, 2011 at 2:49 pm

    ဒီနေ့ စီးတီးအက်ဖန် ကနေပြီးတော့ မင်္ဂလာတိုက် ဆရာတော် ဥူးသုမင်္ဂလ မှ ဗုဒ္ဓဘာသာဝင်များ ဥပုတ်သီလ စောင့်ထိန်းဖို့ တိုက်တွန်းတဲ့ အသံကို ကြားလိုက်ရတယ်။

    ဆူးကလည်း ဗုဒ္ဓဘာသာ ဝင်ရွာသားများလည်း ဖြစ်နိုင်ရင် ဥပုတ်စောင့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
    ဖြူစင်တဲ့ သီလ နဲ့ နေနိုင်ကြပါစေ။

  • mihninlay

    May 16, 2011 at 11:49 am

    နောက်ထပ်တစ်နေ ့ကျန်ပါသေးတယ်….ဗျာဒိတ်ခံယူတော်တဲ့နေ ့ကလဲကဆုန်လပြည့်နေ ့ပါပဲ

  • mihninlay

    May 16, 2011 at 11:52 am

    ဆောရီးအကြည့်မှားပြီးအရေးမှားသွားပြီ

  • MaMa

    May 16, 2011 at 12:06 pm

    ဆူးရေ ပညာရှိ သတိဖြစ်ခဲ ထင်တယ်။ ဥပုတ် မဟုတ်ပါ။ ဥပုသ်သာ ဖြစ်ပါတယ်။ (ကိုယ်ကိုယ်တိုင် မှားခဲ့ဖူးတာမို့)

  • ဆူး

    May 16, 2011 at 2:43 pm

    ပညာရှိ သတိဖြစ်ခဲ မဟုတ်ပါဘူး မသိကို မသိတာပါ။ပြင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply