ကြွပ်ကြွပ်အိတ်အသုံး မေ ၁၄ နိဂုံးချုပ်ရန် ကြေညာ

cobraMay 13, 20111min86

ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းနိုင်ရေးအတွက် ကြွပ်ကြွပ်အိတ်များ သုံးစွဲခြင်းနှင့် လက်ဝယ်ထားရှိ ခြင်းများကို ၂ဝ၁၁ ခုနှစ် မေလ ၁၄ ရက်မှစ၍ ခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှသူတစ်ဦးက ပြောသည်။
မိမိလက်ဝယ်တွင်ရှိသော ကြွပ်ကြွပ်အိတ်များအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများသို့ အပ် နှံသွားရန်နှင့် ဆက်လက်သုံးစွဲမှုမပြုရေး လိုက်နာဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
”မြို့တော်စည်ပင်ကနေ ဧပြီ ၂၁ ရက်နေ့က ပလတ်စတစ်စက်ရုံ ပိုင်ရှင်တွေကို ခေါ်ယူဆွေးနွေးပြီးတဲ့ နေ့ကတည်းက ကျွန်မတို့ဆိုင်မှာရှိတဲ့ ကြွပ်ကြွပ်အိတ်လက်ကျန်တွေကို အကုန်လုံးပေးလိုက်ရပြီ။ ကျွန်မ တို့လက်ထဲမှာရှိတဲ့ ကြွပ်ကြွပ်အိတ် တန်ဖိုးအလိုက် ပလတ်စတစ်အိတ်တွေကို စက်ရုံကပေးသွားပါတယ်” ဟု ကုန်ဈေးတန်း ပလတ်စတစ် အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုကို ခွင့်မပြုတော့ပါက အစားထိုးပလတ်စတစ်အိတ်များကို ကြိုတင် တင်သွင်း ရောင်းချမှသာ ပိုမိုထိရောက်နိုင်ကြောင်း၊ ယခုအခါ ပလတ်စတစ်အိတ် အရောင်းဆိုင်များ အနေဖြင့် အခက်အခဲရှိနေပြီး အဝယ်ကျလျက် ရှိကြောင်း ပလတ်စတစ်အိတ် အရောင်းဆိုင်များက ဆိုသည်။
”ကျွန်မတို့ဆိုင်က ပလတ်စတစ်အိတ်ကို အခုရောင်းနေပေမယ့် ဝယ်တဲ့သူတွေက ယခင်ကြွပ်ကြွပ်အိတ်ထက်လည်း ဈေးကကြီးနေတော့ အဝယ်နည်းတယ်။ အရင် တုန်းက အိတ်ရေ ၇ဝ၊ ၁ဝဝ ပါတဲ့အိတ်ဟာ အခု ပလတ်စတစ်အိတ် ၅ဝ ပဲ ပါတယ်။