ရိုးအီနေသော …… တောင်တမန်

ကျနော်လဲ တောင်တမန် နဲ့အနားတဝိုက်ကပုံတွေ တင်တာ လဲ တော်တော်များပါပြီ။
အခုလဲ လာပြန်ပြီ တောင်တမန်ပါဘဲ…..
ဒီလို ထပ်ခါထပ်ခါ တင်လို့ ရိုးအီ သွားရင်လဲ ခွင့်လွှတ်နော်
ပုံတွေ ထဲမှာ ရိုးအီချင် ရိုးအီ ပါလိမ့်မယ်။ ဒါပေမယ့် အပြင်မှာတော့ ဆွဲဆောင်မှုရှိတုန်းဗျ။ နိုင်ငံခြားသားတွေ ၊ တမြို့တရွာက ဧည့်သည်တွေ ၊ ကျောင်းသားကျောင်းသူတွေ ၊ စုံတွဲတွေ ၊ မိသားစု တွေ နဲ့ မအားလပ်အောင်ဘဲ တောင်တမန်ကြီးက အမြဲအလုပ် ရှုပ်နေ တတ်ပါတယ်။
ကြုံတုန်းဖိတ်လိုက်ဦးမယ်…..
မန်းလေးကို လာလည်ရင် အဲဒီ ရိုးအီနေတဲ့ တောင်တမန်ကြီးကို မရိုးနိုင်လောက်တဲ့ရှုခင်းတွေ မြင်တွေ့သွားရအောင် တခါလောက်တော့ လိုက်ပို့ပေးချင်ပါတယ်။

9 comments

  • အဝေးကလူကိုဘဲမလာနိုင်မှန်းသိနေလို့လောကွတ်တွေမချော်နဲ့။
    လာ….
    ကိုပေါက်နဲ့ရွှေမင်းသား သွားလိုက်ရအောင်။
    တောင်သမန် ရွာထဲသွားပြီး မြန်မာဖြစ်ဘီယာ ထန်းရည်နှိပ်မယ်ကွာ။
    သွားမယ်ဆိုဖုန်းဆက်လိုက်။
    ဒါဘဲ။

  • nozomi

    July 7, 2011 at 7:01 pm

    မရောက်ဘူးပါ ၊ အရမ်းရောက်ဖူးချင်ပါတယ် ၊
    ဓါတ်ပုံထဲမှာ မြင်ရတိုင်း ရောက်ဖူးချင်စိတ်နဲ့ ရင်ခုန်ရပါတယ်ဗျာ ထပ်တင်တော့ ထပ်ရင်ခုန်ရပါတယ်
    မန္တလေးရောက်ရင် တကယ်လိုက်ပို့မှာလား
    အသံထွက်တော့ တောင်တမန်လို့ထွက်လား တောင်သမန်လို့ထွက်လား (တောင်သမန်ဆိုတာမျိုးပဲကြားဖူးနေလို့)

  • nozomi

    July 7, 2011 at 7:08 pm

    အား အခုမှ သတိထားမိတယ်
    ကိုရွှေမင်းသား ဆိုတာ တခြားလူမှ မဟုတ်တာပဲ ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီး ကျန်စစ်သားပဲ
    မဏိစန္ဒာရော နေကောင်းရဲ့လား
    အခုဘာတွေလုပ်နေလဲ
    အခြေအနေပေးရင် ကျွန်တော်တို့အတွက် ပဉ္စမနိုင်ငံတော်တည်ထောင်ပေးခဲ့ပါဦး သူရဲကောင်းကြီးတို့လုပ်ပေးမှပဲ ကျွန်တော်တို့လဲ အင်း ကျွန်တော်တို့လဲ………

    • ဆူး

      July 7, 2011 at 7:45 pm

      မဏိစန္ဒာ ကို မေးတော့ အပါယ်ရတနာ သဗ္ဘူလ ခင်တန် တို့ ၃ယောက် သတင်းမမေးရင် သူတို့ ဘယ်စိတ်ကောင်းမလဲ။

  • windtalker

    July 7, 2011 at 7:54 pm

    ဦးပေါက် ဖုန်းနံပါတ် သိရမယ်ဆိုရင်ဖြင့်
    ဦးပိန်တံတား အနောက်တောင်ဆီက
    သဇင်နွယ် ဟု နာမည်ကျော်
    ပုဇွန်တွေ ငါးတွေ ကျော်တဲ့
    တောင်သမန်သူများ ဆီရယ်က
    အမြိုက်ရည် တစ်ကျိုက်နှစ်ကျိုက်ရယ် နဲ ့
    ဆိတ်ထောင်းကြော် ချဉ်ချဉ်စပ်စပ်ကလေးကို
    စားသောက်ချင်သေး ။

  • pooch

    July 7, 2011 at 8:24 pm

    အသစ်တွေ ဘယ်လို ကောင်းကောင်း အဟောင်းကတော့ တလည်လည် ဆိုတာ ဒါမျိုးကို ပြောတာနေမှာ…

  • unclegyi1974

    July 7, 2011 at 9:22 pm

    ဓာတ်ပုံတွေကဥတုရာသီကြောင့်တပုံနဲ့တပုံ
    အချိန်တူရက်တူရိုက်လည်းမတူနိုင်တာကြောင့်
    ရသကအမြဲပြောင်းနေတာပါ
    ဒါကြောင့်လည်းရိုက်တိုင်းမကောင်းနိုင်တာပါ
    ကောင်းတဲ့ပုံလေးတွေကျတော့လည်းကြည့်ရတာမရိုးနိုင်ပါဖူး
    မင်းသားလေးရိုက်ထားတာ
    ဆောင်းရာသီထင်ပါတယ်

  • pan pan

    July 11, 2011 at 2:15 pm

    မရောက်ဖူးပါဘူး
    ပုံတွေကြည့်ပြီး တစ်ခုခုကို လွမ်းလာတယ်

Leave a Reply