ခင်ဗျားတို ့က ရဲတွေပဲ…လုပ်ပေါ့ဗျာ (၁)

nigimi77May 14, 20111min1104

စကောထဲထည့် လှိမ့်သလို အမျိုးမျိုးခံနေရတဲ့ မြန်မာနိုင်ငံသား လူရွယ် လူငယ်များ အတွက် ရည်ရွယ်ပါတယ်။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၁ဝစုနှစ်

တခုကျော်လောက်ကတဲက Multi Gate Corporation ကနေ အစပြုပြီး ကိုရီးယားနိုင်ငံကို အလုပ်သမား သင်တန်းသားအနေနဲ ့ တရားဝင် သွားရောက်

အလုပ်လုပ်ကိုင် စေတဲ့ ပွဲစား လုပ်ငန်းကြီးကို စတင်ခဲ့ပါတယ်။ အဲဒီ ခေတ်ကဆို ဒေါက်တာ ZM နဲ ့ မ WM တို ့ လင်မယားဟာ မြန်မာ လူငယ်တွေ ခါးချိုးပြီး

အကိုကြီး အမကြီး ဆိုပြီး ဆက်ဆံခဲ့ရတဲ့ ကိုယ်စားလှယ် တွေပေါ့ ။ အဲဒီမတိုင်ခင်က လည်း နည်းလမ်းပေါင်းစုံနဲ ့ ကိုရီးယားနိုင်ငံကို ဝင်ရောက် လာတဲ့ သူတွေ

ရှိပါတယ်။ သင်္ဘောသားတွေ ဘူဆန်ဆိပ်ကမ်းကပ်တဲ့အခါ ပြန်မတပ်တော့ပဲ နေခဲ့တာတွေရှိသလို ယိုးဒယားဖက်ကနေ ဝင်လာသူတွေလဲ ရှိပါတယ်။ နောက်ပိုင်းမှာ

တချို ့ကတော့ ဘာသာရေးအကြောင်းပြ ၊ တချို ့ကတော့ ဖိတ်ခေါ်ဖျော်ဖြေရေးအဖွဲ ့တွေနဲ ့ လိုင်းရိုက်ပြီးဝင် ၊ တချို ့ကတော့ ကျောင်းသားဗီဇာလျှောက် ပြီး ဝင် ။

နှစ်အတော်ကြာတော့ ရွှေအင်းဝ စစ်မှုထမ်းဟောင်း အဖွဲ ့က တရားဝင် ပွဲစားလိုင်စင်ကို လက်ဝယ်ရခဲ့ပြီး သူဋ္ဌေးဖြစ် ခွေးဖြစ် ကြံပြီး လူငယ်တွေ

မွဲသွားလောက်အောင် ကို နှိပ်စက် ခဲ့တာ နောက်ဆုံး သတင်းတွေပျံ ့ပြီး ပိတ်သိမ်းလိုက်တဲ့ အထိပါပဲ။ ကဲ ..လာပြန်ပါပြီ။ အစိုးရ ပြည်ပ အလုပ် အကိုင် အေဂျင်စီ

တဲ့။ ကိုရီးယားကို သွားပြီး အလုပ် လုပ်နိုင်ဖို ့ အတွက် အလုပ်သမား ညွှန်ကြားရေး က ကိုင်တွယ်ပါတယ်။ ကုန်ကြတဲ့ ဈေးနှုံးက စင်ကာပူသွားတဲ့ စရိတ်လောက်

မကုန်ပဲ တလအတွင်း အရင်းကျေ ၊ လစာကလဲ မြန်မာငွေ ၁ဝ သိန်းလောက် ကျန်တယ်ဆိုတော့ လူငယ်တိုင်းနီးပါးဟာ သွားချင်ကြပါတယ်။ ဒီကြားထဲ ကိုရီးယား

ဇာတ်လမ်းတွေ တန်ခိုးကြောင့် အလုပ်လုပ်ချင်တာ မဟုတ်ပဲ သွားချင်သူတွေရှိပါတယ်။ အသိုင်းအဝိုင်းကြားမှာ ကိုရီးယားသွားတော့မယ့်သူဆိုတဲ့ စတားလေးကို

တပ်လာကြပါတယ်။ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ ့သွားသွား ၊ ပထမမြောက်ပဲ သွားသွား၊ ဒုတိယမြောက်ပဲ သွားသွား အခြေအနေကို သိထားဖို ့တော့ လိုလိမ့်မယ်။

တလောက ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲ ဖောင်တင်ဖို ့ခေါ်တာ ခန် ့မှန်းချေ လူငယ် တသောင်းကျော်လောက် တင်ကြတယ်လို ့

သတင်းရပါတယ်။ သတင်းစာထဲမှာ တရားဝင်ကျေညာတာ အမေရိကန် ၂၄ ဒေါ်လာနဲ ့ ညီမျှတဲ့ မြန်မာငွေလို ့ဖော်ပြထားပေမဲ့ တကယ်တမ်းတော့ FEC 24

ရှိမှသာတင်လို ့ရမယ်ဖြစ်နေရော။ အဲဒီ ဒဂုံကနေ မြို ့ထဲကို FEC လဲဖို ့ သွားဖို ့က တကယ် မလွယ်တာပါ။ Taxi ဖိုးတင် သောင်းဂဏန်းလောက် ကုန်ကျတယ်လို

့သိရတယ်။ ဖောင်တင်ဖို ့ပေးထားတဲ့ ရက်က ၃ ရက် ။ လူတွေက တိုးလို ့တောင်မရ။ နာဇီခေတ်က အဆိပ်ခန်းထဲကို သွင်းမယ့် ဂျူးတွေလိုပါပဲ ။

မျက်နှာငယ်လေးတွေနဲ ့။ ဖောင်တင်ရာမှာ Passport လက်ဝယ်ရှိရင် Passport နဲ ့တင် ၊ လက်ဝယ် မရှိသေးရင် မှတ်ပုံတင်နဲ ့တင် ဆိုပြီး ပြောတော့ Passport

မလုပ်ရသေးတဲ့သူတွေ ဆင့်ဖင်ခွေးမျှော် စောင့်ရင်းစောင့်ရင်း ဘယ်မှမသွားရပဲ လက်ထဲမှာပဲ သက်တမ်းကုန်နေသူတွေ ဟာ မှတ်ပုံတင်နဲ ့ ဖောင်ဖြည့်ကြပါတယ်။

သက်တမ်းတို းဖို ့ဆိုတာလဲ အနည်းဆုံး မြန်မာငွေ ၅ သောင်းလောက် ကုန်ကျပါတယ် ။ ဒါ တရားဝင် ကုန်ကျတာလို ့ဆိုပါတယ်။ စာအုပ်ပြန်ထွက်လာရင် e

passport အနေနဲ ့ထွက်လာမှာပါ။ ပြန်ထွက်လာဖို ့ကာလက တစ်လကြာပါတယ်။ …………………………………………ရုတ်တရက် သတင်းစာမှာ

ကောက်ခါငင်ခါ ကြေညာပါတယ်။ “စာမေးပွဲ ဖြေဆိုချိန်တွင် e passport ရှိရန် လိုအပ်ပါမည်” တဲ့………. ပွဲဦးထွက် နှစ်ကြိမ်မြောက် အလဲထိုးလိုက်ပြန်ပါပြီ။ FEC

မှ ရမယ် ဆိုတာက တစ်ကြိမ် ။ e passport ရှိမှ ဖြေလို ့ရမယ်ဆိုတာက တစ်ကြိမ်။

4 comments

  • researcher

    May 14, 2011 at 7:56 am

    nigimi မတွေ့တာတောင်ကြာပြီနော်။ ဘာတွေ အလုပ်ရှုပ်ပြီး ဘယ်တွေပျောက်နေတာလဲ။ သူများတွေ ဆူညံနေတဲ့ အချိန်မှာ nigimi ရဲ့ အသံတိတ်နေတာက ရွာထဲမှာ ထူးခြားနေသလိုပါပဲ။

  • nigimi77

    May 14, 2011 at 8:00 am

    နေ ့တိုင်းတော့ ဝင်ဖတ်ဖြစ်ပါတယ်။ ရေးဖို ့ မန် ့ဖို ့ကို စိတ်ဝင်စားစရာ သိပ်မရှိတာနဲ ့။ ကိုကြောင်ကြီးပြော

    သလို ရှေ ့တန်းမှာ အပြင်းအထန် တိုက်ခိုက်နေရပါတယ်လို ့ပဲ သဘောထားလိုက်ပါ။ နီးစပ်ရာ ကကြီးကို သွားမဲ့

    လူတွေရှိရင် ဒီ ပိုစ့်ကို ဖတ်ဖို ့တိုက်တွန်းပေးပါဦး။

  • intro

    May 14, 2011 at 12:47 pm

    ကျေးဇူးပါပဲဗျာ… ကကြီးသွားဖို့ စိတ်ဝင်စားတဲ့လူတွေထဲမှာ ကျွန်တော်တို့လဲ ပါနေလို့ပါ… ကျေးဇူးကျေးဇူး

  • OQ23

    May 14, 2011 at 3:20 pm

    ကြားပြီးပါပြီ။
    သူငယ်ချင်းတယောက်နောက်နှစ်သွားမလို့တဲ့
    ကောင်းတယ်လို့ပဲပြောရမလား မသိဘူး
    သွားကြည့်မှသိမဲ့အရာတွေထဲမှာ နိူင်ငံခြားသွား ချင်းလဲပါတယ်။
    ကိုယ်နေသောအရပ်ဒေသမလို့လိုပစိတ်ချရမရမသိ နိူင်ဘူး
    ဘာပဲဖြစ်ဖြစ်အဆင်ပြေအောင်လုပ်ပေးတာ မကြိုးစား
    ချင်သောလူငယ်၊ကြိုးစားချင်သောလူငယ် ယောကျာ်းလေး
    တွေအတွက်ကောင်းပါတယ်။

Leave a Reply