အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၁၀)

ကျွန်တော် တန်းလျားထဲဝင်လိုက်တော့ ကျွန်တော်တို့ မီးဖိုဆောင်ဘက် မှာ မီးများလောင်နေသလားလို့ ထင်နေတာ..ဘယ်ဟုတ်မလဲ

ဆလင်းဆိုတဲ့ကောင် စက္ကူတွေကို မီးရှို့နေတာပဲ။ပါးစပ်ကလည်း လူယုတ်မာတွေ ခွေးသားတွေ ဘာညာကျိန်ဆဲနေပြီးတော့ ဆေးရောင်စိုစိုနဲ့

စက္ကူတွေတထပ်ကြီးကို တစစီဆုတ်နေတာ။ကျွန်တော် နည်းနည်းတောင်လန့်သွားပြီး-

“ဟကောင် ဆလင်း မင်းဘာလုပ်နေတာလဲ”

“အာမန်းကို သွားပုပ်လေလွင့် ပြောတဲ့ သေချင်းဆိုးတွေကို လက်စားချေနေတာကွ”

ပြောရင်းဆိုရင်းနဲ့ စက္ကူစတွေ မီးပုံထဲ ထပ်ပစ်ထည့်လိုက်သေးတယ်။ဩော..ဒီကောင် ဒီစာရွက်တွေကို မဂ္ဂဇင်းတစ်စောင်က ဆုတ်လာခဲ့

တာကိုး။

“ဘယ်မဂ္ဂဇင်းက ဖြုတ်လာတာလဲ..အသစ်ကြီးရှိဦးမယ်”

“အဲဒါ နောက်ဆုံးထုတ် စတားဘတ် မဂ္ဂဇင်းကပဲ။ငါ့လက်နဲ့နိုင်သရွေ့ငါ ဆုတ်ပစ်ဦးမှာပဲ..ငါဆယ်အုပ်လောက်တော့ဝယ်နိုင်မှာပဲကွ..”

မဆုတ်ရသေးတဲ့ တစ်စောင်ကို ကောက်ယူပြီး ကျွန်တော်ကြည့်တော့ မျက်နှာဖုံးမှာ အာမန်းအလီပုံနဲ့ဗျ။အောက်မှာလည်း ပြူးပြူးပြဲပြဲ

စာလုံးကြီးနဲ့ “ဒီလူရဲ့ တကယ့် အမှန်တရား” တဲ့။

“နေပါဦး မင်း အသဲစွဲဇာတ်လိုက်ကြီးပုံနဲ့ပဲဟ ဘာလို့ဆုတ်ပစ်တာလဲ”

“အထဲမှာ အာမန်းအကြောင်း အပုပ်ချထားလို့ပဲကွ”

“မင်းမှ မဖတ်နိုင်ဘဲ”

“အေး..ဒါပေမဲ့ ငါကြားနိုင်တယ်ကွ..။ဒီလထုတ် ဒီမဂ္ဂဇင်းထဲမှာ အာမန်းကို အပုပ်ချ စွပ်စွဲထားတဲ့အကြောင်း မစ္စစ် ဘားဗ် နဲ့ မစ္စစ် ရှရ်ကီ                 တို့နှစ်ယောက် ပြောနေတာ ငါမထင်မှတ်ဘဲ ကြားလိုက်ရလို့ပဲ။သိပလား”

“ဘယ်လိုမျိုးလဲ”

“အူရ်ဝါရှီ ကို သူက ဆန္ဒဖြည့်မပေးနိုင်လို့တဲ့။သူက ဂေးကြီး တဲ့ကွာ။”

“အဲဒီတော့”

“ဟ..ငါ့ ဇာတ်လိုက်ကို ဒီသောက်ချိုးနဲ့သူတို့လာစော်ကားလို့ရမယ် မင်းထင်လား။ဒီသတင်းက ဘာမှမှန်ဘူး။အကုန် ပေါက်ကရချည်း

ပဲကွာ..ငါသိတယ်။သူတို့လောက က သူ့ပြိုင်ဘက်တွေက သူအောင်မြင်တာမနာလိုလို့ပေါ့ကွ။ဒါ့ကြောင့် သူ့နာမည် ပျက်အောင် ဒီလို

မျိုး သတင်းကို ဖွထည့်လိုက်တာပဲ။ဟေ့ကောင်.. ငါ စတားဘတ်မဂ္ဂဇင်းတိုက် ကိုသွားပြီးမီးနဲ့ရှို့ ပစ်မယ်ကွ။”

ဆလင်း ဒေါသတွေစွတ်ကြီးနေတယ်။ဘာလို့လဲဆိုတော့ သူက မိန်းမလျာတွေကို အရမ်းမုန်းတာလေ။သူ့အသဲစွဲမင်းသား ကိုဒါမျိုး

အခြောက်ကြီး လို့စွပ်စွဲပြီး နာမည်ဖျက်ဖို့ကြိုးစားတာက သူ့ကို အစွမ်းကုန်စော်ကားသလိုမျိုးဖြစ်သွားတာပဲ။

ကျွန်တော်လည်းမုန်းတာပဲ။ကျွန်တော် သိတယ်လေ။ဒီ ဂန်ဒူး တွေက မအူမလည်ကောင်လေးတွေကို ဘာတွေလုပ်သလဲဆိုတာပေါ့။

ခန်းမမှောင်မှောင်ကြီးတွေမှာ၊အများသုံးအိမ်သာတွေမှာ၊ပန်းခြံတွေမှာ။နောက်ဆုံး လူငယ်ထိန်းသိမ်းရေး စခန်းတွေမှာရော ဒီလို ကောင်တွေ

သောင်းကျန်းတာ။

ကံကောင်းတယ်ဗျ။စတားဘတ် က သူတို့ရဲ့အခြေအမြစ်မရှိ အဲဒီစွပ်စွဲချက်ကို ရုပ်သိမ်းတဲ့အကြောင်း နောက်ထုတ်တဲ့ အစောင်မှာ

ပါလာလို့။အဲဒါကြောင့် ကျွန်တော်တို့ ဒက်ဘာဝါးလား[1] လေးတစ်ယောက် မီးရှို့မှုနဲ့ဒုက္ခရောက်ဖို့ကနေကင်းလွတ်သွားတာပဲ။

 

******************************************************************************************

ဇာတ်ကတော့ကြမ်းနေပြီ။အဲဒီအချိန်မှာ ဆလင်းဘေးက လူကြီးက ဆလင်းဘက် ကိုနည်းနည်းရွှေ့လာတယ်။အဲဒီလူကြီး ခြေထောက်က

ဆလင်းခြေထောက်ကို တစ်ချက်သွားပွတ်မိတယ်လေ။ပထမအကြိမ်တော့ ဒါငါ့ကြောင့်လို့ ဆလင်းကထင်တယ်။ဒုတိယအကြိမ်ကျတော့ မတော်တ

ဆပဲလေ လို့သူတွေးတယ်။အဲ..တတိယအကြိမ်ကျတော့ ဒါ တမင်လုပ်တာပဲဆိုတာ သေချာသွားတယ်။သူကျွန်တော့်ကို တိုးတိုးကပ်ပြီး-

“မိုဟာမက်..ဟိုဘက်ကဘဲကြီးငါ့ကိုခြေထောက်နဲ့လာ လာရမ်းနေတာမရပ်ရင် တစ်ချက်လောက်ခပ်ပြင်းပြင်းလေး ကန်ထည့်လိုက်မယ်။”

“အာ..ဒီလူကြီးက တော်အိုနေပြီ ..မင်းကြည့်ဦး၊သူ့ခြေထောက်သူ့ဟာသူမထိန်းနိုင်လို့တုန်နေတာဖြစ်မှာ”

ကျွန်တော်ပြောလိုက်တော့ ဆလင်းငြိမ်သွားတယ်။ဖိုက်တင်းတွေ ချနေပြီလေ။အာမန်းက လူဆိုးတွေတပြုံကြီးရှိတဲ့အသိုက်ထဲမှာ အသားကုန်

ဝင်ကြမ်းနေပြီ။ချလိုက်တဲ့သိုင်းကွက်တွေကလည်း စုံလို့ပါဗျာ..။လက်ဝှေ့လည်းပါတယ်။ကရာတေးတို့ ကွန်ဖူးတို့လည်းပါတယ်။

အဲ..ဟိုဘက်ကလူကြီးရဲ့လက်တွေကလည်း အက်ရှင်စဝင်ပြီဗျ။အလယ်မှာရှိတဲ့ လက်တန်းပေါ်သူ့တံတောင်ကိုတင်ပြီး ဆလင်းလက်မောင်း

နဲ့သူ့လက်မောင်းနဲ့ခပ်သာသာလေးထိအောင်ကပ်ပေးနေတာ။ဆလင်းကတော့ သတိပြုမိမယ်တောင်မထင်ဘူး။ဇာတ်လမ်းထဲမှာ

အာရုံရောက်နေတာကိုး။ဇာတ်ကလည်း အထွဋ်အထိပ်ကို ရောက်နေပြီလေ။

အကောင်းဆုံးအခန်းကလာတော့မယ်။လူဆိုးတွေအကုန်လည်းသတ်ပြီးရောအာမန်းလည်းသေမှာ။သူ့အင်္ကျီတစ်ခုလုံးသွေးတွေလည်း ရွှဲရွှဲစို

လို့။တစ်ကိုယ်လုံးလည်း ကျည်ဆန်ရာတွေပွနေတာပဲ။သူ့ဘောင်းဘီကလည်း ဖုန်တွေသဲတွေပေကျံပြီး ညစ်ပတ်စုတ်ပြတ်နေတာပေါ့လေ။သူ့ကိုယ်သူ

တရွတ်ဆွဲပြီး ခုမှရောက်လာတဲ့ သူ့အမေဆီကို သွားနေတာ။

ဆလင်း ငိုနေပြီ။ရှေ့ကိုင်းပြီး စိတ်ထိခိုက်တဲ့ အသံလေးနဲ့ မင်းသားရဲ့ဒိုင်ယာလော့ဂ်တွေလိုက်ရွတ်နေတယ်။

“အမေ..ကျွန်တော်သားကောင်းတစ်ယောက်ဖြစ်ခဲ့မယ်လို့ထင်ပါတယ်..အမေ ကျွန်တော့်အတွက်မငိုပါနဲ့ဗျာ..

ဒီလို ဂုဏ်သရေရှိရှိသေရတာ သွေးကြောင်ပြီး အသက်ရှင်နေရတဲ့လူထက်တော့ သာပါတယ် အမေ..”

အာမန်းခေါင်းက သူ့အမေပေါင်ပေါ်မှာလဲလို့။ဆလင်းက ဒိုင်ယာလော့ဂ်တွေကို မင်းသားအသံမျိုးနဲ့ပြန်ရွတ်နေတယ်။အမေလုပ်တဲ့သူက

လည်း သွေးတွေရွှဲနေတဲ့ သူ့သားခေါင်းလေးကို အသာပိုက်ထားရင်း ငို ပေါ့လေ။အမေ့ရဲ့မျက်ရည်တွေက အာမန်းရဲ့ မျက်နှာပေါ်ကကျလို့။မင်းသား

က သူ့အမေလက်ကို ဖျစ်ညှစ်ထားတယ်။သူ့ရင်ဘတ်ကြီးကလည်း ဖားဖိုကြီးလို့ နိမ့်လိုက်မြင့်လိုက်နဲ့ပေါ့။

အဲ..မျက်ရည်စက်တွေကျွန်တော့် ပေါင်ပေါ်ကျနေပါလား။ကျွန်တော်လည်း တခြားအမေတွေ သူတို့ကလေးကို ပုခက်ထဲပြန်မထည့်ခင်

နဖူးလေးနမ်းတာမျိုး ခဏခဏတွေ့ဖူးပါရဲ့ ။သူ့လိုတော့ ကျွန်တော်မဖြစ်ပါဘူး။ဟော..ခု နောက်ခံအသံက- လေတွေတဟူးဟူးတိုက်ပြီး

ဥဩသံတွေဆူလာတာကြားရတယ်။ရဲတွေရောက်လာပြီလေ။ထုံးစံအတိုင်း မင်းသားက သူတို့အစား လူဆိုးတွေကို

အကုန်ဆော်ပြီးမှ နောက်ဆုံးကရောက်လာတာ။ခုရဲတွေလည်း မင်းသားကို ဘာမှလုပ်မပေးနိုင်တော့ဘူး။

ကျွန်တော်တို့ဘေးက ဦးမုတ်ဆိတ်လက်က နေရာရွေ့သွားပါပကော။ခု ဆလင်းပေါင်ပေါ်မှာ အသာလေးတင်ထားတယ်။ဆလင်းက ဒီ

အခန်းကို သေချာအလွတ်ရအောင်မှတ်နေတာဆိုတော့ အာရုံက ရုပ်ရှင်မှာပဲရှိတယ်။ဘဲကြီးက ပိုလာပြီ။သူက ဆလင်းဂျင်းဘောင်းဘီပေါ်ကို

လက်ဝါးနဲ့ပွတ်နေတာ။ဟိုမှာ မင်းသားကလည်း အသက်ထွက်ခါနီး ဒီဘဲကြီးကလည်း ပိုပိုပြီး ကဲလာတာ ဆလင်းပေါင်ကြားထဲတောင် လက်က

ရောက်နေပြီ။ဆုပ်တောင် ဆုပ်မိတော့မယ်။

ဆလင်း ပေါက်ကွဲသွားပြီ။

“ငါ–မ ၊မအေပေး အခြောက်ကြီး..ခင်ဗျားကို သတ်မယ်”

ဒီကောင်ကြုံးအော်ပြီး ဘဲကြီးမျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တာ။တော်တော်ပြင်းတယ်။

ငနာကြီးက သူ့လက်ကိုဖျတ်ခနဲ ရုပ်ပြီး ကုန်းအထ ဆလင်းက သူ့ကိုဆောင့်ဆွဲလိုက်တာ။ဆွဲတာတော့ အင်္ကျီလည်ပင်းလှမ်းဆွဲတာပဲ။ဒါပေမဲ့

အဲဒါမဆွဲမိဘဲ မုတ်ဆိတ်ကို သွားဆွဲမိတာလေ။ဆလင်း လက်ထဲမှာ အထွေးလိုက် ဗြုတ်ခနဲပါလာပါရော။အဲဒီ ငနဲကြီးလည်း သူ့နေရာကနေ ခုန်ထပြီး

အသံအစ်အစ်နဲ့တစ်ချက်အော်လိုက်သေးတယ်။နောက် ထွက်ပေါက်ဘက်ကို တဟုန်ထိုးပြေးတာပဲ။ထွက်ပေါက်နဲ့က ပေ ၂ဝ ပျော့ပျော့တော့ ဝေးမှာ။

တကယ်ဗျာ..အဲ့ဒီအချိန်မှာ ကွက်တိပဲ မီးက ရုတ်တရက်ပျက်သွားတာ။ပိတ်ကားပေါ်မှာလည်း အရုပ်တွေပျောက်သွားတယ်။မီးစက်ကြီးတွေ

ကချက်ချင်းပဲ အလိုအလျောက်နိုးလာတော့ အရေးပေါ်မီးလုံးတွေလည်း အမှောင်ခန်းကြီးထဲမှာ စူးခနဲလင်းထိန်သွားရော ငနဲကြီး ကြောင်ပြီး ရပ်နေ

တာများ ကားမီးနဲ့ထိုးခံထားရတဲ့ သမင်ကြီး အတိုင်းပဲ။သူလည်း သူ့ဟာသူ မလုံမလဲနဲ့ ချာလပတ်လည် နေတာပေါ့။

ချက်ချင်းပဲ မီးပြန်လာတော့ ရုပ်ရှင်လည်းပြန်ပြ၊အရေးပေါ်မီးတွေလည်း ပြန်ငြိမ်းသွားတယ်။တကယ့် ခဏလေးကြာတာ။မီးတွေပြန်မှိတ်

သွားတော့ မှ အရင်က သူတွေးထားတဲ့အတိုင်း ထွက်ပေါက် ဆိုတဲ့ဆိုင်းဘုတ်ရှိတဲ့ဘက် လစ်တော့တာ..။အနက်ရောင် လိုက်ကာကြီးတွေကိုဖယ်၊

တံခါးကို ဒိုင်းခနဲဖွင့်ပြီး တစ်ခါတည်း ပျောက်သွားတော့တာပဲ။

အဲ..ဒါပေမဲ့ဗျ..အဲဒီစက္ကန့်ပိုင်းလေးအတွင်း ဖျတ်ခနဲဆိုပေမဲ့ ကျွန်တော်ရော ဆလင်းပါ ကောင်းကောင်းကြီး မြင်လိုက်ရတာ။စိမ်းညို့ညို့

မျက်လုံးတွေရယ် ဖြောင့်စင်းတဲ့နှာတံနဲ့ မေးကွဲလေးတစ်ခုရယ်ပေါ့ဗျာ။

ရုပ်ရှင်ပြီးလို့စာတန်းထိုးနေတဲ့ အချိန်မှာ ဆလင်းက သူ့လက်ထဲကျန်ခဲ့တဲ့မီးခိုးရောင် မုတ်ဆိတ်မွှေးတသိုက်ကို ကိုင်လို့။အဲဒါကနေ အရက်

ပျံနံ့လိုလို ကော်နံ့လိုလိုနဲ့ ရေမွှေးနံ့ က မသိမသာလေးရနေတယ်။ဒီတစ်ခါတော့ စာတန်းထိုးတာသူမကြည့်တော့ဘူး။ကြော်ငြာတာဝန်ခံတို့၊မှန်ထိုး မီး

ထိုးတို့၊အထိုးအကြိတ် စီစဉ်ညွှန်ကြားသူတို့၊ကင်မရာမန်းတွေတို့တွေပေါ့။

ခေါင်းကြီးငုံ့လို့ သူငိုနေပြီလေ။

အာမန်း အလီ.. သူ့သူရဲကောင်းကြီး..သေသွားပြီ။


[1] ပစ္စည်းလိုက်ပို့သူ

2 comments

  • kai

    May 14, 2011 at 9:20 am

    ဒီထဲလည်း..ဂေးတွေအကြောင်းပါတာကိုး..။
    မှတ်သားစရာ…။

  • mgbahlaing

    May 16, 2011 at 5:49 am

    နောက်ထပ် ဂေးတွေ လာဦးမှာ ဦးခိုင်ရေ..စောင့်သာဖတ်ပေတော့။

Leave a Reply