ဒီတင် ပြီပြီလားဆိုတော့ မဟုတ်သေးပါဘူး။ နောက်ထက် အခက်အခဲတွေ အများကြီး ကျန်ပါသေးတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ပြန်ရောက်လာပြီး

နောက်တစ်ခေါက်ပြန်လည် ထွက်ခွာဖို့ ကြိုးစားနေသူတွေ အတွက်ပါ။ အရင်က နည်းလမ်းပေါင်းစုံနဲ့  ကိုယ့်ဘ၀ရပ်တည်ရေး ကိုယ့် မိသားစု ရပ်တည်ရေး အတွက်

ကိုရီးယားမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ အထဲမှာ သင်တန်းသား အလုပ်သမားအနေနဲ့ သွားရောက် လုပ်ကိုင်သူတွေဟာ ၃ နှစ်ဗီဇာ သက်တမ်းပြည့်ရင်

ပြန်ရပါတယ်။ အများစုဟာ ပြန်ဖို့ မဖြစ်နိုင်သေး ပါဘူး။ သမင်မွေးရင်း ကျားစားရင်း ပို့ လိုက်တိုင်း မိသားစုရဲ့  ၀မ်းတထွာထဲမှာပဲ ပျော်ဝင်နေတော့ ကိုယ်ပိုင်

အိမ်လေးလောက်တော့ရှိဖို့ အတွက်ကို ရှာပေမဲ့လဲ တစ်ဉ်ီးချင်းဝင်ငွေထက် အံ့မခန်းမြင့်မားတဲ့ မြန်မာပြည်ရဲ့  အိမ်ခြံမြေ ကုန်ဈေးနှုံး ကြီးမြင့်မှုမှာ ပြီးခဲ့တဲ့ ၃

နှစ်လောက်က မှန်းထားတဲ့ ဈေးနှုံးနဲ့  တွက်ပြီး ရှာလိုက်တဲ့ ငွေဟာ လက်ရှိမှာ ပြည့်သွားပေမဲ့  ဈေးနှုံးက ၂ ဆ ခုန်တက်နေပါပြီ။ တခြားနိုင်ငံတွေလို ပြည်သူတိုင်း

အလုပ်အကိုင် အာမခံချက်ရှိရင် နိုင်ငံအစိုးရက အရစ်ကျ ရောင်းပေးတဲ့ စနစ်ကလဲ မရှိတော့ သူတပါးနိုင်ငံမှာ ၃ နှစ်လုပ်တာတောင် ကိုယ်ပိုင်အိမ် မဝ

ယ်နိုင်သေးတော့ ရွေးစရာလမ်းက တစ်လမ်းပဲရှိပါတယ်။ သက်တမ်းမကုန်ခင် နီးစပ်ရာ ချိတ်စပ်ပြီး Over Stay လုပ်ကြတော့တာပါ။ အိုဗာစတေး ဆိုလို့ 

မြန်မာနိုင်ငံက လွဲလို့  ဘယ်နိုင်ငံမှ အခြေအနေ မကောင်းပါဘူး။ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့  လာရောက်ပြီး အိုဗာစတေး နေတဲ့ နိုင်ငံခြားသားတွေ ဒုနဲ

့ဒေးပါ။ သူတို့ အားလုံးဟာ မင်းသားတွေပါပဲ ။ အလွန်ကို လွတ်လပ်စွာနေထိုင်မင်းမူနေကြပါတယ်။ ငြိတော့မှသာ ငြိတာပါ။ ဒီတော့ ကိုရီးယားမှာ အိုဗာစတေး

နိုပ်ကွပ်ရေး စီမံကိန်းမှာ မြန်မာတွေ အပြေးအလွားပါ။ ရင်တထိပ်ထိပ်နဲ့  ညအိပ်ရင်တောင် စိတ်မဖြောင့်ပဲ ဘယ် အချိန် ၀င်ဆွဲ မလဲ ဆိုတာ ကိုပဲ

တွေးနေကြပါတယ်။ အခန့် မသင့်လို့  ဖမ်းခံရပြီး ပြန်ရောက်လာတဲ့ သူတွေဟာ အဲဒီနိုင်ငံက ထွက်ခွာလာခါနီးမှာ ကာလ ဘယ်လောက်ကြာအထိ ပြည်ဝင်ခွင့်ကို

ပိတ်ပင်လိုက်ပါတယ် ဆိုတာမျိုးကို လုံးဝ အသိမပေးပါဘူး။ တဆင့် စကားနဲ့ တော့ ၅ နှစ်လို့ သိရပါတယ်။ နိုင်ငံရေး ပရိယာယ်ဟာ အလွန် ကျယ်ပြန့် တာမို့ 

ကိုယ်ပဲ ဥာဏ်မမှီတာလားပဲ တရားမ၀င် နေထိုင်လို့ ဖမ်းပြီး ပြန်ပို့ တယ်ဆိုရင် တရားဝင်နည်းလမ်းနဲ့  ပြန်လည် ၀င်ရောက်ခွင့်ကို မပိတ်ပင်သင့်ဘူးလို

့ယူဆပါတယ်။ ဒါပေမဲ့လည်း တရားဝင် အလုပ်သမားတွေကို ခေါ်ယူတဲ့ အခါမှာ သွားဖူးတဲ့ လူတွေ ပြန်သွားလို့ မရဘူးလို့ ဆိုပါတယ်။ ဘယ်တုန်းက ဖမ်းခံပြီး

ပြန်ရောက်လာတဲ့ သူတွေဟာ ဘယ်ကာလ အထိ ကိုရီးယားနိုင်ငံကို ပြန်လည် သွားရောက်ခွင့် မရှိဘူးလို့ လည်း အသိပေး ပြောကြားတာမျိုးလဲ မရှိပါဘူး။

ပြန်လာခဲ့တဲ့လူတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ပြန်ထွက်ဖို့ ကို ကြိုးစားကြပါတယ်။ နာမည်ပြောင်းတယ်။ မှတ်ပုံတင်ပြောင်းတယ် ။ မွေးသက္ကရာဇ် ပြောင်းတယ်။

စာအုပ်ပြန်လျှောက်တယ်။ ဒါတွေ မိရင် ၅/ည နဲ့  ဆွဲပါတယ်။ နိုင်ငံတော် ပုန်ကန်မှုလို့  နာမည်တပ်နိုင်ပါတယ်။ အလုပ်လုပ်နိုင်သေးတဲ့ ငယ်ရွယ်တဲ့ ဘ၀ကို

အထဲမှာပဲ အဆုံးသတ် ရတော့မှာပါ။ ဒါပေမဲ့ ဒီလူတွေဟာ နိုင်ငံတော်ကို ပုန်ကန်လိုစိတ် အလျင်း မရှိကြပါဘူး။ နိုင်ငံတွင်း ရပ်တည်မှု ခက်ခဲတဲ့ အတွက် ပြည်ပကို

ထွက်ခွာကြတာပါ။ ပြန်ရောက်သွားတဲ့ သူတွေလဲ ရောက်သွားကြပါပြီ။ ဖြစ်ချင်တော့ ကိုရီးယားနိုင်ငံက နည်းပညာတိုးတက် ချမ်းသာနေတဲ့ နိုင်ငံဖြစ်လာတော့

လေဆိပ် သဘောင်္ဆိပ်တွေမှာ လက်ဗွေမှတ်တမ်း စစ်ဆေးတဲ့ စက်တွေကို တပ်ဆင်ပြီး စစ်ဆေးနေပါတယ်။ တလောက ကျွန်တော်ရေးထားတဲ့ Post

မှာဖတ်ကြည့်ပါ။ ပြန်လာရတဲ့ သူတွေဟာ လက်ဗွေကို စာရွက်ပေါ်မှာ နိုပ်ခဲ့ရတာရှိသလို Scan နဲ့  နိုပ်ခဲ့ရသူတွေလဲ ရှိပါတယ်။ ကောလဟာလ အနေနဲ့ 

စာရွက်ပေါ်မှာ နိုပ်ခဲ့တဲ့ သူတွေကတော့ လွတ်တယ်လို့ ပြောကြပါတယ်။ ဒါက လဲ ဖြစ်နိုင်ချေက ၂ % လောက်ပဲ ရှိပါတယ်။ အစောပိုင်း လွတ်တဲ့ အသုတ်တွေမှာ ၂

ကကြီးတွေ တော်တော်များပါတယ်။ သူတို့ တွေ ရောက်သွားချိန်မှာ ကိုရီးယားမှာ ဒီစနစ်က မြေစမ်းခရမ်းပျိုးနေဆဲ ကာလမို့ လို့  ဘေးကင်းစွာပဲ သက်ဆိုင်ရာ

အလုပ်အကိုင်မှာ လုပ်ကိုင်နေခဲ့ကြပေးမဲ့ မကြာသေးမီ ကာလက စပြီး လေဆိပ် အ၀င်မှာကို မသကာင်္တဲ့ သူကို စစ်ဆေးပါတော့တယ်။ လေဆိပ်က ကံကောင်းလို့ 

အစစ်မခံရလို့ လွတ်လာပြီးရင် သင်တန်းကျောင်းမှာ ၂ ရက်ကနေ ၄ ရက်လောက်နေပြီးရင် ကိုယ့်ရဲ့ သက်ဆိုင်ရာ စက်ရုံကနေ လာခေါ်ပါတယ်။ စက်ရုံမှာ အလုပ်ဝ

င်ပြီး ၂ ရက်နဲ့  ၃ ရက် အတွင်းမှာ Immigration ရုံးသွားပြီး နိုင်ငံခြားသား မှတ်ပုံတင် ကဒ်ကို ပြုလုပ်ရပါမယ်။ အဲဒီမှာ ဇာတ်လမ်းက စပါပြီ။

About nigimi77

has written 108 post in this Website..