ခင်ဗျားတို ့က ရဲတွေပဲ…လုပ်ပေါ့ဗျာ (၄)

nigimi77May 14, 20111min633

မှတ်ပုံတင် ကဒ်ပြုလုပ်ရာမှာ အရင်တုန်းကလို စာရွက်ပေါ်မှာ မဟုတ်တော့ပါဘူး။ Scan နဲ ့ ဖတ်တာပါ။ အရင်က နေခဲ့ဖူးတဲ့ မှတ်တမ်းတွေပေါ်လာတာနဲ ့ တခါထဲ

လက်ထ်ိပ်ခတ်ပြီး အချုပ်ထဲကို ထည့်မှာပါ။ ပြီးရင် ပြန်ဖို ့အတွက် လေယဉ် လက်မှတ် ဝယ်ခိုင်းပါလိမ့်မယ်။ လက်ထဲမှာ ဝယ်ဖို ့ပိုက်ဆံ ဘယ်လိုမှ ရှိစရာ အကြောင်း

မရှိပါဘူး။ အဲဒါဆိုရင် မြန်မာသံရုံး ကို အကြောင်းကြားပါလိ်မ့်မယ်။ မင်းတို ့နိုင်ငံသား မောင်ဘယ်သူကတော့ဖြင့် ငါတို ့အင်မီဂရေးရှင်မှာ နာမည်ပြောင်းပြန်လည်ဝ

င်ရောက်မှုနဲ ့ ဆွဲစိ ထားလိုက်တယ်ပေါ့။ ဒါပေမဲ့ သူ ့မှာ ပြန်ဖို ့လေယဉ်စားရိပ် မရှိလို ့ မင်းတို ့ကို အကြောင်းကြားတာပေါ့။ သူတို ့ကလဲ

အမြန်ဆုံးပြန်စေချင်တယ်လေ။ အထဲမှာ နေတာကြာရင်ကြာသလောက် ကိုယ့်ကို ကျွေးမွေးရတဲ့ စားရိပ်တွေဟာ သူတို ့နိုင်ငံသားတွေရဲ ့ အခွန်တွေဆိုတော့ ။

ဒီလိုနဲ ့ သံရုံးကနေ နိုင်ငံတော်ရဲ ့ ငွေကြေးနဲ ့ (ပြည်သူတွေရဲ ့ငွေကြေး) လေယဉ် လက်မှတ်ဝယ်ပြီး မြန်မာပြည်ကို ပြန်ပို ့ပါလိမ့်မယ် Passport ကို သံရုံးက

သိမ်းလိုက်ပြီး ဓါတ်ပုံနဲ ့ အတူ ယာယီ နိုင်ငံကူးလက်မှတ်ဆိုပြီး ထုတ်ပေးပါမယ်။ အဲဒီ စာရွက်စာတမ်းပေါ်မှာ ” အဲဒီ ခွေးသူခိုးကို ဆွဲစိလိုက်လို ့” အဓိပါယ် ရတဲ့

မောင်ဘယ်သူသည် အမည်ပြောင်း passport ဖြင့် ကိုရီးယားနိုင်ငံအတွင်းသို ့ ပြန်လည်ဝင်ရောက်လာပြီး ကိုရီးယား အင်မီဂရေးရှင်း မှ ဖမ်းဆီးပြီး နိုင်ငံတော်

စားရိပ်ဖြင့် ပြန်ပို ့လိုက်သည်။ ပထမ အကြိမ်နေထိုင်စဉ်တွင်လည်း သံရုံးသို ့ အခွန်ပေးဆောင်ထားခြင်း မရှိပါ ဟူသော အဆင်းဘီးတပ်ပေးသည့် မှန်ကန်ကြောင်း

ထောက်ခံစာအား ကို်င်ဆောင်ပြီး မြန်မာပြည် လေဆိပ်သို ့ ပြန်လည်ဝင်ရောက်လာပြီးသည်နှင့် သင့် ဘဝ ဒီတွင် နိဂုံးချုပ်ပါပြီ။ အခုလောလောဆယ် မှတ်တမ်းများ

ပြန်လည်စစ်ဆေးနေပြီး လက်ဗွေ ကိုက်ညီနေသူ လက်ရှိ အမည်ပြောင်းနဲ ့ တရားဝင်နေထိုင် နေသူတွေကို By name နဲ ့ ဝင်ရောက်ဖမ်းဆီးနေတာဟာ

မြန်မာနိုင်ငံသား အယောက် ၂ဝ ကျော်သွားပါပြီ။ သူတို ့တွေ အထဲမှာ နိဂုံးချုပ်မဲ ့ရက်ကို စောင့်မျှော်နေကြပါတယ်။ အဆိုပါ သတင်းကို ကြားသော ကျန်သော

တရားဝင်နေထိုင်နေကြသူ ၂ ကကြီး အားလုံး တပြိုင်နက်ထဲ မတိုင်ပင်ပဲ အိုဗာစတေးသွားကြပြီ ဖြစ်သည်။ တကယ်ကိုပဲ မုန် ့လုံး စက္ကူကပ် သံသရာ

လည်နေပါတယ်။ တိုင်းပြည်မှာ ဘွဲ ့ရသည်ဖြစ်စေ အတန်းပညာ မရှိခဲ့သည်ဖြစ်စေ မဖြစ်မနေ ပြည်ပ သို ့ ထွက်ပြီး အလုပ်လုပ်ကိုင်မှ ရပ်တည်လို ့ရမဲ့

လူတန်းစားက အလွန်ကို များပါတယ်။ ဘယ်သူမဆို ကိုယ့်တိုင်းပြည်မှာပဲ နေချင် လုပ်ကိုင် စားသောက်ချက်ကြတာပါ။ ၂၀၀ရ နဲ ့ ၂၀၀၈ ပတ်ဝန်းကျင်လောက်က

ကိုရီးယားမှာ နေထိုင် အလုပ်လုပ်ကိုင်နေသော တရုပ်လူမျိုးများ အစုလိုက် အပြုံလိုက် တရုပ်ပြည်သို ့ ပြန်ကုန်ကြပါတယ်။ မေးကြည့်တော့ အခု တရုပ်ပြည်မှာ

အနိမ့်ဆုံး အခြေခံလစာ ဟာ ဒီမှာ ရတဲ့ အခြေခံလာစာနဲ ့အတူတူဖြစ်သွားပြီလို ့ပြောပါတယ်။ ဒါကြောင့် မိသားစုနဲ ့ မခွဲမခွာ ကိုယ့်တိုင်းပြည်မှာပဲ လုပ်တော့မယ် လို

့ဆိုပါတယ်။ ကျွန်တော်တို ့ မြန်မာနိုင်ငံသားတွေလဲ သူတို ့လို ကိုယ့်နိုင်ငံမှာ မိသားစုနဲ ့မခွဲမခွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်မဲ့ နေ ့တွေကို မျှော်လင့်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ မပြောနဲ ့ ဒီရွာလေးထဲမှာ နှုတ်ဆိပ်ပြီး လေ့လာကြည့်ရ သလောက်ပြောရရင်တောင် ကျွန်တော် မျှော်လင့်တဲ့ နိုင်ငံဖြစ်ဖို

့က ………………… ဒီတော့ သွားဖို ့ပြင်ဆင်နေတဲ့ လူငယ်တွေ သေချာစဉ်းစားပါလို ့ ပြောရင် ဒီ ပိုစ့်ကို အဆုံးသပ်ပါမယ်။

3 comments

  • aungkyawmoe

    May 14, 2011 at 1:41 pm

    လာဘ်ပေး ရန်မလိုပါ။ ခြားဖတ်စေလိုပါသည်။ ဒီလောက ကဒီအတိုင်းပါပဲ။ မပြောလည်းလူတိုင်းသိကြပါသည်။

  • parlayar46

    May 14, 2011 at 3:24 pm

    ပြည်ပနိုင်ငံတွေကတော့ အလုပ်လာလုပ်တဲ့ လုပ်သားတွေကို အဲသလိုပဲ ဆက်ဆံကြမှာပါပဲ။ ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်သူတွေကသာ ကိုယ့်နိုင်ငံသားတွေကို “သူတို့ခမျာ ရိုးရိုးသားသား အလုပ်လုပ်စားကြတာ၊ ခိုးဆိုးတိုက်ခိုက် နေတာမှ မဟုတ်ပဲ” လို့ အမှန်အတိုင်း စဉ်းစားပြီး ညှာညှာတာတာ ရှိဘို့ကောင်းတယ်။

  • naywoonni

    May 15, 2011 at 11:02 am

    nigimi77 ရေ….။ အဲဒါပြောတာပေါ့ဗျာ ..။မြန်မာစကားတစ်ခုရှိပါတယ်..။ ပညာမတတ်တဲ့သူတွေက လုပ်စားတော့ မိုးခေါင်….။ ခိုးစားတော့ ခွေးဟောင်တဲ့….။ ခုတော့ ရိုးရိုးသားသားလုပ်စားတာတောင်
    ်မှ….။ ခွေး ချည့် အဟောင်ခံနေရပါလား ဘယ်လိုအကြောင်းနဲ့များ…..ကျွန်တော်တို့ တစ်တွေ ခံနေကြ ရသလဲ ဟင်……….?

Leave a Reply