နမ်းကြပေတော့

 

 

 

 

 

 

 

ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။

အသုံးပြုမည့် သူနှစ်ဦးစလုံး၌ အဆိုပါ ကိရိယာမျိုး ရှိနေရန် လိုအပ်ပြီး အင်တာနက်မှ တစ်ဆင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ရမည် ဖြစ်သည်ဟု သိရသည်။ ထိုသို့ ချိတ်ဆက်ပြီးလျှင် ပါးစပ်အတွင်း ငုံထားသော အဆိုပါ ကော်ချောင်းငယ်ကို တစ်ဦးက လျှာဖြင့် တို့ထိ လှည့်ပတ်လျှင် တစ်ဖက်လူ၏ ပါးစပ်အတွင်းရှိ ကော်ချောင်းလေးကလည်း တူညီသော ပုံစံဖြင့် လှုပ်ရှားလည်ပတ်မည် ဖြစ်ပြီး အနမ်းနှင့် အနီးစပ်ဆုံး တူသော ခံစားမှုကို အပြန်အလှန် ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ တီထွင်မှုသည် လူလူချင်း အပြည့်အဝ ထိတွေ့မှု ရှိသော အင်တာနက်အတွေ့အကြုံ (full person-to-person web experience) များ၏ ပထမ အစဦးဖြစ်ကြောင်း၊ လူကြိုက်အထူးများသော ကျော်ကြားသူများ (ဥပမာ ဂျတ်စတင်ဘီဘာ) ၏ အနမ်းကို သူ၏ ချစ်ပရိသတ်များအတွက် မှတ်တမ်းတင်ထားကာ ဖြန့်ဝေပေးနိုင်မည် ဖြစ်သလို ဝေးကွာနေသော ချစ်သူစုံတွဲများအတွက် အလွမ်းပြေ အတွေ့အကြုံ ပေးနိုင်မည်ဖြစ်သောကြောင့် တစ်ကမ္ဘာလုံး လူကြိုက်များကြမည်ဟု မျှော်လင့်ထားကြောင်း တီထွင်သူ ကျောင်းသား နိုဘူဟီရို တာကာဟရှိက ပြောပြခဲ့သည်။

လက်ရှိ၌ You Tube ဗီဒီယိုဝက်ဘ်ဆိုက်ပေါ်၌ ၎င်းကိုယ်တိုင် သရုပ်ပြရိုက်ကူးထားသော အနမ်းပို့လွှတ်ခြင်းကိရိယာ အသုံးပြုခြင်း ဗီဒီယိုဖိုင်မှာ လူကြိုက်များ နေကြောင်း အင်တာနက်သတင်းများ အရ သိရသည်။ ၎င်း၏ တီထွင်မှုကြောင့် မကြာခင် ကမ္ဘာတစ်လွှားတွင် e-kiss ဟူသောစကား ခေတ်စားလာဖွယ် ရှိလေသည်။

အဝေးရောက်ချစ်သူစုံတွဲများဆောင်ထားသင့်တဲ့အရာလေးပဲဗျ…..ဘာပဲဖြစ်ဖြစ်ရသေ့စိတ်ဖြေတော့အဆင်ပြေနိုင်မယ်ထင်ပါရဲ့

ဒါမျိုတပ်ဆင်ထားတဲ့အင်တာနက်ဆိုင်တွေတော့…တော်တော်ဝင်ငွေကောင်းမယ်ထင်တယ်…ဒါပေမယ့်အများသုံးဆိုရင်..ရောဂါပိုးများတစ်ဦးနှင့်တစ်ဦး

ကူးစက်နိုင်ပါလိပ်မယ်….ဒါကြောင်ကိုပိုင်လေးတစ်ခုစီတော့ဝယ်ဆောင်ထားသင်ပါတယ်လို့ထင်တာပဲ

ဖော်ဝပ်မေးလ်ကရလို..စိတ်ဝင်စားစရာဖြစ်မယ်ထင်လို့တင်ပေးလိုက်ပါတယ်။။။။။