ဆံပင်က မျိုးရိုးမရှိပဲနဲ့ ဖြူနေပါတယ် … ထွက်လာတာကိုက အဖြူပဲထွက်တယ် ။ သူငယ်ချင်း ဆရာဝန်သွားပြတော့ ဆံပင်တိုတိုလေးညှပ်လိုက်တဲ့ … ဆံပင်ကရှည်နေတော့ အားတွေကအလုံအလောက်မရလို့ဖြူတဲာ့ … ခု ကတုံးတောင် တုံးလို့ထွက်လာတာကိုက ဖြူနေတာ … အဲ့ဒါဘယ်လိုလုပ်ရမလဲ … အုန်းဆီလည်းလိမ်းတယ် .. မထူးတာနဲ့ လက်ဖက်ခြောက်ကိုလှော်ပြီး အုန်းဆီနဲ့ကြိုလိမ်းတယ် … ထောလပတ်ရွက် ခြေလိမ်းတယ် … အုန်းဆီထဲစိမ်လိမ်းတယ် … ဆံပငါမဲတဲ့ ခေါင်းလျှော်ရှည် ပ၀မ် နဲ့လည်း နေ့တိုင်းလျှော်တယ် … ရှားစောင်းလက်ပတ် လည်းပွတ်တယ် … တြိရတနာလည်း လိမ်းတယ် … သံလွင်ဆီလည်းလိမ်းတယ် … ခု ဆရာရဲ ဆိုတာ ဒီနေ့မှ ၀ယ်ပြီး စမ်းလိမ်းနေတယ် … အားလုံးကို တစ်ပြိုင်နက်တည်း လိမ်းတာမဟုတ်ဘူးနော် … တစ်ခု မစွမ်းလို့ တစ်ခုပြောင်းကြည့်တာ ခုထက်ထိတော့ အဖြူတွေထွက်တုန်းပဲ အများကြီးဖြစ်နေလို့ … မြန်မြန်နဲ့ မဲအောင် လုပ်လို့ရတဲ့နည်းရှိရင်ပြောပြကြပါဦး …

 

*ခု ၀ လာလို့ ပိန်ချင်တယ် … သက်တောင့်သက်သာနဲ့ ပိန်သွားအောင်ဘယ်လိုလုပ်ရမလဲ … ပိန်ဆေးစားလို့ရှိရင် လေးနှစ်လောက်ရုပ်ရင့်သွားတယ်တဲ့ … ကြောက်လို့ ခုတော့ ခါးကွင်းလှည့်နေတယ် …အဓိကကတော့ ပေါင်ဘေးသားနဲ့ ခြေသလုံးကို ကျချင်တာ … ခါးတွေ ဗိုက်တွေ လက်တွေက အဲ့လောက် မသိသာဘူး … အဲ့ဒီ ပေါင်နဲ့ ခြေသလုံးကတော့ သိသာတယ် … အယ်ဆိုင်းဇီ အဆီစုတ်ထုတ်တယ်လို့ကြားဖူးတယ် ။။။ ဘာကြီးနဲ့ စုတ်ထုတ်လိုက်တာလဲမသိဘူးနော်  ..

*အရပ်က ကတုံးတုံးရင် ရှည်တယ်ဆိုပြီး ခုရှည်လည်းမရှည်လာဘူး … အဖေ အမေ အစ်ကိုတွေက အားလုံးအရပ်ရှည်တယ် … အရပ်ရှည်ဆေးလည်းဝယ်သောက်တယ် … အပေါ်မထွက်ပဲ ဘေးကားလာတယ် … ယောဂဆော့ရင် အရပ်ရှည်တယ်ဆိုလို့ ဆော့တာပဲ .. ဒီလောက်ကဲ … ဘယ်လိုလုပ်ရင် အရပ်ရှည်မှာလဲ …

 

About မမလေး

has written 129 post in this Website..