အဲ့ဒီ အဖွဲ့အစည်းက တစ်နှစ်ကို နှစ်ခါသွားသွားပြီး မိဘမဲ့ကလေးကျောင်းမှာ စုပေါင်းအလှူ လှူပါတယ် … နေရာတော့မတူဘူးပေါ့ … စစတုန်းကတော့ ၁၂ ယောက်လောက်ပဲရှိတာ .. ခုဆိုရင် Express ကားကြီး တစ်စီး MB ကားလေးတစ်စီး နဲ့ လူတွေများလာပါပြီ … ပရဟိတ ကျောင်းပေါ့နော် … ခုလာမယ့် ၂၂ ရက် တနင်္ဂနွေနေ့ မနက် ၇း၀၀ လှည်းကူးမြို့က မိဘမဲ့ကလေးကျောင်းကိုသွားလှူမှာဖြစ်ပါတယ် … သမီးကတော့ ဒီနှစ်မှစ သိလို့ ဒီနှစ်မှ လိုက်သွားမှာပါ …. ဘုန်းကြီး ဆွမ်းကပ်မယ် … သူတို့ကို နေ့လည်စာကျွေးမယ် … ကျောင်းသုံး ပစည်း ( ချွန်စက် ၊ ခဲတံ ၊ ကျောင်းဝတ်စုံ တွေ) အစစ အရာရာပေါ့ ၊ အာဟာရကျွေးမယ် … ဆော့မယ် … နိဗာန်ဈေးပွဲလုပ်မယ်တဲ့ … တစ်ခါမှမရောက်ဖူးတော့ သေသေချာချာ မသိဘူး … ညနေ ၅ နာရီလောက်မှ ပြန်ရောက်မယ်တဲ့ … အဲ့ဒီကကလေးတွေ အရမ်းကို သနားဖို့ကောင်းတယ်တဲ့ … စိတ်ပါဝင်စားသူများ လိုက်ဖို့ စာရင်းပေးနိုင်ပါတယ် … အလှူငွေလည်းထည့်နိုင်ပါတယ် … အိမ်မှာ မ၀တ်ချင်တော့ တဲ့ အ၀တ်တွေ မသုံးဖြစ်တော့ တဲ့ပစည်းလေးတွေ၊ စာအုပ်လေးတွေ ခဲတံလေးတွေကို လည်း လှူနိုင်ပါတယ် .. အိမ်မှာ မသုံးဖြစ်တဲ့ ပစည်းလေးတွေစုပြီးယူသွားမယ် … ကိုယ်က မလိုလို့ တန်ဖိုးမရှိပေမယ့် သူတို့အတွက်ကတော့ တန်ဖိုးရှိရင် ရှိနေမှာပေါ့နော့် … စုရပ်ကတော့ မာလာမှတ်တိုင် နဲ့ … မြို့တော်ခန်းမ မှာပါ …  တစ်ချို့ ကားနဲ့ မိဘမဲ့ကလေးတွေ အတွက်ဆိုပြီး အလှူခံကြတယ်လေ အကြံအဖန် လား အမှန်အကန်လား ဝေခွဲမရဖြစ်နေရတယ် … ခုက တစ်ကယ် အသေအချာကြီး သူတို့တွေလက်ထဲရောက်အောင် ကိုယ်တိုင်ကိုယ်ကျ သွားလှူမှာဖြစ်လို့ လုံးဝ စိတ်ချရပါတယ် ….

About မမလေး

has written 129 post in this Website..