မိတ္တကဏ္ဏ….အပိုင်း(၁)

မိတ္တကဏ္ဏ

(၁)စီးပွားဆောင်ငြားသူတစ်ပါး၊နီးနားဆွေမျိုးမည်

ယင်းကိုမဆောင်ဆွေမျိုးတောင်၊တစ်မောင်တစ်ပါးမည်

ကိုယ်၌ဖြစ်လျှက်အနာပျက်၊ကောင်းချက်မဆောင်ပြီ

တောဝယ်ဖြစ်ပဩဓသ၊ဟိတဆောင်ပေပြီ။

အဓိပ္ပာယ်။။။စီးပွားကိုဆောင်သည်ရှိသော်သူတစ်ပါးသည်လဲဆွေမျိုးမည်၏စီးပွားကိုမဆောင်မှုဆွေမျိုးလည်းသူတစ်ပါးမည်၏။

အနာသည်ကိုယ်၌ဖြစ်လျှက်စီးပွားမဆောင်၊ဆေးကားတော၌ဖြစ်လျှက်စီးပွားကိုဆောင်၏။

(၂)မျက်ကွယ်သို့ရောက်ကျေးဇူးဖျောက်၊မျက်မောက်ချစ်ဖွယ်ဆို

ဤမိတ်ဆွေမျိုးကြဉ်စရိုး၊ဆိပ်အိုးပျာရည်သို။

အဓိပ္ပာယ်။။။မျက်ကွယ်၌ကျေးဇူးကိုချေပတတ်သောမျက်မှောက်၌ချစ်စဖွယ်သောစကားကိုဆိုတတ်သော ထိုသို့သောသဘော

ရှိသောအဆွေခင်ပွန်းကိုအဆိပ်အိုးမှပျားရည်ကိုကြဉ်သကဲသို့  ကြဉ်ရာ၏။

(၃)ဥစ္စာပျက်မှုမိတ်ဆွေဟူ၊နည်းတူသားမယား

ညီသားအကိုများထိုထို၊ရှောင်လိုစွန့်တတ်ညား

ဓနရှင်မှမှီခိုကြ၊ညွတ်ခမဆန်းပြား

ထို့ကြောင်ဥစ္စာလောကမှာ၊မဟာမိတ်ဆွေထား။

အဓိပ္ပာယ်။။။ဥစ္စာတည်းဆုတ်ယုတ်မှုအဆွေခင်ပွန်းသားမယားညီသားအစ်ကိုတို့သည်စွန်ပစ်တတ်ကုန်၏  ဥစ္စာရှိသူကိုသာမှီဝဲကြ

ကုန်၏၊ထို့ကြောင့်ဥစ္စာသည်လောက၌အဆွေခင်ပွန်းကြီးမည်၏။

ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

2 comments

  • phyoshein

    May 15, 2011 at 4:58 pm

    မိတ်ဆွေဆိုတာ တစ်ကယ်တော့ ဆွေမျိုးထဲကပါပဲ..
    ဆွေမျိုးလို့ခေါ်ဖို့ အချက်လေးချက်ရှိတယ်လို့သိဖူးတယ်..
    ၁။ ချစ်ခင်ရမယ်..
    ၂။ ရင်းနှီးရမယ်..
    ၃။ အကျွမ်းဝင်ရမယ်.
    ၄။ အကျိုးကိုလိုလားရမယ်တဲ့…

  • nature

    May 15, 2011 at 5:14 pm

    စကားပုံရှိတယ် ဗူးသီးမှအရီးတော်တဲ့။

Leave a Reply