မိတ်ဆက်ချင်လို့ပါ

manawphyulayMay 15, 20111min19314


ဆိုက်လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။
ယဉ်ကျေးမှုအစစ်အမှန်ဟာ လူ့အနှစ် အမြုတေရတနာဖြစ်ပါတယ်။ ပထဝီအနေအထား၊ လူနေမှု စနစ်၊ ဓလေ့ထုံးစံ ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ ဘာသာအယူဝါဒ၊ အဆိုအတီးအက၊ စာအရေးအသား၊ အတွေးအခေါ် စသည့်တို့ကိုမှီ၍ ယဉ်ကျေးမှု သဘောတရားများ ဖြစ်ပေါ်လာပါတယ်။ မြန်မာနိုင်ငံဆိုရင်ပေါ့လေ။ ကိုယ့်နိုင်ငံကိုယ်ယဉ်ကျေးမှုနှင့် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နှစ်လိုဖွယ်ကောင်းသော အမျိုးသားယဉ်ကျေးမှုတွေကို ပိုင်ဆိုင်ထားပြီး သာသနာစည်ပင်ပြန့်ပွားနေတဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။ စင်စစ်အမျိုးသားယဉ်ကျေးမှုဆိုတဲ့နေရာမှာ အမျိုးသားစိတ်၊ အမျိုးသား သဘောတရား ကိန်းဝပ်နေသော ယဉ်ကျေးမှု ဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံခြား ယဉ်ကျေးမှုများ ပျံ့နှံ့လာမှုကြောင့် မြန်မာအမျိုးသားယဉ်ကျေးမှုအတွက် အန္တရာယ်ရှိလာတာကို တွေ့ရှိရပါတယ်။ ကျွန်မ​ စဉ်းစားမိတာပေါ့လေ။ အမျိုးသားယဉ်ကျေးမှုသာ တကယ်လို့ နိမ့်ကျသွားခဲ့ရင် နိုင်ငံနှင့် လူမျိုးလည်း နိမ့်ကျသွားတော့မှာပဲပေါ့။ ဒီလိုတော့ မဖြစ်သင့်တာအမှန်ပါဘဲ။ ဒါကြောင့် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို ခိုင်ခိုင်မာမာ ထိန်းသိမ်းဖို့အတွက် လူတိုင်းမှာ တာဝန်ရှိပါတယ်။ တာဝန်ဆိုတဲ့နေရာမှာလည်း ပြောမှသိမှာထက် ကိုယ့်ရဲ့ အသိစိတ်ဓာတ်နဲ့ ကိုယ် သိဖို့ အရမ်းလိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ကျွန်မနဲ့အတူ ယဉ်ကျေးမှုကြီးကို ထိန်းသိမ်းကြပါစို့လို့ ပြောချင်ပါတယ်။
ယဉ်ကျေးမှုကြီးကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်အရေးကြီးတဲ့ အချက်ကြီး သုံးခုရှိပါတယ်။ ဒါတွေဟာ ဘာတွေလဲ။ ကြည့်ကြရအောင်နော်။ လိုနေရင်လည်း အမြင်ကို ပြောလို့ရပါတယ်။ ကျွန်မ သိသလောက်ကို ပြောရခြင်း ဖြစ်ပါတယ်။
(၁) ရှိပြီးသား အမျိုးသားယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းရေး။
(၂) မတွေ့ရှိသေးသော ရှေးဟောင်းယဉ်ကျေးမှုများကို ရှာဖွေဖော်ထုတ်ရေး။
(၃) အသစ်အသစ်သော အမျိုးသားယဉ်ကျေးမှုများကို တီထွင်ရေးတဲ့။
အဲဒီမှာ ပြောစရာရှိတာက ယဉ်ကျေးမှုကို တီထွင်တဲ့နေရာမှာ အနောက်ယဉ်ကျေးမှုကို တီထွင်တာကို မဆိုလိုဘူးနော်။ ဒါဟာ တီထွင်တာ မဟုတ်ပါဘူး။ သရုပ်ပျက်ဝါဒကို ကျင့်သုံးနေကြတာလို့ ကျွန်မတော့ မြင်မိပါတယ်။ နောက်ပြီး ခေတ်ကာလအလျောက် အသစ်တီထွင်ဖန်တီးလာတဲ့ အမျိုးသား ယဉ်ကျေးမှုတွေကို ဖန်တီးဆန်းသစ်လို့ ရပါတယ်။ ဒါပေမဲ့ပေါ့လေ။ တောင်ရှည်ပုဆိုးဝတ်ပြီး ကုတ်အကျႌနဲ့ ဘွတ်ဖိနပ်ကို တွဲဖက်ဝတ်တာကို ပြောတာ မဟုတ်ပါဘူး။ ကျွန်မက ကိုယ့်နိုင်ငံကို နိုင်ငံခြားသားများ သဘောကျသလို ကိုယ်ကိုယ်တိုင်လည်း မြတ်နိုးမိပါတယ်။ ဒါကြောင့် မြန်မာမှု မြန်မာဟန်ကို မပျောက်ပျက်အောင် ထိန်းသိမ်းထားချင်တာ ကျွန်မရဲ့ရင်ထဲက ဆန္ဒဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ တည်ဆောက်ထားတဲ့ ဘလောဂ့်အမည်ကိုလည်း ရွှေမြန်မာလို့ အမည်ပေးခဲ့ရခြင်း ဖြစ်ပါတော့တယ်ရှင်။

14 comments

  • xman

    May 15, 2011 at 1:31 pm

    “ကိုယ့်အမျိုးသားယဉ်ကျေးမှုကို ခိုင်ခိုင်မာမာ ထိန်းသိမ်းဖို့အတွက် လူတိုင်းမှာ တာဝန်ရှိပါတယ်။”

    အဲဒီစာသားလေးကို ထောက်ခံတယ်။
    လာလည်ပါ့မယ်။

  • mandalarthu

    May 15, 2011 at 2:58 pm

    I agree with yr ideas of 1 and 2.We must keep our Myanmars’ tradition and Culture.Now, Myanmar Cultures are affected by others .Young people imitate western style that comes from all medias.They have no sense to keep our own Myanmar Tradition and Culture,especilally Myanmar teenagers .
    How sorrowful it is! I think ,we, all adults must have the responsibility to teach them to keep our Culture as much as we can.If not, our cultural heritage will be lost soon by our new generation.
    I hope yr wish will be fullfil.,cos’ me too hoping the same.
    Thanks for sharing .So great yr site”Shwemyanmar” is! I visited there.

  • phyoshein

    May 15, 2011 at 5:07 pm

    မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုကို မြန်မာတိုင်းလေးစားရပါမယ်..
    အဲ..ဒါပေမယ့် တစ်ချို့သော တလွဲလုပ်သူများက မြန်မာ့ယဉ်ကျေးမှုကို အရုပ်ဆိုးစေလျက်ရှိပါတယ်..
    ဒီလို ဆိုဒ်လေးရှိတာ သိပ်ကောင်းပါတယ်..
    လာလည်ပါ့မယ်..

  • zaw min

    May 15, 2011 at 6:00 pm

    ဝံသာနု စိတ်ဓါတ်တွေ တိုးပွါးစေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။မနောရဲ့စိတ်ကူးကို အထူးလေးစားဂုဏ်ယူမိပါတယ်။လာလည်ပါ့မယ်….

  • မမလေး

    May 16, 2011 at 4:23 pm

    မြူနှင်းလေးတွေ ဖွေးဖွေးဖြူသော နှင်းမင်းသမီးလေးတစ်ယောက် …. နာမည်က မှတ်ရတာ တော်တော်လွယ်တယ်နော် မမ … အရမ်းလှပါတယ် …

  • unclegyi1974

    May 16, 2011 at 5:07 pm

    မနောရေ ချက်ခြင်းဝင်ကြည့်ခဲ့ပါတယ်
    အဆင်မပြေဖူးကွယ်
    ပင်မစာမျက်နှာပေါ်ပြီး ဟန်းသွားရော

    • manawphyulay

      August 28, 2012 at 11:36 am

      ဆိုက်က အရမ်းကြီးနေလို့ မရတာလား… ဟန်းသွားရင် စိတ်ပြန်ပိတ်ပြီး ပြန်ဖွင့်ကြည့်လို့ရမလား။

  • captainamerica

    May 16, 2011 at 5:15 pm

    ဒါပေမယ့်ကျွန်တော်စက်ကတင်ထားတဲ့ဖောင်(န်).မတူတော့စာတွေတော့ဖတ်လို.မရခဲ့ဝူး
    🙂 🙂

  • meelay

    May 17, 2011 at 4:30 am

    မီးဆီမှာလဲ ကျော်ခွပြီးမှပဲ ဝင်လို့ရတယ် … ဒီအတိုင်း ဝင်လို့မရဘူး ….

  • manawphyulay

    May 17, 2011 at 1:06 pm

    ဟုတ်လား။ ဒီတိုင်းရပါတယ်။ တစ်ခါတလေ ထိုင်တဲ့စက်နဲ့လည်းဆိုင်မယ်ထင်တယ် မီးလေးရေ သိလား။ အားလုံး လာလည်အားပေးကြတာကျေးဇူးပါနော်…..

  • photwenty

    May 17, 2011 at 3:35 pm

    အစ်မရေ member ဝင်စရာနေရာရှာမတွေ.ဘူးဗျ
    comment လဲ ရေးမရဘူး
    post ကောတင်လို.ရလားပြောပေးပါအုံး
    လိုအပ်ချက်လေးတွေပါ
    အကြံပြုတာပါ ဝေဖန်တာမဟုတ်ပါဘူး

Leave a Reply