ဗုံးပေါက်မှာကြောက်တာကြောင့် ပရိသတ်အဝင်နည်းသွားတဲ့ နန်းစုရတီစိုးရဲ့life style & IT ၂၀၁ဝ ပြပွဲ

chitkayApril 30, 20101min15812

life style & IT 2010 ကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် 28.4.2010 နေ. ကတည်းက စတင်ကျင်းပနေသော်လည်း ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် လာရောက်ကြည့်ရှုသူ အနည်းငယ်သာ ရှိခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ကုန်စည်ပြပွဲများနှင့် နှိုင်းယှဉ်ပါက ပရိသတ် အဆမတန် ကျဆင်းသွားခဲ့ကြောင်း သိရှိရပါတယ်။ ပြပွဲတွင် အိုင်တီပြခန်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂ၊ အဝတ်အထည်၊ အစားအသောက်နှင့် အခြား လူသုံးကုန်ပစ္စည်းများကို ကုမ္ပဏီပေါင်း ၅ဝ ကျော်က ပြခန်း ၁ဝဝ ကျော် ပြသရောင်းချခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် ရန်ကုန်တိုင်းစစ်တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့် တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သော Lifestyle & IT 2010 အမည်ရှိ ၄ ရက်ကြာ ကျင်းပမည့် ပြပွဲဖွင့်ပွဲရက်ဖြစ်သည့်    ယမန်နေ့က   ပရိသတ် တသောင်းခန့်သာ လာရောက်ခဲ့သည်။ ယခင်ပွဲများတွင် တရက်လျှင် ပရိသတ် အနည်းဆုံး ၅ သောင်း လာရောက်ခဲ့ကြသည်။

Lifestyle & IT 2010 ပြပွဲသို့ လာရောက်သူအများစုမှာ မော်ဒယ်များ၊ အကအဖွဲ့များဖြင့် တင်ဆက်သည့်ဖျော်ဖြေရေးတပိုင်းကုန်စည်ကြော်ငြာအစီအစဉ်များကိုသာစိတ်ဝင်စားကြသည်။လာရောက်ကြည့်ရှုသူ နည်းပါးခြင်းကြောင့် တွက်ချေမကိုက်ကြောင်း ကုမ္ပဏီအားလုံးလိုလိုက ပြောဆိုသည်။

“ဗုံးကိစ္စကြောင့် လူစုလူဝေးရှိတဲ့ နေရာတွေကို လူတွေမလာကြတာလို့ ထင်တာပဲ။ နောက်တခုက ရာသီဥတု အရမ်းပူနေတာကြောင့် လူတွေ အပြင်မထွက်ကြတာလည်း ဖြစ်နိုင်တယ်” ဟု  နာမည်ရ ကွန်ပြူတာပစ္စည်း ကိုယ်စားလှယ် ကုမ္ပဏီကြီးတခုက ဆိုသည်။

ပြပွဲပထမနေ့တွင် ဒီဗီဒီ၊ တီဗီ စသော အီလက်ထရွန်းနစ် ပစ္စည်းများနှင့် အလှကုန်၊ အိမ်သုံးကုန် တန်ဖိုးနည်း ပစ္စည်းများ အနည်းငယ်သာ ရောင်းချခဲ့ရကြောင်းသိရှိရပါသည်။

ကွန်ပျုတာပညာရှင်များမှ ကြီးမှူးကျင်းပတဲ့ IT ပွဲတုန်းကထက်စာရင် တော်တော်ကြီးနည်းသွားတာကို တွေ့ရပါတယ်။ ဒီလို လူဝင်နည်းခြင်း၊ အရောင်းအဝယ်ပါးခြင်း တွေက ဗုံးပေါက်ကွဲတာနှင့်ပဲ ပတ်သက်လေမလား၊ နိုင်ငံရဲ့ စီးပွားရေးအခြေအနေနှင့်ပဲ ပတ်သက်လေမလား ဆိုတာကတော့ စီးပွားရေးပညာရှင်တွေကပဲ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အဆိုပါရလဒ်များကြောင့် နောက်ပြုလုပ်မည့် IT ကုန်စည်ပြပွဲများတွင် ပြပွဲသို့ ဝင်ရောက်မည့် ကုမ္ပဏီများနည်းသွားနိုင်မလား၊ ပြပွဲလာသူတွေနည်းသွားမလားဆိုတာကတော့ နောက်ပွဲရလဒ်ကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

12 comments

  • kyawgyi

    April 30, 2010 at 10:40 am

    အေးဗျာ ….. ဗုံးကွဲပြီးကတည်းက ရန်ကုန်က လူတွေ တော်တော်လန့်ကျတယ် ..မိဘတွေကလည်းစိတ်မချကျတော.ဘူးလေ..

  • kopauk mandalay

    April 30, 2010 at 12:05 pm

    အပျော်နဲ.အသက်
    ချိန်စက်ကြည.်ရင်
    အသက်က အလေးသာတာမို.ပါဗျာ။
    လောကကြီးမှာ ဘာမှအစိုးမရဘူးလေ။

  • susunosuki

    May 1, 2010 at 11:48 am

    ဟုတ်ပါတယ်
    ဗုံးကြောင့်လို့ပြောကြပါတယ်
    ပြပွဲတင်မဟုတ်ဘူး
    ပန်းခြံထဲဆိုလည်းလူမရှိဘူး
    ကန်တော်ကြီးမျှော်စင်ကျွန်းထဲက ဆိုင်တွေဆို မရောင်းရလို့ ညည်းကြတယ်

  • poeaung6

    May 6, 2010 at 6:35 am

    ဘယ်သူမှအကျိုးမရှိတဲ့ လုပ်ရပ်ကိုလုပ်ခဲ့ကြတာပါ နေရာတိုင်းမှာထိပ်လန့်နေကြပါတယ် မန္တလေးမှလည်းဒီလိုပါပဲ လူစည်ကားရာနေရာတွေမှာလူမရှိတောပါဘူး

  • Shwemannmay

    May 10, 2010 at 7:04 am

    လူစည်ကားတဲ ့နေရာတွေမသွားတာကောင်းပါတယ် တော်ကြာ ကိုယ်နဲ ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်တွေဖြစ်ကုန်ရင်ခက်ရချည်ရဲ ့

  • thura

    May 10, 2010 at 11:21 am

    လူစည်ကားတဲ ့နေရာတွေမသွားတာကောင်းပါတယ်

  • nga pay

    May 17, 2010 at 11:59 am

    လူစည်ကားတဲ့ နေရာ တွေ မသွားတာကောင်းတယ် ဆိုတော့ လူမစည်းကားတဲ့ နေရာတွေကော သွားချင်ကြတယ်ပေါ့ နော်.
    အင်း လူူမများတဲ့နေရာတွေ သွားရင် ကောင်းတယ် မလားဟင်…သားသွားလိုက်ဦးမယ်… အော်အစ်ကိုတို့လိုက်ဦးမလား..

  • kai

    May 17, 2010 at 8:51 pm

    လူမစည်ကားအပ်တဲ့ နေရာတွေ..
    သချိ င်္ုင်း
    ဆေးခန်း၊ ဆေးရုံ
    တရားရုံး
    ရဲစခန်း
    အကျဉ်းထောင်
    ပါမစ်ရုံး
    စစ်ကြောရေးစခန်း
    အလှူအိမ်း
    နိုင်ငံခြားသံရုံးဗီဇာဌာန
    ဘူတာရုံ
    ကားမှတ်တိုင်

    • မောင်ပေ

      June 6, 2012 at 8:38 pm

      အခုဆိုရင် မန်းတလေးဂေဇက်မှာလဲ ပွဲဆူအောင် လုပ်ဖို ့၊ ဘယ်က အကောင့်သစ်တွေမှန်း မသိဘူး ၊ စည်ကားနေပြီ ဗျို ့

  • moethiha

    May 21, 2010 at 4:45 am

    ဗုံးကို it ထက်ပိုပြီးစိတ်ဝင်စားလို့မလာတာနေမှာပေါ့ဗျာနော

  • aungkoko

    May 26, 2010 at 5:23 am

    ပျော်ပျော်နေသေခဲ…အိမ်မှာနေအမေဆဲ…နေပြည်တော်သွားအသားမဲ..ရန်ကုန်ပြန်ဗုံးကွဲ…. :p

  • nga pay

    May 28, 2010 at 11:16 am

    ပျော်ပျော်နေသေခဲ…အိမ်မှာနေအမေဆဲ…နေပြည်တော်သွားအသားမဲ..ရန်ကုန်ပြန်ဗုံးကွဲ…. :p
    သယ်ရင်း ထပ်ထည့်ပေးလိုက်တယ် ….
    ဘုန်းကြီးဝတ် ကတုံးကွဲ……
    စင်ကာပူနေ ဖင်ပြဲ…..

Leave a Reply